လောကမှာ ဘယ်အရာမှ အကြောင်းမဲ့ မဖြစ်ပါ

AD SPACE

လောကမှာ ဘယ်အရာမှ အကြောင်းမဲ့ မဖြစ်ပါ

လောကမှာ ဘယ်အရာမှ အကြောင်းမဲ့ မဖြစ်ပါ



ဟိုတစ်ရက်က Shopping Center ကြီးတစ်ခုကို သွားဖြစ်ပါတယ်။ လက်ဆောင်ပေးစရာရှိလို့ အမျိုးသမီး လက်ကိုင်အိတ် ပေးရင်ကောင်းမလား ဆိုပြီး သွားကြည့်တာပါ။ အောက်ဆုံးထပ်မှာ ရှိတဲ့ အကောင်းစား ဆိုင်နှစ်ဆိုင် ဘယ်လိုကွာခြားတယ်ဆိုတာလေး ပြောပြချင်ပါတယ်။

ပထမဆိုင်ကို ဝင်သွားပါတယ်။ အမှန်ပြောရရင် အမျိုးသမီးလက်ကိုင်အိတ် ဆိုတာ ကျွန်တော်နဲ့ မရင်းနှီးပါဘူး။ နာမည်ကြီး Brand တချို့လောက်သာ သိပြီး ဘယ်ဟာ ဘယ်လိုကောင်းတယ်၊ မကောင်းဘူး စသဖြင့် မကြည့်တတ်ဘူး။ သုံးမယ့်ပမာဏတော့ သတ်မှတ်ထားတယ်။ နောက်ပြဿနာတစ်ခုက ကျွန်တော်က ဈေးဝယ်ရင် တအား အားနာတာ။ နှစ်မျိုး သုံးမျိုးလောက် ပြခိုင်းရတာ၊ ဈေးမေးရတာ၊ စမ်းဝတ်ကြည့်ပြီးမှ မယူတော့ဘူး ပြောရတာတွေ မလုပ်ချင်ဘူး။



ဘာအိတ်ကောင်းမှန်းကလည်း မသိ၊ မေးရမှာကလည်း အားနာ ဆိုတော့ တောင်ကြည့်မြောက်ကြည့်သာ ကြည့်နေရတယ်၊ ဘာဝယ်ရမှန်း မသိဘူး။ အဲဒီပထမဆိုင်ရဲ့ အရောင်းဝန်ထမ်းက ကျွန်တော် ဝင်ဝင်ချင်းမှာ စာရင်းလုပ်နေတယ်၊ ကျွန်တော် သဘောကျတာလေးတွေ့လို့ လှမ်းခေါ်တော့ ဈေးတွက်ပြတယ်။ မှန်းထားတဲ့အထဲ ဝင်နေပေမဲ့ ကျွန်တော့်စိတ်ထဲ မတန်ဘူးလို့ ထင်မိတယ်။ နောက်တစ်မျိုး ထပ်မေးတယ်။ ဈေးတွက်ပြတယ်။ ကျွန်တော့်စိတ်ထဲ မတန်ဘူးလို့ ထင်ပြန်တယ်။ လက်ဆောင်ဆိုတော့ အပြလေးက လှချင်တာကိုး။ နောက်တစ်ခုကျတော့ ကျွန်တော်မေးရမှာ အားနာလာရော။ အဲဒီအချိန်မှာ သူက ဘာပြောလဲဆိုတော့ “ဒီမှာတော့ ပစ္စည်းတော်တော်များများက ဒီဈေးတွေချည်းပဲ” တဲ့။ ဒါပဲပြောတယ်။

ဖြစ်သလို ဝတ်စားသွားတဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်လိုက်ပါတယ်။ အမှန်က မတတ်နိုင်တာ မဟုတ်ဘူး။ ကျွန်တော် လိုနေတာက တခြား။ ဒါကို သူမသိဘူး၊ သိအောင်လည်း မကြိုးစားဘူး။ အဲဒါနဲ့ပဲ ဘာမှမပြောတော့ဘဲ လှည့်ထွက်လာခဲ့တယ်။ သူလည်း တွက်လက်စ ဆက်တွက်ရင်း ကျန်နေခဲ့တယ်။



