ကိုယ့်အကြောင်း ဒီ ၄ ခုတော့ သိရမယ်
‘မရှိတာထက် မသိတာခက်’ ဆိုတဲ့ စကားကို တော်တော်လေး အရွယ်ရောက်တဲ့အထိ နားမလည်ခဲ့ပါဘူး။ တဖြည်းဖြည်းနဲ့ လူတွေနဲ့ အထိအတွေ့များလာတဲ့အခါကျမှ ကိုယ့်ကိုယ်ကိုယ်သိခြင်းဟာ သိပ်အရေးကြီးပါလား ဆိုတာကို သဘောပေါက်လာခဲ့တယ်။ အရည်အချင်းရှိပါရက်နဲ့ တချို့တွေ ထင်သလောက် ဖြစ်မြောက်မလာဘူး။ တချို့ကျတော့လည်း လူတွေအံ့သြရလောက်အောင် အောင်မြင်လာကြတယ်။ ကွာခြားချက်က ကိုယ့်ကိုယ်ကိုယ်သိခြင်းပါပဲ။
အလုပ်အင်တာဗျူးအားလုံးလိုလိုမှာ မေးတတ်တဲ့ မေးခွန်းတစ်ခု ရှိတယ်၊ ကိုယ့်အားသာချက်၊ အားနည်းချက်တွေ ပြောပြပါ ဆိုရင် တချို့တွေ မဖြေနိုင်ကြဘူး။ တချို့ကျတော့လည်း သမီးက စိတ်ညစ်ရင် အစားစားတယ် ဆိုတာလို သက်ဆိုင်မှု မရှိတာတွေ ဖြေကြတယ်။ တကယ်တော့ ဒီမေးခွန်းက ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်သိထားလဲ ဆိုတာ ဆန်းစစ်တာဖြစ်သလို၊ သူ့ကိုယ်သူ ရောင်းခိုင်းလိုက်တာလည်း ဖြစ်ပါတယ်။ ဒါလေးတောင်မှ လှလှပပ တင်ပြမှုမလုပ်နိုင်တဲ့အခါမှာ အလုပ်ခန့်ဖို့အတွက် တော်တော်လေး စဉ်းစားရပါတယ်။ Impression down သွားလို့ပါ၊ သူ့အပေါ် ထားတဲ့ အထင်ကြီးမှု လျော့သွားလို့ပါ။
ဒီတော့ ကျွန်တော်တို့ဟာ အောင်မြင်ချင်တယ်ဆိုရင် တကယ့်ကို အခြေခံအကျဆုံး အဆင့်အဖြစ် ကိုယ့်ကိုယ်ကိုယ်သိဖို့ လိုလာပါတယ်။ ဘာတွေသိထားရမလဲဆိုရင် အနည်းဆုံးတော့ ဒီ ၄ ခု သိထားသင့်တယ်။
၁။ ကိုယ့်အခြေအနေ ကိုယ်သိပါ (Know yourself)
မာ့ဇူကာဘတ်က တီရှပ်လေးပဲ ဝတ်တဲ့အခါမှာ လူတွေက ပြောကြတယ်၊ သိပ်ကို အနေအထိုင် ရိုးရှင်းတယ်ပေါ့။ အဲဒီအတိုင်း ဝတ်ပြီး အလုပ်အင်တာဗျူး သွားဖြေကြည့်ပါ။ အာမခံပါတယ်၊ အလုပ် မရစေရပါဘူး။ တကယ်တော့ နှိမ့်ချတယ် ဆိုတဲ့စကားက အမြင့်ရောက်နေသူတွေသာ သုံးခွင့်ရှိတာပါ။ ကိုယ့်အောက်ငုံ့ကြည့်လို့ တစ်ယောက်မှမရှိဘဲ နှိမ့်ချတယ် ဆိုတဲ့စကား သုံးလို့မရပါဘူး။ ပကာသန မမက်ဘူး ဆိုတဲ့ စကား ချမ်းသာမှ၊ ဂုဏ်တွေ ဒြပ်တွေနဲ့ဖြစ်နေမှ သုံးလို့ရတာပါ။ ပိုက်ဆံ မရှိတဲ့သူက ဖုန်းအစုတ်လေး ကိုင်ထားလို့ ဘယ်သူကမှ မချီးကျူးပါဘူး။ အဆင့်အတန်း မခွဲခြားဘူး ဆိုတဲ့ ဂုဏ်ပုဒ်ကလည်း တစ်စုံတစ်ရာ အဆင့်နဲ့အတန်းနဲ့ နေနိုင်သူတွေသာ ပြောလို့လှတာပါ။
