ကိုယ်ရည်ကိုယ်သွေး ကောင်းစေဖို့
၁။ Personality ဆိုတာ ဘာလဲ
Latin စကားလုံး ‘Persona’ ကနေ လာပါတယ်။ ပြဇာတ်တွေမှာ သရုပ်ဆောင်တွေ ကိုယ့်ရဲ့ ဇာတ်ကောင်စရိုက်နဲ့ လိုက်ဖက်အောင် ဝတ်ဆင်ရတဲ့ မျက်နှာဖုံး လို့ အဓိပ္ပါယ်ရပါတယ်။ လွယ်လွယ်ကူကူ ပြောရရင်တော့ ကိုယ်ဘယ်လိုလူလဲ ဆိုတာကို ပြသနေတဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ ခံစားချက်ပိုင်းနဲ့ တုံ့ပြန်မှုပိုင်း အားလုံးကို Personality လို့ ခေါ်ပါတယ်။ သူက စိတ်ဆတ်တယ်၊ သူက အေးဆေးတယ်၊ သူက စမတ်ကျတယ်၊ ဒါမျိုးတွေကို ခေါ်တာပေါ့။ မြန်မာလိုဆိုရင်တော့ ကိုယ်ရည်ကိုယ်သွေးလို့ ဘာသာပြန်ရမယ်ထင်တယ်။
၂။ Personality အရေးကြီးလား
အမေရိကန် စိတ်ပညာရှင်တစ်ယောက်က ပြောဖူးတယ်။ လူတစ်ယောက်ကို အကဲဖြတ်တဲ့နေရာမှာ စကားလုံးတွေရဲ့ အဓိပ္ပါယ် (Verbal factor) က ၇ %၊ လေယူလေသိမ်း၊ အသံအနိမ့်အမြင့် စတဲ့ Vocal factors တွေက ၃၈ % နဲ့ လူရဲ့ရုပ်ပိုင်းဆိုင်ရာ အနေအထား (Physical factor) က ၅၅ % ထိ အရေးပါပါသတဲ့။ ရုတ်တရက်ကြည့်ရင် ဟုတ်ပါ့မလားပေါ့။ ဒါပေမယ့် တွေးကြည့်ပါ၊ လူတစ်ယောက်ကို မကြည့်ဘဲ၊ သူ့အသံနေ အသံထား၊ လေယူလေသိမ်းတွေ မပါဘဲ ပြောတဲ့အချက်အလက်ချည်း နားထောင်ကြည့်။ ဘယ်လိုမှ လူတစ်ယောက်ကို အကဲဖြတ်လို့ မရပါဘူး။
အလုပ်အင်တာဗျူးတစ်ခုမှာ ဝန်ထမ်းရွေးတယ်ဆိုပါစို့။ ချိန်းထားတဲ့အချိန်ထက် စောလား၊ နောက်ကျလား၊ ဒီလူ အခန်းထဲ ဘယ်လိုဝင်လာသလဲ၊ တစ်ကိုယ်ရည်သန့်ရှင်းမှု၊ ဝတ်စားဆင်ယင်ပုံ ဘယ်လိုရှိသလဲ၊ မျက်နှာအမူအရာက လေးစားမှု ရှိသလား၊ တံခါးကို ဂျိန်းခနဲပိတ်လိုက်သလား၊ ပစ္စည်းတွေ ဝုန်းဆို ပစ်တင်လိုက်သလား၊ သူ ဘာအသုံးအဆောင်တွေ သုံးသလဲ၊ ဒါတွေအားလုံးဟာ Physical factor တွေပါပဲ။ ဒါတွေကို အဓိကထားပြီးပဲ လူတစ်ယောက်ကို အကဲဖြတ်ကြတာပါ။ အင်တာဗျူးဖြေတုန်းမှ မဟုတ်ပါဘူး၊ အချိန်တိုင်း နေရာတိုင်းပါပဲ။ ဒါကြောင့် Personality ဟာ လူတွေနဲ့ အလုပ်လုပ်ပြီး လူတွေကြားထဲမှာ အောင်မြင်ချင်တယ်ဆိုရင် မဖြစ်မနေ ပြင်ဆင်ထားသင့်တဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။
၃။ Personality တက်စေတဲ့ အခြေခံအချက် ၆ ချက်
