နှလုံးသားနဲ့ ငွေကြေး အားပြိုင်တဲ့ ပွဲ

AD SPACE

နှလုံးသားနဲ့ ငွေကြေး အားပြိုင်တဲ့ ပွဲ

နှလုံးသားနဲ့ ငွေကြေး အားပြိုင်တဲ့ ပွဲ

 

– ခန့်ညားအောင်



ကိုမြင့်ကြိုင် (အမည်လွှဲ) နဲ့ မနန်းမွှေး (အမည်လွှဲ) တို့ အိမ်ထောင်သက် ၇ နှစ်ကျော်ပြီ။ ကလေးကလည်း နှစ်ယောက်ရပြီမို့ လက်ရှိ ခြံအလုပ်လေးက စားလောက်ရုံသာ…

 

“နန်းမွှေးရယ်…သမီးအကြီးမက ၄ တန်း တက်ရတော့မှာဟ၊ ငါ့ ဒီမုန်ညှင်းနဲ့ ဂေါ်ဖီ စိုက်ရုံတင် မရတော့ဘူး။ ရွာတောင်ပိုင်းက အမျိုးတွေဆီ ခြံကွက်လေးဘာလေး အငှားချပေးမလား မေးကြည့်ပါဦးမယ်…မိမွှေးရယ်…..”

 

“အို… ကိုမြင့်ကြိုင်ကလည်း… ရှင့်အမျိုးတွေက ကျွန်မနဲ့ သဘောမတူတာ သိသားနဲ့၊ သွားတောင်းလည်း အတောင်းပဲ ရှိမှာပေါ့တော့်… ကျုပ်ကတော့ ငတ်ချင်ငတ်၊ ပြတ်ချင်ပြတ် ရှိတာနဲ့ပဲ လုပ်စားမယ်။ တော့်အမျိုးတွေဆီတော့ အကူအညီမတောင်းချင်ပါဘူးတော်။ အငယ်လေး နို့ပြတ်ရင် ကျွန်မ ပဲနှုတ်၊ ဆေးလိပ်,လိပ်နဲ့ဆို ချောင်လည်ပါတယ်တော်….. ၄ တန်းကျောင်းသူကြီးက ဘယ်လောက်ကုန်မှာမို့တုန်း။”

 

“အာ….. နင်ကလည်း နုံလိုက်၊ အ,လိုက်တာ။ ၄ တန်းဆိုပေမယ့် ငါ့သမီးကို သူများတွေ သုံးသလို၊ သူများတွေ ဆင်သလို ဆင်ချင်တာဟ။”




“အိုတော်….. ကိုယ်က သူဌေးသမီးမှ မဟုတ်တာ၊ သူများနဲ့ တုပြီးတော့ ထားနိုင်ပေါင်တော်။”

 

ကိုမြင့်ကြိုင်အိမ်က စီးပွားရေး တောင့်တင်းပေမယ့် အဖေ၊ အမေ မရှိဘဲ အဒေါ်တွေ၊ ဦးလေးတွေ လက်ထဲ ကြီးပြင်းခဲ့ရသည်။ နန်းမွှေးကတော့ အမေအိုကြီးကို လုပ်ကျွေးရင်း ကိုမြင့်ကြိုင်တို့ လယ်မှာ ပျိုးနှုတ်ရတာမို့ မျက်နှာမွဲ သူဆင်းရဲပေါ့။ ကြိုးချင်းထား ကြိုးချင်းငြိ ဆိုသလို သူရင်းငှားမလေးနဲ့ လယ်ပိုင်ရှင်သူဌေးသားတို့  ငြိစွန်းခဲ့ကြတော့ ဆွေမျိုးတွေက ဆွေခန်းမျိုးခန်းဖြတ်ခဲ့ကြသည်လေ။

 

××××××××××××××××××××××××××××××

 

“ဟဲ့… မိမွှေး”

 

“ရှင်… အရီးကျော့၊ ဘယ်က ပြန်လာတာတုန်း။”

 

“ရွာဦးကျောင်းကပါအေ… အလတ်ကောင် မန်းလေးက အပြန် ထိုးမုန့်ပါလာလို့ ဘုန်းကြီးဆီ သွားကပ်ပြီး ပြန်လာတာ။ ငါ နင့်ကို ဈေးနေ့က တွေ့လိုက်တာ အသားတွေ ဝါနေသလားလို့၊ ဒီကောင်မလေး နနွင်းတွေ လိမ်းထားပြန်ပြီ အောက်မေ့တာအေ။ အဝေးကဆိုတော့၊ ငါကလည်း မျက်စိက မကောင်းနဲ့ နေရောင်ကြောင့် ထင်နေတာ။ ဒီနေ့ အနီးကပ် ကြည့်မှပဲ ဝါနေတာမှ ထိန်ပဲအေ၊ ဆေးဆရာလေး ဘာလေး ပြပါဦး။”

 