အိုင်ဖုန်းတစ်လုံးဝယ်ဖို့ မိဘကို ပူဆာလိုက်ရုံပဲ ဆိုတဲ့သူအတွက် ဒီဖုန်းကို လိုချင်တာ ပြဿနာမရှိပေမယ့် ဒီငွေရဖို့ ၆ လလောက် စုရမယ်၊ ဘဝအတွက် အရေးကြီးတဲ့ သင်တန်းတက်စရာ၊ စာအုပ်ဝယ်စရာတွေကို လျှော့ပစ်ရမယ် ဆိုရင်တော့ ဒါ ပြဿနာဖြစ်လာပါပြီ။ အိုင်ဖုန်းက သုံးတတ်သူ၊ အသုံးလိုတဲ့သူအတွက် လိုအပ်ပေမယ့် သာမန်လောက်ပဲ သုံးတတ်တယ်၊ သုံးစရာရှိတယ်ဆို အဲဒီထက် အရေးကြီးတာတစ်ခုကို ဦးစားပေးသင့်ပါတယ်။ ဘဝတွေဟာ တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ တချို့က ဘဝပေးအခြေအနေအရ အသက် ၃၀ လောက်မှာ တော်တော်အောင်မြင်နေပြီ။ တချို့ကတော့ ကြိုးစားနေရတုန်း။ တာထွက်နောက်ကျတာက ပြဿနာ မဟုတ်ဘူး။ ပန်းဝင်အောင် ပြေးနိုင်ဖို့ပဲ လိုတာ။ ဒါကို သဘောမပေါက်ရင် ရှေ့ဆက်ကြိုးစားချင်စိတ်တွေ နည်းလာမယ်။ ဘဝကို အဆိုးမြင်မိလာမယ်။
ဘဝဆိုတာကို ကျောင်း လို့တင်စားရင် အဲဒီကျောင်းမှာ အောင်မြင်မှုရဖို့ ကျွန်တော်တို့တွေ စာမေးပွဲဖြေကြရပါတယ်။ ဒါပေမဲ့ အဲဒီစာမေးပွဲတွေက တစ်ယောက်နဲ့တစ်ယောက် မတူဘူး။ ကိုယ့်ကို ပေးလာတဲ့ ပုစ္ဆာတွေကိုပဲ ဖြေဆိုကြရတယ်။ သူများပုစာ ္ဆသွားဖြေချင်လို့ မရဘူး။ ဆရာဝန်ဖြစ်သွားတာချင်း တူရင်တောင် မိဘပံ့ပိုးမှု ရှိတဲ့သူက ကျောင်းဆက်တက်ဖို့၊ နိုင်ငံခြားထွက်ဖို့ လုပ်နေချိန်မှာ ပံ့ပိုးမှုမရှိတဲ့သူက ကိုယ့်ပိုက်ဆံကိုယ်ရှာနေရတယ်၊ အလုပ်လုပ်နေရတယ်။ ဒါကို ငါ သူတို့လို မဖြစ်ရကောင်းလား ဆိုပြီး လောကကြီးကို အပြစ်ထိုင်တင်နေရင်တော့ အချိန်ကုန်သွားတာပဲ အဖတ်တင်မယ်၊ ဘာမှ ဖြစ်လာမှာမဟုတ်ဘူး။ အရှိကိုအရှိအတိုင်းလက်ခံ၊ ကိုယ့်ဘဝကိုယ်သိ၊ ကိုယ့်ပုစ္ဆာကိုယ်နားလည်အောင် လုပ်ပြီး စာမေးပွဲအောင်အောင် ကြိုးစားကြရပါတယ်။
Youth is an opportunity to do something and to become somebody in life