နောက်တစ်ဆိုင် ဝင်တယ်။ ဝင်ဝင်ချင်းမှာပဲ “မောင်လေးရေ၊ ဘာလိုလဲ ကြည့်ပါနော်” ဆိုတဲ့ စကားနဲ့ စနှုတ်ဆက်တယ်။ (တွေ့သမျှလူက ဦးလေး အခေါ်ခံနေရတဲ့ ကိုယ့်မှာ မောင်လေး ဆိုတဲ့အသံ ကြားရတာနဲ့ကို ကျေနပ်နေပြီ။) သူ့ကြည့်လိုက်တော့လည်း အလုပ်မှာ တကယ်ကို တက်တက်ကြွကြွ အလုပ်လုပ်နေတဲ့ပုံ ပေါ်နေတယ်။ ထုံးစံအတိုင်းပဲ ကျွန်တော် ဟိုဟိုဒီဒီ ကြည့်တယ်။ ကျွန်တော် ဈေးမေးတဲ့အထိ မစောင့်ဘူး၊ သူက မေးတယ်၊ “မောင်လေး လက်ဆောင်ပေးဖို့လား၊ ဘယ်အရွယ်လဲ၊ သုံးမယ့် Amount သတ်မှတ်ထားတာ ရှိလား”။ ကျွန်တော် ပျော်သွားတယ်၊ “အစ်မရေ ကျွန်တော်သုံးမှာကတော့ ဒီလောက်မှန်းထားတယ်၊ ဟုတ်တယ် လက်ဆောင်ပေးမှာ၊ အသက်က လူလတ်ပိုင်း”။ အဲဒီမှာတင် “ဒါက ခုမှရောက်တာ၊ ဒါကတော့ ဝင်တာ ၃-၄လ ရှိပြီ၊ သီတင်းကျွတ် Discount ရှိမယ်၊ လူလတ်ပိုင်းဆိုတော့ ဒီပုံစံဆို ကြိုက်မယ်မထင်ဘူး” စသဖြင့် ပြောတယ်။ ကျွန်တော်ရွေးလို့ရတဲ့ Option တွေ ချပြလာတယ်။ အဲဒီထဲကမှ ဈေးလည်းသင့်၊ အပြလည်းလှ၊ အသက်အရွယ်နဲ့လည်း လိုက်လောက်တဲ့ အိတ်တစ်လုံး ဝယ်လာဖြစ်ခဲ့တယ်။



ဆိုလိုတာက ဒီနှစ်ဆိုင် ဘာကွာလဲ။ အထဲမှာ ရောင်းတဲ့ပစ္စည်းတွေချင်းက အတူတူပဲ။ ဘာကွာနေလဲဆိုတော့ ရောင်းတဲ့ အရောင်းဝန်ထမ်း ကွာတယ်။

တစ်ယောက်က စိတ်အားထက်သန်မှု မရှိဘူး။ နောက်တစ်ယောက်က တက်ကြွတယ်၊ ဖော်ရွေတယ်၊ သူ့ကြည့်တာနဲ့ကို ဝယ်သူက စိတ်ရွှင်လန်းသွားတယ်။



တစ်ယောက်က မေးမှပြောတယ်၊ ဖြေတယ်၊ တုံ့ပြန်တယ် (အဲဒါကို Reactive ဖြစ်တယ်ခေါ်တယ်) နောက်တစ်ယောက်ကတော့ မမေးခင်ကတည်းက ဝယ်သူရဲ့ လိုအပ်ချက်ကို ဖော်ထုတ်တယ်။ ပြီးတော့ လိုအပ်တဲ့ အကြံဉာဏ်ပေးတယ်။ Proactive ဖြစ်တယ်။

တစ်ယောက်က ဒီလူက ဝယ်မယ့်ပုံလည်း မပေါ်ပါဘူး ဆိုတာမျိုး တွေးတဲ့အချိန်မှာ နောက်တစ်ယောက်က သူ တကယ်ဝယ်ဖို့ ဝင်လာတာ မဟုတ်ဘဲ ကြည့်ရုံမေးရုံလောက် ဆိုရင်တောင် ငါသာ ကောင်းကောင်း ရှင်းပြလိုက်ရင် ဝယ်ချင်ဝယ်သွားမယ်၊ အနည်းဆုံးတော့ စိတ်ကျေနပ်သွားမယ်၊ သူတကယ်လိုတဲ့အချိန်ကျ ငါ့ဆီ ပြန်လာလိမ့်မယ်လို့ တွေးတယ်။