“ဟုတ်တယ်… အရီးကျော့ရဲ့။ ကိုမြင့်ကြိုင်က ဒီတစ်ခါ တောင်ကြီးကို ကြက်သွန်သွားချရင် လိုက်ခဲ့တဲ့… မြောက်ဆေးရုံမှာ ပြရအောင်တဲ့။”




ကိုမြင့်ကြိုင်က ဆယ်တန်းအထိ တက်ခဲ့ရသူမို့ ကျန်းမာရေးအသိကလည်း အနည်းငယ်ရှိသည်။ ရွာကလူတွေ နေမကောင်းလည်း ကူညီပြီး ဆေးရုံကို  လိုက်ပို့ပေးနေကြမို့ လည်လည်ဝယ်ဝယ်ရှိသည်။

 

××××××××××××××××××××××××××××××

 

“မနန်းမွှေးရေ… ဆေးရုံတင်ရမယ်ဗျ။ အသည်းရောင်အသားဝါဖြစ်နေတာ၊ အသည်းအဆိပ်ဓာတ်တွေလည်း တက်နေတယ်။ ဆေးရုံတက်ပြီး ကုလိုက်ရင် သက်သာသွားမှာပါ။”

 

“ဆေးရုံတက်ဖို့တော့… မဖြစ်ဘူး…ထင်…ထင်…..”

 

“တက်လိုက်ပါ မိမွှေးရယ်….. နင် နေကောင်းဖို့ အရေးကြီးတယ်။ ကလေးနှစ်ယောက်က အရီးကျော့လည်း ရှိသားပဲ”

 

“ကိုမြင့်ကြိုင်ကလည်း… ပိုက်ဆံက ရှိသေးတယ်လေ…..”

 

“အာ… ပိုက်ဆံရှိပါတယ်ဟ။ ကြက်သွန်ဖိုးတွေ ပါသေးတာပဲ၊ လောက်မှာပါ။”




ကိုမြင့်ကြိုင် တက်ခိုင်းလို့သာ တက်ရသည်၊ ကလေး ၂ ယောက်ကိုလည်း စိတ်မချ။

 

××××××××××××××××××××××××××××××

 

ဆေးရုံမှာ ၂ ပတ် ပြည့်ပြီ။ ရောဂါကလည်း အသည်းရောင်အသားဝါ  ဘီပိုးလည်း မရှိ၊ စီပိုးလည်း မရှိ၊ အရက်လည်း မသောက်ပါဘဲ ဆိုးဆိုးရွားရွား တစ်နေ့ထက်တစ်နေ့ ပြင်းထန်လာတာကြောင့် ဆရာဝန်ကြီးတွေက စိုးရိမ်နေတာကို ကိုမြင့်ကြိုင် ရိပ်မိသည်။ နောက်နေ့ ဆရာဝန်ကြီး လှည့်တော့ အသည်းရောင်တာက သာမန်အသည်းရောင်တာ မဟုတ်ဘဲ ကိုယ့်ကိုယ်ခံအားကနေ ပြန်တိုက်တဲ့ အသည်းရောင်တာဆိုလား အရှည်ကြီး ရှင်းပြသည်။ နားလည်တဲ့ ဟာလည်း ရှိ၊ နားမလည်တဲ့ ဟာလည်း ရှိ။ နောက်ဆုံး… ဆရာဝန်ကြီးကို တောင်းပန်ပြီး တစ်ခုပဲ မေးလိုက်သည်။

 

“ပျောက်မှာလား ဆရာ… ပျောက်ရင် ဘယ်လောက်ကုန်ကုန် ကျွန်တော် ကုမယ် ဆရာ။”

 

“ကိုမြင့်ကြိုင်ရေ… မမွှေးရောဂါက Autoimmune Hepatitis လို့ ခေါ်တဲ့ ရောဂါ။ ပျောက်မယ်၊ မပျောက်ဘူး ပြောရခက်တယ်။ အခု ရောဂါအတွက် ပေးမယ့်ဆေးတောင် သွေးစစ်ပြီးမှ ပေးလို့ ရမှာ… သွေးစစ်ရင် ၁ သိန်းခွဲလောက် ကျမှာ။”

 

“ကျကျ ဆရာ… ရတယ်။ ဘယ်လောက်ကုန်ကုန် ကျွန်တော့်ကို ပွင့်ပွင့်လင်းလင်းသာ ပြော၊ လိုတာအကုန် ကျွန်တော် ရှာမယ် ဆရာ။ ကျွန်တော် သူ့ကို ကုမယ် ဆရာ။ မရှိရင် ရွာက ခြံကို ရောင်းလိုက်မယ် ဆရာ။”



××××××××××××××××××××××××××××××

 

