ခံယူချက်နဲ့ စိတ်ဓါတ်အရည်အသွေး

AD SPACE

ခံယူချက်နဲ့ စိတ်ဓါတ်အရည်အသွေး

ခံယူချက်နဲ့ စိတ်ဓါတ်အရည်အသွေး

ပြည်သူ့အားလင့်


နွေဦးဝဘ်လင့်


နေ့သစ်လင့်


စီတူးဒီစပေ့စ်


ပဒေသာပင်


မက်ဒီကယ်ဖော်မြန်မာ

KNDF


ဒီလင့်တွေကနေ ဝဘ်တွေကိုတဆင့်သွား ဆယ်စက္ကန့် facebook လိုမျိုး အပေါ်အောက် လျှောက်ဖတ်လို့ရပါတယ်ခင်ဗျာ


ခံယူချက်နဲ့ စိတ်ဓါတ်အရည်အသွေး

တအားကို မှောင်မည်းနေတဲ့ လမိုက်ညတစ်ညရဲ့ သန်းခေါင်ယံအချိန်၊ ခြံကျယ်ကြီးတစ်ခြံထဲက နှစ်ထပ်အိမ်ကြီးရဲ့ အပေါ်ထပ်မှာ လူ ၃ ယောက် အိပ်နေကြတယ်။ အဲဒီအချိန်မှာ အောက်ထပ်ကနေ ကျွီ ဆိုပြီး တံခါးပွင့်လာတဲ့ အသံကို သူတို့ ၃ ယောက်လုံး ပြိုင်တူကြားလိုက်ကြရတယ်။ သရဲ သိပ်ကြောက်တဲ့သူက သရဲ သရဲ သရဲ ဆိုပြီး အော်ဟစ်လို့ ခေါင်းမြီးခြုံနေလိုက်သတဲ့။ သရဲကို မယုံ၊ ဒါ သူခိုးဝင်တာပဲ ဖြစ်ရမယ်လို့ ထင်တဲ့ နောက်တစ်ယောက်ကတော့ တွေ့တဲ့ပစ္စည်း ကောက်ကိုင်ပြီး အောက်ထပ်ကို ဆင်းချသွားလေရဲ့။ သရဲလည်း မသိ၊ သူခိုးလည်း ဂရုမစိုက်တဲ့ နောက်ဆုံး တစ်ယောက်ကတော့ တုတ်တုတ်မျှမလှုပ်၊ ဆက်အိပ်နေလိုက်တယ်။

ဒီဖြစ်စဉ်ကိုကြည့်ရင် ကျွီ ဆိုတဲ့ အသံလေးက လှုံ့ဆော်လိုက်တာချင်းတော့ တူတယ်၊ ဒါပေမဲ့ သူတို့တစ်ယောက်ချင်းစီရဲ့ ခံယူချက်ပေါ်မူတည်ပြီး သူတို့ရဲ့ တုံ့ပြန်ပုံကွာသွားတာကို တွေ့ရပါလိမ့်မယ်။

စာသင်ပေးလိုက်တဲ့ ဆရာ၊ ဆုံးမလိုက်တဲ့ ဆရာကတော့ အတူတူပါပဲ၊ ဒီစကားတွေပဲ ပြောပြလိုက်တာပဲ၊ ဒါပေမဲ့ ခံယူချက်ချင်း မတူကြတော့ တချို့က ဆရာထက်တောင် တော်သွားကြတယ်၊ တချို့ကတော့ သိပ်ညံ့တဲ့ တပည့်တွေ ဖြစ်သွားကြတယ်။

အခက်အခဲ ဆိုတာ စိတ်ညစ်စရာအဖြစ် ဝေးဝေးက ရှောင်ချင်တဲ့သူက အသက်ကြီးလို့သာ လူကြီးဖြစ်သွားရုံ ရှိနေချိန်မှာ အခက်အခဲတွေ စိန်ခေါ်မှုတွေဆိုတာ ကိုယ့်ရဲ့တိမ်မြုပ်နေတဲ့ အရည်အသွေးတွေ ပေါ်လာဖို့အတွက် အခွင့်အလမ်းပဲ လို့ ခံယူပြီး တက်တက်ကြွကြွ ရင်ဆိုင်ကျော်လွှားလိုက်တဲ့သူက ဘဝမှာ အများလေးစားရသူအဖြစ် အောင်မြင်လာတယ်။

ဆင်းရဲကြပ်တည်းတဲ့ မိသားစုက ပေါက်ဖွားလာတာချင်း တူပေမဲ့ တစ်ယောက်က ဒါကို စိတ်ညစ်စရာလို့ မြင်ပြီး စိတ်ထွက်ပေါက်ပေးရင်းနဲ့ လူဆိုးလူမိုက်စာရင်းဝင် ဖြစ်သွားတယ်၊ နောက်တစ်ယောက်ကတော့ ငါ ဒီအခြေအနေအဆိုးကနေ လွတ်မြောက်ဖို့ ပညာမှတစ်ပါး တခြားလမ်းမရှိဘူးလို့ ခံယူပြီး ကြိုးစားလိုက်တာ ပါမောက္ခကြီးတွေ ပညာတတ်ကြီးတွေ သူဌေးကြီးတွေ ဖြစ်လာကြတယ်။