၁) အသက်ပါပါစေ၊ စိတ်အားထက်သန်မှု ရှိပါစေ (Be lively and enthusiastic)
ရုပ်ရှင်ကားတွေထဲမှာ Dialogue ကို အဖြစ်သဘောလောက် ပြောပြီး အသက်မပါစွာ သရုပ်ဆောင်ထားသူတွေ မြင်ရတဲ့အခါ စိတ်ထဲ ဘယ်လိုခံစားရပါသလဲ။ အားမလိုအားမရ ဖြစ်တာပေါ့။ တကယ်ကို ပရိသတ်အားပေးတဲ့၊ အောင်မြင်တဲ့ သရုပ်ဆောင်တွေကို ကြည့်လိုက်ရင် တကယ်အပြင်မှာ ဖြစ်နေသလိုကို ဇာတ်ကားထဲမှာ သရုပ်ဆောင်ထားကြတာ တွေ့ရပါလိမ့်မယ်။
အပြင်လုပ်ငန်းခွင်မှာလည်း ဒီလိုပါပဲ။ စိတ်မပါ လက်မပါ လုပ်နေတဲ့ ဝန်ထမ်းတစ်ယောက်ကို တွေ့တဲ့အခါ ဘယ် Customer မှ သဘောမကျပါဘူး။ စင်ပေါ်မှာ ဟောပြောနေမယ်၊ ကိုယ့်လုပ်ငန်းအကြောင်း တင်ပြနေမယ်၊ လူနာဆီ ရောဂါအကြောင်း သွားရှင်းပြရမယ်၊ အဲဒီအခါတိုင်းမှာ တက်ကြွသွက်လက်စွာ၊ စိတ်အားထက်သန်စွာ လုပ်နေ၊ ပြောနေမယ်ဆိုရင် အလုပ်မှာ အောင်မြင်နိုင်တာပေါ့။
၂) သပ်ရပ်စွာ ဝတ်စားဆင်ယင်ပါ (Be properly attired)
ဝတ်စားဆင်ယင်မှုကလည်း အတိုင်းအတာတစ်ခုထိ လူကို ယုံကြည်မှုပေးပါတယ်။ အဝတ်အစား ခပ်နွမ်းနွမ်း ဝတ်ထားတဲ့အချိန်နဲ့ သပ်သပ်ရပ်ရပ် တောက်တောက်ပြောင်ပြောင် ဝတ်ထားတဲ့အချိန် စိတ်ခံစားချက်ချင်း မတူပါဘူး၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုချင်းလည်း ကွာပါတယ်။ လူတွေမှာ လွတ်လပ်စွာ ဝတ်စားဆင်ယင်ခွင့် ရှိတယ်ဆိုပေမယ့် အလုပ်ခွင်မှာတော့ စောင့်ထိန်းရမယ့် ကျင့်ဝတ်ဆိုတာ ရှိပါတယ်။ လူနာဆောင်ထဲကို ဆရာဝန်က တီရှပ်နဲ့ သွားမယ်ဆို အဆင်မပြေသလို၊ ဘောင်းဘီတိုနဲ့ ကုမ္ပဏီမှာ အလုပ်တက်ဖို့ ဆိုတာလည်း မဖြစ်နိုင်ပါဘူး။
ပြောစရာ ရှိတာပေါ့၊ ဖေ့စ်ဘွတ်က မာ့ခ်ဇူကာဘာ့၊ စတိဗ်ဂျော့ဘ်စ်၊ သူတို့တွေဆိုရင်ရော၊ တီရှပ်တွေပဲ ပေါ့ပေါ့ပါးပါး ဝတ်ဆင်တတ်ကြတယ် မဟုတ်လား၊ ဒီလို မေးစရာရှိတယ်။ ပြန်ဖြေရရင်တော့ သူတို့လို လုပ်ချင်ရင် သူတို့လို ဖြစ်အောင်အရင်လုပ်ပါဦး။ သူတို့တွေက သူတို့ရဲ့ အရည်အသွေးနဲ့ Personality ကို အဝတ်အစားက ဖော်ပြပေးနိုင်တဲ့ အဆင့်ထက် အများကြီးမြင့်သွားပါပြီ။ ဘယ်လိုပဲ ဝတ်စား ဆင်ယင်လာပါစေ၊ လူတိုင်းက လေးစားပြီးသားပါ။ အဲဒီအဆင့်ကို ကိုယ်မရောက်သေးဘဲ၊ တခြား အတုယူစရာတွေ အရင်မယူသေးဘဲ အဝတ်အစားကို အရင် အတုမယူစေချင်ပါဘူး။