ဘဝမှာ တစ်စုံတစ်ရာ ဖြစ်လာဖို့အတွက် လူငယ်ဘဝဟာ အချိန်ကောင်းပဲ။ ကျွန်တော်တို့လူငယ်တွေမှာ ပြသနာတွေအများကြီး ရင်ဆိုင်နေရတယ်၊ အလုပ်အကိုင်ရှားပါးမှု၊ မူးယစ်ဆေး၊ ကူးစက်ရောဂါတွေ စသဖြင့်ပေါ့။ အဲဒီထဲမှာ အဆိုးဆုံးပြဿနာကတော့ သူ့ပုစ္တာကို ကိုယ့်ပုစ္တာအမှတ်နဲ့ ဝင်ဖြေချင်နေတဲ့ ပြသနာပဲ။ အဲဒီလိုအမှတ်မှားပြီး လိိုက်တိုင်းနေတဲ့အခါကျတော့ ကိုယ့်ဘဝကို အားမရတော့ဘူး၊ သူများလို ဖြစ်ချင်လာတယ်၊ အပြစ်တင်ခြင်း၊ မကျေနပ်ခြင်းတွေနဲ့ ပြည့်နှက်လာတယ်၊ စိတ်ဖိစီးမှုတွေ များလာတယ်။ နောက်ဆုံး ဘာမှမလုပ်လိုက်ရဘဲ တန်ဖိုးရှိတဲ့လူငယ်ဘဝကို ကုန်ဆုံးလိုက်ရတယ်။
အလုပ်အကိုင်ရှားပါးတာကို လက်ဖက်ရည်ဆိုင် ထိုင်ရင်း ညည်းညူနေမဲ့အစား အလုပ်အကိုင်ပေါလာမဲ့ တစ်နေ့အတွက် ကြိုတင်ပြင်ဆင်ထားကြသင့်တယ်။ သားသူငယ်ချင်းတွေက ဘာဖုန်းကိုင်တာ လို့ မိဘကို မကျေမနပ် ပြောနေမဲ့အစား မိဘအလုပ်မှာ နိုင်သလောက် ဝင်ကူပေးနေရင် ဘယ်လောက်ကောင်းမလဲ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောင်းထွက်အလုပ်လုပ်နေရလို့ လောကကြီးကို အပြစ်တင်နေမဲ့အစား အဲဒီလိုဘဝကနေ မီလျံနာတွေဖြစ်ကုန်ကြတဲ့ လူတွေအကြောင်းကို အတုယူပြီး အိပ်မက်မက်နေသင့်တယ်။
တကယ်တော့ အောင်မြင်မှုဆိုတာ အဓိပ္ပါယ်ဖွင့်ရခက်ပါတယ်၊ ဘာကို အောင်မြင်တယ်ခေါ်တာလဲ၊ ဘယ်သူ့ကို အောင်မြင်သူအဖြစ် သတ်မှတ်ရမှာလဲ။
တကယ်တော့ အောင်မြင်သူတွေဆိုတာ ဘဝဆိုတဲ့ကျောင်းက ကိုယ့်ကိုပေးလာတဲ့ ပုစ္တာကို အကောင်းဆုံး ဖြေဆိုနိုင်သူတွေပဲ ဖြစ်ပါတယ်။ “ကိုယ်” ဟာ “သူ” ဖြစ်စရာ မလိုဘူး၊ ဘယ်လောက်ကြိုးစားကြိုးစား ဖြစ်လာမှာလည်း မဟုတ်ဘူး၊ “ကိုယ်” လုပ်ဖို့ လိုတာက “အကောင်းဆုံးသော ကိုယ်” ဖြစ်လာဖို့ပဲ။
၂။ ကိုယ့်အားသာချက် ကိုယ်သိပါ (Know your strength)
လူတိုင်းမှာ အားသာချက်ကိုယ်စီ ရှိကြပါတယ်။ ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ ပညာရေးစနစ်က အမှတ်များဖို့ကို ဦးစားပေးတယ်။ စာပဲတစ်ချိန်လုံး ကျက်နေရတယ်။ ဘာနဲ့အလားသဏ္ဍာန်တူလဲဆိုတော့ ငါး၊ မျောက်၊ မြင်း၊ ဆင် စတဲ့ သတ္တဝါအားလုံးကို အပင်ပေါ်တက်ကြ ဆိုပြီး ခိုင်းလိုက်တာနဲ့တူတယ်။ ဒီတော့ အပင်ပေါ်တက်နိုင်တဲ့ မျောက်လေးတွေက လူတော် ဖြစ်လာပြီး ကျန်တဲ့ သတ္တဝါအားလုံးကတော့ သုံးမရတဲ့သူ၊ ညံ့တဲ့သူတွေ ဖြစ်လာတယ်။ စဉ်းစားကြည့်ပါ၊ ငါးလေးတစ်ကောင်အဖြစ် ပေါ်ထွက်လာတဲ့သူဟာ ကုန်းပေါ်မှာဆို မဖြစ်ထွန်းနိုင်ပါဘူး။ မြင်းတစ်ကောင်ရဲ့ အားသာချက်တွေနဲ့ မွေးဖွါးလာသူကိုလည်း အပင်ပေါ် တက်ခိုင်းလို့ မရပါဘူး။
