စိတ်ဖိစီးမှုတွေကို ဘယ်လိုကျော်လွှားမလဲ
စိတ်ဖိစီးမှုဆိုတာ မျှော်မှန်းထားတာနဲ့ လက်တွေ့ဖြစ်လာတာနှစ်ခုကြားက ခြားနားချက် တဲ့
Stress = Expectation – Experience
လူနာကို ဒီဆေး ပေးလိုက်ရင် သက်သာသွားမယ် မှန်းထားတယ်၊ ဒါပေမဲ့ ထင်သလို ဖြစ်မလာဘူး။
ဒီလုပ်ငန်း လုပ်လိုက်ရင် အောင်မြင်မယ် ထင်ထားတယ်၊ ဒါပေမဲ့ ရှုံးသွားတယ်။
ဒီအလုပ်၊ ဒီရာထူးကို ရလိုက်ရင်တော့ အဆင်ပြေသွားမှာပဲ ထင်ခဲ့တယ်၊ လက်တွေ့ကျတော့ အခက်အခဲတွေ အများကြီး ကြုံလာရတယ်။
အဲဒီလို ကိုယ်မျှော်လင့်ထားတဲ့အတိုင်း လက်တွေ့ ဖြစ်မလာတဲ့အခါမှာ စိတ်ဖိစီးမှုတွေ ခံစားလာရပါတယ်။
တကယ်တော့ သေချာတွေးကြည့်ရင် စိတ်ဖိစီးမှုဆိုတာ တိုးတက်ချင်တဲ့သူတိုင်း မလွဲမသွေ ကြုံရမဲ့ ကိစ္စတစ်ခုပဲ ဖြစ်ပါတယ်။ တာဝန်ကြီးကြီး ယူထားရလေလေ၊ စိတ်ဖိစီးမှုကလည်း များလေလေပါပဲ။
လွယ်လွယ်လေးပဲ ကြည့်ကြည့်ပါ၊ အနှေးယာဉ်မောင်းတဲ့သူ၊ ကားမောင်းတဲ့သူ၊ လေယာဉ်မောင်းတဲ့သူ၊ ကျွမ်းကျင်မှုချင်း၊ တာဝန်ယူထားရတာချင်း ကွဲပြားသလို စိတ်ဖိစီးမှုချင်းလည်း မတူကြပါဘူး၊ ဒီတော့ ဝင်ငွေချင်းလည်း ကွာကြပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေ မကြုံချင်ဘူးဆိုရင် လွယ်ပါတယ်၊ ဘဝကို ခပ်နိမ့်နိမ့်ပဲ ဖြတ်သန်းလိုက်ပါ။ အောင်မြင်ချင်တဲ့ သူတွေအတွက်တော့ စိတ်ဖိစီးစရာ အခြေအနေတွေဆိုတာ မဖြစ်မနေ တက်ရမဲ့ လှေကားတစ်စင်းလိုပါပဲ။ ရှောင်ရှားလို့ မရပါဘူး။
ကျွန်တော်တို့အလုပ်မှာ သွက်သွက်လက်လက်နဲ့ အလုပ်လုပ်တတ်တဲ့သူတွေ ရှိတယ်၊ သူ့ကို တော်လို့ ဆိုပြီး လူကြီးတွေက ရာထူးတိုးပေးလိုက်တယ်၊ အရင်က သူနဲ့တန်းတူ အလုပ်လုပ်ခဲ့တဲ့သူတွေကို အခု ပြန်ပြီး ဦးဆောင်ရတဲ့အခါ၊ စီမံခန့်ခွဲရတဲ့အခါ သူ့အတွက် စိတ်ဖိစီးစရာ ဖြစ်လာတယ်။ နောက်ဆုံး အဲဒီဒဏ်ကို မခံနိုင်တော့တဲ့အခါ အလုပ်ထွက်သွားကြတယ်။ သူကိုယ်တိုင် တိုးတက်ချင်စိတ်အပြည့်နဲ့ လိုလိုချင်ချင် လျှောက်ခဲ့တဲ့ အလုပ်တစ်ခု၊ လူကြီးတွေကလည်း ယုံယုံကြည်ကြည်နဲ့ ပေးခဲ့တဲ့ အခွင့်အရေးတစ်ခုဟာ စိတ်ဖိစီးမှုကို မခံနိုင်တဲ့အတွက်ကြောင့် သူ့အတွက် အလုပ်တစ်ခုဆုံးရှုံးဖို့ လမ်းစလို ဖြစ်လာခဲ့ရတယ်။
ဒါဖြင့် ဒီလိုရှောင်ရှားလို့ မရတဲ့ စိတ်ဖိစီးစရာတွေကို ဘယ်လို ရင်ဆိုင်ကျော်လွှားကြမလဲ။
နံပါတ် ၁ အနေနဲ့ဆိုရင်တော့ အကောင်းဘက်က မြင်ပေးပါ။
