မအေးတော့ပေမဲ့လည်း အနွေးထည်လေး ဝတ်နေတုန်းပဲ

AD SPACE

မအေးတော့ပေမဲ့လည်း အနွေးထည်လေး ဝတ်နေတုန်းပဲ

မအေးတော့ပေမဲ့လည်း အနွေးထည်လေး ဝတ်နေတုန်းပဲ



ကျွန်တော်က အနွေးထည် ဝတ်ရတာ ကြိုက်တယ်။ ဒီတော့ နည်းနည်းလေး အေးပြီဆိုတာနဲ့ ဝတ်တာပဲ။ တစ်ခါမှာတော့ တပည့်တစ်ယောက်က နောက်တယ်၊ ဆရာကလည်း ပဲများလိုက်တာ၊ ရာသီဥတုကဖြင့် မအေးတော့ဘဲနဲ့ တဲ့။ အဲဒါနဲ့ သူ့ကို ဟာသလေးတစ်ခု ပြောပြပြီး ပြန်ချေပရတယ်။
တစ်ခါတုန်းက လူတစ်ယောက်ဟာ ခုမှ သင်တန်းဆင်းလာတဲ့ ဆံသဆရာဆီမှာ ဆံပင်သွားညှပ်တယ်။ ခုမှ တတ်လာစ ဆိုတော့ ပညာတွေပြချင်နေတာပေါ့လေ။ ညှပ်နေလိုက်တာများ တော်တော်နဲ့ကို မပြီးဘူး။ အဲဒါနဲ့ ဟိုလူက ပြောရော၊ ခင်ဗျား ညှပ်လို့မပြီးသေးဘူးလား၊ ဒီမှာ ဆံပင်တောင် ကုန်တော့မယ်ဆိုတော့ ဆံသဆရာက ပြန်ပြောတယ်၊ ခင်ဗျားဆံပင်ကသာ ကုန်တော့မှာ၊ ကျုပ်ပညာက မကုန်သေးဘူးဗျ တဲ့။
ဆိုလိုတာက ဆံပင်ကျန်ကျန်၊ မကျန်ကျန် သူတတ်ထားသမျှ ပညာတွေတော့ ထုတ်သုံးရမှာပဲ ဆိုတဲ့ သဘောပေါ့လေ။ ကျွန်တော်လည်း အဲ့လိုပဲပေါ့၊ ရာသီဥတုကသာ မအေးတော့ပေမဲ့ အနွေးထည်တွေက မကုန်သေးဘူး ဆိုတော့ ဝတ်နေရတုန်းပဲ။



