နှိုင်းယှဉ်ခြင်း လှည့်ကွက်

AD SPACE

နှိုင်းယှဉ်ခြင်း လှည့်ကွက်

နှိုင်းယှဉ်ခြင်း လှည့်ကွက်




ပတ်ဝန်းကျင်ကြောင့်ပဲလား၊ ထုံးတမ်းဓလေ့ကြောင့်ပဲလား ကျွန်တော်ဟာ ငယ်စဉ်ကတည်းက နှိုင်းယှဉ်ခံရတာ ရိုးအီနေပါပြီ။ မူလတန်း စ,တက်ကတည်းက သူငယ်ချင်းရဲ့ မိဘတွေနဲ့ အပြိုင် ကျွန်တော့် မိဘတွေက ကျွန်တော့်ကို သူတို့အလိုကျ စီမံရတာ အမော။ သူငယ်ချင်းက စက်ဘီးလေးနဲ့ဆိုရင် ကျွန်တော်လည်း မရမှာ မပူရဘူး။ သူက ကျောင်းဆရာမ ကျူရှင်တက်ရင် ကျွန်တော်လည်း မတက်မနေရပါ။ ကျွန်တော့်လိုအပ်ချက်အတွက် စီစဉ်ပေးခဲ့တာလား၊ လူကြီးအချင်းချင်း ပြိုင်ဆိုင်ချင်လို့ပဲလား။ အသက်ကြီးလာလေလေ ပိုဆိုးလာလေလေပါပဲ။ ဆယ်တန်းမှာဆိုရင် မိဘအချင်းချင်းက အပြိုင်အဆိုင်၊ ဟိုက ဒီကျူရှင်ထားရင် ကိုယ့်ကိုလည်း အဲဒီ ကျူရှင်ထားပေးမယ်ဆိုတဲ့ စိတ်တွေနဲ့။ တက္ကသိုလ် တက်ပြန်ရင်လည်း အသိမိတ်ဆွေတွေရဲ့ သားသမီးတွေ လျှောက်တဲ့ တက္ကသိုလ်ကိုသာ ခေါင်းထဲ ထည့်စဉ်းစားခဲ့တယ်။ ကာယကံရှင်ဖြစ်တဲ့ ကျွန်တော် ဘာတက်ချင်တယ်၊ ဘာလုပ်ချင်တယ်၊ ဘာဖြစ်ချင်တယ် သူတို့မသိဘူး။ သူတို့ သိတာက အသိုင်းအဝိုင်းထဲမှာ နှိုင်းယှဉ်နေရရင် ပြီးရောပဲ။ ကျွန်တော်ကတော့ ဘဝမြေစာပင်ပေါ့။



နှိုင်းယှဉ်ခြင်းကနေ လွတ်မြောက်ပြီလားဆိုရင် အခုထိ မလွတ်သေးဘူးလို့ပဲ ပြောပါရစေ။ ကျောင်းပြီးတော့ ကိုးရီးယားစာကို သင်ပြီး ကိုးရီးယားကို ပညာတော်သင်သွားခဲ့ပါတယ်။ မိဘတွေ ပြောတဲ့ စကားကတော့ ရှင်းရှင်းလေး။ “ငါတို့အသိထဲမှာ အားလုံးက အမေရိကန်တို့၊ ဂျပန်တို့၊ စင်္ကာပူတို့ကို သွားနေတာ မင်းက ဘာဖြစ်လို့ ဂလန်ဂဆန်လုပ်နေတာလဲ” တဲ့။ ရိုင်းမိချင် ရိုင်းနေလိမ့်မယ်။ ကျွန်တော် စကားတစ်ခွန်း ပြန်ပြောလိုက်ပါတယ်။ ကျွန်တော့်အနာဂတ်ဘဝက ကျွန်တော်ကိုယ်တိုင် လျှောက်ရမှာ ဖြစ်တဲ့အတွက် ကျွန်တော့်လမ်းကို ကျွန်တော် ရွေးပိုင်ခွင့် အပြည့်အစုံ ရှိတယ်လို့၊ သူများက ဒါဆိုရင် ကိုယ်လည်း ဒါလိုက်လုပ်စရာမလိုပါဘူးလို့။