တကယ်တော့ ကျွန်တော်တို့ဟာ ဖြစ်ပေါ်လာတဲ့အရာတွေကို ရွေးချယ်လို့ မရပါဘူး၊ ကျွန်တော်တို့ ရွေးချယ်လို့ ရတာက အဲဒီအဖြစ်အပျက်တွေ အကြောင်းအရာတွေကို ဘယ်လိုခံယူချက်မျိုး ထားပြီး တုံ့ပြန်မလဲ ဆိုတာပါပဲ။

အားလုံးလည်း သိကြပြီသားပါ၊ ဒီနေ့ခေတ်မှာ ဉာဏ်ရည်ဉာဏ်သွေး (IQ) မြင့်ဖို့ထက် စိတ်ပိုင်းဆိုင်ရာ အရည်အသွေး (EQ) ကောင်းဖို့က ပိုအရေးကြီးတယ်လို့ ဇောင်းပေးပြောလာကြပါတယ်။ တကယ်လည်း အောင်မြင်သူတွေကို ကြည့်လိုက်ရင် အဲဒီ စိတ်ပိုင်းဆိုင်ရာ အရည်အသွေးက အောင်မြင်မှုအတွက် အဓိကကျနေတာကို တွေ့ရပါတယ်။

စိတ်ပိုင်းဆိုင်ရာ အရည်အသွေး ( ၅ )ခု ရှိပါတယ်။

၁။ မိမိကိုယ်ကို သိခြင်း (Self-awareness)

လူဆိုတာ ကိုယ့်ကိုယ်ကိုယ် အပြစ်မမြင်တတ်ပါဘူး၊ ကိစ္စတစ်ခု ဖြစ်လာတိုင်း ကိုယ်သာမှန်တယ် ဆိုတဲ့ အတ္တမျိုး ရှိတတ်ကြပါတယ်။ လူမှုဆက်ဆံရေးမှာတော့ အဲဒီအတ္တဟာ တကယ့်အတားအဆီးပါပဲ။

မြန်မာစကားပုံတစ်ခု ရှိပါတယ်၊ မရှိတာထက် မသိတာခက် ဆိုတာပါ။ တချို့ ငယ်ငယ်က သိပ်ချမ်းသာကြတယ်၊ သုံးချင်တာသုံး မိဘက ခွင့်ပြုထားတယ်။ မိဘတွေ စီးပွါးကျလာတဲ့အချိန် ရောက်နေပေမဲ့လည်း အရင်အတိုင်း ငွေတွေ ဆက်သုံးနေကြတုန်းပဲ။ အထည်ကြီးပျက်လို့ ခေါ်ရမယ် ထင်တယ်။ တကယ်တော့ စီးပွါးပျက်သွားတာ ပြဿနာမဟုတ်ဘူး၊ ကိုယ့်အခြေအနေတောင် ကိုယ်မသိဘဲ အရင်လို အသုုံးအဖြုန်းကြီး အလုပ်မလုပ် အခန့်သား ထိုင်နေသေးတာကမှ တကယ့်ပြဿနာပါ။

မိမိကိုယ်ကို သိခြင်း ဆိုတဲ့အထဲမှာ ကိုယ့်ရဲ့အားသာချက် အားနည်းချက်တွေကို သိရှိခြင်းဆိုတာလည်း အကြုံးဝင်ပါတယ်။ အဲဒီလို ကိုယ့်ကိုကိုယ် သိမနေတဲ့သူ တစ်ယောက်ဟာ အလုပ်အကိုင် ရွေးချယ်တဲ့အခါ ဒုက္ခရောက်တတ်သလို၊ ကိုယ့်ကုယိ်ကိုယ် ဘာလိုအပ်နေမှန်းမသိတော့ တိုးတက်ဖို့ လမ်းစနဲ့လည်း ဝေးဝေးသွားတတ်ပါတယ်။

၂။ မိမိကိုယ်ကို ထိန်းသိမ်းနိုင်ခြင်း (Self-regulation)