ဟုတ်ပြီ၊ ပြုံးလို့ပြီးပြီဆို ဒီဟာသလေးကို ချဲ့ပြီး ဆက်တွေးကြည့်ရအောင်။

ဆံသဆရာ ဆံပင်ညှပ်နေတာက ဆံပင် ရှိခြင်း မရှိခြင်းပေါ် မမူတည်ဘူး။ သူ ညှပ်ချင်လို့ ညှပ်တာ။ ကျွန်တော် အနွေးထည် ဝတ်တာသည်လည်း အေးလို့ မဟုတ်ဘူး။ ဝတ်ချင်လို့ကို ဝတ်တာ။ ဒါသည်ပင်လျှင် ဒီနေ့ခေတ်မှာ လူပြောတအားများလာတဲ့ Passion ပဲ ဖြစ်တယ်။ ခေတ်စားနေလို့ ဒိုင်ဗင်ဝင်ထိုးတာ မဟုတ်ဘူး၊ လူပြောများနေလို့ ပေါ်ပင်ဝင်လုပ်တာ မဟုတ်ဘူး၊ ကိုယ့်ရဲ့ စိတ်ဆန္ဒပြင်းပြမှုသပ်သပ်သာ ဖြစ်တယ်။
အဲ့လို Passion မရှိတဲ့အခါ ကျွန်တော်တို့တွေဟာ မှန်တစ်ချပ်နဲ့ တူနေတယ်။ ကိုယ့်ရှေ့ မတ်တပ်လာရပ်သူက ပြုံးရင် ပြန်ပြုံးပြတယ်၊ မဲ့နေရင် ပြန်မဲ့ပြတယ်။ ကိုယ့်ရဲ့ ရပ်တည်ချက်က ကိုယ့်ရှေ့ လာရပ်သူပေါ် မူတည်တယ်။ ရာသီဥတု မအေးတော့လို့ အနွေးထည်ချွတ်လိုက်သလို၊ မဖြစ်နိုင်ပါဘူးကွာ လို့ တစ်ယောက်ယောက်က ပြောတာနဲ့ လက်လျှော့လိုက်တယ်။ အောက်က ပရိသတ်က စိတ်မဝင်စားတဲ့ဟန် နည်းနည်းလေး ပေါက်လိုက်တာနဲ့ စင်ပေါ်မှာ ကိုယ်ပြောမယ်လို့ ပြင်ဆင်ထားသမျှတွေ မပြောတတ်တော့ဘူး၊ မေ့ကုန်ပြီ။ တစ်ခါလေး ရှုံးနိမ့်လိုက်တာနဲ့ ငါကတော့ ဘယ်နေရာမှာမှ သုံးမရတဲ့သူ ဖြစ်ပြီလို့ သတ်မှတ်လိုက်ကြပြီ။



တကယ်တော့ မဖြစ်နိုင်ပါဘူးလို့ ဘယ်သူက ပြောပြော၊ ကိုယ်မှန်တယ်ထင်ရင် ရှေ့ဆက်တိုးရမှာ။ အဲဒီလိုသာ အပျက်စကားကို နားယောင်တတ်ခဲ့ရင် ဒီနေ့ခေတ် လူတွေလေးစားနေကြရတဲ့သူ တော်တော်များများ ဒီနေ့လို အခြေအနေ ဖြစ်မလာခဲ့ဘူး။ အောက်က လူတွေ စိတ်ဝင်မစားရုံမကလို့ လှောင်ပြောင်နေပါစေ၊ ကိုယ်ပြောမယ့် အကြောင်းအရာကို ဆုံးတဲ့အထိ ဆက်ပြောရဲခဲ့တဲ့ ကျောင်းသား မောင်အောင်ဆန်းဟာ တစ်ချိန်မှာ လူတကာ လက်ဖျားခါရတဲ့ အဟောအပြောကောင်းသူ ဖြစ်လာခဲ့တာ အဲဒီလို ခေါင်းမာတတ်မှုကြောင့်ပဲ။ လောကမှာ အောင်မြင်နေသူတိုင်းကိုလည်း မေးကြည့်လိုက်ပါဦး၊ မရှုံးနိမ့်ဖူးဘူးလားလို့။ တကယ်တော့ သူတို့တွေဟာ မရှုံးနိမ့်ဖူးသူတွေ မဟုတ်ဘူး၊ အရှုံးမပေးဖူးသူတွေသာ ဖြစ်တယ်။
အနွေးထည်ကို သူများတွေက အေးလို့ဝတ်တာ၊ ကိုယ်ကတော့ ဝတ်ချင်လို့ အေးနေတာ။ ဒီနှစ်ခုက တူမလိုလိုနဲ့ မတူဘူး။ ဘယ်အခါ သိသာသွားလဲဆိုတော့ မအေးတော့တဲ့အခါမှာပဲ။ မအေးတော့တဲ့အခါ အနွေးထည်ဝတ်ရတာကို တကယ်မကြိုက်သူက ချွတ်လိုက်တယ်။ ကြိုက်တဲ့သူကပဲ ဆက်ဝတ်တယ်။