ကျောင်းတုန်းက စာသိပ်ညံ့ခဲ့သူတွေ ခုချိန်မှာ အောင်မြင်နေတယ်။ သုံးမရတဲ့လူလို့ အများက သတ်မှတ်ထားတဲ့သူတစ်ယောက်က သူ့ကို အဲ့လိုပြောခဲ့တဲ့သူတွေထက် ပိုအောင်မြင်လာတယ်။ ဘယ်လိုအချိန်မှာလဲဆိုတော့ ကိုယ့်ကိုယ်ကိုယ် ငါးတစ်ကောင်လို့ သိပြီး ရေထဲရောက်သွားတဲ့အခါ၊ မြင်းတစ်ကောင်လို့သိပြီး ကုန်းပေါ်မှာ ပြေးလွှားခွင့်ရသွားတဲ့အခါမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ကိုယ့်အားသာချက် ကိုယ်သိဖို့လိုတယ်၊ ကိုယ်က ငါးလား၊ မြင်းလား၊ မျောက်လား သိဖို့လိုပါတယ်။
၃။ ကိုယ့်ပရိသတ် ကိုယ်သိပါ (Know your target audience)
ဒီနေရာမှာ ပရိသတ်လို့ ပြောလိုက်တော့ အနုပညာရှင်တွေ၊ စာရေးဆရာတွေနဲ့မှ ဆိုင်တယ်ထင်သွားမယ်။ အမှန်တော့ မဟုတ်ပါဘူး။ ပရိသတ်ဆိုတာ ကိုယ်ဦးတည်တဲ့ လူအုပ်စုကို ဆိုလိုတာပါ။ ဒါကြောင့်မို့ လူတိုင်းမှာ ပရိသတ် ရှိပါတယ်။
Professional branding ဆိုတာ ဘာလဲဆိုရင် “ကိုယ့်သက်ဆိုင်ရာနယ်ပယ်နဲ့ ပတ်သက်ပြီး လူတွေက တခုခုလိုအပ်တိုင်း ကိုယ့်ကို တန်းသတိရအောင် လုပ်ထားနိုင်ခြင်း”ပါပဲ။ ထားပါတော့၊ မျိုးဆက်ပွါးကျန်းမာရေးနဲ့ ပတ်သက်ပြီး တခုခုလိုအပ်တာနဲ့ ဘယ်သူ ရှိတာပဲလို့ သတိရလိုက်တယ်ဆိုရင် ဒါဟာ Branding ကောင်းကောင်း လုပ်ထားနိုင်တာပါပဲ။ ကိုယ့်ဟာကိုယ်တော့ လုပ်နေတယ်၊ ဒါပေမယ့် လူမသိဘူး၊ ဒီလူကိုတော့ သိနေတယ်၊ ဒါပေမယ့် သူ ဘာလုပ်မှန်းမသိဘူး ဆိုရင် Branding အားနည်းသေးတယ်လို့ ဆိုနိုင်ပါတယ်။ ဒီအတွက် ကျွန်တောတို့ဟာ ကိုယ်လုပ်နေတာတွေကို ဘယ်သူ့ကို သိနေစေချင်သလဲ သိဖို့လိုလာပါတယ်။ ကိုယ်က အခမ်းအနားမှူး MC တစ်ယောက်အနေနဲ့ အသက်မွေးတယ်ဆိုရင် Event လုပ်ပေးတဲ့ အေဂျင်စီတွေ၊ ကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေက ကိုယ့်ကို သိနေအောင် လုပ်ရပါမယ်။ HR professional တစ်ယောက်ဟာ ကုမ္ပဏီတွေက ကိုယ့်ကို သိထားတယ်ဆို လုံလောက်ပါတယ်။ ဒါမှ သူတို့ကုမ္ပဏီအတွက် သင်တန်းပေးဖို့ လိုတဲ့အခါ ကိုယ့်ကို ကမ်းလှမ်းမှာပါ။