တစ်ယောက်က အရောင်း ဆိုတာ တစ်ဖက်က ဝယ်မှ လို့ထင်တယ်။ နောက်တစ်ယောက်က အရောင်းဆိုတာ ငါ ဘယ်လောက်ရောင်းနိုင်တယ် ဆိုတဲ့အပေါ် အဓိကမူတည်တယ်လို့ တွေးတယ်။

Salesman အမျိုးအစားအရ ပြောရရင် ပထမတစ်ယောက်က Order taker အမှာရှိလာမှပဲ ရောင်းရမယ့်သူ။ နောက်တစ်ယောက်ကတော့ Order creator တစ်ဖက်က မှာလာတာကိုပဲ ထိုင်စောင့်မနေဘဲ ရောင်းရအောင် ဖန်တီးတဲ့သူ။

ဝယ်သူကိုလည်း နှစ်မျိုးခွဲလို့ရပါတယ်။ Buyer ဝယ်ကိုဝယ်မယ့်သူနဲ့၊ Window shopper ရည်ရွယ်ထားတာ မယ်မယ်ရရ မရှိဘဲ ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်ပြီး သဘောကျတာတွေ့မှ ဝယ်မယ့်သူ။ Buyer နဲ့ တွေ့တဲ့အခါ သိပ်မသိသာပေမယ့် Window shopper နဲ့ တွေ့တဲ့အခါမှာ နှစ်ယောက်ရဲ့ ခြားနားချက်က ကွက်ကွက်ကွင်းကွင်း ပေါ်လာလိမ့်မယ်။ ခုအဖြစ်အပျက်မှာ ကျွန်တော်ဆိုရင် Buyer မဟုတ်ဘူး။



လက်ကိုင်အိတ် ပေးချင်ပေမဲ့ ဒါကို မဝယ်ဘဲ တခြားတခုခု ပြောင်းဝယ်ပြီး ပေးလိုက်လည်း ရတယ်။ ဒီလိုအနေအထားမှာ ပထမတစ်ဆိုင်က မရောင်းလိုက်ရဘူး၊ ဘာလို့ဆိုတော့ သူ့ဝန်ထမ်းက Order taker ဖြစ်လို့။ နောက်တစ်ဆိုင်က ရောင်းလိုက်ရတယ်၊ သူ့ဝန်ထမ်းက Order creator ဖြစ်လို့။

အရောင်းသမားတစ်ယောက်ရဲ့ စွမ်းဆောင်ရည်ကို S နှစ်လုံးနဲ့ တိုင်းတာပါသတဲ့။ ပထမတစ်ခုက Sales (အရောင်း)၊ နောက်တစ်ခုက Satisfaction (စိတ်ကျေနပ်မှု)



ဆိုလိုတာက ကိုယ့်ဆီ ရောက်လာတဲ့သူက Window shopper ဖြစ်နေဦးတော့၊ ဝယ်နိုင်မယ့်ပုံ မပေါက်ဦးတော့၊ စိတ်ကျေနပ်အောင် ရှင်းပြပြောဆိုပေးရမယ်။ ဒါမှ သူ တကယ်လိုအပ်လာပြီဆိုတဲ့အခါ ကိုယ့်ဆီ ပြန်ရောက်လာမယ်။ Sales တက်မယ်။ ဒါကို သဘောမပေါက်ဘဲ ငါ ရှင်းပြလည်း ဝယ်မှာမဟုတ်ပါဘူး ဆိုတဲ့စိတ်နဲ့ ခပ်ပေါ့ပေါ့ လုပ်လိုက်လို့ စိတ်ကျေနပ်မှု ရမသွားရင် သေချာတယ်၊ ဒီလူ ဘယ်တော့မှ ကိုယ့်ဆီ ပြန်လာမှာမဟုတ်ဘူး။ ဒါကြောင့် ရောင်းရမှ ကိုယ့် Customer မဟုတ်ဘူး။ ရောင်းရမယ့်လူ မဟုတ်တာ သေချာနေဦးတော့၊ ကိုယ့်ရဲ့ အမြင့်ဆုံ းစွမ်းဆောင်ရည်ကို ပြရမယ်။ အကောင်းဆုံး ဆက်ဆံပေးရမယ်။