တကယ်တော့ အားပေးခံနေရလို့ အားတက်နေတာ Passion မဟုတ်ဘူး။ အားလုံးက ဝိုင်းတားနေတဲ့ကြားက ခေါင်းမာမာနဲ့ ဆက်လုပ်မယ်ဆိုမှ Passion ။ လုပ်တိုင်း ဖြစ်နေလို့ ဆက်လုပ်နေမိတာ Passion မဟုတ်ဘူး။ အရှုံးတွေချည်း ကြုံနေရတာတောင် မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုတာကမှ Passion ။ ရည်းစားစကားပြော၊ အဖြေပြန်ပေး၊ ချစ်သူတွေ ဖြစ်သွားကြတာက Passion မဟုတ်ဘူး။ ပြန်မချစ်နိုင်တာ သိသိကြီးနဲ့ တစ်သက်လုံး ချစ်သွားမယ် ဆိုတာကမှ Passion ။

ပြောရရင် အေးတဲ့အချိန်တော့ လူတိုင်း အနွေးထည်ဝတ်တာပေါ့။ မအေးတော့ပေမယ့်လည်း ဝတ်နေဖို့ ဆိုရင်တော့ အဲဒီအနွေးထည်ကို တကယ်ချစ်မှ ရမယ်။ အဲဒီလို အေးအေး၊ မအေးအေး ဆက်ဝတ်နေမယ် ဆိုတဲ့သူတွေကပဲ သူတို့ကျင်လည်ရာနယ်ပယ်မှာ ဘုရင် ဖြစ်လာကြတာပဲ။ မအောင်မြင်ခင်တော့ အရူးလို့ ပြောခံရမှာပေါ့။ ဒါပေမယ့် အဲဒီလို အရူးဆိုတဲ့သူတွေကိုပဲ သာမန်လူတွေက အားတွေကျ၊ Role model အဖြစ် ထားနေရတာကို မမေ့ပါနဲ့။



အဲဒီလို ကမ္ဘာကျော်အရူးတွေထဲက တစ်ယောက်ဖြစ်တဲ့ စတိဗ်ဂျော့ဘ်စ်ရဲ့ စကားတစ်ခွန်း ရှိပါတယ်။

People who are crazy enough to think that they can change the world are the ones who do.



ကမ္ဘာကြီးကို ပြောင်းလဲနိုင်မယ်လို့ သူတို့ကိုယ်သူတို့ ယုံကြည်တဲ့သူတွေသာ အမှန်တကယ် ပြောင်းလဲပစ်နိ်ုင်တဲ့သူတွေ ဖြစ်လာကြတယ်တဲ့။
ဘာကိုပြောတာလဲဆို ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကို ပြောတာ၊ ရူးသွပ်မှုကို ပြောတာ၊ စိတ်ဆန္ဒပြင်းပြမှုကို ပြောတာ ဖြစ်ပါတယ်။
ကိုယ်ပစ်ချင်တဲ့ ပစ်မှတ်ကို ထိဖို့ လေးနဲ့ မြှား ရှိရုံနဲ့ မလုံလောက်ဘူး။ ပစ်နိုင်စွမ်း ရှိရတယ်။ အဲဒီအပြင် မြှားချက်က အရှိန်အဟုန် ပြင်းပြင်းနဲ့ ထိုးစိုက်သွားနိုင်ဖို့အတွက် Passion လိုသေးတယ်။



ဒါကြောင့်မို့ အောင်မြင်ပျော်ရွှင်ချင်တဲ့သူ ဘယ်သူမဆိုပေါ့လေ၊ ရာသီဥတုက မအေးတော့ပေမဲ့လည်း ဆက်ဝတ်နေဦးမယ် ဆိုတဲ့ အနွေးထည်လေး တစ်ထည်လောက်တော့ ရှိကိုရှိရပါမယ်။ များပြားလှတဲ့ အဆိုတော်တွေ၊ များပြားလှတဲ့ စာရေးဆရာတွေ၊ များပြားလှတဲ့ သင်တန်းကျောင်းတွေ၊ စတဲ့ စတဲ့ အပြိုင်အဆိုင်တွေကြားထဲမှာ အရည်အချင်းချင်း တူလာတဲ့အခါ ကိုယ့်ကို အများထက် ခေါင်းတစ်လုံး သာစေမှာ အဲဒီ Passion ပဲ ဖြစ်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၃၀.၁.၂၀၁၈



