၁။ လူငယ်လေး ၃ ယောက် ရှိလေသည်
(၁)
ဒီတစ်ခေါက် မင်းတပ်-မတူပီခရီးမှာ ကျွန်တော်တို့နဲ့အတူ သူနာပြု ဆရာမလေးတစ်ယောက် ပါလာတယ်။ စကားပြောကြည့်ရုံနဲ့တင် ထက်မြက်တဲ့ မိန်းကလေးတစ်ယောက်ဆိုတာ သိသာပါတယ်။ ဒါပေမဲ့ ခုလို ခရီးအတူ ထွက်ကြတော့မှ သူ့အကြောင်းတွေ ပိုသိခဲ့ရတယ်။
သူ့ဇာတိက ညောင်လေးပင်မြို့နယ်ထဲက ရွာလေးတစ်ရွာမှာ၊ လူမျိုးကတော့ ကရင်။ မွေးချင်း၂ ယောက် ရှိတဲ့အနက် သူက အငယ်။ သူ့အစ်မက ငယ်ငယ်ကတည်းက ချူချာတော့ မိဘတွေက သူ့ထက် သူ့အစ်မကို ပိုဦးစားပေးလေ့ ရှိတယ်။ ဒါကို သူက မကျေနပ်ဘူး။ ဒါပေမဲ့ သူ့ရဲ့ မကျေနပ်ချက်တွေကို အရွဲ့တိုက်ပြီး အဖြေမရှာဘူး၊ သူ့ဟာသူ ရပ်တည်နိုင်အောင် ကြိုးစားရင်း ထွက်ပေါက်ပေးတယ်။
သူ ငါးတန်းနှစ်မှာ သူတို့အမျိုးတစ်ယောက်က တစ်နေရာကို ပြောင်းအခြေချမှာမို့ သူတို့အိမ်နားမှာ ရှိတဲ့ စံပယ်ခြံကို ပေးသွားတယ်၊ လုပ်ချင်လုပ်ကြ၊ ရတဲ့ အကျိုးအမြတ် ကိုယ့်ဟာကိုယ်ယူကြ သဘောနဲ့ပေါ့။ တစ်အိမ်လုံး စိတ်မဝင်စားပေမဲ့ သူ့အတွက်တော့ တအားအသုံးကျသွားတယ်။ အဲဒီနေ့ကစပြီး စံပယ်ခြံထဲမှာ မိုးမလင်းသေးဘူး၊ အလုပ်လုပ်တယ်၊ ပြီးရင် စံပယ်ပွင့်တွေကို သီပြီး ဘုရားတင်ဖို့ မှာထားတဲ့ အိမ်တွေနဲ့ ဈေးထဲက ဒိုင်မှာ သွားသွင်း၊ ပြီးမှ ကျောင်းသွားတယ်။ စံပယ်မြစ်တွေကို ကြိုက်တတ်တဲ့ လင်းမြွေတွေ လရောင်ခံနေကြတဲ့အချိန်၊ သူကလည်း မနက်၄နာရီလောက် စံပယ်ပွင့်တွေ ဆင်းအခူး၊ မီးကလည်း မရှိတော့ အဲဒီမြွေတွေကို ကိုင်မိ၊ ပျော့အိအိကြီး ဖြစ်နေမှ မြွေမှန်းသိပြီး လွှတ်ချလိုက်နဲ့ သူရယ် မြွေရယ် စံပယ်ရယ် ဇာတ်လမ်းအကြောင်းကို သူက ရယ်ကာမောကာ ပြောနေပေမဲ့ နားထောင်နေရတဲ့ ကျွန်တော့်မှာတော့ အသည်းတယားယား။
အဲဒီလို ခြံအလုပ်လုပ်တာက စံပယ်တစ်မျိုးတည်းမဟုတ်ဘူး၊ ကင်းမွန်လည်း စိုက်သေးတယ် တဲ့။ အဲဒါကလည်း အရမ်းရောင်းကောင်းတယ် ဆိုပဲ။ ကိုယ့်ဘာသာ အလုပ်လုပ်ရင်း ရတဲ့ပိုက်ဆံနဲ့ ကျောင်းတက်ရတဲ့ အရသာကို သူ သိပ်ကြိုက်သွားတယ်၊ အဲဒါနဲ့ အဲဒီကစပြီး ခုချိန်ထိ မိဘဆီကနေ တစ်ပြားမှ မတောင်းတော့ဘဲ ကိုယ့်အားကိုယ်ကိုး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ခဲ့တော့တယ်။
အဲဒီလို အလုပ်တစ်ဖက်နဲ့ ကျောင်းတက်နေပေမဲ့ ကျောင်းစာမှာလည်း လစ်ဟင်းမသွားဘူး။ နှစ်တိုင်း ကျောင်းမှာ ဆုရတယ်။ ဒီလိုနဲ့ သူ ကိုးတန်းရောက်တော့ သူ့အစ်မက ဆယ်တန်းကျတယ်၊ ကျူရှင်တွေ ဂိုက်တွေ ထားပေးတဲ့ကြားက စာမေးပွဲကျပေမဲ့လည်း မိဘတွေက အပြစ်မမြင်ရှာဘူး။ နောက်နှစ် ဆက်ထားတယ်၊ အဲလို ကျူရှင်တွေ ဂိုက်တွေနဲ့ပဲ။ ဒါပေမဲ့ သူကတော့ အိမ်ရဲ့ အခြေအနေကို မြင်တယ်၊ အဖေက အသက်ကြီးလာပြီ၊ နဂိုကတည်းကမှ အဖေရော အမေပါ ကျောင်းဆရာ ဆရာမတွေဆိုတော့ အိမ်က ချောင်လည်တယ်ဆိုဦးတော့၊ သိပ်ပြီး ပိုလျှံလှတယ် မဟုတ်ဘူး။