အဆိုးမြင်တတ်တဲ့သူတွေဟာ ရလာသမျှ အခွင့်အလမ်းတိုင်းကို အခက်အခဲလို့ မြင်တယ်။ အကောင်းမြင်တတ်တဲ့သူကတော့ ကြုံလာသမျှ အခက်အခဲတိုင်းကို အခွင့်အလမ်းလို့ မြင်ပါတယ်။
အလုပ်မှာ ဆက်ဆံရသိပ်ခက်တဲ့လူနဲ့ တွဲလုပ်နေရတာကို စိတ်ညစ်တယ်။ အမှန်တော့ အဲဒါ စိတ်ညစ်စရာ မဟုတ်ပါဘူး။ သူ့ကိုတောင် ငါ control မလုပ်နိုင်ရင် ဒီထက် ပိုခက်ခဲတဲ့သူတွေနဲ့ဆို ငါ ဘယ်လိုလုပ်မလဲလို့ တွေးကြည့်လိုက်ပါ။ ဘဝမှာ အခက်အခဲတွေနဲ့ ကြုံလာတိုင်း လက်လျှော့အရှုံးပေးမလိုက်ပါနဲ့။ ၉ တန်းအောင်ပြီးမှ ၁၀ တန်းတက်လို့ ရပါတယ်။ ၉ တန်းက ခက်လို့ ခဏနေဦး၊ ၁၀တန်းအရင်တက်မယ် လုပ်လို့မရပါဘူး။ လူငယ်ဘဝ၊ ဝန်ထမ်းငယ်ဘဝ၊ ကျောင်းသားဘဝမှာ အောက်သက်ကြေခဲ့မှ ဒီထက် အဆင့်မြင့်တဲ့ နေရာတွေကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် ဖိအားတွေ၊ စိန်ခေါ်မှုတွေ ကြောက်မနေကြဖို့ လိုပါတယ်။ အမှန်က ကြောက်စရာ မလိုတဲ့အပြင် မကြုံရဘူး ဆိုရင်တောင် အတင်းမရမက လိုက်ရှာနေရမှာဖြစ်ပါတယ်။ အသက်သာ ကြီးလာတယ်၊ ရင့်ကျက်မှုနဲ့ အတွေ့အကြုံက လိုက်တက်မလာဘူး ဆိုရင် ကိုယ့်အတွက် အချိန်တွေ နှမြောစရာ သိပ်ကောင်းပါတယ်။
နံပါတ် ၂ – ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး ဆိုတာလေး သတိရပေးပါ။
ကျွန်တော်တို့က လုပ်ငန်းအရှုံးပေါ်လို့ စိတ်ညစ်နေတဲ့အချိန် ထမင်းတောင်ပ်မှန်အောင် မစားရတဲ့သူတွေ ရှိနေပါသေးတယ်။ ကျွန်တော်တို့က အနာဂတ်တွေ ဝေ၀ါးနေတယ်လို့ ညည်းနေတဲ့အချိန်မှာ မနက်ဖြန်ဆိုတာတောင် မသေချာသေးတဲ့သူတွေ အများကြီးပါ။ ရည်းစားနဲ့ ပြတ်လို့ စိတ်ညစ်မိတော့မယ်ဆို မွေးကတည်းက ချစ်ခြင်းမေတ္တာ ဆိုတာကို မိဘဆီကတောင် မရခဲ့ရှာတဲ့ မိဘမဲ့ကလေးတွေကိုလည်း အားနာပေးပါဦး။ ကိုယ့်ကိုယ်ကိုယ်ပဲ ဗဟိုပြု စဉ်းစားနေမိတဲ့အခါ ကိုယ့်ပြဿနာတစ်ခုကိုပဲ ကမ္ဘာကြီးလောက် ထင်နေတတ်ကြတယ်။ အဲဒီအခါ ပိုပြီး စိတ်ညစ်ရပါတယ်။
နံပါတ် ၃ – ပြဿနာနဲ့ခပ်ဝေးဝေးနေပါ။
ပြဿနာတစ်ခုကို ရှင်းရတာထက် နဂိုကတည်းက မဖြစ်အောင် နေတာက ပိုကောင်းတယ်ဆိုတဲ့ သဘောပါ။ လောင်းကစား လုပ်မိလို့ ရှုံးတယ်၊ စိတ်ညစ်ရတယ်။ ရည်းစားနဲ့ အတူနေရင်း ကိုယ်ဝန် ရသွားတယ်၊ သတ်သေချင်စိတ်တွေ ဖြစ်မိတယ်။ ဒါတွေဟာ မမျှော်လင့်ဘဲ ပေါ်လာတဲ့ကိစ္စတွေ မဟုတ်ပါဘူး၊ ကိုယ့်ရေဲ့ ရွးချယ်မှုမှားယွင်းခဲ့လို့ ဖြစ်ရတာပါ။ ဒါကြောင့် ဒီလိုကိစ္စတွေအတွက် စိတ်မညစ်ချင်ဘူးဆို အစကတည်းက ရှောင်ကြဉ်နိုင်ကြဖို့ လိုပါတယ်။