အောင်မြင်မှုဆိုတာ မတော်တဆ တိုက်တိုက်ဆိုင်ဆိုင် ရလာတယ်ရယ်လို့ မရှိပါဘူး။ စနစ်တကျ လေ့ကျင့် တည်ဆောက်ယူရပါတယ်။ ခပ်ငယ်ငယ်မှာ အိပ်ချင်တာ၊ ပျော်ချင်ပါးချင် လည်ချင်ပတ်ချင်တာတွေကို ချုပ်ထိန်းပြီး ဖတ်ရ မှတ်ရ လေ့လာရပါတယ်။ လုပ်ငန်းခွင်ထဲ ရောက်လာတော့ ပရော်ဖက်ရှင်နယ် ပီသအောင် နေထိုင်ရပြန်ပါတယ်။ အဆိုတော်တစ်ယောက်ဟာ အသံကို ဂရုစိုက်ရတယ်။ အိပ်ရေးပျက်ခံလို့ မရဘူး။ စားချင်ရာ လျှောက်စားလို့မဖြစ်ဘူး။ ဘောလုံးသမားတစ်ယောက်ဟာ နေ့စဉ်နေ့တိုင်း လေ့ကျင့်နေရတယ်။ ခန္ဓာကိုယ်ကြံ့ခိုင်အောင် စားရသောက်ရ နေရထိုင်ရတယ်။ ပိုက်ဆံ မရှိသေးတဲ့ အချိန်မှာ အသစ်အဆန်း လိုချင်တာ၊ သုံးချင်စွဲချင်တာတွေကို ချူပ်တည်းရသလို၊ ပိုက်ဆံတွေ ရလာချိန်မှာ ဒီငွေတွေ ကိုယ့်ကို ဒုက္ခပြန်မပေးနိုင်အောင် အပျော်အပါးနောက် မလိုက်မိအောင် ထိန်းချုပ်ရပြန်ပါသေးတယ်။ ကိုယ့်ကုယိ်ကိုယ် ထိန်းသိမ်းနိုင်စွမ်း မရှိတဲ့သူဟာ ဘဝမှာ အောင်မြင်လည်း ခဏပါပဲ။

၃။ စိတ်ဓါတ်တက်ကြွခြင်း (Motivation)

Motivation = A passion to work for the reasons that go beyond money and status

အကြိုက်ဆုံး အဓိပ္ပါယ်ဖွင့်ဆိုချက်ပါ။ အဝေးပြေးကားတွေကို ညဘက်ဆို ရဲတွေ စစ်ဆေးလေ့ရှိကြတယ်၊ မှောင်ခိုပစ္စည်းတွေ မူးယစ်ဆေးဝါးတွေ ပါမပါပေါ့။ ဘာတွေ လာရှာနေတုန်း လို့ ရဲနှစ်ယောက်ကို မေးကြည့်လိုက်တဲ့အခါ “ဒီလိုပါပဲ၊ အထက်က လုပ်ခိုင်းလို့ လုပ်နေရတာ၊ ဓါတ်မီးနဲ့ ဟိုထိုး ဒီထိုးပေါ့” လို့ဖြေတဲ့ ရဲနဲ့ “ကျွန်တော်တို့အလုပ်က သိပ်ကိုအရေးပါတယ်၊ ကျွန်တော်တို့သာ တခုခုမှားယွင်းသွားရင် တိုင်းပြည်အတွက် အခွန်တွေ နစ်နာမယ်၊ မူးယစ်ဆေးဝါးဆိုလည်း လူငယ်တွေအတွက် သိပ်ကို အန္တရာယ်များတယ်” လို့ဖြေတဲ့ ရဲ၊ အဲဒီနှစ်ယောက်ရဲ့ အရည်အချင်း နဲ့ စွမ်းဆောင်ရည် (Performance) ဟာ တခြားစီ ဖြစ်နေမှာ အမှန်ပါပဲ။ အလုပ်ကို ပေါ့ပေါ့လေးပဲ ခံယူထားရင် ပေါ့ပေါ့လေးပဲ လုပ်မှာပါ၊ ဒီတော့ ပေါ့ပေါ့လေးပဲ အောင်မြင်မှာပေါ့။ လူတစ်ယောက် သူ့အလုပ်မှာ အောင်မြင်ဖို့အတွက် အရေးကြီးဆုံးဟာ ဘာလဲဆိုရင် သူ့အလုပ်ကိုသူ ဘယ်လိုသဘောထားလဲ ဆိုတာပါပဲ။

၄။ လူမှုဆက်ဆံရေး (Social skill)

ခေါင်းဆောင်မှု စွမ်းရည်၊ စည်းရုံးလှုံ့ဆော်နိုင်စွမ်း၊ အသင်းအဖွဲ့ စိတ်ဓါတ်၊ ဒါတွေအကုန်ပါဝင်ပါတယ်။ လူမှုဆက်ဆံရေး လို့ပြောလိုက်ရင် လူတွေက စကားပြောကောင်းတာကိုပဲ ပြေးမြင်တတ်ကြတယ်။ လိုအပ်တာတော့ မှန်ပေမဲ့၊ ခိုင်မြဲပြီး အပြန်အလှန် အကျိုးပြုတဲ့ ပေါင်းသင်းဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်ဖို့အတွက် အဲဒါထက် ပိုအရေးကြီးတာက ခံယူ ချက်ပါ။ ကျွန်တော်သောက်ထားတဲ့ ပိုက်ကို နောက်တစ်ယောက်က အအေးယူသောက်တဲ့အခါ ဖယ်ပစ်လိုက်လို့ ကျွန်တော့်စိတ်ထဲ ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့ HIV ပိုးရှိသူ တစ်ယောက်ကိုသာ ဒီလိုပြုမူမိလိုက်ရင်တော့ အကြီးအကျယ် စိတ်မကောင်း ဖြစ်သွားနိုင်ပါတယ်။ ဘာလို့ဆိုတော့ ငါက ဒီလိုပိုးရှိနေလို့ သူဒီလိုလုပ်တာ ဆိုပြီး ထင်မြင်ယူဆသွားလို့ပါ။