အတူတူ အလုပ်လုပ်ကြတာချင်းပဲ၊ ဒါပေမဲ့ တစ်ယောက်က အလုပ်ဖြစ်တယ်၊ ထိရောက်မှုရှိတယ်၊ Performance ကောင်းတယ်၊ Customer တွေနဲ့လည်း လူချင်းပါ ရင်းနှီးသွားတယ်၊ အထက်လူကြီးတွေကလည်း ချီးကျူးတယ်၊ သဘောကျတယ်၊ တစ်ဆင့် တစ်ဆင့် တက်တက်သွားတယ်။ အဲဒီလိုတွေ ကြုံတဲ့အခါ ကျွန်တော်တို့ ဘယ်လိုတွေးလဲ။ ဖြစ်မှာပေါ့ သူက ကံကောင်းတာကိုး၊ လူကြီးကို ဘယ်လိုတွေ ဝင်လုံးလိုက်သလဲမှ မသိတာ၊ အမလေး သူက အပြောကတော့ ရွှေမန်းလေ၊ ဒီလိုတွေပဲ တုံ့ပြန်ကြတယ်။ သူနဲ့ကိုယ်နဲ့ ဘာတွေကွာခြားနေတယ်၊ ကိုယ့်မှာ ဘာအားနည်းချက်တွေ ရှိတယ်ဆိုတာ မဆန်းစစ်မိကြဘူး။



ဒါကြောင့်မို့ သူ့ကိုမှ မျက်နှာသာပေးနေတယ် ဆိုတဲ့ ကံ၊ အထက်လူကြီး၊ Customer ၊ သူတို့တွေကိုပဲ အပြစ်တင်မနေပါနဲ့။ ကိုယ့်အားနည်းချက်ကိုလည်း တွေ့အောင်ရှာပါ။ မြင်အောင်ကြည့်ပါ။

မှတ်ထားပါ။ လောကမှာ အကြောင်းမဲ့ဖြစ်နေတယ် ဆိုတဲ့အရာ တစ်ခုမှမရှိပါဘူး။

ဒေါက်တာ ဖြိုးသီဟ

၃.၁၀.၂၀၁၇



[ zawgyi ]

ေလာကမွာ ဘယ္အရာမွ အေၾကာင္းမဲ့ မျဖစ္ပါ



ဟိုတစ္ရက္က Shopping Center ႀကီးတစ္ခုကို သြားျဖစ္ပါတယ္။ လက္ေဆာင္ေပးစရာရွိလို႔ အမ်ိဳးသမီး လက္ကိုင္အိတ္ ေပးရင္ေကာင္းမလား ဆိုၿပီး သြားၾကည့္တာပါ။ ေအာက္ဆုံးထပ္မွာ ရွိတဲ့ အေကာင္းစား ဆိုင္ႏွစ္ဆိုင္ ဘယ္လိုကြာျခားတယ္ဆိုတာေလး ေျပာျပခ်င္ပါတယ္။

ပထမဆိုင္ကို ဝင္သြားပါတယ္။ အမွန္ေျပာရရင္ အမ်ိဳးသမီးလက္ကိုင္အိတ္ ဆိုတာ ကြၽန္ေတာ္နဲ႔ မရင္းႏွီးပါဘူး။ နာမည္ႀကီး Brand တခ်ိဳ႕ေလာက္သာ သိၿပီး ဘယ္ဟာ ဘယ္လိုေကာင္းတယ္၊ မေကာင္းဘူး စသျဖင့္ မၾကည့္တတ္ဘူး။ သုံးမယ့္ပမာဏေတာ့ သတ္မွတ္ထားတယ္။ ေနာက္ျပႆနာတစ္ခုက ကြၽန္ေတာ္က ေဈးဝယ္ရင္ တအား အားနာတာ။ ႏွစ္မ်ိဳး သုံးမ်ိဳးေလာက္ ျပခိုင္းရတာ၊ ေဈးေမးရတာ၊ စမ္းဝတ္ၾကည့္ၿပီးမွ မယူေတာ့ဘူး ေျပာရတာေတြ မလုပ္ခ်င္ဘူး။



