1 - 2- 3 - Action!

AD SPACE

1 - 2- 3 - Action!

1 – 2- 3 – Action!

အလုပ်လုပ်တဲ့အခါ ပရိုပီသတယ်ဆိုတာ အရှင်းဆုံး ပြောရရင် ယူထားတဲ့ ပိုက်ဆံနဲ့ တန်အောင် ထိုက်သင့်တဲ့ လုပ်အား၊ ထိုက်သင့်တဲ့ ကျွမ်းကျင်မှု ပြန်ပေးတာမျိုးကို ခေါ်တာပါ။ ဒီအလုပ်က ရတဲ့ ပိုက်ဆံနဲ့ အသက်မွေးတယ်၊ အဲဒီအတွက် အကောင်းဆုံးလုပ်တယ်၊ ကျွမ်းသထက် ကျွမ်းကျင်အောင် ကြိုးစားတယ်။ တစ်ခါတစ်လေကျ ကိုယ့်အသက်မွေးလောက်တဲ့အထိတော့ ဝင်ငွေမရဘူး၊ ဒါပေမဲ့ ပိုက်ဆံတော့ ယူတယ်၊ ပရဟိတ လုပ်ပေးတာမျိုး မဟုတ်ဘူး။ အဲဒီအခါတွေမှာလည်း ငါ့အသက်မွေးလောက်သည်အထိ ပိုက်ဆံရတာမှ မဟုတ်တာဆိုပြီး ပေါ့ပျက်ပျက် လုပ်လို့မရဘူး။ ယူထားတဲ့ ပိုက်ဆံနဲ့တန်တဲ့ လုပ်အားကို ပြန်ပေးရပါတယ်။



အဲဒီလို ပရိုပီသဖို့ ကြိုးစားတဲ့အခါမှာ အဓိကပြဿနာပေးတာက ကျွမ်းကျင်မှု မရှိတာရယ်၊ စိတ်ခံစားချက်တွေကို မထိန်းချုပ်နိုင်တာရယ်ပါ။ စိတ်ခံစားချက်ကိုမှ နှစ်မျိုးထပ်ခွဲလို့ ရတယ်။ အပြင်က ပါလာတဲ့ စိတ်ခံစားချက်နဲ့ လုပ်ငန်းခွင်အတွင်းထဲက စိတ်ခံစားချက်ပါ။

အပြင်က ပါလာတဲ့ခံစားချက် ဆိုတာက ဥပမာ ရည်းစားနဲ့ပြတ်၊ အသည်းကွဲလာတယ်၊ အဲဒီခံစားချက်ကို လုပ်ငန်းခွင်ဆီ သယ်လာတယ်။ အိမ်နဲ့အဆင်မပြေဘူး၊ မိဘနဲ့ ပြဿနာဖြစ်တယ်၊ ငွေရေးကြေးရေး ခက်ခဲနေတယ် စတဲ့ ပြဿနာတွေ၊ ခံစားချက်တွေကြောင့် အလုပ်မှာ လာထိခိုက်တာမျိုး ရှိတယ်။



ငယ်ငယ်က ဘောလုံးပွဲတွေကြည့်ရင်း သိပ်သဘောကျမိခဲ့တာ တစ်ခုရှိတယ်။ အဲဒါ ဘာလဲဆိုတော့ တချို့ဘောလုံးသမားတွေ၊ နည်းပြတွေဟာ တကယ့်အရင်းနှီးဆုံးလို့ ပြောလို့ရတဲ့ ကိုယ့်အဖေ၊ အမေ ဆုံးပါးသွားတာတောင်မှ အသင်းအတွက် အရေးကြီးတဲ့ပွဲတွေဆို ခွင့်မယူဘဲ ဝင်ကစားကြတာပဲ။ အဖေ၊ အမေ ဆုံးသွားပါတယ်ဆိုမှ ဝမ်းမနည်းတဲ့သူတော့ ဘယ်ရှိမလဲ။ ဒါပေမယ့် အဲဒီဝမ်းနည်းတဲ့စိတ်ကို နောက်ပို့ပြီး ကိုယ့်အလုပ်ကိုယ် အကောင်းဆုံးဖြစ်အောင် လုပ်ကြရတယ်။

