ဖရက်ဒီမာကျူရီ

AD SPACE

ဖရက်ဒီမာကျူရီ

ဖရက်ဒီမာကျူရီ

I won’t be a rockstar, I will be a legend.



ကျွန်တော်တို့နှစ်သက်သဘောကျတဲ့ ဂီတအနုပညာရှင်တွေကို ပျမ်းမျှ နှစ်မျိုးနှစ်စားခွဲလို့ရပါလိမ့်မယ်။ မွေးရာပါ ပါရမီထူးကဲပြည့်စုံတဲ့သူတွေရယ် နဲ့ ကြိုးစားအားထုတ်မှု ကောင်းလွန်းသူတွေဆိုပြီးတော့ပေါ့ ။ အဲဒီ နှစ်ခုလုံးအချိုးကျပေါင်းစပ်နိုင်သူတွေက ကမ္ဘာကျော် ဂီတအနုပညာရှင်တွေဖြစ်လာတာပါပဲ ။ Freddie Mercury ကတော့ခြွင်းချက်ပါ ။ ဘာလိုလဲဆိုတော့ သူကတော့ အဲ နှစ်ခုလုံးကိုအချိုးကျပေါင်းစပ်နိုင်ရုံမျှမကဘဲ နှစ်ခုလုံးကိုသာမန်ထက်ကို ပိုလွန်းမက ပိုနေလို့ပါပဲ ။



Queen ဆိုတဲ့နာမည်ကြားလိုက်ရုံနဲ့ ကျွန်တော်တို့အသိဥာဏ်ထဲမှာ ဘာအကောင်းဆုံးလဲလို ပြန်ရွေးရခက်လောက်အောင်ကို အကောင်းတကာ့အကောင်းဆုံးဆိုတဲ့ သီချင်းတွေအစီအရီပါပဲ ။ Bohemian Rhapsody , We are the Champions, Love of My Life , Somebody to love စသဖြင့် စသဖြင့်ပြောမကုန်နိုင်အောင်ကို အခမ်းနားဆုံး ဂီတအနုပညာတွေဖော်ဆောင်နိုင်ခဲ့သူပါ ။



ဒီနေရာမှာကျွန်တော်တစ်ခုလောက်ကြားဖြတ်ပြောပါစေ။ ကျွန်တော်ရေးတဲ့ ဂီတအနုပညာရှင်တွေအကြောင်းတွေဟာ သူတို့ရဲ့ အတ္ထုပ္ပတ္တိတွေမဟုတ်ပါဘူး ။ သမိုင်းမှတ်တမ်းမှတ်ရာတွေမဟုတ်ပါဘူး ။ အရက်ဘားမှာ coffee shop မှာ မိတ်ဆွေတစ်ဦးက သူ့မိတ်ဆွေတစ်ဦးကို သူသိထားတာတချို့ပြန် share တဲ့ သဘောတစ်ကိုယ်စာပုဂ္ဂလိက အမြင်တချို့ကို မိတ်ဆွေအချင်းချင်း စားမြုံပြန်တဲ့သဘောပါ ။

ဒါပေမယ့်အဲဒီလိုပေါ့ပေါ့ပါးပါးပြောမယ်ဆိုရင်တောင် Freddie Mercury နဲ့ Queen ရဲ့အကြောင်းအရာတွေဟာ ဘုန်းတော်ဘွဲ့ဖြစ်သွားလောက်သည်အထိကို ခမ်းနားပြည့်စုံလွန်းတဲ့ အနုပညာရှင်တွေပါ။အရှိကိုအရှိအတိုင်းထိုင်ပြောနေရင်တောင် အလွန်အကျွံချီးမြှောက်မှုတွေလို့ထင်ရလောက်သည်အထိကို အနုပညာမှော် အနုပညာစျာန်တွေ ထုံမွှန်းပြည့်စုံနေတဲ့ အနုပညာလက်ရာတွေဖြစ်နေတာဖြစ်ပါတယ် ။