ဘာအိတ္ေကာင္းမွန္းကလည္း မသိ၊ ေမးရမွာကလည္း အားနာ ဆိုေတာ့ ေတာင္ၾကည့္ေျမာက္ၾကည့္သာ ၾကည့္ေနရတယ္၊ ဘာဝယ္ရမွန္း မသိဘူး။ အဲဒီပထမဆိုင္ရဲ႕ အေရာင္းဝန္ထမ္းက ကြၽန္ေတာ္ ဝင္ဝင္ခ်င္းမွာ စာရင္းလုပ္ေနတယ္၊ ကြၽန္ေတာ္ သေဘာက်တာေလးေတြ႕လို႔ လွမ္းေခၚေတာ့ ေဈးတြက္ျပတယ္။ မွန္းထားတဲ့အထဲ ဝင္ေနေပမဲ့ ကြၽန္ေတာ့္စိတ္ထဲ မတန္ဘူးလို႔ ထင္မိတယ္။ ေနာက္တစ္မ်ိဳး ထပ္ေမးတယ္။ ေဈးတြက္ျပတယ္။ ကြၽန္ေတာ့္စိတ္ထဲ မတန္ဘူးလို႔ ထင္ျပန္တယ္။ လက္ေဆာင္ဆိုေတာ့ အျပေလးက လွခ်င္တာကိုး။ ေနာက္တစ္ခုက်ေတာ့ ကြၽန္ေတာ္ေမးရမွာ အားနာလာေရာ။ အဲဒီအခ်ိန္မွာ သူက ဘာေျပာလဲဆိုေတာ့ “ဒီမွာေတာ့ ပစၥည္းေတာ္ေတာ္မ်ားမ်ားက ဒီေဈးေတြခ်ည္းပဲ” တဲ့။ ဒါပဲေျပာတယ္။

ျဖစ္သလို ဝတ္စားသြားတဲ့ ကိုယ့္ကိုယ္ကိုယ္ပဲ အျပစ္တင္လိုက္ပါတယ္။ အမွန္က မတတ္ႏိုင္တာ မဟုတ္ဘူး။ ကြၽန္ေတာ္ လိုေနတာက တျခား။ ဒါကို သူမသိဘူး၊ သိေအာင္လည္း မႀကိဳးစားဘူး။ အဲဒါနဲ႔ပဲ ဘာမွမေျပာေတာ့ဘဲ လွည့္ထြက္လာခဲ့တယ္။ သူလည္း တြက္လက္စ ဆက္တြက္ရင္း က်န္ေနခဲ့တယ္။



ေနာက္တစ္ဆိုင္ ဝင္တယ္။ ဝင္ဝင္ခ်င္းမွာပဲ “ေမာင္ေလးေရ၊ ဘာလိုလဲ ၾကည့္ပါေနာ္” ဆိုတဲ့ စကားနဲ႔ စႏႈတ္ဆက္တယ္။ (ေတြ႕သမွ်လူက ဦးေလး အေခၚခံေနရတဲ့ ကိုယ့္မွာ ေမာင္ေလး ဆိုတဲ့အသံ ၾကားရတာနဲ႔ကို ေက်နပ္ေနၿပီ။) သူ႔ၾကည့္လိုက္ေတာ့လည္း အလုပ္မွာ တကယ္ကို တက္တက္ႂကြႂကြ အလုပ္လုပ္ေနတဲ့ပုံ ေပၚေနတယ္။ ထုံးစံအတိုင္းပဲ ကြၽန္ေတာ္ ဟိုဟိုဒီဒီ ၾကည့္တယ္။ ကြၽန္ေတာ္ ေဈးေမးတဲ့အထိ မေစာင့္ဘူး၊ သူက ေမးတယ္၊ “ေမာင္ေလး လက္ေဆာင္ေပးဖို႔လား၊ ဘယ္အ႐ြယ္လဲ၊ သုံးမယ့္ Amount သတ္မွတ္ထားတာ ရွိလား”။ ကြၽန္ေတာ္ ေပ်ာ္သြားတယ္၊ “အစ္မေရ ကြၽန္ေတာ္သုံးမွာကေတာ့ ဒီေလာက္မွန္းထားတယ္၊ ဟုတ္တယ္ လက္ေဆာင္ေပးမွာ၊ အသက္က လူလတ္ပိုင္း”။ အဲဒီမွာတင္ “ဒါက ခုမွေရာက္တာ၊ ဒါကေတာ့ ဝင္တာ ၃-၄လ ရွိၿပီ၊ သီတင္းကြၽတ္ Discount ရွိမယ္၊ လူလတ္ပိုင္းဆိုေတာ့ ဒီပုံစံဆို ႀကိဳက္မယ္မထင္ဘူး” စသျဖင့္ ေျပာတယ္။ ကြၽန္ေတာ္ေ႐ြးလို႔ရတဲ့ Option ေတြ ခ်ျပလာတယ္။ အဲဒီထဲကမွ ေဈးလည္းသင့္၊ အျပလည္းလွ၊ အသက္အ႐ြယ္နဲ႔လည္း လိုက္ေလာက္တဲ့ အိတ္တစ္လုံး ဝယ္လာျဖစ္ခဲ့တယ္။