ဟိုတယ်တစ်ခုကို ဝင်သွား၊ ပြုံးရွှင်စွာနဲ့ ကြိုဆိုနေတဲ့ Receptionist လေးမှာ ဘာဒုက္ခမှမရှိလို့ ပြုံးနေနိုင်တာ မဟုတ်ဘူး။ စင်ပေါ်မှာ မြူးတူးခုန်ပေါက်နေတဲ့ အဆိုတော်တွေ ဘဝမှာ အစစအရာရာ ပြည့်စုံနေလို့ ခုန်ပေါက်နေနိုင်တာ မဟုတ်ဘူး။ အားလုံးမှာ အခက်အခဲ ကိုယ်စီ၊ အဆင်မပြေမှု ကိုယ်စီနဲ့ချည်းပဲ။ ဒါကိုမှ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ ခံစားချက်တွေကို ထိန်းချုပ်ပြီး အလုပ်ကို အကောင်းဆုံး ဖြစ်အောင် လုပ်ကြရတာ ဖြစ်ပါတယ်။



နောက်တစ်ခုက လုပ်ငန်းခွင်ထဲက ခံစားချက်။ တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရေး အဆင်မပြေတာ၊ အကြောင်းတစ်ခုနဲ့ ပတ်သက်လို့ အမြင်မတူတာကို ငြင်းကြခုန်ကြရင်း ပုဂ္ဂိုလ်ရေးတွေပါ ပါလာတာ၊ ဒါတွေကြောင့်လည်း အလုပ်ကို လာထိခိုက်တာတွေ ရှိနိုင်ပါတယ်။

စဉ်းစားကြည့်ပါ။

ကျွန်တော်တို့ ဆေးရုံသွားတယ်။ အဲဒီက ဆရာဝန်၊ ဆရာမတွေ လစာ မလုံလောက်တာတွေ၊ အိမ်နဲ့ အဆင်မပြေတာတွေ၊ လုပ်ငန်းခွင်မှာ အခက်အခဲဖြစ်နေတာတွေ ကျွန်တော်တို့ သိချင်လား။ မသိချင်ပါဘူး။ သူ့ဆီကနေ အကောင်းဆုံးကုသမှုပဲ လိုချင်ပါတယ်။



ရှိုးပွဲတစ်ပွဲသွားတယ်။ အဆိုတော်ကနေ ကျွန်တော် ကျွန်မ အသံဝင်နေလို့၊ အိပ်ရေးပျက်နေလို့ ပရိသတ်ကြီး နားလည်ပေးပါ ဆိုတာမျိုး ကြားချင်လို့လား။ မကြားချင်ပါဘူး၊ ပိုက်ဆံတွေ အကုန်ခံပြီး လက်မှတ်ဝယ်ထားတာ အဲဒါတွေ နားထောင်ဖို့ မဟုတ်ဘူး။ သူ့ဆီကနေ အကောင်းဆုံး ဖျော်ဖြေတင်ဆက်မှုကို လိုချင်လို့ ဖြစ်ပါတယ်။

စားသောက်ဆိုင်မှာ သွားစားတယ်။ အဲဒီက waiter လေးတွေ အလုပ်လုပ်ရတာမှ အဆင်ပြေကြရဲ့လား၊ လစာရော လောက်ငှရဲ့လား၊ အဆောင်နေရတာတွေရော အဆင်ပြေလား ဆိုတာ သိချင်လား။ မသိချင်ပါဘူး။ သူတို့ဆီကနေ အကောင်းဆုံးသော ဝန်ဆောင်မှုကိုပဲ လိုချင်ပါတယ်။

ဒါဆို ကျွန်တော်တို့ဆီကို ရောက်လာတဲ့သူတွေကရော ကျွန်တော်တို့ ဘာတွေဖြစ်ပျက်နေတယ်၊ ဘယ်လိုတွေ အဆင်မပြေ၊ ဒုက္ခရောက်နေတယ် ဆိုတာကို သိချင်ပါ့မလား။ မသိချင်ပါဘူး။



ဒီတော့ ဘာကြောင့် အဆင်မပြေဖြစ်သွားတယ်၊ ကျွန်တော့်အိမ်မှာ ပြဿနာ နည်းနည်းရှိနေလို့ပါ၊ နားလည်ပေးပါ စတဲ့ အကြောင်းပြချက် (Excuse) တွေ မပေးပါနဲ့။ ဘယ်သူမှ မလိုချင်ပါဘူး။ ပရိုတစ်ယောက်ဆီကနေ လိုချင်တာ တစ်ခုတည်းရှိပါတယ်။ အဲဒါ Performance စွမ်းဆောင်ရည်ပါ။