၃) ခင်မင်နှစ်လိုဖွယ် မျက်နှာအမူအရာ (Wear a pleasant outlook)
တရုတ်စကားပုံ ရှိပါတယ်။ မပြုံးတတ်တဲ့ လူတစ်ယောက်ဟာ ဘာဆိုင်မှ မဖွင့်သင့်ဘူး တဲ့။ အဆောက်အဦးတစ်ခုထဲ ဝင်သွားတဲ့အခါ လှလှပပလေး Decoration လုပ်ထားမယ်၊ ပစ္စည်းတွေ သပ်သပ်ရပ်ရပ် ထားထားမယ်ဆို ဘယ်လိုခံစားရလဲ၊ ကြည်နူးတာပေါ့။ တွေးကြည့်ရင် အဲဒါက အဆောက်အဦက ကိုယ့်ကို ပြုံးပြလိုက်တာပါပဲ။ ကျွန်တော်တို့တွေရဲ့ မျက်နှာတွေဟာလည်း အဲဒီလို မြင်ရသူတိုင်း ကြည်နူးသွားရတာမျိုး ဖြစ်နေရင် ကောင်းပါမယ်။ သုန်သုန်မှုန်မှုန်နဲ့ဆို ဘယ်အဆင်ပြေမလဲ။ ပြုံးတာက ကျန်းမာရေးအတွက်လည်း ကောင်းကျိုးပေးပါသတဲ့။ မျက်မှောင်ကြုတ်ဖို့အတွက် အလုပ်လုပ်ပေးရတဲ့ ကြွက်သားအရေအတွက်ထက် ပြုံးဖို့ အလုပ်လုပ်ပေးရတဲ့ ကြွက်သားအရေအတွက်က ပိုနည်းပါတယ်။ ဘာကြောင့်များ မျက်မှောင်ကြီးကြုတ်ပြီး အပင်ပန်းခံမလဲ။ ပြုံးပြုံးရွှင်ရွှင်သာ နေလိုက်ပါ။
၄) ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိပါစေ (Self-confident)
ဆရာဝန်တစ်ယောက်နဲ့ တွေ့တယ်၊ ချီတုံချတုံ ဖြစ်နေတယ်၊ တစ်ခွန်းပြောလိုက် စဉ်းစားလိုက်၊ ပြောပြီးမှ မဟုတ်ဘူး ပြန်ပြင်လိုက် လုပ်နေရင် ဘယ်လိုမှ လူနာရဲ့ယုံကြည်မှုကို မရနိုင်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ဆိုတာ ဘယ်ကရသလဲဆိုရင် ကျွမ်းကျင်ပိုင်နိုင်မှုကနေ ရပါတယ်။ စင်ပေါ်တက် စကားပြောရတော့မယ်၊ ပထမဆုံးအကြိမ်ဆို လူတိုင်း ဒူးတုန်မှာပဲ။ ဒုတိယအကြိမ် ပိုအဆင်ပြေလာတယ်၊ တတိယအကြိမ် ပိုရဲလာတယ်၊ နောက်တော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလာတော့တာပဲ။ ဒါကြောင့် Personality တက်ဖို့၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိဖို့ဆိုရင် ကိုယ့်လုပ်ငန်းနဲ့ ပတ်သက်ပြီး ကျွမ်းကျင်ပိုင်နိုင်မှု ရှိထားဖို့ လိုပါလိမ့်မယ်။
၅) မျက်လုံးချင်း ဆုံကြည့်ပါ (Look into the eyes)
တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်ပြောဆိုကြတဲ့အခါမှာ တစ်ယောက်ပြောတာ တစ်ယောက် ကောင်းကောင်း နားလည်သွားဖို့ လိုပါတယ်။ မဟုတ်ရင် အချည်းနှီးပါပဲ။ အဲဒီလို ဆက်သွယ် ပြောဆိုကြတဲ့အခါမှာ မျက်လုံးချင်းဆုံဖို့ Eye contact က အရေးကြီးလာပါတယ်။ တောထဲမှာ သားရဲတိရစ္ဆာန်တွေနဲ့ ဆုံခဲ့လို့ ကြောက်အားလန့်အား ထွက်ပြေးရင် သေချာတယ်၊ အကိုက်ခံရတော့မှာပါ။ ဒီလိုမဟုတ်ဘဲ သူတို့တွေရဲ့ မျက်လုံးကို တည်တည်ငြိမ်ငြိမ် စူးစိုက်ကြည့်လိုက်ရင် အဲဒီအကောင်တွေ ဘာမှ ရန်မမူတော့ဘဲ ထွက်သွားပါလိမ့်မယ် တဲ့။ စူးရှတဲ့ အကြည့်တစ်ခုဟာ ရန်မူမယ်၊ တိုက်ခိုက်မယ် ဆိုတဲ့ အဓိပ္ပါယ် မဆောင်ပါဘူး၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်၊ ကိုယ်ဟာ ဒီအခြေအနေကို ရင်ဆိုင်ဖို့ သတ္တိရှိတယ် ဆိုတာကို တစ်ဖက်ကို သိအောင် ပြလိုက်တာပါပဲ။
၆) တည်ငြိမ်မှု ရှိပါစေ (Remain calm)
အိန္ဒိယလွတ်လပ်ရေး ကြိုးပမ်းစဉ်က မဟတ္တမဂန္ဒီကို ဖမ်းဆီးနှိပ်စက်ဖို့ ကြိုးစားခဲ့တဲ့ ဗြိတိသျှ အရာရှိတစ်ယောက်ဟာ ဂန္ဒီကြီးကို တကယ် တွေ့တဲ့အခါလည်းကျရော၊ ဘယ်လိုမှ မရိုက်နှက်ရဲတော့ပါဘူး တဲ့။ ဘာလို့ဆိုတော့ ဒီလိုဆိုးရွားတဲ့ အခြေအနေမှာတောင် တည်ငြိမ်မှု မပျက်တဲ့ ဂန္ဒီကြီးကို တွေ့လိုက်ရလို့ပါပဲ တဲ့။ လူတွေဟာ ပုံမှန်ဆို မသိသာဘူး၊ အတိုက်ခိုက်ခံရတဲ့အခါ၊ အဝေဖန်ခံရတဲ့အခါ၊ အပြောင်းအလဲနဲ့ ကြုံတဲ့အခါကျ စိတ်ဓါတ်ပျက်ပြားသွားပြီး ဆိုးဆိုးရွားရွား တုံ့ပြန်မှုတွေ လုပ်မိတတ်ကြပါတယ်။ ဒါကြောင့် ဘယ်လိုဆိုးရွားတဲ့ အခြေအနေမျိုးမှာမဆို တည်ငြိမ်မှုရှိအောင် ကြိုးစားကြဖို့ လိုပါတယ်။
ခုပြောခဲ့တဲ့ အချက် ၆ ချက်ဟာ Personality နဲ့ပတ်သက်ရင် တကယ့်အခြေခံအချက်တွေ ဖြစ်ပါတယ်။ စိတ်ဝင်တစား လေ့လာသင့်တဲ့ ခေါင်းစဉ်လည်း ဖြစ်သလို၊ အလွယ်တကူလည်း အွန်လိုင်းမှာ ဖတ်လို့ ရပါတယ်။ ဖတ်ရုံ သိရုံသက်သက်ဆိုတာထက် ကိုယ်တိုင်ကျင့်သုံးပါမှ ကိုယ့်ကို အောင်မြင်မှုရစေမယ့် အရာတွေလည်းပဲ ဖြစ်ပါတယ်။
ဒေါက်တာ ဖြိုးသီဟ
Ref : Personality by Venkata Iyer
186 Comments
ReplyDeleteပြည်သူ့ရင်သွေးတွေ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်တဲ့အခါ သူတို့ကို စိတ်ဓာတ်အားဖြင့် ကူညီနေလို့ မပြီးသေးဘူး။ သူတို့ကို စစ်ရေးနိုင်အောင် အထောက်အပံ့တွေ ကူညီပေးရမယ်။ ဒါမှလည်း လွတ်မြောက်ရေးတိုက်ပွဲတွေ ဆင်နွှဲအောင်မြင်နိုင်လိမ့်မယ်။