အဲဒါနဲ့ သူဆုံးဖြတ်ချက်ချလိုက်တယ်၊ ဘာကျူရှင်၊ ဘာဂိုက်မှမယူဘဲ စာမေးပွဲမှာ ဂုဏ်ထူးတွေနဲ့ အောင်အောင် ကြိုးစားမယ်ဆိုပြီး။ တကယ် ဆယ်တန်းအောင်တော့လည်း လေးဘာသာ ဂုဏ်ထူးပါတယ်၊ သူတို့ကျောင်းရဲ့ ဂုဏ်ဆောင် ကျောင်းသူတစ်ယောက် ဖြစ်လာခဲ့တယ်၊ လေးဘာသာ ဂုဏ်ထူးထွက်တဲ့ စပယ်ပန်းရောင်းတဲ့ ကောင်မလေး ဆိုပြီး အားလုံးက ချီးကျူးရတဲ့သူ ဖြစ်လာခဲ့တယ်၊ အတန်းငယ်တဲ့ ကျောင်းသား ကျောင်းသူတွေအတွက်လည်း အတုယူစရာ ဖြစ်လာခဲ့ပါတယ်။
ဆယ်တန်းအမှတ်စာရင်းက ယောကျာ်းလေးသာ ဖြစ်ခဲ့ရင် ဆေးကျောင်းတက်လို့ရမှာ ဖြစ်ပေမဲ့ မိန်းကလေး ဖြစ်နေခဲ့တဲ့အတွက် သူနာပြုတက္ကသိုလ်ကိုပဲ တက်ခဲ့ရတယ်။ အဲဒီတက္ကသိုလ် တက်နေတဲ့ တစ်လျှောက်လုံးမှာလည်း မိဘဆီက ပိုက်ဆံမယူဘူး၊ ငယ်ငယ်ကတည်းက စုထားခဲ့တဲ့ ပိုက်ဆံတွေရယ်၊ ဂိုက်သင်လို့ရတဲ့ ပိုက်ဆံတွေရယ်နဲ့ ကျောင်းပြီးအောင် တက်ခဲ့တယ်၊ ကျောင်းပြီးပြီးချင်းပဲ ဝိတိုရိယမှာ အလုပ်ရတယ်၊ အဲဒီနောက်တော့ NGO လောကထဲကို ဝင်လာခဲ့ပါတယ်။
ခုတော့ သူ့မိဘတွေကို သူနိုင်သလောက် ပြန်ထောက်နေတဲ့ အနေအထားမျိုးတောင် ရောက်လာခဲ့ပါပြီ။ အသက်၂၂နှစ်ပဲ ရှိသေးတဲ့ သူ့မှာ အသက်အရွယ်နဲ့ မမျှတဲ့ အတွေ့အကြုံတွေ ရှိနေတယ်။ လူငယ်တစ်ယောက်ရဲ့ မာန်တွေလည်း လူငယ်ပီပီ ရှိနေပြန်တယ်။ နောက်ပြီး ကိုယ့်အားကိုယ်ကိုးမယ်၊ မဖြစ်ဖြစ်အောင် လုပ်မယ် ဆိုတဲ့ စိတ်ဓါတ်ပြင်းထန်မှုတွေကိုလည်း တွေ့နေရတယ်။
(၂)
သူ့နာမည်က ထန်ထန်၊ ချင်းလူမျိုး၊ မောင်နှမ ၇ ယောက်မှာ နံပါတ် ၆။ ခက်ခဲပါ့ ကြမ်းတမ်းပါ့ဆိုတဲ့ ချင်းတောင်တက်လမ်းတွေမှာ အသက် ၁၅ နှစ်နဲ့ ကျွမ်းကျင်အဆင့် ကားဆရာ ဖြစ်နေတော့ ကျွန်တော် စိတ်ဝင်စားမိသွားတာ အမှန်ပဲ။ မတူပီမြို့ရောက်တိုင်း ကျွန်တော်တို့စားနေကျ နော်မီထွေး ဆိုတဲ့ ထမင်းဆိုင်လေးက သူတို့အိမ်က ဖွင့်ထားတာ။ အဲဒီမှာ သွားစားရင်း သူ့အမေနဲ့ သူ့အကြောင်းတွေ ပြောဖြစ်ခဲ့ကြတယ်။
သားထန်က ငယ်ငယ်ကတည်းက ဆိုင်ကယ်တွေ ကားတွေ သိပ်စိတ်ဝင်စားတာ၊ ဘယ်လိုမောင်းတယ်၊ ဘယ်လိုပြင်ရတယ် ဒါတွေပဲ လိုက်ကြည့်နေတာ။
အဲဒီစကားကိုတော့ အပြည့်အ၀ လက်ခံတယ်။ လမ်းမှာတစ်ထောက်နားကြတုန်း ဘေးမှာလာထိုင်ပြီး ဂိမ်းကစားနေလို့ ဘာကစားနေတာလဲ ကြည့်လိုက်တော့ ကားမောင်းတဲ့ဂိမ်း၊ ဒါတောင် ကားမောင်းပြိုင်ရတဲ့ ဂိမ်း မဟုတ်ဘူး၊ ကုန်ကားကြီးတွေကို ပါကင်ထိုးတာ၊ ချိုင့်တွေကြားထဲမှာ လွတ်အောင် မောင်းရတာ လုပ်ရတဲ့ ဂိမ်း။ အဲဒါနဲ့ပြောရတယ်၊ မင်းကွာ၊ ဒီလောက်အပြင်မှာ မောင်းနေရတာတောင် မပျင်းသေးဘူးလား၊ ဂိမ်းထဲမှာပါ လာမောင်းနေသေးတယ် လို့။