ဆရာဝန်တစ်ယောက်ဆီက အကောင်းဆုံးသော ကုသမှု၊ စာရေးဆရာတစ်ယောက်ဆီက အဆင့်အတန်းမြင့်တဲ့ စာပေဖန်တီးမှု၊ ဟိုတယ်ဝန်ထမ်းဆီကနေ အကောင်းဆုံးဝန်ဆောင်မှု၊ အဆိုတော်တစ်ယောက်ဆီက အကောင်းဆုံးဖျော်ဖြေမှု၊ ဒါတွေကိုပဲ လိုချင်ကြပါတယ်။



ဒီတော့ ကိုယ်တိုင် ပရိုပီသတဲ့သူ ဖြစ်ချင်တယ်ဆိုရင်လည်း အဲဒီလိုအကောင်းဆုံး စွမ်းဆောင်ရည် Performance ကိုသာ ပေးနိုုင်အောင် ကြိုးစားရပါလိမ့်မယ်။

ကိုယ့်လုပ်ငန်းခွင်ကို ရုပ်ရှင်ရိုက်ကွင်းတစ်ခုလို မြင်ယောင်ကြည့်လိုက်ပါ။ အပြင်မှာ စိတ်ဒုက္ခတွေ ကြုံနေရပေမဲ့ ဇာတ်လမ်းထဲမှာ ဟာသပုံစံသရုပ်ဆောင်ရတာမျိုး ရှိမယ်။ သရုပ်ဆောင်တွေ တစ်ယောက်ကိုတစ်ယောက် ကြည့်မရဘူး၊ ပြိုင်ဆိုင်နေကြတယ်ဆိုပေမဲ့ ဇာတ်လမ်းထဲမှာ ညီအစ်ကိုအဖြစ် သရုပ်ဆောင်ရတာမျိုးလည်း ရှိနိုင်တယ်။



ဒီအခါ ဘယ်လောက်ပဲ စိတ်ညစ်နေပါစေ၊ ဒါရိုက်တာက 1 – 2 – 3 Action! ဆိုတာနဲ့ ညစ်နေတဲ့စိတ်တွေကို ဖယ်လိုက်ပြီး ဟာသဇာတ်ကောင်စရိုက်ကို သွင်းလိုက်ရတယ်။ ကြည့်မရတဲ့စိတ်ကို ဖယ်ပြီး ညီအစ်ကိုဆိုတဲ့ mood ကို သွင်းလိုက်ရတယ်။ Cut လို့ ပြောလိုက်တာနဲ့ နဂိုစိတ်အခံတွေ ပြန်ဝင်လာကြတယ်။

ကျွန်တော်တို့အလုပ်မှာလည်း ဒီသဘောပါပဲ။ ကျနေတဲ့စိတ်ဓါတ်၊ အဆင်မပြေဘူးဆိုတဲ့ စီးပွားရေး၊ ကွဲနေတဲ့ အသည်းတွေကို မနက်မိုးလင်းလို့ အလုပ်ထဲ ရောက်ပြီဆိုတာနဲ့ မေ့ပစ်ပြီး ဒီက ဝန်ထမ်း၊ ဒီအလုပ်နဲ့ အသက်မွေးတဲ့ ပရို ဆိုတဲ့ ဇာတ်ကောင်စရိုက်ကို သွင်းလိုက်ပါ။ ပြီးရင် အကြောင်းပြချက်တွေ အစား အကောင်းဆုံးသော စွမ်းဆောင်ရည်ကိုသာ ပေးပါ။



Cut ဆိုတဲ့ အလုပ်ဆင်းချိန်ကျတော့ ပြန်ညစ်ချင်ညစ်ပေါ့၊ အသည်းပြန်ကွဲချင်ကွဲပေါ့။ ကျွန်တော်တို့အားလုံးဟာ လူသားတွေဖြစ်တာမို့ ခံစားချက်တွေ ရှိကြတာပဲ။ ချစ်တဲ့သူနဲ့ အဆင်မပြေရင် အသည်းကွဲမယ်။ စိတ်ဓါတ်ကျစရာရှိ စိတ်ဓါတ်ကျမယ်။ ပျော်စရာရှိ ပျော်မယ်။ အားငယ်စရာရှိ အားငယ်မယ်။ ဒေါသထွက်စရာရှိ ဒေါသထွက်မယ်။ ဒါတွေက ရှောင်ရှားလို့ မရပါဘူး။





ဒါကြောင့်မို့ We cannot avoid the emotions. What we can do is to understand and manage.