ဆိုလိုတာက ဒီႏွစ္ဆိုင္ ဘာကြာလဲ။ အထဲမွာ ေရာင္းတဲ့ပစၥည္းေတြခ်င္းက အတူတူပဲ။ ဘာကြာေနလဲဆိုေတာ့ ေရာင္းတဲ့ အေရာင္းဝန္ထမ္း ကြာတယ္။

တစ္ေယာက္က စိတ္အားထက္သန္မႈ မရွိဘူး။ ေနာက္တစ္ေယာက္က တက္ႂကြတယ္၊ ေဖာ္ေ႐ြတယ္၊ သူ႔ၾကည့္တာနဲ႔ကို ဝယ္သူက စိတ္႐ႊင္လန္းသြားတယ္။



တစ္ေယာက္က ေမးမွေျပာတယ္၊ ေျဖတယ္၊ တုံ႔ျပန္တယ္ (အဲဒါကို Reactive ျဖစ္တယ္ေခၚတယ္) ေနာက္တစ္ေယာက္ကေတာ့ မေမးခင္ကတည္းက ဝယ္သူရဲ႕ လိုအပ္ခ်က္ကို ေဖာ္ထုတ္တယ္။ ၿပီးေတာ့ လိုအပ္တဲ့ အႀကံဉာဏ္ေပးတယ္။ Proactive ျဖစ္တယ္။

တစ္ေယာက္က ဒီလူက ဝယ္မယ့္ပုံလည္း မေပၚပါဘူး ဆိုတာမ်ိဳး ေတြးတဲ့အခ်ိန္မွာ ေနာက္တစ္ေယာက္က သူ တကယ္ဝယ္ဖို႔ ဝင္လာတာ မဟုတ္ဘဲ ၾကည့္႐ုံေမး႐ုံေလာက္ ဆိုရင္ေတာင္ ငါသာ ေကာင္းေကာင္း ရွင္းျပလိုက္ရင္ ဝယ္ခ်င္ဝယ္သြားမယ္၊ အနည္းဆုံးေတာ့ စိတ္ေက်နပ္သြားမယ္၊ သူတကယ္လိုတဲ့အခ်ိန္က် ငါ့ဆီ ျပန္လာလိမ့္မယ္လို႔ ေတြးတယ္။



တစ္ေယာက္က အေရာင္း ဆိုတာ တစ္ဖက္က ဝယ္မွ လို႔ထင္တယ္။ ေနာက္တစ္ေယာက္က အေရာင္းဆိုတာ ငါ ဘယ္ေလာက္ေရာင္းႏိုင္တယ္ ဆိုတဲ့အေပၚ အဓိကမူတည္တယ္လို႔ ေတြးတယ္။

Salesman အမ်ိဳးအစားအရ ေျပာရရင္ ပထမတစ္ေယာက္က Order taker အမွာရွိလာမွပဲ ေရာင္းရမယ့္သူ။ ေနာက္တစ္ေယာက္ကေတာ့ Order creator တစ္ဖက္က မွာလာတာကိုပဲ ထိုင္ေစာင့္မေနဘဲ ေရာင္းရေအာင္ ဖန္တီးတဲ့သူ။