[zawgyi]

မေအးေတာ့ေပမဲ့လည္း အေႏြးထည္ေလး ဝတ္ေနတုန္းပဲ



ကြၽန္ေတာ္က အေႏြးထည္ ဝတ္ရတာ ႀကိဳက္တယ္။ ဒီေတာ့ နည္းနည္းေလး ေအးၿပီဆိုတာနဲ႔ ဝတ္တာပဲ။ တစ္ခါမွာေတာ့ တပည့္တစ္ေယာက္က ေနာက္တယ္၊ ဆရာကလည္း ပဲမ်ားလိုက္တာ၊ ရာသီဥတုကျဖင့္ မေအးေတာ့ဘဲနဲ႔ တဲ့။ အဲဒါနဲ႔ သူ႔ကို ဟာသေလးတစ္ခု ေျပာျပၿပီး ျပန္ေခ်ပရတယ္။
တစ္ခါတုန္းက လူတစ္ေယာက္ဟာ ခုမွ သင္တန္းဆင္းလာတဲ့ ဆံသဆရာဆီမွာ ဆံပင္သြားညႇပ္တယ္။ ခုမွ တတ္လာစ ဆိုေတာ့ ပညာေတြျပခ်င္ေနတာေပါ့ေလ။ ညႇပ္ေနလိုက္တာမ်ား ေတာ္ေတာ္နဲ႔ကို မၿပီးဘူး။ အဲဒါနဲ႔ ဟိုလူက ေျပာေရာ၊ ခင္ဗ်ား ညႇပ္လို႔မၿပီးေသးဘူးလား၊ ဒီမွာ ဆံပင္ေတာင္ ကုန္ေတာ့မယ္ဆိုေတာ့ ဆံသဆရာက ျပန္ေျပာတယ္၊ ခင္ဗ်ားဆံပင္ကသာ ကုန္ေတာ့မွာ၊ က်ဳပ္ပညာက မကုန္ေသးဘူးဗ် တဲ့။
ဆိုလိုတာက ဆံပင္က်န္က်န္၊ မက်န္က်န္ သူတတ္ထားသမွ် ပညာေတြေတာ့ ထုတ္သုံးရမွာပဲ ဆိုတဲ့ သေဘာေပါ့ေလ။ ကြၽန္ေတာ္လည္း အဲ့လိုပဲေပါ့၊ ရာသီဥတုကသာ မေအးေတာ့ေပမဲ့ အေႏြးထည္ေတြက မကုန္ေသးဘူး ဆိုေတာ့ ဝတ္ေနရတုန္းပဲ။