လူတွေနဲ့ ဆက်ဆံတဲ့အခါမှာလည်း ဒီလိုပါပဲ။ တချို့ဟာ ရုပ်ရည်မရှိလို့၊ လူကောင်သေးလို့၊ အသက်ငယ်လို့ အတွေ့အကြုံ မရှိလို့ စသဖြင့် ကိုယ့်ကိုယ်ကိုယ် အငုံ့စိတ် (Inferiority complex) ဝင်နေတဲ့အခါ လူတွေနဲ့ ဆက်ဆံရ အဆင်မပြေတော့ပါဘူး။ သူများအတွက် သာမန်လို့ထင်ရတဲ့ ကိစ္စလေးတွေက သူ့အတွက်တော့ ငါ့မို့လို့ လုပ်တာ၊ ငါ့ကို စော်ကားတာ၊ ငါ့ကို ပညာပြတာ စသဖြင့် ထင်မြင်သွားတတ်ပါတယ်။

အဲဒီနောက်တော့ တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရအဆင်မပြေတော့ပါဘူး။ လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ် လေးစားမှုရှိရဲ့လား ယုံကြည်မှုရှိရဲ့လား ဆိုတာအပြင် တခြားလူတွေအပေါ်မှာ တခြားလူတွေရဲ့ အလုပ်တွေအပေါ်မှာ ဘယ်လိုသဘောထားလဲ ဆိုတာကပါ ပေါင်းသင်းဆက်ဆံရေးမှာ သိပ်အရေးပါပါတယ်။

၅။ ကိုယ်ချင်းစာတရား (Empathy)

ကျွန်တော် NGO မှာ အလုပ်စဝင်တော့ ကျွန်တော်နဲ့အတူ အလုပ်လုပ်တဲ့သူတွေဆီက လစာတိုးပေးဖို့ အကြောင်း ကြားရတဲ့အခါတိုင်း သိပ်စိတ်ပျက်ဖူးတယ်၊ ဒီအလုပ်လုပ်တာ ဘယ့်နှယ့်လစာကို အဓိက ထားရတာလဲ၊ ပရဟိတစိတ်ကို အရင်းခံရမှာပေါ့ လို့တွေးဖူးခဲ့တယ်။ ကိုယ်ကတော့ ပြောနိုင်တာပေါ့၊ ကိုယ့်ကို မှီခိုစားသောက်နေတဲ့သူဆိုတာမှ မရှိဘဲကိုး။ ကိုယ်ရတာ ကိုယ်သုံးရုံပဲ။ ဒါပေမဲ့ သူတို့ကျတော့ အဲလို ဟုတ်မနေဘူး။


အကြောင်းတိုက်ဆိုင်လို့ သူတို့အိမ်တွေ ရောက်ဖြစ်ခဲ့တဲ့အခါ အဖေက အိပ်ရာထဲ လဲနေတာ၊ အမေဖြစ်သူက အဖေ့ကို ပြုစုရင်း ကလေးအငယ်လေးတွေကို စောင့်ရှောက်နေရတာတွေ မြင်ရတော့မှ သူများဘက်က တွေးမကြည့်ခဲ့ဖူးတဲ့ ကိုယ့်ကုယိ်ကိုယ် သိပ်စိတ်ပျက်ခဲ့ရတယ်။ အဲဒီနေ့ဟာ ကျွန်တော့်ရဲ့ ရင့်ကျက်မှုကို တစ်ဆင့်တက်စေခဲ့တဲ့ နေ့ပဲ ဖြစ်ပါတယ်။ အဲဒီနောက်တော့ လူတွေနဲ့ ပေါင်းသင်း ဆက်ဆံတဲ့အခါမှာလည်း ပိုအဆင်ပြေလာတယ်။ ကိုယ်လိုချင်တာတစ်ခုတည်း သိတာမျိုး မဟုတ်တော့ဘဲ တစ်ဖက်မှာ ရှိနေနိုင်တဲ့ အခက်အခဲတွေကိုပါ နားလည်ပေးတတ်လာတယ်။ တကယ်တော့ ကိုယ်ချင်းစာစိတ်ဟာ ပေါင်းသင်းဆက်ဆံရေး ကောင်းဖို့အတွက် အသက်သွေးကြောဆိုလည်း မမှားပါဘူး။


ယေဘုယျအားဖြင့်တော့ အောင်မြင်မှုတစ်ခုရဲ့ ၁၀%ကသာ ဉာဏ်ရည်ဉာဏ်သွေး ကောင်းမွန်မှုကြောင့် ဖြစ်ပြီး ကျန် ၉၀% ကတော့ စိတ်ဓါတ်အရည်အသွေးအပါအဝင် တခြားသော အကြောင်းအရာတွေကြောင့်လို့ စိတ်ပညာရှင်တွေက လက်ခံထားကြပါတယ်။ ဟားဗတ်တက္ကသိုလ်ကနေ ဘွဲ့ရခဲ့တဲ့ သူတွေကို လုပ်ထားတဲ့ လေ့လာမှုတစ်ခုမှာဆို စာမေးပွဲဝင်ခွင့်အမှတ်လို ဉာဏ်ရည်ကို တိုင်းတာထားတဲ့ ရလဒ်တွေနဲ့ လူတွေရေဲ့ အာင်မြင်မှုဟာ လုံးဝဆက်စပ်မှုမရှိဘူးလို့ကို ဖော်ပြထားတာပါ။

ကြားဖူးတာလေး ရှိပါတယ်။


A bad attitude is like a flat tire, you can’t go anywhere until you change it.