စိတ်ခံစားချက်တွေကို မရှိတော့အောင် လုပ်လို့မရပါဘူး။ ကျွန်တော်တို့ လုပ်လို့ရတာက ကိုယ်ဘာဖြစ်နေတယ်ဆိုတာ နားလည်အောင်လုပ်ပြီး အကောင်းဆုံးထိန်းချုပ်နိုင်ဖို့ပါပဲ။



ဒေါက်တာ ဖြိုးသီဟ

၆.၃.၂၀၁၈



[ zawgyi ]

1 – 2- 3 – Action!

အလုပ္လုပ္တဲ့အခါ ပ႐ိုပီသတယ္ဆိုတာ အရွင္းဆုံး ေျပာရရင္ ယူထားတဲ့ ပိုက္ဆံနဲ႔ တန္ေအာင္ ထိုက္သင့္တဲ့ လုပ္အား၊ ထိုက္သင့္တဲ့ ကြၽမ္းက်င္မႈ ျပန္ေပးတာမ်ိဳးကို ေခၚတာပါ။ ဒီအလုပ္က ရတဲ့ ပိုက္ဆံနဲ႔ အသက္ေမြးတယ္၊ အဲဒီအတြက္ အေကာင္းဆုံးလုပ္တယ္၊ ကြၽမ္းသထက္ ကြၽမ္းက်င္ေအာင္ ႀကိဳးစားတယ္။ တစ္ခါတစ္ေလက် ကိုယ့္အသက္ေမြးေလာက္တဲ့အထိေတာ့ ဝင္ေငြမရဘူး၊ ဒါေပမဲ့ ပိုက္ဆံေတာ့ ယူတယ္၊ ပရဟိတ လုပ္ေပးတာမ်ိဳး မဟုတ္ဘူး။ အဲဒီအခါေတြမွာလည္း ငါ့အသက္ေမြးေလာက္သည္အထိ ပိုက္ဆံရတာမွ မဟုတ္တာဆိုၿပီး ေပါ့ပ်က္ပ်က္ လုပ္လို႔မရဘူး။ ယူထားတဲ့ ပိုက္ဆံနဲ႔တန္တဲ့ လုပ္အားကို ျပန္ေပးရပါတယ္။



အဲဒီလို ပ႐ိုပီသဖို႔ ႀကိဳးစားတဲ့အခါမွာ အဓိကျပႆနာေပးတာက ကြၽမ္းက်င္မႈ မရွိတာရယ္၊ စိတ္ခံစားခ်က္ေတြကို မထိန္းခ်ဳပ္ႏိုင္တာရယ္ပါ။ စိတ္ခံစားခ်က္ကိုမွ ႏွစ္မ်ိဳးထပ္ခြဲလို႔ ရတယ္။ အျပင္က ပါလာတဲ့ စိတ္ခံစားခ်က္နဲ႔ လုပ္ငန္းခြင္အတြင္းထဲက စိတ္ခံစားခ်က္ပါ။

အျပင္က ပါလာတဲ့ခံစားခ်က္ ဆိုတာက ဥပမာ ရည္းစားနဲ႔ျပတ္၊ အသည္းကြဲလာတယ္၊ အဲဒီခံစားခ်က္ကို လုပ္ငန္းခြင္ဆီ သယ္လာတယ္။ အိမ္နဲ႔အဆင္မေျပဘူး၊ မိဘနဲ႔ ျပႆနာျဖစ္တယ္၊ ေငြေရးေၾကးေရး ခက္ခဲေနတယ္ စတဲ့ ျပႆနာေတြ၊ ခံစားခ်က္ေတြေၾကာင့္ အလုပ္မွာ လာထိခိုက္တာမ်ိဳး ရွိတယ္။