သွေးစစ်လို့ ထွက်လာတော့ Autoimmune Hepatitis  နဲ့ အခြေအနေက သိသိသာသာ ထိုးဆင်းလာသည်။ နေ့ညမမှန်၊ ဂယောင်ဂယမ်းတွေ ပြောလာတော့ ဆရာဝန်ကြီးတွေက ကြိုးစားကုရင်း သတိပြန်မှန်လာသည်။ အဖျားတွေ မိုးထိုးအောင် တက်နေရင်းကနေ ပုံမှန်ဖြစ်လိုက်၊ ပြန်တက်သွားလိုက်နှင့် သက်သာသလိုလိုနှင့် ပြန်ပြန်ဆိုးလာသည်။

 

“ကိုမြင့်ကြိုင်ရေ… ဆရာတို့ကတော့ မမွှေးကို ရန်ကုန်၊ မန္တလေး သွားပြီး အသည်းအထူးကုဆရာဝန်ကြီးနဲ့ ကုစေချင်တယ်။ မသွားနိုင်ဘူးဆိုရင်လည်း ဆရာတို့က ဒီမှာရှိတာနဲ့ ကြိုးစားကုပေးမှာပါ။ သွားနိုင်ရင်တော့ ပိုကောင်းတယ် ပြောတာ။”

 

ဆရာ့စကားက မြင့်ကြိုင်အတွက်တော့ နွေခေါင်ခေါင်မှာ မိုးကြိုးပစ်ချလိုက်သလို။ ရန်ကုန်၊ မန္တလေး ဆက်သွားရမယ်ဆိုပါလား။ အရင်က ဘယ်လောက်ကုန်ကုန် ကုမယ် အားတင်းထားတာတွေ အခုချိန်မှာ လက်ထဲက ငွေအိတ်ကို ကြည့်နေရသည်။ အခု တောင်ကြီးမှာ ဆေးရုံတက်ရတာ ၁၅ သိန်းလောက်ကုန်ပြီ။




၁၅ သိန်း ဆိုသည့် ငွေက သူဌေးတွေအတွက် မုန့်ဖိုးသာသာပေမယ့် မမွှေးတို့အတွက်တော့ ခြစ်ခြစ်ပါအောင် စုရသည်။ မတွေ့ရတာ ကြာပြီဖြစ်တဲ့ ကလေး ၂ ယောက်ရဲ့ မျက်နှာ၊ လူရုပ်တောင် မပေါ်တော့တဲ့ မမွှေးရဲ့ မျက်နှာ၊ လက်ထဲက သောင်းဂဏန်းသာ ကျန်တော့တဲ့ ငွေ… ငွေ…..

 

“ဟဲ့… ဟဲ့…။ လဲသွားပြီ… လဲသွားပြီ…။ လုပ်ကြပါဦး…။ ထူကြပါဦး…။ ဆရာဝန်ခေါ်… ဆရာဝန်ပြေးခေါ်။”

 

ထိုနေ့က ကိုမြင့်ကြိုင် မူးလဲသည်။ ဆေးပုလင်းတွေ ချိတ်ပြီး လှဲနေရာကို ဆရာလာကြည့်တော့ ဆရာ့လက်ကို ကိုင်ပြီး ယောက်ျားတန်မဲ့ ရှိုက်ကြီးတငင် ငိုမိသည်။

 

“ဆရာရယ်… ကျွန်တော့်ကို ပြောပါ ဆရာရယ်။ ကျွန်တော် ဘာလုပ်ရမလဲ ကျွန်တော့်ကို ပြောပါဆရာရယ်။ ကျွန်တော် သူ့ကို ပျောက်အောင် ကုချင်ပါတယ်။ ကျွန်တော့်ကို မန်းလေးသွားဆိုလည်း သွားပါ့မယ်။ ရွာပြန်ပြီး ခြံသွားရောင်းမယ် ဆရာ။ ဒါပေမယ့်လေ ဆရာ… မမွှေးကို အဲ့ဒီလောက် ပိုက်ဆံတွေ အများကြီးကုန်အောင် ကုပြီး ပြန်ကောင်းမလာရင် ဘယ်လို လုပ်မလဲ ဆရာ၊ ကျွန်တော် ဘယ်လိုလုပ်ရမလဲ ဆရာ…။ ကလေး ၂ယောက်နဲ့ ကျွန်တော် ဘယ်လိုရှေ့ဆက်ရမလဲ ဆရာ…။”

 

ထိုနေ့က အဲဒီ မေးခွန်းကို ကျွန်တော် မဖြေနိုင်ခဲ့ပါ။



××××××××××××××××××××××××××××××

 

နောက်ရက်တော့ ရွာတောင်ပိုင်းက ဆွေမျိုးဖြတ်ထားသည့် အဒေါ်တွေ၊ ဦးလေးတွေ လိုက်လာသည်။

 