ဟုတ္ၿပီ၊ ၿပဳံးလို႔ၿပီးၿပီဆို ဒီဟာသေလးကို ခ်ဲ႕ၿပီး ဆက္ေတြးၾကည့္ရေအာင္။

ဆံသဆရာ ဆံပင္ညႇပ္ေနတာက ဆံပင္ ရွိျခင္း မရွိျခင္းေပၚ မမူတည္ဘူး။ သူ ညႇပ္ခ်င္လို႔ ညႇပ္တာ။ ကြၽန္ေတာ္ အေႏြးထည္ ဝတ္တာသည္လည္း ေအးလို႔ မဟုတ္ဘူး။ ဝတ္ခ်င္လို႔ကို ဝတ္တာ။ ဒါသည္ပင္လွ်င္ ဒီေန႔ေခတ္မွာ လူေျပာတအားမ်ားလာတဲ့ Passion ပဲ ျဖစ္တယ္။ ေခတ္စားေနလို႔ ဒိုင္ဗင္ဝင္ထိုးတာ မဟုတ္ဘူး၊ လူေျပာမ်ားေနလို႔ ေပၚပင္ဝင္လုပ္တာ မဟုတ္ဘူး၊ ကိုယ့္ရဲ႕ စိတ္ဆႏၵျပင္းျပမႈသပ္သပ္သာ ျဖစ္တယ္။
အဲ့လို Passion မရွိတဲ့အခါ ကြၽန္ေတာ္တို႔ေတြဟာ မွန္တစ္ခ်ပ္နဲ႔ တူေနတယ္။ ကိုယ့္ေရွ႕ မတ္တပ္လာရပ္သူက ၿပဳံးရင္ ျပန္ၿပဳံးျပတယ္၊ မဲ့ေနရင္ ျပန္မဲ့ျပတယ္။ ကိုယ့္ရဲ႕ ရပ္တည္ခ်က္က ကိုယ့္ေရွ႕ လာရပ္သူေပၚ မူတည္တယ္။ ရာသီဥတု မေအးေတာ့လို႔ အေႏြးထည္ခြၽတ္လိုက္သလို၊ မျဖစ္ႏိုင္ပါဘူးကြာ လို႔ တစ္ေယာက္ေယာက္က ေျပာတာနဲ႔ လက္ေလွ်ာ့လိုက္တယ္။ ေအာက္က ပရိသတ္က စိတ္မဝင္စားတဲ့ဟန္ နည္းနည္းေလး ေပါက္လိုက္တာနဲ႔ စင္ေပၚမွာ ကိုယ္ေျပာမယ္လို႔ ျပင္ဆင္ထားသမွ်ေတြ မေျပာတတ္ေတာ့ဘူး၊ ေမ့ကုန္ၿပီ။ တစ္ခါေလး ရႈံးနိမ့္လိုက္တာနဲ႔ ငါကေတာ့ ဘယ္ေနရာမွာမွ သုံးမရတဲ့သူ ျဖစ္ၿပီလို႔ သတ္မွတ္လိုက္ၾကၿပီ။



တကယ္ေတာ့ မျဖစ္ႏိုင္ပါဘူးလို႔ ဘယ္သူက ေျပာေျပာ၊ ကိုယ္မွန္တယ္ထင္ရင္ ေရွ႕ဆက္တိုးရမွာ။ အဲဒီလိုသာ အပ်က္စကားကို နားေယာင္တတ္ခဲ့ရင္ ဒီေန႔ေခတ္ လူေတြေလးစားေနၾကရတဲ့သူ ေတာ္ေတာ္မ်ားမ်ား ဒီေန႔လို အေျခအေန ျဖစ္မလာခဲ့ဘူး။ ေအာက္က လူေတြ စိတ္ဝင္မစား႐ုံမကလို႔ ေလွာင္ေျပာင္ေနပါေစ၊ ကိုယ္ေျပာမယ့္ အေၾကာင္းအရာကို ဆုံးတဲ့အထိ ဆက္ေျပာရဲခဲ့တဲ့ ေက်ာင္းသား ေမာင္ေအာင္ဆန္းဟာ တစ္ခ်ိန္မွာ လူတကာ လက္ဖ်ားခါရတဲ့ အေဟာအေျပာေကာင္းသူ ျဖစ္လာခဲ့တာ အဲဒီလို ေခါင္းမာတတ္မႈေၾကာင့္ပဲ။ ေလာကမွာ ေအာင္ျမင္ေနသူတိုင္းကိုလည္း ေမးၾကည့္လိုက္ပါဦး၊ မရႈံးနိမ့္ဖူးဘူးလားလို႔။ တကယ္ေတာ့ သူတို႔ေတြဟာ မရႈံးနိမ့္ဖူးသူေတြ မဟုတ္ဘူး၊ အရႈံးမေပးဖူးသူေတြသာ ျဖစ္တယ္။
အေႏြးထည္ကို သူမ်ားေတြက ေအးလို႔ဝတ္တာ၊ ကိုယ္ကေတာ့ ဝတ္ခ်င္လို႔ ေအးေနတာ။ ဒီႏွစ္ခုက တူမလိုလိုနဲ႔ မတူဘူး။ ဘယ္အခါ သိသာသြားလဲဆိုေတာ့ မေအးေတာ့တဲ့အခါမွာပဲ။ မေအးေတာ့တဲ့အခါ အေႏြးထည္ဝတ္ရတာကို တကယ္မႀကိဳက္သူက ခြၽတ္လိုက္တယ္။ ႀကိဳက္တဲ့သူကပဲ ဆက္ဝတ္တယ္။