ငယ္ငယ္က ေဘာလုံးပြဲေတြၾကည့္ရင္း သိပ္သေဘာက်မိခဲ့တာ တစ္ခုရွိတယ္။ အဲဒါ ဘာလဲဆိုေတာ့ တခ်ိဳ႕ေဘာလုံးသမားေတြ၊ နည္းျပေတြဟာ တကယ့္အရင္းႏွီးဆုံးလို႔ ေျပာလို႔ရတဲ့ ကိုယ့္အေဖ၊ အေမ ဆုံးပါးသြားတာေတာင္မွ အသင္းအတြက္ အေရးႀကီးတဲ့ပြဲေတြဆို ခြင့္မယူဘဲ ဝင္ကစားၾကတာပဲ။ အေဖ၊ အေမ ဆုံးသြားပါတယ္ဆိုမွ ဝမ္းမနည္းတဲ့သူေတာ့ ဘယ္ရွိမလဲ။ ဒါေပမယ့္ အဲဒီဝမ္းနည္းတဲ့စိတ္ကို ေနာက္ပို႔ၿပီး ကိုယ့္အလုပ္ကိုယ္ အေကာင္းဆုံးျဖစ္ေအာင္ လုပ္ၾကရတယ္။

ဟိုတယ္တစ္ခုကို ဝင္သြား၊ ၿပဳံး႐ႊင္စြာနဲ႔ ႀကိဳဆိုေနတဲ့ Receptionist ေလးမွာ ဘာဒုကၡမွမရွိလို႔ ၿပဳံးေနႏိုင္တာ မဟုတ္ဘူး။ စင္ေပၚမွာ ျမဴးတူးခုန္ေပါက္ေနတဲ့ အဆိုေတာ္ေတြ ဘဝမွာ အစစအရာရာ ျပည့္စုံေနလို႔ ခုန္ေပါက္ေနႏိုင္တာ မဟုတ္ဘူး။ အားလုံးမွာ အခက္အခဲ ကိုယ္စီ၊ အဆင္မေျပမႈ ကိုယ္စီနဲ႔ခ်ည္းပဲ။ ဒါကိုမွ ကိုယ့္ရဲ႕ ကိုယ္ေရးကိုယ္တာ ခံစားခ်က္ေတြကို ထိန္းခ်ဳပ္ၿပီး အလုပ္ကို အေကာင္းဆုံး ျဖစ္ေအာင္ လုပ္ၾကရတာ ျဖစ္ပါတယ္။



ေနာက္တစ္ခုက လုပ္ငန္းခြင္ထဲက ခံစားခ်က္။ တစ္ေယာက္နဲ႔တစ္ေယာက္ ဆက္ဆံေရး အဆင္မေျပတာ၊ အေၾကာင္းတစ္ခုနဲ႔ ပတ္သက္လို႔ အျမင္မတူတာကို ျငင္းၾကခုန္ၾကရင္း ပုဂၢိဳလ္ေရးေတြပါ ပါလာတာ၊ ဒါေတြေၾကာင့္လည္း အလုပ္ကို လာထိခိုက္တာေတြ ရွိႏိုင္ပါတယ္။

စဥ္းစားၾကည့္ပါ။

ကြၽန္ေတာ္တို႔ ေဆး႐ုံသြားတယ္။ အဲဒီက ဆရာဝန္၊ ဆရာမေတြ လစာ မလုံေလာက္တာေတြ၊ အိမ္နဲ႔ အဆင္မေျပတာေတြ၊ လုပ္ငန္းခြင္မွာ အခက္အခဲျဖစ္ေနတာေတြ ကြၽန္ေတာ္တို႔ သိခ်င္လား။ မသိခ်င္ပါဘူး။ သူ႔ဆီကေန အေကာင္းဆုံးကုသမႈပဲ လိုခ်င္ပါတယ္။



ရႈိးပြဲတစ္ပြဲသြားတယ္။ အဆိုေတာ္ကေန ကြၽန္ေတာ္ ကြၽန္မ အသံဝင္ေနလို႔၊ အိပ္ေရးပ်က္ေနလို႔ ပရိသတ္ႀကီး နားလည္ေပးပါ ဆိုတာမ်ိဳး ၾကားခ်င္လို႔လား။ မၾကားခ်င္ပါဘူး၊ ပိုက္ဆံေတြ အကုန္ခံၿပီး လက္မွတ္ဝယ္ထားတာ အဲဒါေတြ နားေထာင္ဖို႔ မဟုတ္ဘူး။ သူ႔ဆီကေန အေကာင္းဆုံး ေဖ်ာ္ေျဖတင္ဆက္မႈကို လိုခ်င္လို႔ ျဖစ္ပါတယ္။