လောကမှာ အကောင်းဆုံးအလုပ်ဟာ လုပ်လို့လုပ်နေမှန်းတောင် မသိရတဲ့အလုပ် လို့ပြောကြတယ်၊ ဆိုလိုတာက ကိုယ်လုပ်နေရတဲ့ အလုပ်နဲ့ ကိုယ့်ဝါသနာ တစ်ထပ်တည်း ကျနေခဲ့တယ်ဆိုရင် ဒီအလုပ်လုပ်နေရတဲ့အတွက် မပင်ပန်းတော့ဘူး၊ လုပ်နေရရင်ကို ပျော်နေတာ၊ အလုပ်လို့ကို မဟုတ်တော့ဘဲ ကိုယ့်ဘ၀ အစိတ်အပိုင်းလိုကို ဖြစ်လာတာ။ အန္တရာယ်များပြီး ပင်ပန်းလှတဲ့ ကားမောင်းတဲ့ အလုပ်ဟာ သူ့အတွက်တော့ ဒီလိုသဘောမျိုး ဖြစ်နေလိမ့်မယ် ထင်တယ်။
နောက်ပြီး သူက ပိုက်ဆံသိပ်ရှာတာ၊ ငယ်ငယ်ကတည်းက ဒီက ဗျူဟာမှူးတို့၊ ဆေးရုံက ဆရာဝန်တို့တွေ ဂေါက်ရိုက်ကြရင် သူက ဂေါက်အိတ်လိုက်လိုက်ထမ်းပေးတာ၊ သားထန် ကျောင်းမတက်လို့ ပျောက်နေပြီဆို အဲဒါ ဂေါက်အိတ်သွားထမ်းနေတာပဲ။ ပြီးရင် ရတဲ့ပိုက်ဆံကို ဘယ်သူ့မှမပေးဘူး၊ သူ့အစ်မတွေ ယူမှာစိုးလို့ အိမ်က ထုတ်တန်းပေါ်မှာ ဖွက်ဖွက်ထားတတ်တယ် လို့ သူ့အမေက ရယ်ကာမောကာ ပြောပါတယ်။
အဲဒီလို ကျောင်းတက်လိုက် ငွေရှာလိုက် စုထားလိုက်နဲ့ ပျော်စရာကောင်းနေတဲ့ သူ့ဘဝအတွက် အလှည့်အပြောင်းတစ်ခု ပေါ်လာတယ်။ ဘာလဲဆိုတော့ သူ့အောက်က ညီမလေး သွေးကင်ဆာဖြစ်လို့ မန္တလေးဆေးရုံမှာ တင်လိုက်ရတာပါပဲ။ သွားရလာရခက်တဲ့ မတူပီမြို့ကနေ ပခုက္ကူဆေးရုံကို တစ်ခါလွှဲ၊ အဲဒီကမှတစ်ဆင့် မန္တလေးကို ဆက်သွားရတာ ဆိုတော့ သွားစရိတ်လာစရိတ်တင် မနည်းဘူး။ ဖြစ်တာကလည်း သွေးကင်ဆာဆိုတော့ ကုန်မဲ့ပိုက်ဆံက မှတ်ထားလို့တောင် မလောက်တော့ဘူး၊ ရှိသမျှ အကုန်ရောင်းချလိုက်ရတယ်၊ သိန်းကို ရာချီကုန်သွားခဲ့တယ်။ ဒီကြားထဲ အဲဒီအချိန်မှာ သူ့အစ်ကိုတစ်ယောက်က Theology အထူးပြုနဲ့ ကျောင်းတက်နေတုန်း။ အဲဒီကျောင်းစရိတ်တွေလည်း ရှိသေးတယ်။ သူ့အဖေတစ်ယောက်တည်းရဲ့ ဝင်ငွေနဲ့တင် မလောက်တော့ဘူး၊ သူ့အစ်မအကြီးတွေပါ အလုပ်တွေ လုပ်နေရပြီ၊
ဒီလိုအချိန်မှာ အသက် ၁၃ နှစ်ပဲ ရှိသေးတဲ့ ထန်ထန်တစ်ယောက်လည်း ထိုင်မနေချင်တော့ဘူး။ ကျောင်းထွက်၊ ကုန်ကားနောက်လိုက်လုပ်ပြီး အိမ်အတွက် ပိုက်ဆံထွက်ရှာရတော့တယ်။ အရင်က သူရှာတဲ့ပိုက်ဆံ သူများယူမှာ အင်မတန်ကြောက်ခဲ့တဲ့ ထန်ထန်တစ်ယောက် သူရှာထားသမျှ သူ့ညီမအတွက် ပို့ပို့ပေးနေတော့တယ်။ “အမေ သား နော်မီထွေးလေးအတွက် ပိုက်ဆံပို့ပေးလိုက်တယ်နော် လို့ သူ ဖုန်းဆက်ပြောတဲ့အချိန်တိုင်း ကျွန်မမျက်ရည်ကျခဲ့ရတယ်” တဲ့။ အဲဒီလို နောက်လိုက်လုပ်ရင်းကနေ ကားမောင်းသင်ခဲ့တယ်၊ ခုတော့ နှစ်နှစ်အတွင်းမှာ သူကိုယ်တိုင် ကားဆရာဖြစ်လာခဲ့ပြီ။ အသက်နဲ့ မလိုက်တဲ့ ကိုယ်ခန္ဓာအရပ်အမောင်း၊ ရုပ်ရည်၊ မိသားစုထဲမှာ အသားအမည်းဆုံးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ သူ့ဘဝသူ ကျေနပ်ပြီး မိသားစုအတွက် ငွေရှာပေးနေလေရဲ့။