နံပါတ် ၄ – နောက်ထပ်အကောင်းဆုံးလမ်းကို ရွေးတတ်ပါစေ။
တကယ်တော့ ဒီလိုစာလေးရေးရတာ လွယ်ပါတယ်၊ လက်တွေ့သာ ခက်တာပါ။ တချို့သော လူတွေဟာ ဆက်ဆံရ သိပ်ခက်ပါတယ်။ အဲဒီလို ဘယ်လိုမှကို ဆက်လျှောက်လို့ မရနိုင်တော့တဲ့လမ်း ဖြစ်နေတယ် ဆိုရင်တော့ နောက်ထပ်အကောင်းဆုံးလမ်းတစ်ခုကို ရွေးချယ်တတ်ကြဖို့ လိုပါတယ်။
ပုံပြင်လေးတစ်ပုဒ် ကြားဖူးပါတယ်။
တစ်ခါက အာလူးကုန်သည်တစ်ယောက် ရှိတယ်။ သူက သူ့ခြံထဲက အာလူးတွေကို မြို့တက် ရောင်းတော့မယ်ဆိုရင် သူများတွေလို အကြီး အလတ် အသေး ခွဲမနေဘူး၊ လှည်းကြီးတစ်စီးထဲ အကုန် ပြုံထည့်သွားတယ်။ ပြီးရင် တအားကို ကြမ်းတမ်းတယ်၊ ချိုင့်တွေ၊ ခွက်တွေ ပေါပါတယ် ဆိုတဲ့ လမ်းကို ဖြတ်ပြီး တွန်းသွားတယ်။ လမ်းက ကြမ်းတော့ လှည်းက ခုန်တယ်။ အဲဒီမှာ သေးတဲ့ အာလူးတွေက တဖြည်းဖြည်း အောက်ကို ကျကျသွားပြီးတော့ အလတ်စား အာလူးတွေက အလယ်မှာ ကျန်ခဲ့တယ်။ အကြီးစား အာလူးတွေကတော့ အပေါ်ဆုံးမှာ ကျန်နေခဲ့တယ်။ အဲဒါနဲ့ မြို့ကိုလည်း ရောက်ရော အပေါ်ဆုံးက အာလူးတွေကို ဈေးကြီးကြီးနဲ့ ရောင်း၊ အလယ်က အာလူးတွေကို ဈေးသင့်သင့်၊ အောက်ဆုံးက အာလူးတွေကိုတော့ ဈေးပေါပေါနဲ့ ရောင်းခဲ့လိုက်တော့တာပဲ တဲ့။
ဘဝဆိုတာလည်း အဲဒီလို လမ်းကြမ်းကြမ်းကို ဖြတ်သွားရတာနဲ့ အတူတူပါပဲ။ အဲဒီအခါမှာ စိတ်ဖိစီးစရာတွေ၊ စိတ်ညစ်စရာ၊ ဝမ်းနည်းစရာတွေကို ဘယ်လောက်ထိ ရင်ဆိုင်ကျော်လွှားနိုင်သလဲ ဆိုတာက အရေးကြီးလာပါတယ်။ မကျော်လွှားနိုင်တဲ့သူကတော့ တဖြည်းဖြည်း အချိန်ကြာလာတာနဲ့အမျှ အောက်ကို ရောက်ရောက်သွားမှာ ဖြစ်ပြီးတော့ ရင်ဆိုင်နိုင်တဲ့သူတွေသာ အပေါ်မှာ ကျန်နေခဲ့မှာ ဖြစ်ပါတယ်။
ချားလ်စ်ဒါဝင်ရဲ့ စကား ယူသုံးရရင်တော့ Survival of the fittest ပါပဲ။ ဒီလို ရှောင်လွှဲလို့မရတဲ့ စိတ်ဖိစီးစရာတွေကြားထဲမှာ အကောင်းဆုံး ကြံ့ကြံ့ခံနိုင်တဲ့သူကပဲ နောက်ဆုံးမှာ ရှင်သန်ကျန်ရစ်ခဲ့မှာ ဖြစ်ပါတယ်။
ဒေါက်တာ ဖြိုးသီဟ
၁၈.၃.၂၀၁၆
148 Comments
ReplyDelete” စိတ်ဖိစီးမှုတွေကို ဘယ်လိုကျော်လွှားမလဲ ”
၁ – အကောင်းဘက်က မြင်ပေးပါ။
၂ – ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး ဆိုတာလေး သတိရပေးပါ။
၃– အကောင်းဆုံးလမ်းကို ရွေးတတ်ပါစေ။
Ok
Deleteyes mom
DeleteThanks for knowledge
ReplyDelete"Survival of the fittest."