စားေသာက္ဆိုင္မွာ သြားစားတယ္။ အဲဒီက waiter ေလးေတြ အလုပ္လုပ္ရတာမွ အဆင္ေျပၾကရဲ႕လား၊ လစာေရာ ေလာက္ငွရဲ႕လား၊ အေဆာင္ေနရတာေတြေရာ အဆင္ေျပလား ဆိုတာ သိခ်င္လား။ မသိခ်င္ပါဘူး။ သူတို႔ဆီကေန အေကာင္းဆုံးေသာ ဝန္ေဆာင္မႈကိုပဲ လိုခ်င္ပါတယ္။

ဒါဆို ကြၽန္ေတာ္တို႔ဆီကို ေရာက္လာတဲ့သူေတြကေရာ ကြၽန္ေတာ္တို႔ ဘာေတြျဖစ္ပ်က္ေနတယ္၊ ဘယ္လိုေတြ အဆင္မေျပ၊ ဒုကၡေရာက္ေနတယ္ ဆိုတာကို သိခ်င္ပါ့မလား။ မသိခ်င္ပါဘူး။



ဒီေတာ့ ဘာေၾကာင့္ အဆင္မေျပျဖစ္သြားတယ္၊ ကြၽန္ေတာ့္အိမ္မွာ ျပႆနာ နည္းနည္းရွိေနလို႔ပါ၊ နားလည္ေပးပါ စတဲ့ အေၾကာင္းျပခ်က္ (Excuse) ေတြ မေပးပါနဲ႔။ ဘယ္သူမွ မလိုခ်င္ပါဘူး။ ပ႐ိုတစ္ေယာက္ဆီကေန လိုခ်င္တာ တစ္ခုတည္းရွိပါတယ္။ အဲဒါ Performance စြမ္းေဆာင္ရည္ပါ။

ဆရာဝန္တစ္ေယာက္ဆီက အေကာင္းဆုံးေသာ ကုသမႈ၊ စာေရးဆရာတစ္ေယာက္ဆီက အဆင့္အတန္းျမင့္တဲ့ စာေပဖန္တီးမႈ၊ ဟိုတယ္ဝန္ထမ္းဆီကေန အေကာင္းဆုံးဝန္ေဆာင္မႈ၊ အဆိုေတာ္တစ္ေယာက္ဆီက အေကာင္းဆုံးေဖ်ာ္ေျဖမႈ၊ ဒါေတြကိုပဲ လိုခ်င္ၾကပါတယ္။



ဒီေတာ့ ကိုယ္တိုင္ ပ႐ိုပီသတဲ့သူ ျဖစ္ခ်င္တယ္ဆိုရင္လည္း အဲဒီလိုအေကာင္းဆုံး စြမ္းေဆာင္ရည္ Performance ကိုသာ ေပးႏိုုင္ေအာင္ ႀကိဳးစားရပါလိမ့္မယ္။

ကိုယ့္လုပ္ငန္းခြင္ကို ႐ုပ္ရွင္႐ိုက္ကြင္းတစ္ခုလို ျမင္ေယာင္ၾကည့္လိုက္ပါ။ အျပင္မွာ စိတ္ဒုကၡေတြ ႀကဳံေနရေပမဲ့ ဇာတ္လမ္းထဲမွာ ဟာသပုံစံသ႐ုပ္ေဆာင္ရတာမ်ိဳး ရွိမယ္။ သ႐ုပ္ေဆာင္ေတြ တစ္ေယာက္ကိုတစ္ေယာက္ ၾကည့္မရဘူး၊ ၿပိဳင္ဆိုင္ေနၾကတယ္ဆိုေပမဲ့ ဇာတ္လမ္းထဲမွာ ညီအစ္ကိုအျဖစ္ သ႐ုပ္ေဆာင္ရတာမ်ိဳးလည္း ရွိႏိုင္တယ္။



ဒီအခါ ဘယ္ေလာက္ပဲ စိတ္ညစ္ေနပါေစ၊ ဒါ႐ိုက္တာက 1 – 2 – 3 Action! ဆိုတာနဲ႔ ညစ္ေနတဲ့စိတ္ေတြကို ဖယ္လိုက္ၿပီး ဟာသဇာတ္ေကာင္စ႐ိုက္ကို သြင္းလိုက္ရတယ္။ ၾကည့္မရတဲ့စိတ္ကို ဖယ္ၿပီး ညီအစ္ကိုဆိုတဲ့ mood ကို သြင္းလိုက္ရတယ္။ Cut လို႔ ေျပာလိုက္တာနဲ႔ နဂိုစိတ္အခံေတြ ျပန္ဝင္လာၾကတယ္။