အားနည်းနေတဲ့ စိတ်ဓါတ် (အဆိုးမြင်စိတ်) ဆိုတာဟာ ပေါက်နေတဲ့ဘီးနဲ့ တူပါတယ်၊ အဲဒီဘီးကို အသစ်မလဲမချင်း ကိုယ်ရောက်ချင်တဲ့ နေရာကို ဘယ်တော့မှ ရောက်မှာမဟုတ်ပါဘူး။ ဘဝမှာ ကိုယ်ရည်မှန်းထားတဲ့ ပန်းတိုင်ကို အရောက်သွားနိုင်ဖို့အတွက် စိတ်ဓါတ်အရည်အသွေး (Emotional quotient) အားကောင်းဖို့ လိုပါတယ်။

ဒေါက်တာ ဖြိုးသီဟ


၂၄.၂.၂၀၁၅






ဒေါက်တာ ဖြိုးသီဟ

၂၄.၂.၂၀၁၅



Post a Comment

230 Comments

  1. Admin စာတွေကိုဟိုရွှေ့ဒီရွှေ့လုပ်နေပါတယ်ခင်ဗျာ 😁

    ReplyDelete
    Replies

    1. မတရားမှုအောက်မှာတော့
      ခေါင်းငုံ့မခံကြောင်း
      ဘယ်နေရာ ရောက်ရောက်
      ငါ မကြောက်တမ်းပြောနေမှာပဲ

      မှားမှန်းသိသိနဲ့ ရှေ့ဆက်မတိုးဘူး
      ငါတို့က အမှန်တရားဘက်တော်သား✊

      Delete
    2. Adminက စာတွေရွှေ့
      ကိုယ်တွေက commentတွေ ဟိုကနေ ဒီရွှေ့ 😂

      Delete
    3. ကျွန်တော်တို့ရေးတဲ့ Comment တွေကြ မပေါ်ဘူးဗျာ ဘာဖြစ်လို့လဲ မသိဘူး?

      Delete
    4. အမှန်တရားဘက်နေရတာ လိပ်ပြာလုံတယ်

      Delete
    5. အမှန်တရားဘက်မှာရှိ

      Delete
    6. အန့်မ်း!!! မပေါ်ပေလို့ဘဲ၊

      Delete
    7. ပေါ်တယ်လေ မြင်ရတယ်

      Delete
  2. စစ်ဖိနပ်အောက်ဘယ်တော့မှဒူးမထောက်ဘူး

    ReplyDelete
    Replies
    1. စစ်ဖိနပ်အောက် ဘယ်တော့မှဒူးမထောက်👍

      Delete
  3. ""အားနည်းနေတဲ့ စိတ်ဓါတ် (အဆိုးမြင်စိတ်) ဆိုတာဟာ ပေါက်နေတဲ့ဘီးနဲ့ တူပါတယ်၊ အဲဒီဘီးကို အသစ်မလဲမချင်း ကိုယ်ရောက်ချင်တဲ့ နေရာကို ဘယ်တော့မှ ရောက်မှာမဟုတ်ပါဘူး။ ဘဝမှာ ကိုယ်ရည်မှန်းထားတဲ့ ပန်းတိုင်ကို အရောက်သွားနိုင်ဖို့အတွက် စိတ်ဓါတ်အရည်အသွေး (Emotional quotient) အားကောင်းဖို့ လိုပါတယ်။""

    ကျေးဇူးပါဆရာ
    EQအား‌ကောင်းဖို့ ကြိုးစားလေ့ကျင့်မွေးမြူပါ့မယ်။

    ReplyDelete
  4. အားနည်းနေတဲ့ စိတ်ဓါတ် (အဆိုးမြင်စိတ်) ဆိုတာဟာ ပေါက်နေတဲ့ဘီးနဲ့ တူပါတယ်၊ အဲဒီဘီးကို အသစ်မလဲမချင်း ကိုယ်ရောက်ချင်တဲ့ နေရာကို ဘယ်တော့မှ ရောက်မှာမဟုတ်ပါဘူး။

    ကြိုက်မိတဲ့ စာသား​လေး
    EQ မြှင့်ဖို့လဲ ကြိုးစား​နေပါတယ် ဆရာ

    ReplyDelete
  5. စာဖက်တဲ့​လေ့တခုရလာတဲ့အတွက် ​ကျေးဇူးပါ။

    ReplyDelete
  6. ဟုတ်ကဲ့ပါ🌸

    ReplyDelete
  7. bill တစ်ထောင်လောက် ကူပေးကြပါဦးရှင်
    နေ့စဉ်မပျက် click ပါတယ် အလုပ်မရှိတော့ ေဘအခက်အခဲရှိလို့ပါ
    မှတ်တမ်းပြပေးလို့ရပါတယ်
    09979129940

    ReplyDelete
    Replies
    1. ထည့်ပေးလိုက်ပါပြီ 1000

      Delete
    2. လေးစားပါတယ် မညိုပြာ💖
      KNThu

      Delete
  8. ကျေးဇူးတင်ပါတယ်ရှင်

    ReplyDelete
  9. For my dreams🎍,no matter what it takes,i don't care🙂.