နေရာတိုင်းမှာ အသက်ပေးပြီး လွတ်လပ်မှုအတွက်တိုက်ယူနေကြရတာပါ။
အသက်ရင်းထားရသူတွေအတွက် တတ်နိုင်တာအကုန် ကူညီပေးပါတယ်။ ရှေ့ဆက်ပြီးလဲ ကူသွားမှာပါ။ ✊
DeleteThanks a lot, sayar phyo thi ha
Delete🤎🤎
DeleteThanks for info
ReplyDeleteI'll try my best💗
DeleteIt useful
ReplyDeleteok
DeleteNice
ReplyDelete👍🏼👍🏼👍🏼
ReplyDeleteThanks 😊
ReplyDeleteမှတ်သား လိုက်နာပါမယ်ဆရာ။
ReplyDeleteခုတော့ တော်လှန်ရေး အရည်အသွေးတက်အောင်
Clickရင်း ကူလိုက်ပါဦးမယ်။
Delete21st Century Revolution,
Gunမကိုင်တဲ့လက်တွေဟာ
Click နှိပ်ရင်း တော်လှန်ရးမှာ ပါဝင်ကြသတဲ့...။
Clicks, is just
doing things that
I'm really proud of.
DONE ✅✅✅ zppa
Delete14.1.2022
တော်လှန်ရေးအတွက် အထောက်အကူဖြစ်ဖို့ နိပ်ကြစို့
ReplyDeleteI like it.
ReplyDeleteThanks for sharing
ReplyDelete👍👍👍
Delete💪💪💪
ReplyDelete💪💪💪
ReplyDeleteGreat
ReplyDeleteကျန်းမာ ချမ်းသာကြပါစေ
ReplyDeletewe must win
ReplyDeleteခုလိုသပြေညိုတို့ပြည်သူ့အားတို့ရောင်နီတို့ကိုလင့်တစ်ခုထဲမှာဖတ်လို့ရတော့အဆင်ပြေပါတယ်စာတွေဖတ်ရတာအားရှိပါတယ်မပြတ်အားပေးနေပါတယ်
ReplyDeletegood
ReplyDeletedone
ReplyDelete09881345137
Done
ReplyDeleteDone
ReplyDeleteThank you .
ReplyDelete👍
DeleteThanks
ReplyDeleteThanks for sharing
ReplyDeleteMust try hard
ReplyDeleteClickခဲ့တယ် အရေးတော်ပုံအောင်ရမည်
ReplyDelete👍👍👍
ReplyDelete❤️❤️❤️
ReplyDeletelike
ReplyDeletesteve job က မအောင်မြင်ကတည်းက အဝတ်အစားကို သိပ်အာရုံမထားပါဘူး။ အဝတ်အစားကို ဂုဏ် အတွက် ဝတ်ဖို့မလိုဘူးလို့တော့ထင်တာပဲ
ReplyDeleteThanks (moonshine)
ReplyDeleteThanks
ReplyDeleteDone
ReplyDeleteDone
ReplyDeleteDone ✅
ReplyDeleteDone
ReplyDeleteကောင်းချက်
ReplyDeleteI am faကျော်မဲရောင်is my fb acc. 😁😁😁17old
ReplyDelete💪💪💪
ReplyDeleteအသိပညာရပါတယ်
ReplyDeleteကျေးဇူးပါ ဆရာ click ရင်း အသိတခု တိုးရင်း တန်တယ်ဗျာ
ReplyDeleteအားတင်းထားပါ
ReplyDeleteOk
ReplyDeleteမီးပျက်
ReplyDeleteFight!Fight!Fight!