လူတိုင်းက ဘဝပေး အခြေအနေတွေ မတူကြပါဘူး။ ဘာသာရေးစကားလုံးကို ယူသုံးရရင် တစ်ယောက်ချင်းဆီမှာ ပါလာတဲ့ အကြောင်းတရားတွေ မတူပါဘူး။ အကျိုးတရားလည်း မတူနိုင်ပါဘူး။ ပန်းတိုင် တစ်ခုတည်းကို လူနှစ်ယောက်က စ,မှတ် အတူတူကနေ ထွက်ခွာတယ်ဆိုပေမယ့် တစ်ယောက်က စည်းစိမ်ဥစ္စာအပြည့်အစုံနဲ့၊ အထောက်အပံ့များစွာနဲ့ စ,ထွက်ပြီး တစ်ယောက်ကတော့ နာမကျန်းဖြစ်နေတဲ့ မိဘကို လုပ်ကျွေးရင်း ဘဝကို ပင်ပန်းစွာ ရုန်းကန်ပြီး ပန်းတိုင်ကို သွားမယ်။ ဒါဆိုရင် နှိုင်းယှဉ်ခြင်းက တရားမျှတပါ့မလား။ သစ်သီးချင်းအတူတူတောင် ပန်းသီးတစ်လုံးနဲ့ လိမ္မော်သီးတစ်လုံးကို ဘယ်ဟာက ပိုကောင်းလဲ ဘယ်လို နှိုင်းယှဉ်ကြမလဲ။ တူညီတာချင်း မဟုတ်သရွေ့တော့ နှိုင်းယှဉ်ခြင်းက ကိုယ့်ကို အကျည်းတန်မှုတွေပဲ ယူဆောင်ပေးလာမှာပါ။ အနှိုင်းခံကို ကြည့်ပြီး သူတို့လို လိုက်လုပ်နိုင်တယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေမယ်ဆိုရင်တော့ ဒီလို စိတ်ကူးဟာ ကိုယ့်တက်လမ်းရဲ့ အတားအဆီးဖြစ်လာမှာပါ။





အဲဒီတော့ ပတ်ဝန်းကျင်ကို ကြည့်ပြီး ကိုယ်ဖြစ်နေတဲ့ ဘဝနဲ့ လိုက်နှိုင်းစရာမလိုဘူး။ စိတ်ပျက်အားငယ်နေစရာလည်း မလိုဘူး။ နှိုင်းယှဉ်ခြင်းထက် အနှစ်သာရ ပိုရှိတာက ယှဉ်ပြိုင်ခြင်းပါပဲ။ ယှဉ်ပြိုင်တဲ့ နေရာမှာလည်း သူတစ်ပါးကို ယှဉ်စရာ မလိုပါဘူး။ မနက်ဖြန်ရဲ့ ကိုယ်ဟာ ဒီနေ့ရဲ့ ကိုယ့်ထက် ပိုသာနေရမယ်ဆိုတဲ့ စိတ်ကို မွေးဖို့ပါ။ ကိုယ်အားကျလေးစားတဲ့ လူတွေ ရှိရင်တောင်မှ သူတို့ဆီက သင်စရာတွေ၊ အတုယူစရာတွေပဲ ယူလို့ရမှာပါ။ သူတို့လို ဖြစ်ချင်လိုက်တာဆိုပြီး နှိုင်းယှဉ်လို့ မရပါဘူး။ ကျွန်တော်တို့ဟာ ရှေ့လျှောက်လည်း ကျွန်တော်တို့ပါပဲလို့ ပြောရင်း…..

 

ဝင်းနိုင်စိုး



Post a Comment

301 Comments

  1. Replies

    1. သာမှကူးမယ်ဆိုတဲ့ သာကူးတွေကို ပြောချင်တာက ...
      သာကူးနှင့်နွေဦး ဘာကွာလဲဆိုတော့
      နောင်မျိုးဆက်တွေ သမိုင်းကြောင်း ပြောကြတဲ့အခါမှာ သိသိသာသာ ကွာခြားလိမ့်မယ်...ဒါဟာ ငြင်းလို့မရတဲ့အမှန်တရားဘဲ...

      Delete
    2. အဲဒီသာကူးဆိုတဲ့ ခြံစည်းရိုး ခွထိုင်နေတဲ့ လူတွေက များနေတော့ ပြောရဆိူရတာ သိပ်မကောင်းဘူး

      Delete
    3. မှန်တယ်ဗျာ့

      Delete
    4. ဟုတ်ပါ့။ကိုယ့်မိသားစုမထိခိုက်သေးတော့မနာကြဘူးလေ

      Delete
  2. သူများနဲ့ နှိုင်းစရာ မလိုပါဘူး
    ကိုယ့်ကိုကိုယ်သာ ဒီ​နေ့နဲ့ မနက်ဖြန် ဘာ​တွေ တိုးတက်လာလဲ ဆိုပီးပဲ ပြိုင်ရမှာပါ

    ReplyDelete
    Replies
    1. ကိုယ့်ကိုကိုယ်သာနှိုင်းရာသာတည့်

      Delete
  3. Interesting paragraph. I like it.