“ငါ့တူ… ဘာမှ ဆက်ကုမနေတော့နဲ့။ နင့်မိန်းမ ရောဂါက ကျွမ်းနေပြီ။ အိမ်ပြန်ခေါ်လိုက်တော့။ နင် မူးလဲတယ် ကြားကတည်းက ငါတို့က လိုက်လာချင်နေတာ။ ကုသင့်ကုထိုက်သလောက်လည်း ကုပြီးပြီ၊ အခု သူ့အခြေအနေက မရတော့ဘူး။ နင့်ဘကြီးကလည်း တိုင်းရင်းဆေးဆရာပဲ၊ သူ ကြည့်ပြီးပြီ၊ မရတော့ဘူးတဲ့။ ငါ ဆရာဝန်ကိုသွားပြောချေမယ်။”

 

“ဆရာ၊ ကျွန်မ မနန်းမွှေး အစောင့်ပါ။ ကျွန်မတို့ လူနာကို ကျွန်မတို့ အိမ်ပြန်ခေါ်သွားချင်တယ်၊ ကားလဲရောက်ပါပြီ။”

 

“အလို… အဒေါ်က ဘယ်သူလဲ။ ဘယ်ကလဲ။ ကားတွေ ဘာတွေ ခေါ်ပြီး၊ အဆင်သင့် လုပ်ပြီး ပြန်ခေါ်မယ်ဆိုတော့ ဘယ်သူက ပေးပြန်မယ် ပြောလို့လဲ။”

 

“မနန်းမွှေး အခြေအနေက ဒီဆေးတွေ ဆက်ထိုးကို ထိုးရမှာ။ ဆေး ဆက်မထိုးရင် အခြေအနေ ပိုဆိုးသွားမှာနော်။ အခုတောင် ဆေးအာနိသင်တွေနဲ့ သက်သာစပြုလာပြီကို ပြန်ခေါ်မယ်ဆိုတော့ မရက်စက်လွန်းဘူးလား။”




“ကျွန်မတို့ လူနာအခြေအနေကို သိပါတယ်။ စကားလည်း မမှန်တော့ဘူး။ သတိလည်း မကောင်းတော့ဘူး။”

 

“အဲ့ဒါဆိုရင် ပြန်ခေါ်ရမယ်လို့ ဘယ်သူပြောထားလို့လဲ။ ကျွန်တော် မမွှေးကို မေးမယ်။ သူပြန်ချင်တာဆိုရင် ကျွန်တော် ဆရာဝန်ကြီးကို မေးပေးမယ်။ မမွှေး… ဆရာမေးတာ ဖြေပေးနော်၊ အိမ်ပြန်ချင်လား၊ ဆက်မကုတော့ဘူးလား…။”

 

မမွှေးက ကျွန်တော့်ကို ကြည့်ပြီး ငိုချလိုက်သည်။ “သူတို့စကားကို မယုံပါနဲ့ ဆရာရယ်… ကျွန်မကို ပြန်မခေါ်ခိုင်းပါနဲ့ ဆရာရယ်… ကျွန်မကို ဆက်ကုပေးပါ ဆရာရယ်…” ဆိုပြီး ရှိုက်ကြီးတငင် ငိုရှာသည်။

 

“အဒေါ်တို့ ရက်စက်လှချေလား။ နည်းနည်းလေးမှ ကိုယ်ချင်းစာစိတ် မရှိကြဘူးလား။ ဝဋ်ဆိုတာ လည်တတ်တယ်နော်…။ ကိုယ့်အလှည့် ဆေးရုံတက်ရမှ အခုလို ကုပေးမခံရဘဲနဲ့ ပြန်ခေါ်သွားခံရရင် အဒေါ် ဘယ်လို ခံစားရမလဲ။ လူ့ အသက်တစ်ချောင်းနော်… အဒေါ် ကျွန်တော်တို့ ဆရာဝန်တွေက သွေးမတော် သားမစပ်ဘဲ မမွှေးအတွက်ကို ဒီလောက် ဂရုစိုက်ပေး၊ စိတ်ပူပေးနေတာကို အဒေါ်တို့မို့  အိမ်ပြန်ခေါ်ဖို့ပဲ စိတ်ကူးရက်တယ်။”



“ကျွန်မတို့လည်း ကိုယ့်အခက်အခဲနဲ့မို့ပါ… ဆရာ။”

 

“အခက်အခဲဆိုတာ လူတိုင်း ရှိကြတာချည်းပဲ။ ကျွန်တော်တို့ မမွှေးကို ဂရုစိုက်တယ်ဆိုတာ သံယောဇဉ်ရှိလို့၊ ကလေးနှစ်ယောက်ကို မိတဆိုး မဖြစ်စေချင်လို့၊ အမေမရှိဘဲ ကလေးနှစ်ယောက် ကြီးပြင်းလာရမှာ စိုးရိမ်လို့ ပြောနေတာ။ အဒေါ်တို့အနေနဲ့ အမေမရှိဘဲ ကြီပြင်းလာရမယ့် ကလေးတွေရဲ့ အနာဂတ်ကို တွေးကြည့်ပေးဖူးလား။”