(၃)
နောက်ဆုံးတစ်ယောက်ကတော့ နည်းနည်းထူးခြားတယ်၊ မတူပီမြို့ပေါ်က ရွှေညာသား ဆိုတဲ့ လက်ဖက်ရည်ဆိုင်ရဲ့ ပိုင်ရှင်။ အသက်က ၁၉နှစ်ပဲ ရှိသေးတယ်၊ ပခုက္ကူသား။ သူငယ်ချင်း လက်ဖက်ရည်ဆိုင်မှာ စိတ်ဝင်စားလို့ သွားလေ့လာရင်း လက်ဖက်ရည်ဖျော်နည်းတွေ၊ ပလာတာ လုပ်နည်းတွေ တတ်လာခဲ့တယ်။ ခုဆိုင်မှာတော့ သူပဲ ဆိုင်ရှင်၊ သူပဲ စားပွဲထိုး၊ သူပဲ အဖျော်ဆရာ၊ သူပဲ မုန့်ဆရာ။ သူ့ကို ကူဖို့ ပခုက္ကူကနေ ခေါ်လာတဲ့ ကလေးလေးတစ်ယောက်ရှိတယ်၊ နောက်ပြီး မတူပီမြို့ပေါ်က သူ့သူငယ်ချင်းတွေကလည်း ဆိုင်မှာ လာကူညီပေးကြတယ်။
ကျွန်တော်က လူငယ်ဆိုတော့ လူငယ်အချင်းချင်းလည်း အဆင်ပြေတယ်၊ လူကြီးတွေကလည်း သဘောကျကြတယ် တဲ့။ သွားရေးလာရေးခက်ပြီး လူဦးရေကလည်း နည်းတဲ့ မတူပီလိုမြို့မှာ တကူးတက စီးပွါးရေး လာလုပ်နေလို့ မေးကြည့်တော့ မတူပီမှာက စီးပွါးရေးလုပ်လို့ကောင်းတယ်၊ ပခုက္ကူမှာလို ဆိုင်တစ်ဆိုင်ဖွင့်ရင် တီဗွီတွေ စလောင်းတွေနဲ့ ပကာသနတွေ ဘာမှမလိုဘူး လို့ဆိုတယ်။ ဒီလောက် ခက်ခဲတဲ့ မတူပီမြို့မှာ စီးပွါးရေး လုပ်ကောင်းတယ် ဆိုတဲ့ သူ့အသံကို ကြားတော့ ဖတ်ဖူးတာလေးတစ်ခု သွားသတိရမိတယ်။
တစ်ခါက ကျွန်းတစ်ကျွန်းကို ဖိနပ်ကုမ္ပဏီတစ်ခုက အရောင်းကိုယ်စားလှယ်တစ်ယောက် လွှတ်လိုက်တယ်။ အခြေအနေ အကဲခတ်ပြီးတဲ့အခါ အကြောင်းပြန်ပါတယ်။ ဒီမှာတော့ အောင်မြင်မှာ မဟုတ်ဘူး၊ ဘာလို့ဆိုတော့ ဒီကလူတွေက ဖိနပ်မှမစီးကြဘဲ တဲ့။ အဲဒီနောက် သူ့လိုပဲ အရောင်းကိုယ်စားလှယ်တစ်ယောက် ထပ်လွှတ်တယ်။ အဲဒီလူက ကျွန်းကိုရောက်ပြီး ကျွန်းသူကျွန်းသားတွေ ဖိနပ်စီးမထားကြတာလည်း တွေ့ရော၊ ဝမ်းသာအားရနဲ့ ဖုန်းဆက်လာတယ်၊ ကျွန်တော့်ဆီကို ဖိနပ်အရံတစ်ထောင် ပို့ပေးလိုက်ပါ၊ ဒီက လူတွေ ဘာဖိနပ်မှ မစီးရသေးဘူး တဲ့။
စိန်ခေါ်မှုလို့ထင်ရတဲ့ အခြေအနေတစ်ရပ်ကို မတူတဲ့ ရှုထောင့်တစ်ခုက ကြည့်ပြီး အခွင့်အလမ်းအဖြစ် ပြောင်းဖို့လိုကြောင်း ဒီပုံပြင်လေးက ပြောသွားတယ်၊ ဒီလူငယ်လေးကလည်း လက်တွေ့လုပ်ပြသွားတယ်။
(၄)