    ReplyDelete
  10. Click
    Click
    Click..,......✍️✍️✍️8.1.2022

    ReplyDelete
  11. EQ IQ ကောင်းအောင်ကြိုးစားလျက်ပါ ဆရာ💜💜

    ReplyDelete
  12. အလဲထိုးဆိုလို့ ထိုးခဲ့ပြီးမှ ဒိုင်က လာဆွဲရင် ဆွဲတဲ့ဒိုင်ပါ ထိုးဖို့ပဲရှိတယ်။

    မင်းကိုနိုင်#

    ReplyDelete
  13. Click ရင်း ဗဟုသုတ ရတဲ့အတွက် ဒေါက်တာဖြိုးကို အထူးကျေးဇူးတင်ပါတယ်... များများ ရေးနိုင်ပါစေခင်ဗျာ....

    ReplyDelete
  14. I am fa.ကျော်မဲရောင်is my fb Acc.17old😁😁😁😁

    ReplyDelete
  15. Thank you Dr. I love every article of you.

    ReplyDelete
  16. ကိုယ်ရေးတဲ့ကွန်ကိုပြန်ကြည့်လို့လဲမရဘူး🤔

    ReplyDelete
  17. ခံယူချက်ကတော့ရှိတာပဗျာ
    အရေးတော်ပုံအောင်ရမည်
    ဆိုတာပါဘဲ

    ReplyDelete
  18. ကလစ်ထားကြဟေ့ 😊

    ReplyDelete
  19. We click,we support and we win.

    ReplyDelete
  20. ကလစ်မယ်ဟေ့ကောင်းကောင်း

    ReplyDelete
    Replies
    1. ဟုကဲ့..'ကောင်းကောင်း' မဟုတ်ပါဘူး
      ဒါမဲ့နေ့တိုင်းကလစ်ပါတယ်ခင်ည

      Delete
  21. ကျေးဇူးတင်ပါတယ် ဆရာ

    ReplyDelete
  22. မအလ 🐕🐕🐕 စစ်​ခွေး​တွေက PDF ​တွေကို ဖမ်းမိရင် ဘယ်​လောက်အထိ ယုတ်မာကြသလဲလို့ ကြည့်ကြပါ

    https://www.facebook.com/100074741174239/videos/211868651157658/

    ငါတို့ အလှည့်​ရောက်ရင် မနွဲ့ကြစတမ်းဖြစ်ပါ​စေ ...

    စစ်​မြေပြင်မှာ​တော့ PDF ရဲ​ဘော်​တွေက အသက်​တွေ၊ ဘဝ​တွေ ရင်းနှီး​ပေးဆပ်လို့ တိုက်ပွဲဝင်​နေကြပြီ။ အင်တာနက် အသုံးပြုခွင့်ရ​နေတဲ့ မြို့ပြ​တွေမှာ ​နေထိုင်ကျန်ရစ်ခဲ့ကြတဲ့ ကျ​နော်တို့ ပြည်သူလူထု​တွေက ​နောက်တန်းမှာ​နေပြီး ​PDF ရဲ​ဘော်​တွေအတွက် ထောက်ပို့တပ်သား​တွေအဖြစ် ကူညီနိုင်ကြတဲ့ အခွင့်အ​ရေး​တွေက အဆင်သင့် ရှိ​နေပါတယ်။ စစ်အာဏာရှင် အုပ်ချုပ်မှု​အောက်က ရုန်းထွက်နိုင်ဖို့ ညီညီညွတ်​ညွတ် ပါဝင်လှုပ်ရှားကြပါစို့

    1. Click 2 donate မှာ Click ပြီး ကူညီကြပါ

    2. Latt Saung apps မှာ Click ပြီး ကူညီကြပါ

    3. Tha Din apps မှာ ဝင်ပြီး ပွိုင့်​တွေ စု​ပေးကြပါ

    4. End Game - Union နှင့် Play 2 Support ဂိမ်း​တွေ ကစားပြီး ကူညီ​ကြပါ

    5. YouTube ထဲမှာ WE CLICK , WE CLICK 4MM , Raung Ni စတာ​တွေကို နကြည့်ရှု့​နားဆင်ပေးကြပါ

    ReplyDelete
  23. ကျေးဇူးတင်ပါတယ်ရှင့်🥰

    ReplyDelete
  24. အရင်တုန်းက​တော့ ပြသနာတခုခုကြုံရင်
    ​ရှောင်​​ပြေးခဲ့တယ် ငါ့မှဖြစ်တယ်လို့
    စိတ်ပျက်အားငယ်တယ် သိမ်ငယ်တယ်
    အခု​တော့ အ​ဖြေရှာတယ် ရင်ဆိုင်ဖြေရှင်းတယ်

    ReplyDelete
  25. https://tayzaroome.blogspot.com

    ReplyDelete
  26. နံနက်ခင်းလေးမှာနိုးလာရင်အရင်ဆုံးကလစ်ကို နှိပ်ပါတယ်။

    ReplyDelete
  27. စာဖက်ရတာ ကြိုက်တယ်

    ReplyDelete
  28. အခုလိုစာပေ ကိုဖတ်ရတာ စိတ်ဓာတ်ခွန်အားဖြစ်စေပါတယ်

    ReplyDelete
  29. Against the military coup as much as we can. The end is going to be coming soon.