    ReplyDelete
  4. ခေတ်သစ်ကပုံတွေကြောင့်ပိုအားရှိသွားပြီ😄😄

    ReplyDelete
  5. အခုတလော နိုင်တော့မဲ့ senseတွေ ရနေတယ်ညော်
    🥱🤏🏻

    ReplyDelete
  6. Keep Going!
    Keep Clicking!
    💪💪

    ReplyDelete
  7. ဒီနေ့ရဲ့ကိုယ်ဟာ မနက်ဖြန်မှာပိုကောင်းတဲ့ ကိုယ်ဖြစ်ရမယ်💜💜

    ReplyDelete
  8. သူများနဲ့နှိုင်းတာမပြောနဲ့ အမွှာညီမချင်းတောင်နှိုင်းယှဥ်ရင်မကြိုက်ဝူး..

    ReplyDelete
  9. နှိုင်းယှဥ်ခံရလွန်းလို့ ရိုးနေပါပြီ။

    ReplyDelete
  10. ကျုပ်ရဲ့မိဘများကတော့ဒီလိုမလုပ်ခဲ့လို့ကျေးဇူးတင်ရပါတယ်

    ReplyDelete
  11. Stopped comparing your self to other

    ReplyDelete
  12. Should learn what you need to improve while comparing with others, positive thinking is important, nice article!

    ReplyDelete
  13. 👩‍🦰👩‍🦰👩‍🦰

    ReplyDelete
  14. အားတင်းထားကြပါသွေးချင်းမောင်နှမတို့ 💪

    ReplyDelete
  15. ကိုယ့်အားကိုယ်ကိုး

    ReplyDelete
  16. နောက်ဆုံး အပိုဒ်လေး အကြိုက်ဆုံးပဲ၊
    ကိုယ့်ခံယူချက် နဲ့ တထပ်တည်း ကျတယ်။

    ကျေးဇူးအထူးပါ ဆရာ ဝင်းနိုင်စိုး ရေ။

    ReplyDelete
  17. နှိုင်းယှဥ်ခြင်းနဲ့ယှဥ်ပြိုင်ခြင်း
    ဆောင်းပါးလေးက ကောင်းထှာ

    ReplyDelete
  18. သင့်ကိုယ်သင်ပြိုင်ပါ

    ReplyDelete
  19. "နှိုင်းယှဉ်ခြင်းထက် အနှစ်သာရ ပိုရှိတာက ယှဉ်ပြိုင်ခြင်းပါပဲ။ ယှဉ်ပြိုင်တဲ့ နေရာမှာလည်း သူတစ်ပါးကို ယှဉ်စရာ မလိုပါဘူး။ မနက်ဖြန်ရဲ့ ကိုယ်ဟာ ဒီနေ့ရဲ့ ကိုယ့်ထက် ပိုသာနေရမယ်ဆိုတဲ့ စိတ်ကို မွေးဖို့ပါ။"

    *ညိုပြာမှတ်ဖို့*

    ReplyDelete
    Replies
    1. ကျွန်တော်လည်းလိုက်မှတ်လိုက်ပါတယ် ညိုပြာ

      Delete
  20. အမှန်ပဲဗျာ

    ReplyDelete
  21. ကြိုက်တယ်ဗျာ...❤

    ReplyDelete
  22. ကျေးဇူး ပါ ဆရာ

    ReplyDelete
  23. ဟုကဲ့ပါ..
    ဒါမဲ့ အက်မင်ဂျီးရယ် ဒက်ဗ်ဂျီးကို C2D မှာပွိုင့်တွေပြန်ထည့်ပေးခိုင်းပါလား..မနေ့ကနဲ့ဒီနေ့ပွိုင့်တွေ ဂရက်ကြည့်ပြီးနှိုင်းယှဉ်ရတာအဆင်ပြေမနေဘူး..