ဘဝဆိုတာကို ကျောင်း လို့တင်စားရင် အဲဒီကျောင်းမှာ အောင်မြင်မှုရဖို့ ကျွန်တော်တို့တွေ စာမေးပွဲ ဖြေကြရပါတယ်။ ဒါပေမဲ့ အဲဒီစာမေးပွဲတွေက တစ်ယောက်နဲ့တစ်ယောက် မတူဘူး။ ကိုယ့်ကို ပေးလာတဲ့ ပုစ္ဆာတွေကိုပဲ ဖြေဆိုကြရတယ်။ သူများပုစ္ဆာသွားဖြေချင်လို့ မရဘူး။ ဆရာဝန်ဖြစ်သွားတာချင်း တူရင်တောင် မိဘပံ့ပိုးမှု ရှိတဲ့သူက ကျောင်းဆက်တက်ဖို့၊ နိုင်ငံခြားထွက်ဖို့ လုပ်နေချိန်မှာ ပံ့ပိုးမှုမရှိတဲ့သူက ကိုယ့်ပိုက်ဆံကိုယ်ရှာနေရတယ်၊ အလုပ်လုပ်နေရတယ်။ ဒါကို ငါ သူတို့လို မဖြစ်ရကောင်းလား ဆိုပြီး လောကကြီးကို အပြစ်ထိုင်တင်နေရင်တော့ အချိန်ကုန်သွားတာပဲ အဖတ်တင်မယ်၊ ဘာမှ ဖြစ်လာမှာမဟုတ်ဘူး။ အရှိကို အရှိအတိုင်း လက်ခံ၊ ကိုယ့်ဘ၀ ကိုယ်သိ၊ ကိုယ့်ပုစ္ဆာ ကိုယ်နားလည်အောင် လုပ်ပြီး စာမေးပွဲအောင်အောင် ကြိုးစားကြရပါတယ်။
Youth is an opportunity to do something and to become somebody in life
ဘဝမှာ တစ်စုံတစ်ရာ ဖြစ်လာဖို့အတွက် လူငယ်ဘဝဟာ အချိန်ကောင်းပဲ။ ကျွန်တော်တို့လူငယ်တွေမှာ ပြသနာတွေ အများကြီး ရင်ဆိုင်နေရတယ်၊ အလုပ်အကိုင်ရှားပါးမှု၊ မူးယစ်ဆေး၊ ကူးစက်ရောဂါတွေ စသဖြင့်ပေါ့။ အဲဒီထဲမှာ အဆိုးဆုံးပြဿနာကတော့ သူ့ပုစ္တာကို ကိုယ့်ပုစ္တာအမှတ်နဲ့ ဝင်ဖြေချင်နေတဲ့ ပြသနာပဲ။ အဲဒီလိုအမှတ်မှားပြီး လိုက်တိုင်းနေတဲ့အခါကျတော့ ကိုယ့်ဘဝကို အားမရတော့ဘူး၊ သူများလို ဖြစ်ချင်လာတယ်၊ အပြစ်တင်ခြင်း၊ မကျေနပ်ခြင်းတွေနဲ့ ပြည့်နှက်လာတယ်၊ စိတ်ဖိစီးမှုတွေ များလာတယ်။ နောက်ဆုံး ဘာမှမလုပ်လိုက်ရဘဲ တန်ဖိုးရှိတဲ့ လူငယ်ဘဝကို ကုန်ဆုံးလိုက်ရတယ်။
အလုပ်အကိုင် ရှားပါးတာကို လက်ဖက်ရည်ဆိုင် ထိုင်ရင်း ညည်းညူနေမဲ့အစား အလုပ်အကိုင်ပေါလာမဲ့ တစ်နေ့အတွက် ကြိုတင်ပြင်ဆင်ထားကြသင့်တယ်။ သားသူငယ်ချင်းတွေက ဘာဖုန်းကိုင်တာ လို့ မိဘကို မကျေမနပ် ပြောနေမဲ့အစား မိဘအလုပ်မှာ နိုင်သလောက် ဝင်ကူပေးနေရင် ဘယ်လောက်ကောင်းမလဲ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောင်းထွက်အလုပ်လုပ်နေရလို့ လောကကြီးကို အပြစ်တင်နေမဲ့အစား အဲဒီလို ဘဝကနေ မီလျံနာတွေ ဖြစ်ကုန်ကြတဲ့ လူတွေအကြောင်းကို အတုယူပြီး အိပ်မက်မက်နေသင့်တယ်။
တကယ်တော့ အောင်မြင်မှုဆိုတာ အဓိပ္ပါယ်ဖွင့်ရခက်ပါတယ်၊ ဘာကို အောင်မြင်တယ်ခေါ်တာလဲ၊ ဘယ်သူ့ကို အောင်မြင်သူအဖြစ် သတ်မှတ်ရမှာလဲ။
ဒေါ်အောင်ဆန်းစုကြည်လည်း အောင်မြင်သလို၊ ဒေါက်တာ အောင်ထွန်းသက်လည်း အောင်မြင်တာပဲ။
ဦးကျော်သူ အောင်မြင်သလို ဓမ္မစေတီလမ်းပေါ်က ယာဉ်ထိန်းရဲလည်း အောင်မြင်တာပဲ။
ပြေတီဦးမှ အောင်မြင်တာ မဟုတ်ပါဘူး။ သူ့ကို ညွှန်ကြားနေတဲ့ ဒါရိုက်တာ ကိုပေါက်လည်း အောင်မြင်တာပဲ။
တကယ်တော့ အောင်မြင်သူတွေဆိုတာ ဘဝဆိုတဲ့ကျောင်းက ကိုယ့်ကိုပေးလာတဲ့ ပုစ္တာကို အကောင်းဆုံး ဖြေဆိုနိုင်သူတွေပဲ ဖြစ်ပါတယ်။ “ကိုယ်” ဟာ “သူ” ဖြစ်စရာ မလိုဘူး၊ ဘယ်လောက်ကြိုးစားကြိုးစား ဖြစ်လာမှာလည်း မဟုတ်ဘူး၊ “ကိုယ်” လုပ်ဖို့ လိုတာက “အကောင်းဆုံးသောကိုယ်” ဖြစ်လာဖို့ပဲ။