ဝယ္သူကိုလည္း ႏွစ္မ်ိဳးခြဲလို႔ရပါတယ္။ Buyer ဝယ္ကိုဝယ္မယ့္သူနဲ႔၊ Window shopper ရည္႐ြယ္ထားတာ မယ္မယ္ရရ မရွိဘဲ ဟိုေလွ်ာက္ၾကည့္ ဒီေလွ်ာက္ၾကည့္ၿပီး သေဘာက်တာေတြ႕မွ ဝယ္မယ့္သူ။ Buyer နဲ႔ ေတြ႕တဲ့အခါ သိပ္မသိသာေပမယ့္ Window shopper နဲ႔ ေတြ႕တဲ့အခါမွာ ႏွစ္ေယာက္ရဲ႕ ျခားနားခ်က္က ကြက္ကြက္ကြင္းကြင္း ေပၚလာလိမ့္မယ္။ ခုအျဖစ္အပ်က္မွာ ကြၽန္ေတာ္ဆိုရင္ Buyer မဟုတ္ဘူး။



လက္ကိုင္အိတ္ ေပးခ်င္ေပမဲ့ ဒါကို မဝယ္ဘဲ တျခားတခုခု ေျပာင္းဝယ္ၿပီး ေပးလိုက္လည္း ရတယ္။ ဒီလိုအေနအထားမွာ ပထမတစ္ဆိုင္က မေရာင္းလိုက္ရဘူး၊ ဘာလို႔ဆိုေတာ့ သူ႔ဝန္ထမ္းက Order taker ျဖစ္လို႔။ ေနာက္တစ္ဆိုင္က ေရာင္းလိုက္ရတယ္၊ သူ႔ဝန္ထမ္းက Order creator ျဖစ္လို႔။

အေရာင္းသမားတစ္ေယာက္ရဲ႕ စြမ္းေဆာင္ရည္ကို S ႏွစ္လုံးနဲ႔ တိုင္းတာပါသတဲ့။ ပထမတစ္ခုက Sales (အေရာင္း)၊ ေနာက္တစ္ခုက Satisfaction (စိတ္ေက်နပ္မႈ)



ဆိုလိုတာက ကိုယ့္ဆီ ေရာက္လာတဲ့သူက Window shopper ျဖစ္ေနဦးေတာ့၊ ဝယ္ႏိုင္မယ့္ပုံ မေပါက္ဦးေတာ့၊ စိတ္ေက်နပ္ေအာင္ ရွင္းျပေျပာဆိုေပးရမယ္။ ဒါမွ သူ တကယ္လိုအပ္လာၿပီဆိုတဲ့အခါ ကိုယ့္ဆီ ျပန္ေရာက္လာမယ္။ Sales တက္မယ္။ ဒါကို သေဘာမေပါက္ဘဲ ငါ ရွင္းျပလည္း ဝယ္မွာမဟုတ္ပါဘူး ဆိုတဲ့စိတ္နဲ႔ ခပ္ေပါ့ေပါ့ လုပ္လိုက္လို႔ စိတ္ေက်နပ္မႈ ရမသြားရင္ ေသခ်ာတယ္၊ ဒီလူ ဘယ္ေတာ့မွ ကိုယ့္ဆီ ျပန္လာမွာမဟုတ္ဘူး။ ဒါေၾကာင့္ ေရာင္းရမွ ကိုယ့္ Customer မဟုတ္ဘူး။ ေရာင္းရမယ့္လူ မဟုတ္တာ ေသခ်ာေနဦးေတာ့၊ ကိုယ့္ရဲ႕ အျမင့္ဆုံ းစြမ္းေဆာင္ရည္ကို ျပရမယ္။ အေကာင္းဆုံး ဆက္ဆံေပးရမယ္။