တကယ္ေတာ့ အားေပးခံေနရလို႔ အားတက္ေနတာ Passion မဟုတ္ဘူး။ အားလုံးက ဝိုင္းတားေနတဲ့ၾကားက ေခါင္းမာမာနဲ႔ ဆက္လုပ္မယ္ဆိုမွ Passion ။ လုပ္တိုင္း ျဖစ္ေနလို႔ ဆက္လုပ္ေနမိတာ Passion မဟုတ္ဘူး။ အရႈံးေတြခ်ည္း ႀကဳံေနရတာေတာင္ မျဖစ္ျဖစ္ေအာင္ လုပ္မယ္ဆိုတာကမွ Passion ။ ရည္းစားစကားေျပာ၊ အေျဖျပန္ေပး၊ ခ်စ္သူေတြ ျဖစ္သြားၾကတာက Passion မဟုတ္ဘူး။ ျပန္မခ်စ္ႏိုင္တာ သိသိႀကီးနဲ႔ တစ္သက္လုံး ခ်စ္သြားမယ္ ဆိုတာကမွ Passion ။

ေျပာရရင္ ေအးတဲ့အခ်ိန္ေတာ့ လူတိုင္း အေႏြးထည္ဝတ္တာေပါ့။ မေအးေတာ့ေပမယ့္လည္း ဝတ္ေနဖို႔ ဆိုရင္ေတာ့ အဲဒီအေႏြးထည္ကို တကယ္ခ်စ္မွ ရမယ္။ အဲဒီလို ေအးေအး၊ မေအးေအး ဆက္ဝတ္ေနမယ္ ဆိုတဲ့သူေတြကပဲ သူတို႔က်င္လည္ရာနယ္ပယ္မွာ ဘုရင္ ျဖစ္လာၾကတာပဲ။ မေအာင္ျမင္ခင္ေတာ့ အ႐ူးလို႔ ေျပာခံရမွာေပါ့။ ဒါေပမယ့္ အဲဒီလို အ႐ူးဆိုတဲ့သူေတြကိုပဲ သာမန္လူေတြက အားေတြက်၊ Role model အျဖစ္ ထားေနရတာကို မေမ့ပါနဲ႔။



အဲဒီလို ကမာၻေက်ာ္အ႐ူးေတြထဲက တစ္ေယာက္ျဖစ္တဲ့ စတိဗ္ေဂ်ာ့ဘ္စ္ရဲ႕ စကားတစ္ခြန္း ရွိပါတယ္။

People who are crazy enough to think that they can change the world are the ones who do.