ဒီလူငယ်လေးသုံးယောက်ဟာ ငွေကြေး၊ ဂုဏ်ဒြပ်၊ ပညာအဆင့်အတန်းအရ တအားကြီး ခမ်းနား မနေသေးပါဘူး။ ဒါဖြင့် ဘာလို့ အရေးတယူ ပြောနေရသလဲဆိုရင်တော့ သူတို့ဟာ သူတို့အတွက် ရလာတဲ့ မေးခွန်းလွှာကို ညည်းညူခြင်း တစ်စက်မရှိ၊ အပြစ်တင်ခြင်း အလျဉ်းမရှိဘဲ အရှိအရှိအတိုင်း လက်ခံကာ အကောင်းဆုံး ဖြေဆိုနေကြသူတွေ ဖြစ်လို့ပါပဲ။
ဒေါက်တာ ဖြိုးသီဟ
၂၅.၁၁.၂၀၁၄
155 Comments
ReplyDeleteကိုယ်ကိုယ်တိုင်မှ မခံစားဖူးရင်
"ကိုယ်ချင်းစာ" တရားရဲ့ အဓိပ္ပါယ်ကို
နားလည်ဖို့ ခက်လိမ့်မယ်...
မခံစားဖူးပေမဲ့ ငါသာသူနေရာမှာဆိုတဲ့ စိတ်လေး
ရှိနေပေးပါ🙏
That right
DeleteRight
DeleteThis comment has been removed by the author.
DeleteWell noted with thanks
ReplyDeleteတကယ်တော့ အောင်မြင်သူတွေဆိုတာ ဘဝဆိုတဲ့ကျောင်းက ကိုယ့်ကိုပေးလာတဲ့ ပုစ္တာကို အကောင်းဆုံး ဖြေဆိုနိုင်သူတွေပဲ ဖြစ်ပါတယ်။ “ကိုယ်” ဟာ “သူ” ဖြစ်စရာ မလိုဘူး၊ ဘယ်လောက်ကြိုးစားကြိုးစား ဖြစ်လာမှာလည်း မဟုတ်ဘူး၊ “ကိုယ်” လုပ်ဖို့ လိုတာက “အကောင်းဆုံးသောကိုယ်” ဖြစ်လာဖို့ပဲ။
Delete🥰
ReplyDeleteLike
ReplyDelete🥰
ReplyDelete👍👍👍
ReplyDelete:P
ReplyDeleteGood knowledge
ReplyDeleteGood
ReplyDeleteGood
ReplyDeleteနှာစေးနေတာ အာ နေရခက်လိုက်တာ
ReplyDeleteကောင်းလိုက်တဲ့ လူငယ် 😍
ReplyDeleteGood
ReplyDeleteThis is good to read.
ReplyDeleteဆောင်းပါးကောင်းလေးတခုပါ။
ReplyDeleteမတွေ့မှာစိုးနေတာ 😁
Deleteဆရာ့စာတွေဖတ်ရတာ အရမ်းအားရှိတယ် ကျေးဇူးပါဆရာ
ReplyDeleteDone🍁
ReplyDeleteDone
ReplyDeleteadsတွေမတက်🙂🙂
ReplyDeleteLove for all
ReplyDeleteThanks
ReplyDeleteGood
ReplyDelete🎍
ReplyDeleteFor my dreams🎍,no matter what it takes,i don't care🙂.
DeleteWe must win
ReplyDeleteWeClick WeFight
ReplyDeleteThis comment has been removed by the author.
ReplyDeleteအခုတော့ ကျနော့်ရဲ့ လူငယ်ဘဝလေးလည်း
Deleteပျောက်ကွယ်ခဲ့ပါပြီ...
တတိုင်းပြည်လုံး ဖြတ်စီးသွားတဲ့
ကောက်ကောက်ကွေ့ကွေ့ မြစ်ကြီးထဲမှာ...
ကျနော့်ရဲ့ လူငယ်ဘဝလေးဟာ
နစ်မြုပ်ပျောက်ကွယ်ခဲ့ပါပြီ...။
-လှသန်း
Good
ReplyDelete💜💜
ReplyDeleteအဆုံးထိတိုက်သွားမယ်
ReplyDeleteဘေကူညီပေးတဲ့..သူ
ReplyDeleteကျေးဇူးအရမ်းတင်တယ်ဗျာ...
တကယ်...clickတာကိုတစ်ရက်တစ်လေလေးမ မရှိရလေအောင်..အားထုတ်နေပါတယ်.
ဘယ်သူလဲ..မသိပေမယ့်..သာပါစေမာပါစေ.သွားလမ်းသာလာလမ်းဖြောင့်ပါစေဗျာ.