၄။ ကိုယ့်အတိုင်းအတာ ကိုယ်သိပါ (Know your limit)
သမိုင်းအဖြစ်အပျက်တစ်ခုကို မှတ်မိသလို ပြန်ရေးပါမယ်။ တစ်ခါက တိုင်းပြည်တစ်ပြည်မှာ တိုက်ပွဲတိုင်း အောင်နိုင်တဲ့ စစ်သူကြီးတစ်ယောက် ရှိပါတယ်။ တအားကို နာမည်ကျော်လာတယ်။ ပြည်သူတွေက အားကိုးလာတယ်။ အဲဒါနဲ့ ဘုရင်ကလည်း သတိထားမိလာပြီး သူ့ကို နန်းတွင်းကိုခေါ် သူကောင်းပြုတယ်။ ခပ်ဝေးဝေး တိုက်ပွဲနေရာတွေကနေ ပြည်သူနဲ့၊ လူတွေနဲ့ အနီးကပ်ဆက်ဆံလာရတဲ့အခါ သူ့အားနည်းချက်တွေက ပေါ်လာတယ်။ စကားတွေမှားလာတယ်။ တဖြည်းဖြည်း ဝေဖန်ခံလာရတယ်။ နောက်ဆုံး မလှမပ ဇာတ်သိမ်းရတယ်ပေါ့။
ပြောရရင် စစ်သူကြီးဘဝမှာ အောင်မြင်တယ်ဆိုပေမယ့် ရလာတဲ့ အခွင့်အရေးနောက်ကို ကိုယ့်အတိုင်းအတာ ကိုယ်မသိဘဲ လိုက်မိတဲ့အခါ ရှုံးနိမ့်မှုနဲ့ ကြုံရတတ်တယ် ဆိုတာပါပဲ။ နိုင်ငံရေးစကား ပြောရရင် ကိုယ့်အရည်အချင်း ကိုယ်မသိဘဲ နေရာတကာ ဝင်အုပ်ချုပ်ချင်တာတွေကြောင့် တိုင်းပြည်အနေနဲ့လည်း ပြဿနာဖြစ်ရပါတယ်။
ကိုယ်စာရေးတာ အားပေးကြတာပဲ ဆိုပြီး ပေါ်လာတဲ့ အကြောင်းကိစ္စမှန်သမျှ ထင်မြင်ချက်ဝင်ပေးရင် ကိုယ်မသိတဲ့ ကိစ္စကျ နာမည်ပျက်ပါမယ်။ ကိုယ့်အပေါ် ရှိနေတဲ့ ယုံကြည်မှုတွေ ပျက်ယွင်းပါမယ်။ နေရာတကာ ဝင်ပါနေခြင်းက ကိုယ့်ရဲ့ Target audience ကို “ဒီလူ ဘာလုပ်တာလဲ မသိဘူး၊ ဟိုစပ်စပ် ဒီစပ်စပ်နဲ့” ဆိုတာမျိုးလည်း ဝေ၀ါးသွားစေနိုင်တာမို့ ကိုယ့်ရဲ့ Professional brand ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဘာခေတ်စားနေတယ်၊ ဘယ်သူတွေ ဘာလုပ်နေတယ်ဆိုတဲ့ ပေါ်ပင်နောက် မလိုက်ဘဲ ကိုယ့်နယ်ပယ်မှာသာ ကိုယ်အကောင်းဆုံးဖြစ်အောင် အားထုတ်ပါ၊ ကိုယ့်ပုံစံနဲ့ကိုယ် ရှင်သန်ပါ။
ဒေါက်တာ ဖြိုးသီဟ
၅.၁၀.၂၀၁၇
53 Comments
ဟူးဟူး ဘာလို့လူတွေဒီထဲမရောက်သေးတာလဲနော်
ReplyDeleteတော်လှန်ရေးမှာ ငါမပါလို့ ဘာမှ မဖြစ်ပါဘူးလို့ မတွေးပါနဲ့ ငါပါကိုပါရမယ် ဆိုတဲ့ ဆုံးဖြတ်ချက်ကို ရဲရဲချပါ ပြီးရင် ဘာကိုမှ
Deleteလှည့်မကြည့်ပဲ ရဲရဲရှေ့ဆက်ပါ။
This comment has been removed by the author.