    ReplyDelete
  30. ကောင်းလိုက်တဲ့ စာစောင်ပါ ဆရာရယ် ကျေးဇူးပါ

    ReplyDelete
  31. I am fa😁😁.ကျော်မဲရောင်is my fb acc. 17old.
    Clickအကြောင်းကြိုက်ရာမေးgroupထဲကပေးတဲ့mbနဲ့clickနေပါတယ်

    ReplyDelete
  32. Replies
    1. မွတ္သားေလာက္တဲ့စာပါပဲ့ဗ်ား

      Delete
  33. ကြော်ညာတွေမတက်တော့ဘူးအဲ့လိုပဲလားခင်မျ

    ReplyDelete
  34. ဖြေပေးကြပါအုံးခင်မျ လိုင်းမကောင်းတဲ့ကြားက ကလစ်နေရလို့ပါခင်မျ

    ReplyDelete
  35. ဒေါက်လုတဲ့စောက်ပုကိုအပြုတ်တိုက်ကြမယ်

    ReplyDelete
  36. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  37. ကလစ်အာလုးံဖိုက်တင်း

    ReplyDelete
  38. ငင့် အက်ဒ်မင်က လင့်တွေကိုအဲ့လိုပေးတော့ မသိတဲ့သူတွေက လင့်လို့မထင်ပဲမနှိပ်ပဲကျော်သွားရင်ရော?

    ReplyDelete
    Replies
    1. New tab နဲ့ဖွင့်ပေးပါလားအက်ဒ်မင်ရယ်. တလင့်နှိပ်ပြီးတခါ ပြန်ဝင်နေရတယ်.

      Delete
  39. ဆယ်စက္ကန့်နဲ့တော့တွက်မနေတော့ဘူးဂုဏ်တော်ကိုးပါးနှစ်ခေါက်ရွတ်ပီးမှ လင့်ကနေထွက်တာ

    ReplyDelete
    Replies
    1. အဲဒါကျကလစ်ချိန်နည်းမှာပေါ့

      Delete
  40. အမာခံကလစ်ကာတွေဖုန်း၂လုံးနဲ့ကလစ်ကြပါသူများပြောလဲရတာမှမဟုတ်တာဂိမ်းပဲဆော့နေကြတာ

    ReplyDelete
  41. ခွေးမျိုးပြုတ်ပါစေ

    ReplyDelete
  42. C2D, Thadin, Doh Khit
    နေ့တိာင်းမပျက်မကွက်နှိပ်ပါတယ်

    ReplyDelete
  43. တော်လှန်ရေးအတွက်ကိုစွမ်းသ၍ကလစ်ပါ့မယ်

    ReplyDelete
  44. အားတင်းထားပါ PDF

    ReplyDelete
  45. ကလစ်နေပါတယ်

    ReplyDelete
  46. 👓👓👓ကလစ်ရလွန်းလို့ပါဝါတိုးလာပီ
    ဆက်လက်ကြိုးစားလျက်ပါ

    ReplyDelete
  47. များများclick ကျဆိုဗျာ

    ReplyDelete
  48. ငါတို့ ငါတို့တွေ နိုင်ကိုနိုင်ရမည်

    ReplyDelete
  49. commentရေးလို့ရပြီလားဗျ

    ReplyDelete
  50. 25 4532 3776 3820 4992
    MPT ၁၀၀၀ကဒ်
    ရသွားတဲ့လူကလreoky လေးပြန်ခဲ့ပေးပါ

    ReplyDelete
  51. ကြောက်ရွံခြင်းမှကင်းဝေးကြပါစေ အမိမြန်မာပြည်

    ReplyDelete
  52. မြူမူန်လေးလောက်ဘဲဖြစ်ဖြစ် အား တစ်ခုအ‌ေနနဲ့ ပါ၀င်ကလစ်နေဆဲ

    ReplyDelete
  53. အရေးတော်ပုံအောင်ရမယ်

    ReplyDelete
  54. စစ်အာဏာရှင်ကျရှုံးရမည်

    ReplyDelete
  55. ကျန်းမာပြီး ဘေးကင်းကြပါစေ။

    ReplyDelete
  56. ဖေ့ဘွက် မှာ အချိန်ဖြုန်း မယ့်အစား
    .
    ကလစ်ကြပါ..