DeleteThank
ReplyDeleteကျွန်တော်ကအသက်၁၆နှစ်အရွယ်လူငယ်တစ်ယောက်
ReplyDeleteအိမ်မက်ကတော့ဆရာဝန် နိုင်ငံခြားမှာကျောင်းတက်ချင်တာ backgroundကမတောင့်တင်းတော့မိဘတွေကမပံပိုးပေးနိုင်ဘူး အသက်၁၆နှစ်သာရောက်သွားတယ်ငွေမရှာနိုင်သေးဘူး လူငယ်၃ယောက်အကြောင်းဖတ်မိတော့ပိုပြီးအားငယ်လာတယ် အခုဆိုငါငွေရှာနိုင်ရင်သိပ်ကောင်းမှာပဲ့ဆိုပြီး နိုင်ငံရေးကမကောင်းတော့လမ်းလည်းပျောက်
လူတယောက်နဲ့တယောက် ပေးတဲ့အခြေအနေ/ရှင်သန်ရတဲ့ ဘွမတူပါဘူး..အသက်၁၆နှစ်မှာ ငွေမရှာနိုင်သေးတာ ဝမ်းမနည်းပါနဲ့နော်..ပညာဝမ်းစာဦးစားပေးရမဲ့အရွယ်မို့ပါ.နိုင်ငံခြားမှာကျောင်းတက်ချင်ရင် (မိဘကမပံ့ပိုးပေးဘူးဆို) scholarships program တွေကြိုးစားကြည့်စေချင်တယ်..
DeleteDream it & Do it.
Thanks
ReplyDelete🌵🍁
ReplyDeleteLike
ReplyDeleteI am fa.ကျော်မဲရောင်is my fb Acc.17old😁😁😁😁
ReplyDeleteစာတွေဖတ်ခွှင့်ရလို့ ကျေးဇူးတင်ပါတယ်။
ReplyDeletedone
ReplyDelete💙
ReplyDeleteI love this
ReplyDeleteWe click,we support and we win.
ReplyDeleteThanks
ReplyDeleteWe will win
ReplyDeleteဒီစာလေးတွေဖတ်ပြီး စိတ်ဓာတ်ခွန်အားတွေ ဖြစ်စေလို့ ကျေးဇူးတင်ပါတယ်ဆရာ
ReplyDelete🤍❤️
ReplyDeleteခင်ဗျားရဲ့လက် 👆
ReplyDeleteကျနော့်ရဲ့လက် 👆
ဟိုလူ သည်လူ အရေးတူတဲ့ ငါတို့လက်တွေ …
ကလစ်ကူရင်း ခရီးဆက်ကြစို့ 👍👍👍
Credit: မင်းလှ မင်းခေါင်
Done✅
ReplyDeleteလေးစားအတုယူစရာလူငယ်တွေပါ
ReplyDeleteDone
ReplyDeleteClick တူ ညီအကိုမောင်နှမတွေ အားလုံး
ReplyDeleteကျန်းမာ ကြပြီး အန္တရာယ် အားလုံး
ဝေးကွာကြပါစေ
We must win
ReplyDeletehttps://tayzaroome.blogspot.com
ReplyDeleteThree boys
ReplyDeleteလူငယ်လေး၃ယောက်၊ ဇောိဝင်းထွဋ်ရဲလူငယ်လေးတစ်ယောက် သီချင်းသတိရတယ်
ReplyDeleteအမှန်တရားတွေ ကိုယ်တွေ့ရှာ မှားသွားလည်းနေပါစေ...(သိပ်မမှတ်မိ..)
Deleteအမှန် တရားကိုရှာတဲ့သူ ရဲရဲပဲရှာပါစေ...
သမီးဘုန်းကြီး ဝတ်ဖူးသလား? ဆိုတဲ့ဘာသာရေးနဲ့တွေ့နေတော့ ဘယ်လိုလုပ်ရမလဲ...😁
Deleteကလစ်ကာ: အက်မင်ဂျီး ဘလာဘလာ...%&$#@
အက်မင်ဂျီး: ခင်ညားတို့ အက်မင်ဂျီး လုပ်ဖူးလို့လား? 😁😁😁 စတာဘာာာ
ဟုတ်တယ် အဲလိုပြန်မေးတာ အရမ်းကိုရုပ်ဆိုးတယ်ကွယ်
Deleteအဆုံးထိတုက်မယ်
ReplyDeleteGood
ReplyDeleteSorry
ReplyDeleteNice
ReplyDelete😍
ReplyDeleteယေဘူယျလေ့လာတွေ့ရှိချက်အရclickerများတွင်
ReplyDeleteမိန်းကလေးပိုများကြောင်းတွေ့ရ
# just kidding😀
Great
ReplyDeleteAgainst the military coup as much as we can. The end is going to be coming soon.
ReplyDeleteClick more.💪💪💪
ReplyDeleteDone!✊
ReplyDeleteClicked!✊
ReplyDeleteDone ❣️💪✅✅
ReplyDeleteTHANKS
ReplyDelete❤️❤️❤️
ReplyDeleteI am fa😁😁.ကျော်မဲရောင်is my fb acc. 17old.
ReplyDeleteClickအကြောင်းကြိုက်ရာမေးgroupထဲကပေးတဲ့mbနဲ့clickနေပါတယ်
Done
ReplyDeleteDone
ReplyDeleteEverybody click
ReplyDeleteကြော်ညာတေမတက်တော့ဘူးဘာလို့လဲခင်မျ
ReplyDeleteကျေးဇူးတင်ပါတယ်
ReplyDeleteThat's good.