DeleteThank u par
ReplyDelete👍
ReplyDeleteတတ်နိုင်တဲ့ဘက်က ပါဝင်ထောက်ပံ့ကြပါစို့ 💪
ReplyDeleteFIGHT FOR FREEDOM ÖK
ReplyDeleteThank you😀
ReplyDeleteDone 💪💪💪
ReplyDeleteDone 🧕🧕💪💪
ReplyDeleteClick Done
ReplyDeleteDone
ReplyDeleteKeep clicking people. We only have us.
ReplyDeleteDone��
ReplyDeleteFighting together 💪
ReplyDeleteDone
ReplyDeleteDone
DeleteYes
ReplyDeleteWe are winner
ReplyDeleteFighting together
အဆုံးထိတိုက်သွားမယ်💪💪
done
ReplyDeleteThanks....
ReplyDeleteReached
ReplyDeleteDone 🦾🦾🦾
ReplyDeleteDone
ReplyDeletePeople's victory
ReplyDeleteDone 16
ReplyDeleteWe must win!
ReplyDeletewe fight till victory
ReplyDeleteVery good.
ReplyDeleteStay_Strong💪
ReplyDeleteThanks for sharing
ReplyDeleteThanks
ReplyDeletedone
ReplyDeleteDone
ReplyDeleteWe must win.
ReplyDeleteThanks
ReplyDelete❤️❤️❤️
ReplyDeleteDone
ReplyDeleteLook at you now look at me. ...😅
ReplyDeleteNice
ReplyDeleteThanks for your massage
ReplyDeleteFighting
ReplyDelete❤️
ReplyDelete👍
ReplyDeleteClick ရင်းဗဟုသုတရ💪
ReplyDeleteLike
ReplyDelete"တရားမျှတမှုတော်လှန်ရေးခေတ်သစ်တစ်ခု"✊
ReplyDeletethanks
ReplyDeleteကိုယ့်စတိုင်နဲ့ကိုယ်နေဆိုတဲ့သဘော လိုင်းမပူးနဲ့
ReplyDeleteကျွမ်းကျင်ရင် အောင်မြင်မယ် မဝေဝါးစေနဲ့
လူမှန် နေရာမှန်ဖြစ်ဖို့
ReplyDeleteကာလံ၊ ဒေသံ လိုက်ပြီး အခွင့်အရေးကို အသုံးချတတ်ဖို့ ကိုယ့်အကြောင်းကိုယ်သိဖို့ စတာတွေဟာ ဘဝတိုးတက်ဖို့အရေးကြီးလှပါတယ်။
သေချာရေးပေးထားတဲ့ဆရာဖြိုးသီဟကို ကျေးဇူးပါ။
We Are Clickers..Fighting All.🌹❤️🌹
ReplyDeleteအရှုံးမပေးမချင်း ငါတို့နိုင်တယ်ဆိုတဲ့စကားလေးက အလကားမဟုတ်ဘူး
ReplyDeleteငါတို့နိုင်နေပြီကွ ဝမ်းနည်းမှုတွေကို နာကျည်းမှုအဖြစ် လက်စားချေပြီး ပိုclick ပို ရုန်းထကြမယ် fighting 💪💪
နိုင်မှာကွ ပိုclickကြ ပိုရုန်းကြ
ReplyDeleteFighting 💪