    ReplyDelete
  24. အမှတ်နဲ့နိုင်နေတာမရလို့ အလဲထိုးရမှဆိုရင်
    ဒိုင်မလိုတော့ဘူးလေ

    ReplyDelete
  25. သွေးကြွေးမှာဆွေးနွေးစရာမရှိ

    ReplyDelete
  26. ကိုမင်းကိုနိုင်တို့ အမေးအဖြေထဲကလိုပဲ
    မအလ တွေအတွက်
    နောက်ဆုံး ကောက်ရိုးတမျှင်

    ReplyDelete
  27. done👍
    Nway Oo KZ is my fb acc.😁

    ReplyDelete
  28. Comment ​တေများ​တော့ ​အောက်ထိဆွဲရတာကြာပါတယ်ဗျ

    ReplyDelete
  29. 9949254980 mb100လောက်ကူညီပါလား ဘေအခက်ခဲရှိနေလို့ပါ

    ReplyDelete
  30. I am fa.ကျော်မဲရောင်is my fb Acc.17old. Clickနေတဲ့ရဲဘော်တွေကိုတောင်းပန်ပါတယ်နှစ်ရက်လောက်မclickလိုက်လို့☹☹

    ReplyDelete
  31. ​အိမ်က အ​ဖေနဲ့အ​မေကို ​တွေ့​စေချင်တယ်။ ငါ့သား မင်းဘာဖြစ်ချင်လဲလို့ တစ်ခါမှ မ​မေးဘူး။ အခု​တော့ ကိုယ့်သား​လေး အလှည့်​ရောက်ရင် ကိုယ့်လိုမဖြစ်​အောင် ကြိုးစား​ပေးရမယ်။

    ReplyDelete
  32. အက်ဒ်ဂျီးက Admin
    ကိုယ်က Clicker
    PDF တွေ နိုင်ငံ့အနာဂတ်
    UG တွေက ပြည်သူ့ သူရဲကောင်း
    EAO တွေက .....(ပြောတာမှားသွားမှာစိုးလို့)
    NUG က.......
    ပြည်သူတွေက အင်အား (ထောက်ပို့/ရိက္ခာ/ဘာညာသာရကာ)
    မတူညီကွဲပြားကြပေမဲ့
    We are ONE..
    ဖက်ဒရယ်ပြန်ထောင်စုကိုသွားကြမယ်

    ReplyDelete
  33. ဘေအကူညီခဏခဏတောင်းနေရလို့အားနာနေပါပီဗျာ အားနာရင်းနဲ့အကူညီထပ်တောင်းပါရစေ ကျနော့လ​ိုဘဲတခြားအကူညီကျနော့ဆီလာတောင်းရင်လဲကျနော်ပြန်ကူညီနေရတော့ ကျနော်အားရင်အားသလိုကလစ်တော့အနည်းဆုံး1နေ့ဘေ2ထောင်ကပုံမှန်ကုန်ပါတယ်ခင်ဗျ တနေ့မှကလစ်မပျက်ဘဲကလစ်လာတာပါဗျ ညဘက်တွေပိုကလစ်ပါတယ်ခင်ဗျ နည်းနည်းလောက်အဆင်ပြေတဲ့သူတွေဘေလေးအကူညီးပေးဖို့တောင်းဆိုပါတယ်ခင်ဗျ09892127703ကျနော်ရှာလို့်ရတဲ့ပိုက်ဆံလေးတွေကိုလဲwaveထဲကနေတဆင့်ဖုန်းဘေပြန်ကူညီပေးပါတယ်ခင်ဗျ

    ReplyDelete
  34. ကိုယ့်ရဲ့ဘဝဖြစ်တည်မှုကိုပဲ ပို၍ကောင်းအောင်ကြိုးစားပါမယ်

    ReplyDelete
  35. မင်းအောင်လှိုင် မအေလိုး မအေလိုးမင်းအောင်လှိုင်ပါ ကြူခေါစောက်ခေါမလင်

    ReplyDelete
  36. တကယ်ကို Motivate ဖြစ်စေပါတယ်

    ReplyDelete
  37. အရေးတော်ပုံမုချ အောင်ကို အောင်ရမည်...✍️✍️✍️✍️✍️

    ReplyDelete
  38. ပုံစံခွက်ထဲအသွင်းခံကြရတာ

    ReplyDelete
  39. စစ်ဘေးရှောင်နဲ့ pdf ကလေးတွေအားလုံး ဘေးအန္တရာယ်ကင်းကြပါစေ တိုက်ပွဲတိုင်းအနိုင်ရပီး အထိခိုက်အကျဆုံးမရှိပါစေနဲ့လို့ဆုတောင်းပါတယ်