    ReplyDelete
  57. မွေထီး မအလ မြွေမ ကကလ အာ့အာ့

    ReplyDelete
  58. အယုတ်တမာစစ်ဘီလူးကိုတိုက်ထုတ်ဖို့အားကုန်သုံးကြစို့

    ReplyDelete
  59. 💪🏿💪🏿💪🏿💪🏿 အစစအရာရာ ဂရုစိုက်ကြပါ PDF များတို့

    ReplyDelete
  60. တတ်နှိင်တဲ့ဘက်ကပါဝင်ကြပါ။ဝိုင်းဝန်းကူညီကြပါ။ပြိုင်တူတွန်းလျှင်ရွေ့နှိင်ပါသည်

    ReplyDelete
  61. အာဏာရှင်အမြစ်ပြတ်ရေး ဒို့အရေး

    ReplyDelete
  62. ကလစ်ခြင်းအားြဖစ်ကူညီဘို့တောင်ဝန်လေးနေရင်ဘယ်လိုလုပ်အောငိမြင်မူ့အသီးအပွင့်ကိုခံစားရမှာလဲ

    ReplyDelete
  63. Fighting Clickers 💪
    We must win 👍

    ReplyDelete
  64. 8/3/2022 14:01 done
    ဖုန်းဒေတာ သို့မဟုတ် ေဘလေး အကူအညီတောင်းခံအပ်ပါတယ်....09 965371989..

    ReplyDelete
  65. Click နိူင်ရေးအတွက် ဖုန်းဘေဖြည့်သွင်းပေးပါသော Clicker အားအထူးကျေးဇူးတင်ရှိပါတယ်...

    ReplyDelete
  66. ဟုတ်ကဲ့ပါ😘😘

    ReplyDelete
  67. ​ကျေးဇူးပါ ဆရာဖြိုး

    ReplyDelete
  68. မျက်နှာချင်းဆိုင်ကမနက်ကသကြ်န်သီးချင်းတွေအကျယ်ကြီးဖွင့်ပြီးပျော်​ေနေကြတာ လူယုတ်မာအားပေးတွေ လူယုတ်ချင်းမို့ထောက်ခံကြတာ စိတ်တိုတိုနဲ့မီးလာတာနဲ့clickနေတာ

    ReplyDelete
  69. ဘယ်တော့မှနောက်မဆုတ်ဘူး

    ReplyDelete
  70. 3094 4606 2088 3683
    Ooredoo 1000
    လိုတဲ့သူယူပါ
    ရတဲ့သူ reply မှာ comment လေးရေးပေးခဲ့ပါ

    ReplyDelete
    Replies
    1. ဘေ ရပါသည်
      ကျေးဇူးတင်ပါသည်ဗျာ့

      Delete
  71. ရသလိုကလစ်

    ReplyDelete
  72. မင်္ဂလာညနေခင်လေးဖြစ်ပါစေ။

    ReplyDelete
  73. ကန်ပက်လက်CDFအတွက်ပို၍ကလစ်ဖြစ်ပါတယ်

    ReplyDelete
  74. ကြော်ညာကအဆုံးထိကြည့်ရမှာလား click to donate ကအဆုံးထိမကြည့်ရင်ကြော်ညာမတတ်ဘူး

    ReplyDelete
  75. လူတိုင်းပါဝင်လာအောင် မျှဝေပေးကြပါ။

    ReplyDelete
  76. အကျိုးရှိအောင် ဘယ်နိုင်ငံမဆို VPN US ထားပွီးကလစ်ကြပါ (USမှာနေသူများမပါ)

    ReplyDelete
  77. Clicker များအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

    ReplyDelete
  78. အဆုံးထိတိုက်မယ် နိုင်အောင်တိုက်မယ်

    ReplyDelete
  79. Click ​နေရင်းစာဖတ်ရတာ အရမ်းအဆင်​ပြေပါတယ် အချိန်မပြည့်မှာစိတ်မပူရ

    ဗဟုသုတလည်းရ စိတ်ဓါတ်ခွန်အားလည်း ဖြစ်​စေတဲ့အတွက် အရမ်​​ကျေးဇူးတင်ပါတယ်ဆရာ

    ReplyDelete
  80. downလိုက်
    click.လိုက်
    ဖျက်လိုက်နဲ့ပဲ..

    ReplyDelete
  81. စိတ်ကတော့ဘာကြံခိုင်သလဲမမေးနဲ့အမှောင်ထဲထိုင်ပီးကလစ်နေပါတယ်

    ReplyDelete
  82. အားတင်းထားကြ

    ReplyDelete
  83. ဆရာဖြိုးခင်မျာ လေးစားပါတယ်
    ဒီစာကို ဆရာရဲ့ FB Page & Acc မှာရော
    တင်ထားပေးလားခင်မျ အဲ့ဒါလေးသိလိုပါသည်
    ကျနော် ဆရာ့ရဲ့ ဒီစာရှည်ကို
    Slect All လုပ် Copy ယူ Credit ပေးပြီး
    Note Pad ထဲမှာ ထည့်မှတ်ထားချင်လို့ပါနော်

    ReplyDelete
  84. ဖိုက်တင်းကလစ်အာလုးံ

    ReplyDelete
  85. ဖုန်းဘေ လိုအပ်သူများ ပြောပါ

    ReplyDelete
  86. ဘဝအတွက်အကျိုးရှိပါတယ်

    ReplyDelete
  87. အရေးတော်ပုံအောင်ရမည်

    ReplyDelete