 

ဆရာဝန်က ငိုသံပါလာတော့မှ ဘေးက ဘကြီးက ဝင်ပြီး “ဟုတ်ကဲ့ပါ ဆရာ… ကျွန်တော်တို့ ပြန်မခေါ်တော့ပါဘူး။ ဆက်ကုပါ့မယ် ဆရာ။”



××××××××××××××××××××××××××××××

 

မမွှေးအခြေအနေက တစ်ရက်ထက် တစ်ရက် ပိုဆိုးလာသည်။ သွေးပေါင်ချိန်တွေ ကျသလို၊ ဆီးက လုံးဝ မထွက်တော့။ အဆုတ်ကလည်း အသံမျိုးစုံနှင့် အမောဖောက်နေပြီး စကားတစ်ခွန်းတောင် မနည်းပြောရသည်။ ဘယ်လောက်ပဲ မောမော ဆရာဝန်လာရင်တော့ သူပြုံးပြနေကျ အပြုံးလေးကို မြင်ရသည်မို့ ရင်ထဲစို့နစ်ရသည်။

 

“မမွှေး… အားတင်းထားနော်… အစားလည်း စား။ တခုခုဆို ပြောနော်… ဆရာ ချက်ချင်း လာကြည့်မယ်။”

 

“ဆ… ဆရာ…..”

 

“ပြောလေ… မမွှေး”

 

“ကျွန်မ ကလေးတွေကို တွေ့ချင်တယ် ဆရာ…”

 

“သြော်၊ ဟုတ်ပြီ စိတ်ချ… ကိုမြင့်ကြိုင်နဲ့ တိုင်ပင်ပြီး ဆရာ လုပ်ပေးမယ်နော်။”



လှည့်အထွက်မှာ လိမ့်ဆင်းလာတဲ့ မျက်ရည်တွေကို မမွှေး မမြင်ပေမယ့် အခန်းဝက စောင့်နေတဲ့ ကိုမြင့်ကြိုင်တော့ မြင်ဖြစ်အောင် မြင်သွားသည်။

 

“ကဲ…. ကိုမြင့်ကြိုင် ဘယ်လိုလုပ်ချင်လဲ။”

 

“ဘယ်လို လုပ်ရမလဲတောင် မသိတော့ပါဘူး ဆရာရယ်…။”

 

“ဒီလို လုပ်ပါလား… ဒီနေ့က သောကြာမဟုတ်လား။ သမီးကြီးလည်း မနက်ဖြန် ကျောင်းပိတ်တယ်။ ဒီနေ့ညနေ  ရွာပြန်ပြီး မနက်ဖြန်မနက် ပြန်တက်လာခဲ့၊ ရွာနဲ့က ၃ နာရီလောက်ပဲ မောင်းရတာမှတ်လား။ အဲဒါဆို ကလေးတွေလည်း သူတို့အမေနဲ့ တွေ့ရတာပေါ့။”




“ဟုတ် ဆရာ… ကျွန်တော် မရှိတဲ့အခိုက် မမွှေးကို ဂရုစိုက်ပေးပါ ဆရာရယ်…။”

 

“စိတ်ချပါ၊ ဂရုစိုက်ပြီးသား… တစ်ခုခုဆို အချိန်မရွေး လာခေါ်ခိုင်း။ ကျွန်တော်လည်း ခဏခဏ လာကြည့်ပေးနေမှာ။”

 

“ဟုတ်” ဆိုပြီး ပြန်သွားလိုက်တာ မမွှေးက ယောက်ျား ပြန်သွားပြီးမှ စိတ်လျှော့လိုက်သည်ထင်၊ အခြေအနေက ပိုဆိုးလာသည်။ ည ၁၂ ကျော်လာတော့ သူ့အခြေအနေကို ပိုစိတ်ပူလာသည်။ အကယ်၍များ တစ်ခုခုဖြစ်သွားရင် အနားမှာ ယောက်ျားလည်း မရှိ၊ သားသမီးတွေလည်း မရှိ၊ နောက်ဆုံးအချိန်ကို အထီးကျန်စွာ ဖြတ်သန်းရမည့် အဖြစ်မျိုး ကျွန်တော် မကြည့်ရက်နိုင်ပါ။ ည ၁ နာရီ ထိုးတော့ ကိုမြင့်ကြိုင် ဖုန်းဆက်လာသည်။

 

“ပွင့်ပွင့်လင်းလင်း ပြောပါ ဆရာ၊ ကျွန်တော် ပြန်လာခဲ့မယ် ဆရာ… မီပါတယ်…နော်…..ဆရာ။”

 

မနက် ၃ နာရီ ထိုးတော့ ကိုမြင့်ကြိုင် ရောက်လာသည်။ “ဆရာ… ကျွန်တော် ပြန်ခေါ်သွားတော့မယ် ဆရာ။ မမွှေးကို သူ့ကလေးတွေနဲ့ ပေးတွေ့ချင်သေးတယ် ဆရာ။”