Freddie Mercury ဟာ ကလေးပေါက်စလေးကတည်းက Piano ခလုတ်တွေပေါ်ကို လက်စတင်ခဲ့သူ ဖြစ်ပါတယ် ။ Freddie ရဲ့ Queen ဟာ Freddie နဲ့စတင်ခဲ့တာတော့မဟုတ်ပါဘူး ။ Queen ရဲ့ Drummer နဲ့ Lead Guitarist တွေဖြစ်တဲ့ Roger Taylor နဲ့ Brian May တိုရဲ့ Smile ဆိုတဲ့ Band ကနေစတင်ခဲ့တယ်ဆိုရပါမယ် ။ Freddie Mercury ဟာ အဆိုပါ Smile ဆိုတဲ့ band ရဲ့ပရိသတ်တစ်ဦးဖြစ်ခဲ့ပါသတဲ့ ။ Smile ရဲ့ ပင်တိုင်အဆိုတော်ထွက်သွားချိန်မှာတော့ Freddie Mercury ဟာ Smile ရဲ့ ပင်တိုင်အဆိုတော်ဖြစ်လာခဲ့ပါတယ် ။ Freddie ရဲ့ရှေ့ကိုအနည်းငယ်ထွက်နေတဲ့ရှေ့သွားတွေကြောင့် အသံပိုင်းဆိုင်ရာမှာ ပြဿနာရှိနိုင်တယ်လိုအထင်ခံခဲ့ရဖူးပါတယ် ။ သူရဲ့ အိမ်ဖြစ်လာမယ့် Smile ( Queen ) ဆီကနေပြီးတောင်မှပါ ။ လူတွေကအားနည်းချက်လိုထင်တဲ့အရာကို အားသာချက်ဖြစ်အောင်လုပ်ပြနိုင်ခဲ့တဲ့ Freddie ပါပဲ ။ နောက်ပိုင်းမှာတော့ band နာမည်ဟာလည်း Queen ဆိုပြီး ဖြစ်လာခဲ့ပါတယ် ။

Queen နဲ့ Freddie ရဲ့ ဆုတွေ အောင်မြင်မှူတွေ စာရင်းဇယားတွေ အကြောင်းမရေးပြတော့ပါဘူး ။ အပေါ်မှာပြောခဲ့သလို တန်းစီချရေးရင်တောင် မနည်းမနောရှည်လျားတဲ့ ဘုန်းတော်ဘွဲ့ကြီးဖြစ်သွားနိုင်လို့ပါပဲ ။



ဘာသာရေးရှေးရိုးအစဉ်လာအစွဲကြီးတဲ့ မိဘမျိုးရိုးမိသားစု နဲ့ Mega Rockstar တစ်ယောက်ရဲ့ ဘဝနေထိုင်မှုတွေကြား ၊ လူမှုရေး အိမ်ထောင်ရေး အခက်အခဲတွေကြား ၊ သူ့ဘဝရဲ့ နောက်ဆုံးနှစ်တွေမှာဆို ကျန်းမာရေး အခက်အခဲတွေကြားကနေ Freddie Mercury ဟာကျွန်တော်တို့အတွက် ယနေ့တိုင် ဟောင်းနွမ်းရိုးအီမသွားမယ့် အနုပညာတွေ ထားခဲ့ပေးနိုင်သူဖြစ်ပါတယ် ။



ကျွန်တော်ထပ်ပြောပါရစေ ။ Freddie နဲ့ Queen ရဲ့ ခမ်းနားမှူတွေဟာ ခုကျွန်တော်ရေးသလောက်စာပိုဒ်အနည်းငယ်နဲ့ လုံးဝ ပြည့်စုံနိုင်မှာမဟုတ်ပါဘူး ။ သာမန်အစဆွဲထုတ်ရုံလောက်ပဲကျွန်တော်ရေးပြတာမို သူ့အကြောင်းစာအုပ်တွေ လည်းမနည်းမနောရေးသားခဲ့ကြတဲ့အတွက်ရှာပြီးဖတ်ရှူနိုင်သလို ၂၀၁၈ တုန်းက ထွက်ရှိခဲ့တဲ့ Bohemian Rhapsody ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကိုလည်း ကြည့်ကြည့်ဖိုညွှန်းပါရစေ။

အနုပညာကိုဘယ်လိုဘောင်ခတ်မှူမျိုးကိုမှမနှစ်သက်တဲ့ ၊ ကြောင်လေးတွေကိုချစ်တတ်တဲ့ ကျွန်တော်တိုရဲ့ တော်ဝင်ဂီတမှော်ဝင်သည်ကြီး Freddie Mercury ဟာ ကျွန်တော်တိုကို စွန့်ခွါသွားတာဆယ်စုနှစ် နှစ်ခုကျော်လောက်တောင်ရှိခဲ့ပေမယ့် သူချန်ထားခဲ့တဲ့ အနုအပညာတွေကတော့ ကျွန်တော်တိုနဲ့ နောက်ရာစုနှစ်ပေါင်းများစွာတည်ရှိနေဦးမှာကတော့ အသေအချာပါပဲ ။