ReplyDeleteSave all PDF
ReplyDeleteRight
ReplyDeleteso good
ReplyDelete💪💪💪💪💪💪💪💪
ReplyDeleteLike
ReplyDeleteGreat,thanks
ReplyDeletego
ReplyDeleteRight
ReplyDeleteမြန်မာာပြည်မှာသာလူလာဖြစ်ရင် ငြိမ်ရကောင်းလားဆိုပြီး ဂန္ဒီကြီးပါချခံရလောက်တယ် ဒီကခွေးတွေကကိုက်ဖို့ပဲသိတာ
ReplyDeleteကွာတယ်လေ၊ဒီကခွေးတွေက ဘယ်တော့မှစိတ်ကောင်းဝင်မှာမဟုတ်ဘူး၊အသိတရားလည်းရမှာမဟုတ်ဘူး။
Deletehok
ReplyDeleteit's very good
ReplyDeleteဆရာဖြိုးရေ ကျေးဇူးပါ
ReplyDeleteThz for sharing
ReplyDeleteNice.
ReplyDelete👍
DeleteThanks
ReplyDeleteကျေးဇူးပါ။ ဆရာရေ
ReplyDeleteကြိုက်တယ်ဗျာ။
ReplyDeleteDone ✅❣️💪❣️
ReplyDeletei'll try my best
ReplyDeleteDone
ReplyDeleteDone
ReplyDeleteNoted with thanks
ReplyDeleteThanks for sharing.
ReplyDeletenice app
ReplyDeleteThank.Dr.P T H
ReplyDeleteGood.Thanks for sharing knowledge.
ReplyDeleteThanks
ReplyDeletedone
ReplyDeleteKnowledgeable article
ReplyDeletelet do i
ReplyDeleteDone
ReplyDeleteLike
ReplyDeleteGood 👍🏿👍🏿👍🏿👍🏿👍🏿
ReplyDeleteMaAloeminaunghlaing
ReplyDeletePlease click more..💪💪💪
ReplyDeleteFighting all clickers.
ReplyDeleteThanks
ReplyDeleteありがとうございます
ReplyDeleteThanks Sir!
ReplyDeletehello
ReplyDeleteI appreciate these guidelines
ReplyDelete𝓘𝓷 𝓽𝓱𝓮 𝓮𝓷𝓭, 𝓽𝓻𝓾𝓽𝓱 𝓽𝓻𝓲𝓾𝓶𝓹𝓱𝓼 𝓸𝓿𝓮𝓻 𝓮𝓿𝓮𝓻𝔂𝓽𝓱𝓲𝓷𝓰.
ReplyDelete𝑩𝒆𝒆𝒉𝒊𝒗𝒆
Done!
ReplyDeletenice article
ReplyDeleteGood one
ReplyDelete31, Done ❣️💪
ReplyDeletegood
ReplyDeleteDone😎🤓🤠
ReplyDeleteသိန်း1သောင်းပြည့်ချင်ပါတယ်ဗျို့ 31, Done ❣️💪 fighting 💪
ReplyDeleteYes
ReplyDelete👍👍👍👍👍
ReplyDeleteWe must win
ReplyDeletegood. done
ReplyDelete💜💜💜💜
ReplyDeleteFIGHT FOR FREEDOM ÖK
ReplyDeleteFighting ❣️💪 သိန်းတစ်သောင်းပြည့်ချင်တယ်ဗျို့💪💪💪
ReplyDeleteLike
ReplyDeleteThanks for info
ReplyDeleteThanks for sharing
ReplyDeleteI am fa ကျော်မဲရောင်is my fb. Acc 17old
ReplyDeleteOk
ReplyDeleteEverybody click
ReplyDeleteDay1 done
ReplyDeleteမအေလိုး မင်းအောင်လှိုင်
ReplyDeleteClick Everyday
ReplyDeleteThanks
ReplyDeleteFighting
ReplyDeleteDone fighting 💪❣️💪
ReplyDeleteကျနော်တို့ကိုအဓိကထောက်ပံ့နေတဲ့ကျေးရွာလေးပတ်ပြေးနေရပြီ😥😥 သူတို့ကိုပြန်လည်ထောက်ပံ့ဖို့အလှူခံချင်ပါတယ်။ အဆင်ပြေသူများလှူပေးကြပါဦး👏👏👏
ReplyDeleteကျနော့် wave accountနံပါတ်ပါ 👇
09 966 525 909
အများကြီးမတတ်နိုင်လို့ဆိုပြီး မလှူပဲမနေပါနဲ့👏👏
ဖုန်းဘေတတ်နိုင်လဲဖုန်းဘေလှူလို့ရပါတယ်🙆♂️🙆♂️
ကျနော့် Gmail accountပါ👇
chityaaung.200212@gmail.com
Fighting
ReplyDeleteNice!