 

ဘေးက ဦးကြီးတွေကလည်း “ပြန်ခေါ်ခွင့်ပေးလိုက်ပါ ဆရာရယ်… ဆရာတို့ အစွမ်းကုန် ကြိုးစားပေးတာလည်း သိပါတယ်။ ကလေးတွေနဲ့ ဒီအချိန်မှ မတွေ့ရင် မတွေ့ရတော့မှာ စိုးလို့ပါ ဆရာရယ်…။”

 

မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း “ပေးမှာပါ… ကျွန်တော် ပြန်ခေါ်ခွင့်ပေးမှာပါ။ ကိုမြင့်ကြိုင်… ဆရာ့ကို ဒီနားမှာ လက်မှတ်ထိုးပေးပါ။”

 

“ဟုတ်ကဲ့”




သူ ဘောပင်ကို ကိုင်ထားရင်း ထိုးရနိုး၊ မထိုးရနိုး တွေဝေနေရင်း ပြီးတော့… တစ်ချက်ထဲ ‘မြင့်ကြိုင်’ လို့ ရေးလိုက်သည်။ မျက်ဝန်းက မျက်ရည်တွေ လိမ့်ဆင်းကျလာပြီး လက်အုပ်ချီကာ ငိုသံကြီးနဲ့

 

“ကျေးဇူးတင်ပါတယ်… ဆရာ” လို့ ပြောလာတော့…

 

ဆရာဝန်ပါ ငိုမိပြီမို့ “ရတယ်…ကိုမြင့်ကြိုင်… ရတယ်…၊ သွားဖို့ လုပ်တော့။”

 

ဟုဆိုကာ အခန်းထဲရောက်မှ အသံမထွက်အောင် ပါးစပ်ကို လက်နဲ့ တင်းတင်းပိတ်ပြီး ငိုချလိုက်သည်။

 

ကားစက်သံကို ကြားရပေမယ့် မနန်းမွှေးကို နှုတ်ဆက်ဖို့ ကျွန်တော့်မှာ ခွန်အားမရှိခဲ့။ သူ ပြုံးပြဦးမှာလား။ သူ့ကို ဘာစကားပြောပြီး နှုတ်ဆက်ရမှာလဲ။ မငိုပဲရော ကျွန်တော် နေနိုင်ပါ့မလား တွေးပြီး အခန်းထဲက မထွက်ဖြစ်ခဲ့ပါ…။




ခန့်ညားအောင်

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁ ရက်နေ့။



Post a Comment

256 Comments

  1. 😭😭😭 အဲလို ငိုရတာ​တွေ မဖတ်ချင်ဘူး

    ReplyDelete
    Replies

    1. ကိုယ်ကိုယ်တိုင်မှ မခံစားဖူးရင်
      "ကိုယ်ချင်းစာ" တရားရဲ့ အဓိပ္ပါယ်ကို
      နားလည်ဖို့ ခက်လိမ့်မယ်...

      မခံစားဖူးပေမဲ့ ငါသာသူနေရာမှာဆိုတဲ့ စိတ်လေး
      ရှိနေပေးပါ...

      Delete
    2. တကယ်ခံစား​နေရသလိုပဲ😪😪😪

      Delete
  2. ဆရာမဂျူးရဲ့ဝတ္ထူလေးတွေပါထည့်ပေးရင်ကောင်းမယ်☺️

    ReplyDelete
    Replies
    1. ​ထောက်ခံပါတယ် 👏👏👏

      Delete
    2. C2D Application က website မှာ Comment ရင် အကုန်အစအဆုံးပြန်ဖြည့်နေရတယ်ဟုတ်လား
      သိရင်ပြောပြကြအုန်းနော်

      Delete
    3. အွန်း ဟုတ်တယ် Email address နဲ့ Name ​နေရာ ပြန်ဖြည့်​ရတယ်

      Delete
    4. ခံစားဘူးပါတယ်

      Delete
  3. မျက်ရာ်တောင်ဝဲလာပြီ

    ReplyDelete
    Replies
    1. ရသလေးကောင်းတယ်။👍👍👍

      Delete
    2. စကစ ကျဆုံးရမည်

      Delete
  4. လက်တွေ့ဘဝအဖြစ်လေးတွေ

    ReplyDelete
  5. This comment has been removed by the author.

    ReplyDelete
  6. အရေးတော်ပုံအောင်ကိုအောင်ရမည်

    ReplyDelete
    Replies
    1. အရေးတော်ပုံအောင်ရမည်💪💪💪💪💪

      Delete
  7. စားဝတ်နေရေးနဲ့ လုံးပမ်းနေရတဲ့ဘဝကနေ တက်နိုင်ဖို့..