ReplyDeleteဆရာ့ရဲ့စာတွေဖတ်ရတာ ခွန်အားတွေဖြစ်စေပါတယ်ဆရာ ကျေးဇူးပါ
ReplyDeletewell done
ReplyDeleteကြိုက်တယ်
ReplyDeleteဟုကဲ့..ဟုကဲ့..
ReplyDeleteအနော်ကလူကြီးဖြစ်သွားပြီဆိုတော့ မဖတ်တော့ဘူးနော်..
thanks 😃
ReplyDeleteနောကိဆောင်းပါးအသစ်များ ကိုမျော်နေပါသည်
ReplyDelete0999283314 အလှူခံပါတယ် clickအတွက်ပါ
ReplyDeleteThanks a lot pr Dr🙏you're my fav author now😁
ReplyDeleteThanks
ReplyDeleteရဲဘော်တို့
ReplyDeleteDone
ReplyDeleteဒီအခြေအနေမှာ လူတိုင်း စိတ်ဓာတ်တွေ ကျနေမှာမို့ ဒီလိုဆောင်းပါးလေးတွေအတွက်လဲ ကျေးဇူးအများကြီးတင်ပါတယ် ရှင့်
ReplyDeleteGood thinking.
ReplyDeleteGood articke
ReplyDeleteDRစာတွေဖတ်ရင်းအားတက်မိ
ReplyDeleteGOOD
ReplyDeleteလူငယ်တွေ အတုယူပြီး အရမ်းကျိုးစားစေချင်တာဘဲ
ReplyDeleteအနာဂတ်ဟာ သူတို့အပေါ်မှာ
ကလစ်ရင်း လှူ💞🙏🙏🙏🙏🙏💞
ReplyDeleteကုသိုလ်ယူ
🐕မင်းအောင်လိုင်က🐕ဘုံရန်သူ
ကလစ်နေက💞🙏🙏🙏🙏🙏💞
ကုသိုလ်ရ
ဘုံရန်သူက🐕မအလ🐕
ဒီတော်လှန်ရေး နိုင်ရမယ်
Do ne
ReplyDeleteclicked
ReplyDeletedone
ReplyDeleteClick ပါတယ်စျေးတေတက်လည်း
ReplyDeleteClick
ReplyDeleteClick
Click
ဒီလိုစာလေးတွေ များများ တင်ပေးပါဗျို့🌻 Thanks🙏
ReplyDeleteကြိုက်နှစ်သက်ပါတယ်ဗျ
ReplyDeleteInteresting lives.
ReplyDeleteClick ပြီးပါပြီ
ReplyDeleteကျေးဇူးပါ ဆရာ
ReplyDeleteI have knowledge
ReplyDeleteI am faကျော်မဲရောင်is my fb acc.17old😁😁😁😁add me
ReplyDeleteမနက်ဖန်လည်း ကလစ်ကြ
ReplyDeleteစိတ်များညစ်ပါတယ်အမြန်အောင်မြင်မှဖြစ်တော့မယ်
ReplyDeleteများများ click ကြစို့
ReplyDeleteYes
ReplyDeleteနိုင်သလောက်ထမ်းကြစို့
ReplyDelete💪💪💪💪💪💪💪🌹🍀
ReplyDeleteDone
ReplyDeleteWe Are Winners Fight For Democracy 💪🥁🎷🎼🎤🎺💽🍷
ReplyDeleteNeed
ReplyDelete💪💪💪🦾🦾🦾
ReplyDeleteကျေးဇူးတင်ပါတယ် ဆရာ
ReplyDeleteVictory is Ours!
ReplyDeleteကိုယ့်ဒူးကိုချွန်ဘဝကိုဘဲ အားကျတယ် ကိုယ်တိုင်လဲ ဘာအလုပ်မို့ဆိုပြီးမရွေးဘူး
ReplyDeleteNext
ReplyDeleteGood writing
ReplyDeleteကျေးဇူးတင်ပါတယ်မင်မင်
ReplyDeleteများကလစ်များများလှူ😎🤓🤠
ReplyDeleteD O N E
ReplyDeleteတပ်ပျက်နေပြီ၊ အာဏာရှင်ကိုတိုက်ထုတ်ဖို့ PDFအတွက် ကလစ်ကြစို့။
ReplyDeleteThanks🤍
ReplyDeletegood post
ReplyDeleteGreat !!!
ReplyDeleteLet's Click❤
ReplyDeletewe click we winner
ReplyDeleteဆရာ့စာလေးတွေကို လူငယ်အားလုံးဖတ်ဖြစ်စေချင်တယ်၊ကျေးဇူးတင်ပါတယ်
ReplyDeleteရေးကြည့်တာ ရေးမရဖြစ်နေကြာပီ
ReplyDeleteFighting 💪
ReplyDeleteYouths are the strength of a country. Let's try for them.
ReplyDeleteDonate as you can.
ကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ
ReplyDeleteDone
ReplyDeleteGood
ReplyDeleteဖူးငယ်လေးကိုချစ်ပါသည်
ReplyDeletelike
ReplyDeleteMorning Duty moti တွေ ဖြစ်ရပါတယ် ကျေးဇူးတင်ပါတယ်ဗျ
ReplyDeleteGood!fighting
ReplyDeletelike
ReplyDeleteလူငယ်ဘဝကဘယ်လိုကုန်ဆုံးနေရတာပါလိမ့်💔
ReplyDeleteအရေးတော်ပုံအောင်ရမည် အရေးတော်ပုံအောင်ရမည်💯💯
ReplyDelete