ReplyDelete🤗🤗🤗
ReplyDelete✊💪💪
ReplyDeleteThank for your sharing.
ReplyDeleteFighting clicker
ReplyDeleteငါတို့သည်နိုင်ကိုနိုင်ရမည်
ReplyDeleteGreat
ReplyDeleteပို ကလစ် ပါ မယ် အချိန် တိုင်း
ReplyDelete������
Click
ReplyDeleteLook into the 👁️.
ReplyDeleteClick
ReplyDeleteClick
Click...✍️✍️✍️
Click
ReplyDeleteClick
Click...✍️✍️✍️13.1.2022
အသိပညာလည်ရ
ReplyDeleteကုသိုလ်လည်းရ
clickကြပါ
I am fa. ကျော်မဲရောင်is my fb acc. 17old😁😁😁
ReplyDeleteThanks
ReplyDeleteNice
ReplyDeleteFighting!💪💪💪
ReplyDeleteပညာပေးဆောင်းပါးလေးတွေကို ဖတ်လို့မပျင်းအောင်ရေးတတ်လို့ ဆရာ့ကိုကျးဇူးတင်တယ်။ ကလောင်သုံးပြီး ရှေ့တန်းကရွပ်ရွပ်ချွန်ချွန်တိုက်နေလို့လည်းပိုလေးစားရပါတယ်။
ReplyDeleteClick✅
ReplyDeleteDone🍁
ReplyDeleteအားတင်းထားကြပါ။
ReplyDeleteညကြီးမင်ုးကီးထပြီးကလစ်👍👍👍👍👍👍👍👍👍👍👍👍👍
ReplyDeleteGood
ReplyDeleteကျေးဇူးပါဗျာ အခုလို တန်ဖိုးရှိတဲ့စာလေးတွေ ဖတ်ခွင့်ရလို့😊😊😊
ReplyDeleteအုတ်တစ်ချပ် သဲတစ်ပွင့်
ReplyDeleteကျရာတာဝန်ထမ်းရွက်ရမည်။
ReplyDeleteHope
ReplyDeleteမှတ်သားလိုက်နာဖွယ်ကောင်းလိူက်တာ
ReplyDeleteတော်လှန်ရေး အောင်ရမည်.
ReplyDeleteFighting 💪
ReplyDeleteHope to see more
ReplyDeleteClick
ReplyDeleteအရေးတော်ပုံအောင်ရမည်။
ReplyDeleteGreat
ReplyDeleteနေ့တိုင်း click ပါရစေ
ReplyDeleteDone✊✊
ReplyDeleteအုတ်တစ်ချက်သဲတစ်ပွင့်
ReplyDeleteအရေးတော်ပုံအောင်ပါစေ
✊✊💪
ReplyDeletedone✊
ReplyDeleteGood
ReplyDeleteအောင်ရမညမ
ReplyDeleteအရေးတော်ပုံ အောင်ရမည်။
ReplyDeleteWeClick2Donate WeSupport2Win💪💪💪
ReplyDelete✊✊💪👍
ReplyDeleteThanks for sharing
ReplyDeleteThanks.
ReplyDeleteDone
ReplyDeleteRight 👍
ReplyDeleteDone!
ReplyDeleteThanks
ReplyDeleteFighting💪💪💪💪💪
ReplyDeleteDone
ReplyDeleteနေ့တိုင်းကလစ်🌹🌹🌹
ReplyDeleteကိုယ့်နာမည်နဲ့ကျမန့်ကမပေါ်လာဘူး မပြောင်းတတ်တော့ဘူး😂
ReplyDeleteDone
ReplyDeleteHi
ReplyDeleteအခုလိုမျှဝေရေးသားပေးလို့ကျေးဇူးတင်ပါတယ်ဆရာ မှတ်သားလိုက်နာပါ့မယ်
ReplyDeleteI try clickeveryday for our country
ReplyDeleteBooom.
ReplyDeleteဆရာဖြိုး ရဲ့ စာပေတွေ အတွက်လဲ ခွန်အားဖြစ်စေပါတယ်
ReplyDeleteကျေးဇူးပါ ရှင့်
ကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ
ReplyDelete