Delete-ချားလ်စ်ဒါဝင်
ကျေးဇူးပါဆရာ
Good
ReplyDeleteI like this
ReplyDeleteNice one
ReplyDelete👍👍👍
DeleteWe will be big potatoes 😊
ReplyDeleteကျေးဇူးတင်ပါတယ်ခင်ဗျာ။
ReplyDeletethanks.....
ReplyDeleteGood
ReplyDeleteGood
ReplyDeleteကြိုက်တယ်
ReplyDeleteGood
ReplyDeleteOkok
ReplyDeleteRight
ReplyDeletegood
ReplyDeleteTry to be big potatoes
ReplyDeleteTake e break from your work
ReplyDeleteThanks for sharing.
ReplyDeleteGood
ReplyDeleteDone
ReplyDeleteI like this.
ReplyDeleteGood and thank
ReplyDelete👍
ReplyDeleteDone
ReplyDeleteကျေးဇူးပါ
ReplyDelete👍👍👍
ReplyDeletethanks.
ReplyDeleteThanks
ReplyDeleteစီတူးဒီ နှိပ်ရင်းနဲ့ကျော်လွှားမယ်..
ReplyDeleteWhere is ads? Batmanဂျီးအစားမေးပေးတာပါ
❤️❤️❤️
ReplyDeleteDone
ReplyDeleteစာဖတ်တယ်
ReplyDeleteThanks
ReplyDeleteI am fa. ေကျာ်မဲရောင် is my fb acc. 17old😁😁😁😁
ReplyDeleteFighting
ReplyDeleteWe are not alone 💪💪💪
ReplyDelete💜💜💜
ReplyDeleteနွေဦးတော်လှန်ရေးမှာ
ReplyDeleteClickရင်းပါဝင်ခွင့်ရခဲ့လို့
မိမိကိုယ်ကို မိမိ ကျေနပ်ဂုဏ်ယူမိပါတယ်
နှစ်သစ်အတွက်ပြင်ဆင်နေပါပီ
ReplyDeletelike
ReplyDeleteအိုခေတယ်
ReplyDeleteDone❣️💪
ReplyDeleteRight
ReplyDeleteDONE ✅✅✅ zppa
ReplyDelete26.12.2021
Aa good
ReplyDeletenice
ReplyDeletethanks
ReplyDeleteကျေးဇူးပါရှင့်
ReplyDeleteကျေးဇူးပါ
ReplyDeleteကျေးဇူးပါ❤️
ReplyDeleteDone
ReplyDeleteစိတ်တွေညစ်နေတုံးပဲ🤧
ReplyDeleteတကယ်ကို Motivate ဖြစ်စေတဲ့ စာလေးတွေပါ
ReplyDeletenice
ReplyDeleteget it.
ReplyDeleteDone
ReplyDeleteဗဟုသုတတကယ်ရစေပါတယ်
ReplyDeleteDone
ReplyDeletethanks
ReplyDeleteLike
ReplyDeleteThank you
ReplyDelete🍅
ReplyDeleteမနက်ဖြန်များစွာထဲမှာအမှန်များများလုပ်နိုင်ပါစေသူငယ်ချင်း
ReplyDeleteDone
ReplyDeleteဒီလိုစာလေးတွေ ဖတ်ရတာ ကြိုက်ပါတယ်
ReplyDeleteWe must win.