    ReplyDelete
  40. လှည့်ကွက်မှကျော်ထွက်နိုင်ခြင်းဖြင့် ဘဝလမ်းဖြောင့်တန်းကြပါစေ

    ReplyDelete
  41. လှည့်ကွက်မှရုန်းထွက်နိုင်ပြီးဘဝလမ်းဖြောင့်တန်းကြပါစေ

    ReplyDelete
  42. Remember the darkest
    Light of that day

    ReplyDelete
  43. Remembet the darkest
    Light of that day

    ReplyDelete
  44. ပြည်သူတွေကို စော်ကားနေတဲ့ စစ်ခွေးများကျရှူံးကြပါသေ

    ReplyDelete
  45. ကလစ်လို့မရဘူရှင်

    ReplyDelete
  46. 5 seconds ကြော်ငြာတွေ ခနခနတက်နေတယ်ဗျာ မသိတဲ့လူတွေ click ပြီးပြီထင်ရင် အလဟပ်သပ်ဖြစ်မှာ error လေးပြင်ပေးပါ

    ReplyDelete
  47. 🎶 ဟိုးရှေ့မှာ လင်းလက်နေတဲ့
    ကောင်းကင်ထက် စောင့်ကြိုဆဲ
    ဒို့ရဲ့အနာဂတ်အိပ်မက်
    ကြွေလွင့်ခဲ့တဲ့ အလင်းစက်တွေလည်း
    တောက်ပဆဲ လမ်းပြဆဲ
    အို...အမှောင်ထဲကနေ 🎶
    🎶 RIGHT HERE.. RIGHT NOW
    WE WILL FIGHT TILL THE END
    SO RISE UP🎶

    ReplyDelete
  48. လှည့်ကွက်မှကျော်ထွက်နိုင်ကြပါစေ

    ReplyDelete
  49. ငါတို့ဟာ မြန်မာပြည်သားတွေပဲ

    ReplyDelete
  50. ငါတို့အောင်ဖို့ ငါတို့ကလစ်ကြစို့

    ReplyDelete
  51. နှိုင်းယှဥ်​ပြောဆိုခြင်း နှိမ်​ပြောခြင်းမလုပ်ကြပဲ ချီးမွမ်း​ပြောဆို​ပေးခြင်းက အားတက်​စေပါတယ်
    ပိုကြိုးစားချင်စိတ်ဖြစ်​စေပါတယ်

    ReplyDelete
  52. နှိုင်းယှဥ်ခြင်း ​ဝေဖန်ခြင်း​တွေများ​သော ပတ်ဝန်းကျင်တွင်​နေပါသည်

    ReplyDelete
  53. စာသားတွေက အဖိုးတန်လိုက်တာ

    ReplyDelete
  54. အရေးတော်ပုံ အမြန်အောင်ပါစေ ခင်ဗျာ

    ReplyDelete
  55. သူများဘာလုပ်တယ်ဆိုတာ လိုက်ကြည့်မနေဘူး။
    ကိုယ်ဘာလုပ်နေတယ်ဆိုတာပဲ အာရုံစိုက်ပီး
    ရတဲ့အချိန် click နေတယ်။

    ReplyDelete
  56. ကလစ်ရင်းနဲ့ 💞🙏🙏🙏🙏🙏💞
    ကုသိုလ်ယူ
    🐕မင်းအောင်လိုင်က🐕 ဘုံရန်သူ
    ကလစ်နေက💞🙏🙏🙏🙏🙏💞
    ကုသိုလ်ရ
    ဘုံရန်သူက 🐕မအလ🐕
    ဒီတော်လှန်ရေး နိုင်ရမယ်

    ReplyDelete
  57. ကလစ်ရင်းနဲ့ ��������������
    ကုသိုလ်ယူ
    ��မင်းအောင်လိုင်က�� ဘုံရန်သူ
    ကလစ်နေက��������������
    ကုသိုလ်ရ
    ဘုံရန်သူက ��မအလ��
    ဒီတော်လှန်ရေး နိုင်ရမယ်

    ReplyDelete
  58. လှည့်ကွက်အားလုံးကို
    လှည့်ထွက်ကြမယ်
    အားလုံးကလစ်ကြ

    ReplyDelete
  59. Data မို့ကြိုးစားပြီးကလစ်နေပါတယ်

    ReplyDelete
  60. ဖတ်ရတာအကျိုးရှိလို့ကျေးဇူးပါ Thanks for great article.

    ReplyDelete