ကလစ်ကာတစ်ယောက်

Post a Comment

87 Comments


  1. ဒီလောက်လေးပဲ ရောက်အောင်လာဖို့
    ဒီလမ်းကို စခဲ့တာမဟုတ်ဘူး

    ငါတို့မှာ ငါတို့ပဲရှိတယ်
    ကိုယ့်ကိုကိုယ်တွန်းကြမယ်

    ပေးဆပ်ထားတဲ့ ဒီတော်လှန်ရေး
    သွေးအေးသွားရင် ခွင့်မလွတ်ကြေး✊

    ReplyDelete
    Replies
    1. သွေးမအေးကြေး
      သွေးမကွဲကြေး
      ယုံကြည်ချက်နှင့်ရှေ့ဆက်
      အောင်ပွဲဟာ ငါတို့အတွက်။ ✊

      Delete
    2. သံမဏိ စိတ်ဓာတ်💮

      Delete
  2. အဆုံးထိတိုက်သွားမယ်

    ReplyDelete
  3. I don't wanna die.Sometime I wish I was never born at all တဲ့ညိုပြာ

    ReplyDelete
  4. နိုင်ငံကို ခေါင်းမပါတဲ့ကောင်တွေ ကြီးစိုးတာ ဘယ်လိုမှ လက်ခံနိုင်စရာကိုမရှိဘူး

    ReplyDelete
  5. Bohemian Rhapsody ကြည့်ဖူးတယ် အရမ်းကောင်းတယ်
    Rami Malek က Freddie နေရာက သရုပ်ဆောင်ပြီး Best Actor ဆုရသွားတယ်, တခြားဆုတွေလဲ၇သေးတယ်။

    ReplyDelete
  6. If you more click, we are more close the goal💗

    ReplyDelete
  7. Clickတော့နေတိုင်းclickတာပါပဲ့ပိုက်ဆံရပါမလားလဲစိတ်ပူမိတယ်

    ReplyDelete
  8. ပန်းတိုင်နီးပြီဆက်လက်ချီဖို့...နိပ်ကြစို့ ကုသိုလ်လည်းရ...အောင်ပွဲလှ။

    ReplyDelete
  9. ဖေးကူမယ့်လက်

    ReplyDelete
  10. Topup အခက်အခဲကြောင့်စိတ်ကြိုက်မဝုန်းနိုင်တဲ့ clickerလေးတွေအတွက်
    {1} Telenor.27 0275 6568 9282 1688
    ရတဲ့သူ Reply မှာ "no.1 ရ" လို့ပြန်ပေးပါရှင့်
    အရေးတော်ပုံအောင်ရမည်

    ReplyDelete
  11. No1ရ။ ကျေးဇူးတင်ပါတယ်။ အရေးတော်ပုံအောင်ရမယ်။

    ReplyDelete
  12. အရေးတော်ပုံအောင်နေပီ

    ReplyDelete
  13. အောင်ကိုအောင်ရမည်

    ReplyDelete
  14. ကြော်ညာတွေက သက်သက်နှိပ်ကြည့်နေရတယ်နော်

    ReplyDelete
  15. အရေးတော်ပုံအောင်နေပီ

    ReplyDelete
  16. When I die don't cry see the sky and say min Aung hlwaing(ma a lie)

    ReplyDelete
  17. ဖတ်ရတာ အကျိူးရှိပါသည်

    ReplyDelete
  18. I am faကျော်မဲရောင်is my fb acc. 😁😁😁17old

    ReplyDelete
  19. ဝတ္တရားမပျက် ကလစ်ပါ့မယ်

    ReplyDelete
  20. (Love Of my Life)
    My Favourite song 💗💗

    ReplyDelete
  21. သွေးကြွေးအတွက် အနာဂတ်အတွက် သွေးမအေးဘူးကွ

    ReplyDelete
  22. I like movie ,
    Bohemian Rhapsody

    ReplyDelete
  23. ​နေ့တိုင်းကလစ်

    ReplyDelete
  24. သိန်းတစ်သောင်းပြည့်ချင်လွန်းလို့ ရသမျှအကုန်လိုက်ကလစ်နေပါတယ်

    ReplyDelete

  25. နှစ်သစ်ကိုလဲ ကြိုမယ် ဖက်ဆစ်ကိုလဲ ဖြိုမယ် ဖိုက်တင်း 💪

    ReplyDelete
  26. Fight for Democracy. We are clickers. We click, We Win.

    ReplyDelete