ကမာၻႀကီးကို ေျပာင္းလဲႏိုင္မယ္လို႔ သူတို႔ကိုယ္သူတို႔ ယုံၾကည္တဲ့သူေတြသာ အမွန္တကယ္ ေျပာင္းလဲပစ္နိ္ုင္တဲ့သူေတြ ျဖစ္လာၾကတယ္တဲ့။
ဘာကိုေျပာတာလဲဆို ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈကို ေျပာတာ၊ ႐ူးသြပ္မႈကို ေျပာတာ၊ စိတ္ဆႏၵျပင္းျပမႈကို ေျပာတာ ျဖစ္ပါတယ္။
ကိုယ္ပစ္ခ်င္တဲ့ ပစ္မွတ္ကို ထိဖို႔ ေလးနဲ႔ ျမႇား ရွိ႐ုံနဲ႔ မလုံေလာက္ဘူး။ ပစ္ႏိုင္စြမ္း ရွိရတယ္။ အဲဒီအျပင္ ျမႇားခ်က္က အရွိန္အဟုန္ ျပင္းျပင္းနဲ႔ ထိုးစိုက္သြားႏိုင္ဖို႔အတြက္ Passion လိုေသးတယ္။



ဒါေၾကာင့္မို႔ ေအာင္ျမင္ေပ်ာ္႐ႊင္ခ်င္တဲ့သူ ဘယ္သူမဆိုေပါ့ေလ၊ ရာသီဥတုက မေအးေတာ့ေပမဲ့လည္း ဆက္ဝတ္ေနဦးမယ္ ဆိုတဲ့ အေႏြးထည္ေလး တစ္ထည္ေလာက္ေတာ့ ရွိကိုရွိရပါမယ္။ မ်ားျပားလွတဲ့ အဆိုေတာ္ေတြ၊ မ်ားျပားလွတဲ့ စာေရးဆရာေတြ၊ မ်ားျပားလွတဲ့ သင္တန္းေက်ာင္းေတြ၊ စတဲ့ စတဲ့ အၿပိဳင္အဆိုင္ေတြၾကားထဲမွာ အရည္အခ်င္းခ်င္း တူလာတဲ့အခါ ကိုယ့္ကို အမ်ားထက္ ေခါင္းတစ္လုံး သာေစမွာ အဲဒီ Passion ပဲ ျဖစ္ပါတယ္။

ေဒါက္တာ ၿဖိဳးသီဟ
၃၀.၁.၂၀၁၈



Post a Comment

9 Comments


  1. ရှူးတိုးတိုး မသိဘူး မကြားဘူး မမြင်ဘူး🤫

    ပေးဆပ်တာခြင်း အတူတူကို
    သူတို့က
    အသက်တွေပါ ရင်းထားရတာ❣️

    တိုက်ပွဲတိုင်းအောင်မြင်ပီး
    ဘေးမသီရန်မခပဲ အနိုင်ရကြပါစေ💪

    ပြည်သူတွေရဲ့ ဆုတောင်းသံက
    အကာအကွယ်ဖြစ်ပါစေ🙏

    ReplyDelete
  2. Noticed a few people from Shan state used winter clothing the time they were in the place like Yangon, not even in Winter. They are quite used to it with that clothing. :)

    ReplyDelete
  3. အဆုံးထိတိုက်မယ့် ဒါတိုက်ပွဲ ဒါတာဝန်ပဲ.
    အားလုံးနဲ့ဆိုင်တယ် အားလုံးရဲ့တိုက်ပွဲ အားလုံးရမယ့်အောင်ပွဲ
    ဒီမိစ္ဆာများကိုအမြတ်ဖြတ်ပြီးရင် အေးချမ်းတဲ့ လွတ်လပ်တဲ့ တန်းတူညီမျှမှုအပြည့်နဲ့
    ဖက်ဒရယ်နိုင်ငံ ဆိုတာကြီးကို အားလုံးရရှိမှာမို့
    မပျင်းသွားနဲ့
    အားမလျှော့သွားနဲ့
    စိတ်ဓာတ်မကျနဲ့
    မကြောက်နဲ့..
    နေ့စဉ်တိုင်း ကိုယ်တိုင်တိုက်ပွဲမှာပါဝင်ပေးဖို့လိုပါတယ်။

    အားလုံးနှင့်ဆိုင်တဲ့တိုက်ပွဲ
    C2D

    ReplyDelete