ReplyDeleteရှကီထုမယ်လေ
ReplyDeletewe must win
ReplyDelete“If you are working on something that you really care about, you don’t have to be pushed. The vision pulls you.” — Steve Jobs
ReplyDelete🤍🤍
Delete💙
Delete👍
ReplyDeleteLike
ReplyDeleteအမြဲတမ်း click
ReplyDeleteDone
ReplyDeleteStress
ReplyDeleteclick💪❤
ReplyDeleteGood
ReplyDeleteMissions တိုင်းအောင်မြင်ပါစေ
ReplyDeleteဘေးရန်ကင်းပါစေ🙏🙏🙏
Morning
ReplyDeleteDone
ReplyDeleteWe must win
ReplyDeleteGood
ReplyDeletegood
ReplyDeleteGreat 👍👍👍
ReplyDeleteDone✅
ReplyDeleteFighting💪💪💪
ReplyDeleteတကယ်ကို ဖတ်ပြီးတော့ အသိ တခု ကျန်ခဲ့ပါတယ် ဆရာ တန်ဖိုးရှိတဲ့ စာတွေပါ ကျေးဇူးပါ ဆရာ clickရင်း အသိပညာတွေ တိုးရင်း 💪
ReplyDeleteOk
ReplyDeleteThanks a lot��
ReplyDeleteThanks sir.
ReplyDeleteDone
ReplyDeleteLike
ReplyDelete🌠🌠🌠
ReplyDeleteDone
ReplyDelete👍👍👍👍👍👍
ReplyDeleteDonr
ReplyDelete💪💪
ReplyDeleteOk
ReplyDeleteကျေးဇူးပါ
ReplyDeleteရေးထားတာအရမ်းကောင်းပါတယ်
Fighting.
ReplyDeleteကိုယ့်ပြသနာကိုယ်တိုင်းရှင်း
ReplyDeleteUseful tips
ReplyDeleteကောင်မလေးနဲ့အတူနှစ်ဆဝင် Click သွားပါကြောင်း
ReplyDeleteThanks
ReplyDeleteThanks 💪💪💪💪
ReplyDeleteဘာဘီတို့ အဟောင်းလေးတွေကိုလည်း ပြန် Click ကြမယ်နော်💜💜
ReplyDeleteThank you for sharing
ReplyDeleteThank for sharing
ReplyDeleteLike it.
ReplyDeleteLike
ReplyDeleteMotivate ဖြစ်စေလို့ကျေးဇူးပါ admin
ReplyDeleteLike
ReplyDeleteအရေးတော်ပုံအောင်ရမည်။
ReplyDeleteThank you!
ReplyDeleteclick
ReplyDeleteThanks for your post
ReplyDeleteဘယ်လို share ရမလဲဗျ
ReplyDeleteWe must win
ReplyDelete👍👍👍
ReplyDeletedone
ReplyDeleteWell
ReplyDeleteDone ✅✅✅
ReplyDeleteThank
ReplyDeleteDo meditation
ReplyDeleteThank
ReplyDeleteThanks
ReplyDeleteနေ့တိုင်းတော့ Click တယ်နော် နေ့တိုင်းတော့ ဝင်မမန့်ဖြစ်ဘူး
ReplyDeleteThanks
ReplyDeleteGood
ReplyDelete🤹🤹🤹
ReplyDelete🤺🤺🤺
ReplyDeleteDone!
ReplyDeleteနှစ်သစ်ကိုလဲကြိုမယ် ဖက်ဆစ်ကိုလဲဖြိုမယ်✨💜💪
ReplyDeletegood
ReplyDeleteDone😇😇😇
ReplyDeleteနှစ်သစ်ကိုကြိုရင်းကလစ်နေပါသည်
ReplyDeleteI am faကျော်မဲရောင်is my fb acc. 😁😁😁17old. နောက်နှစ်ရောက်တော့မယ်ကောင်မလေးရေမင်းဘယ်မှာလဲ
ReplyDeleteကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ
ReplyDeleteI am fa ကျော်မဲရောင်is my fb. Acc 17old
ReplyDeleteWe must win✨💜
ReplyDeleteDone
ReplyDeleteTy☺️☺️☺️
ReplyDeleteကျေးဇူးပါ
ReplyDelete