အတူတူ အလုပ္လုပ္ၾကတာခ်င္းပဲ၊ ဒါေပမဲ့ တစ္ေယာက္က အလုပ္ျဖစ္တယ္၊ ထိေရာက္မႈရွိတယ္၊ Performance ေကာင္းတယ္၊ Customer ေတြနဲ႔လည္း လူခ်င္းပါ ရင္းႏွီးသြားတယ္၊ အထက္လူႀကီးေတြကလည္း ခ်ီးက်ဴးတယ္၊ သေဘာက်တယ္၊ တစ္ဆင့္ တစ္ဆင့္ တက္တက္သြားတယ္။ အဲဒီလိုေတြ ႀကဳံတဲ့အခါ ကြၽန္ေတာ္တို႔ ဘယ္လိုေတြးလဲ။ ျဖစ္မွာေပါ့ သူက ကံေကာင္းတာကိုး၊ လူႀကီးကို ဘယ္လိုေတြ ဝင္လုံးလိုက္သလဲမွ မသိတာ၊ အမေလး သူက အေျပာကေတာ့ ေ႐ႊမန္းေလ၊ ဒီလိုေတြပဲ တုံ႔ျပန္ၾကတယ္။ သူနဲ႔ကိုယ္နဲ႔ ဘာေတြကြာျခားေနတယ္၊ ကိုယ့္မွာ ဘာအားနည္းခ်က္ေတြ ရွိတယ္ဆိုတာ မဆန္းစစ္မိၾကဘူး။



ဒါေၾကာင့္မို႔ သူ႔ကိုမွ မ်က္ႏွာသာေပးေနတယ္ ဆိုတဲ့ ကံ၊ အထက္လူႀကီး၊ Customer ၊ သူတို႔ေတြကိုပဲ အျပစ္တင္မေနပါနဲ႔။ ကိုယ့္အားနည္းခ်က္ကိုလည္း ေတြ႕ေအာင္ရွာပါ။ ျမင္ေအာင္ၾကည့္ပါ။

မွတ္ထားပါ။ ေလာကမွာ အေၾကာင္းမဲ့ျဖစ္ေနတယ္ ဆိုတဲ့အရာ တစ္ခုမွမရွိပါဘူး။

ေဒါက္တာ ၿဖိဳးသီဟ

၃.၁၀.၂၀၁၇



Post a Comment

17 Comments


  1. မြန်မာပြည်ကြီး ငြိမ်းချမ်းဖို့အတွက်
    သတ္တိမွေးလို့ ရှေ့ဆက်ကြစို့နော်


    ငါတို့ စည်းလုံးညီညွှတ်မှုရှိရင် ဘာမဆိုဖြစ်နိုင်တယ်…မတူညီတဲ့ရေစက်လေးတွေ စုပေါင်းပီး လှပတဲ့ ပင်လယ်ကြီးတည်ဆောက်ကြရအောင်။

    ReplyDelete
  2. Right 👍🏻👍🏻👍🏻👍🏻👍🏻

    ReplyDelete
  3. ဒါကတော့ ကျွန်မအထင် စျေးသိပ်မဝယ်တတ်တဲ့ ယောက်ကျားလေးတယောက်ရဲ့ အတွေးအမြင်ဖြစ်မယ်ထင်တယ် စျေးဝယ်တတ်တဲ့ တချို့မိန်းကလေးတွေကျတော့ အဲလိုမဟုတ်ဘူး ကိုယ့်ဘာသာ စိတ်တိုင်းကျ အေးဆေးလေးရွေးဝယ်ချင်တာ အနားမှာ တတွတ်တွတ်လာမေးနေရင် အရမ်းမုန်းတာ ပြောရမှာမကောင်းတတ်လို့ ပြုံးပြုံးလေးနဲ့ ကြည့်လိုက်ဦးမယ်နော် ကြိုက်တာတွေ့ရင် မေးလိုက်မယ်နော်လို့ တဖက်လှည့်နှင်လွှတ်တတ်သလို မျက်နှာတင်းထားပြီး မေးတာမဖြေဘဲ မကြိုက်ကြောင်းပြတာတွေရှိတယ် တချို့ဆို အဲလိုလာမေးတာ စိတ်ရှုပ်လို့ မကြည့်ဘဲနဲ့ကို ပြန်ထွက်သွားတာမျိုးရှိတယ် 😄

    ReplyDelete
  4. ဟုတ်တယ်လို့ထင်ပါတယ် ညိုပြာ

    ReplyDelete
  5. အကြောင်းကြောင့်အကျိုးဖြစ်

    ReplyDelete
  6. ရှေ့မှာအာဏာရူး

    နောက်မှာအိုမီခရွန်

    ဒီနိုင်ငံမှာ
    ဒုက္ခတွေကလွဲ

    ဘာများရှိသေးလဲ....

    ReplyDelete
  7. The more you click, The more you can donate ✊

    ReplyDelete