ကြၽန္ေတာ္တို႔အလုပ္မွာလည္း ဒီသေဘာပါပဲ။ က်ေနတဲ့စိတ္ဓါတ္၊ အဆင္မေျပဘူးဆိုတဲ့ စီးပြားေရး၊ ကြဲေနတဲ့ အသည္းေတြကို မနက္မိုးလင္းလို႔ အလုပ္ထဲ ေရာက္ၿပီဆိုတာနဲ႔ ေမ့ပစ္ၿပီး ဒီက ဝန္ထမ္း၊ ဒီအလုပ္နဲ႔ အသက္ေမြးတဲ့ ပ႐ို ဆိုတဲ့ ဇာတ္ေကာင္စ႐ိုက္ကို သြင္းလိုက္ပါ။ ၿပီးရင္ အေၾကာင္းျပခ်က္ေတြ အစား အေကာင္းဆုံးေသာ စြမ္းေဆာင္ရည္ကိုသာ ေပးပါ။



Cut ဆိုတဲ့ အလုပ္ဆင္းခ်ိန္က်ေတာ့ ျပန္ညစ္ခ်င္ညစ္ေပါ့၊ အသည္းျပန္ကြဲခ်င္ကြဲေပါ့။ ကြၽန္ေတာ္တို႔အားလုံးဟာ လူသားေတြျဖစ္တာမို႔ ခံစားခ်က္ေတြ ရွိၾကတာပဲ။ ခ်စ္တဲ့သူနဲ႔ အဆင္မေျပရင္ အသည္းကြဲမယ္။ စိတ္ဓါတ္က်စရာရွိ စိတ္ဓါတ္က်မယ္။ ေပ်ာ္စရာရွိ ေပ်ာ္မယ္။ အားငယ္စရာရွိ အားငယ္မယ္။ ေဒါသထြက္စရာရွိ ေဒါသထြက္မယ္။ ဒါေတြက ေရွာင္ရွားလို႔ မရပါဘူး။





ဒါေၾကာင့္မို႔ We cannot avoid the emotions. What we can do is to understand and manage.

စိတ္ခံစားခ်က္ေတြကို မရွိေတာ့ေအာင္ လုပ္လို႔မရပါဘူး။ ကြၽန္ေတာ္တို႔ လုပ္လို႔ရတာက ကိုယ္ဘာျဖစ္ေနတယ္ဆိုတာ နားလည္ေအာင္လုပ္ၿပီး အေကာင္းဆုံးထိန္းခ်ဳပ္ႏိုင္ဖို႔ပါပဲ။



ေဒါက္တာ ၿဖိဳးသီဟ

၆.၃.၂၀၁၈



Post a Comment

9 Comments


  1. ကိုယ်ကိုယ်တိုင်မှ မခံစားဖူးရင်
    "ကိုယ်ချင်းစာ" တရားရဲ့ အဓိပ္ပါယ်ကို
    နားလည်ဖို့ ခက်လိမ့်မယ်...

    မခံစားဖူးပေမဲ့ ငါသာသူနေရာမှာဆိုတဲ့ စိတ်လေး
    ရှိနေပေးပါ...🙏

    ReplyDelete
  2. စစ်ဖိနပ်အောက်ဘယ်တော့မှဒူးမထောက်ဘူး

    ReplyDelete
  3. "တောထဲရောက်နေတဲ့သူတွေ အိမ်ပြန်ရောက်ဖို့..

    ထောင်ထဲကအမှန်တရားဘက်တော်သားတွေ အိမ်ပြန်ရောက်ဖို့..

    တို့ထောက်ပို့တပ်သား‌တွေအရှိန်တင် ကူကြစို့..။

    We Click, We Support & We Win✊

    ReplyDelete
  4. We cannot avoid the emotions. What we can do is to understand and manage.

    စိတ်ခံစားချက်တွေကို မရှိတော့အောင် လုပ်လို့မရပါဘူး။ ကျွန်တော်တို့ လုပ်လို့ရတာက ကိုယ်ဘာဖြစ်နေတယ်ဆိုတာ နားလည်အောင်လုပ်ပြီး အကောင်းဆုံးထိန်းချုပ်နိုင်ဖို့ပါပဲ။

    ReplyDelete