    ReplyDelete
  8. အရေးတော်ပုံ မြန်မြန်အောင်ပါစေ

    ReplyDelete
  9. ဒါ နောက်ဆုံး ဖြစ်ရမယ်ဟေ့❤️🎶🎵

    ReplyDelete
    Replies
    1. ဒီမြေဟာ တရားမျှတလွတ်လပ်ခြင်းနဲ့မသွေ တို့အားလုံးရဲ့မြေ🤝🤝🤝🤝

      Delete
  10. စိတ်မကောင်းစရာဇာတ်လမ်းလေးပါ😢😢😢

    ReplyDelete
  11. ရင်နင့်အောင် ခံစားဖတ်ရှုခဲ့ရပါသည် တင်ဆက်ပေးတဲ့ လက်ဆောင်ရေ ကျေးဇူးတင်ပါတယ်💓

    ReplyDelete
  12. ငွေက အရေးမပါဘူးလို့ပြောချင်ပေမဲ့ နေရာတိုင်းလိုအပ်နေတယ်…

    ReplyDelete
  13. ဘဝ​ဇာတ်ခုံအမျိုးမျိုးကကြရတယ်သြ​လောကရယ်ဘာရယ်​ကြောင့်များနုံချာလွန်းတဲ့အရာ​တွေငါတို့ခံစားရတာလဲ

    ReplyDelete
  14. စိတ်မကောင်းခြင်းများစွာ💪

    ReplyDelete
  15. ငါ့ဖာငါလှိမ့်လှိမ့်ပြီးပြန်ထွက်နေတာအကောင်းသား။ သွားဖတ်မိလိုက်တ ငိုရရော။😭

    ReplyDelete
  16. telenorဘေလေးကူညီပေးကြပါအုံးနော်
    100mb ပဲကျန်တော့လို့ပါ 09755694608

    ReplyDelete
  17. စာတွေဖတ်ရတာအရမ်းကောင်းပါတယ်။ကျေးဇူးလည်းတင်ပါတယ်။

    ReplyDelete
  18. အမြဲလိုလို အားပြိုင်နေရတာပါပဲ ညိုပြာ

    ReplyDelete
  19. စိတ်ထဲခံစားရလိုက်တာ

    ReplyDelete
  20. Replies
    1. "မျက်ရည်ဆိုတာ..

      မပြောဖြစ်လိုက်တဲ့ စကားလုံးတွေ...။"

      #နီကိုရဲ

      Delete
  21. အရေးတော်ပုံ အောင်ရမည်။
    ပြည်သူသည်သာ အဓိက။
    စစ်ကျွန်ဘဝက ရုန်းထွက်ကြ။

    ReplyDelete
  22. ကလစ်တွဲကူလျက် ဒို့ရှေ့ဆက်

    ReplyDelete
  23. ဒီနေ့တအားပင်ပန်းနေတယ် တချက်တချက်ငိုက်ထိုးနေတယ် ဒါပေမယ့်ကိုယ့်ထက်ပင်ပန်းခံနေသူတွေရှိနေတယ်ဆိုတဲ့အသိနဲ့အားတင်းပြီး run ပါတယ်

    ReplyDelete
  24. clickတစ်ချက်စီ တစ်ချက်စီတိုင်း ခွေးတွေ အသက်ထွက်ဖို့ အထောက်အပံ့ ဖြစ်ပါစေ

    ReplyDelete
  25. ​မေတာတရား
    အခုလိုအချိန်မျိုးမှာ ဒီပို့စ်​လေးဖတ်ရတာ
    အရမ်းငိုချင်မိတယ်
    ​နေသာသူ​တွေ ​နေသာသလို ​နေနိုင်ကြ​ပေမဲ့
    တမိသားစုထဲမှာ
    ​သေသူက​သေ ​​ထောင်ထဲ​ရောက်သူက​ရောက်
    ချေး​ငွေယူထား​တော့ ဘဏ်ကတဂျီဂျီတပူပူ
    ​ရောင်းဆပ်ရင် ဒင်းတို့အတွက်ဝင်​ငွေရသွားမှာစိုး ​ဆောင်းရဲ့အ​အေးဓါတ်က နဲတာလား
    စိတ်​သောကအပူကများ​နေတာလား
    ကိုယ့်လို အခြားမိသားစု​တွေမခံစား
    မကြူံ​တွေ့ရ​စေချင်ဘူး
    ဒီခံစား​​ကြောင့်များများကလစ်ပါတယ်
    အ​ရေး​တော်ပုံ​အောင်ရမည်

    ReplyDelete
    Replies
    1. မ​အေလိုးသူ​တောင်းစား​ခွေးသားမင်း​အောင်လှိုင် ​စောက်အာဏာထရူးလို့ အဲ့လို​​တွေဖြစ်ရတာ
      ပြည်သူတ​ယောက်ချင်းစီရဲ့ကျိန်စာ​တွေ
      မင်း​အောင်လှိုင်ဆိုတဲ့အ​ကောင်
      အမြန်စူးပါ​စေ
      တပ်ပျက်​နေပြီ
      မင်း​အောင်လှိုင်​သေစမ်း

      Delete
  26. စိတ်ထဲမကော၇်း /
    တချိုတွေမှာ မန့်လိုမရဘူးဗျာ ဘာလိုလည်းမသိဘူး

    ReplyDelete
  27. ကလစ်ရင်းနဲ့ 💞🙏🙏🙏🙏🙏💞
    ကုသိုလ်ယူ
    🐕မင်းအောင်လိုင်က🐕 ဘုံရန်သူ
    ကလစ်နေက💞🙏🙏🙏🙏🙏💞
    ကုသိုလ်ရ
    ဘုံရန်သူက 🐕မအလ🐕
    ဒီတော်လှန်ရေး နိုင်ရမယ်

    ReplyDelete
  28. အလုပ်အားတိုင်း ကလစ်နေပါတယ်💪💪💪

    ReplyDelete
  29. နေမကောင်းလည်း ကလစ်💪

    ReplyDelete
  30. ဘဝဇာတ်ခုံမှာလောကဓံအမျိုးမျိုးကြုံရလဲ လူတွေရဲမှန်ကန်တဲ့ကျင့်ဝတ်တွေထိနိးသိမ်းရင်ဆက်လျှောက်ရမှာပါ

    ReplyDelete
  31. PDF တိုက်ပွဲတိုင်းအောင်နီုင်ပါစေ

    ReplyDelete
  32. နည်းနည်းလောက်တက်နိုင်တဲ့သူတွေကူညီပေးကျပါ
    ဆက်ကလစ်ခြင်လို့ပါခင်ဗျာကျေးဇူးအထူးတင်ပါတယ်
    Done

    ReplyDelete
  33. အရေးတော်ပုံအောင်ရမည်

    ReplyDelete
  34. အရေးတော်ပုံအောင်ကိုအောင်ရမည်။

    ReplyDelete
  35. အသက်​ပေး တိုက်ပွဲဝင်သူ
    သူရဲကောင်းတို့ကို အား​ပေးဘို့အတွက်
    ကလစ်နှိပ်ကြပါ

    ReplyDelete
  36. မကြာခင် ပြီးဆုံးတော့မှာပါ
    အားတင်းထားပါ အမျိုးတို့

    ReplyDelete
  37. February အစက
    8:00PM က စပြီး သံပုံးတွေတီးခဲ့ကြတယ်
    ဆန္ဒပြခဲ့ကြတယ် အခုက တော်လှန်ရမဲ့အချိန်အဲ့အတွက် လက်ချောင်းလေးတွေနဲ့ 8:00 PM တိုင်းအိမ်ထဲကနေတော်လှန်ကြမယ်

    ReplyDelete
  38. နှလုံးသားလှသူတွေကသာ နောက်ဆုံး မှာ အနိုင်ရစမြဲပါ။

    ReplyDelete
  39. အရေးတော်ပုံအောင်ရမည်

    ReplyDelete
  40. ဖတ်ရတာ စိတ်မကောင်းဘူး

    ReplyDelete
  41. ရင်ထဲမှာ...စစ်အာဏာရှင်ဆိုတဲ့ ခွေးတွေ ကိုနာကျည်းလွန်းလို့...ကိုင်တိုင်ရိုက်သတ်ချင်စိတ်ပေါက်လာပြီ..

    ReplyDelete
  42. 🤜🤛 🤜🤛🕺🕺🕺🕺🕺

    ReplyDelete
  43. အမအကြီးဆုံးတစ်ယောက်ကိုရှုံးဆုံးခဲ့ရတယ်ငွေကြေးမတတ်နိုင်လို့

    ReplyDelete
  44. မသိဘူး ကလစ်မယ်

    ReplyDelete
  45. မြန်မာပြည်ကြီး စစ်အာဏာရူးလက်မှအမြန်ဆုံးလွတ်မြောက်ဖို့ အစွမ်းကုန်ကလစ်ကြစို့

    ReplyDelete
  46. ခေါင်းကိုက်နေပေမဲ့ ကလစ်ပေးလျှက်ပါ
    ပြန်ဖတ်တိုင်းငိုမိ

    ReplyDelete
  47. ရသ စာပေတွေကို
    များများဖတ်လေလေ
    ကိုယ်ချင်းစာတတ်တဲ့
    နှလုံးသားက
    ပိုပြီး သန်စွမ်းလေလေ

    ReplyDelete
  48. သြော် လူတွေ ခက်တယ်ဗျာ

    ReplyDelete
  49. Woori Casino Login - Play on Mobile or Desktop
    The Woori Casino App will be available at Woori Casino casinosites.one on a mobile sol.edu.kg or https://octcasino.com/ desktop basis. To play on 나비효과 our mobile or desktop, you poormansguidetocasinogambling.com can also play with your desktop browser,

    ReplyDelete