စိတ်ဒုက္ခဖြစ်စရာတွေနဲ့ ကြုံတွေ့ရတဲ့အခါ
ဒီအောက်က လင့် စာတန်းလေးတွေကို တချက်နှိပ်လိုက်ပါ ပေ့ချ်တစ်ခုပေါ်လာပါမယ်ခင်ဗျာ
ငယ်ငယ်က လူကြီးတွေပြောရင် နားမလည်နိုင်တဲ့ စကားတစ်ခွန်း ရှိခဲ့တယ်။ အဲဒါ ဘာလဲဆိုတော့ ကျွန်တော်တို့ စာတွေ မကျက်ချင်၊ စာမေးပွဲ မဖြေချင်၊ လူကြီးတွေ ချုပ်ချယ်တာ မခံချင်တော့တဲ့အခါ ပြောကြတယ်၊ လူကြီး ဖြစ်ချင်တယ်၊ လူကြီးဖြစ်ရင် ပျော်စရာကောင်းမှာပဲ ဆိုတော့ သူတို့က ပြန်ပြောတယ်၊ ကလေးဘဝက အကောင်းဆုံးပဲ တဲ့။
အဲဒီတုန်းက နားမလည်ခဲ့ပေမယ့် အသက်ကြီးလာလေလေ နားလည်လာလေလေပဲ။ ငယ်ငယ်တုန်းက အကြီးကြီးထင်ခဲ့ရတဲ့ စိတ်ဒုက္ခတွေဟာ ခုကြုံနေရတာတွေနဲ့ ယှဉ်လိုက်ရင် ဘာမှမဟုတ်တော့ဘူး။ ကျောင်းမှာ ဖြေခဲ့ရတဲ့ စာမေးပွဲတွေထက် ဘဝစာမေးပွဲတွေမှာ အောင်မြင်ဖို့က လိုအပ်ချက်တွေ ပိုများလာတယ်။ အဲဒီတုန်းက စည်းကမ်းကြီးတဲ့ ဆရာဆရာမတွေကို တုန်နေအောင် ကြောက်ခဲ့ရတာတွေက အပြုံးချိုချိုလေးတွေသုံးပြီး နောက်ကျော ဓါးနဲ့ထိုးတတ်သူတွေနဲ့ ယှဉ်တဲ့အခါ ဘာမှမဟုတ်တော့ဘူး။ ဖြူဖြူစင်စင် ခင်မင်ခဲ့ကြတဲ့ သူငယ်ချင်းတွေနေရာမှာ “စိတ်မကောင်းလိုက်တာ” ဆိုတဲ့ စကားကို တွင်တွင်သုံးပြီး ကိုယ်ပျက်စီးရှုံးနိမ့်တာကို ကြိတ်ဝမ်းသာနေတဲ့သူတွေ အစားထိုး ဝင်ရောက်လာတယ်။ ကျောင်းမထုတ်ခံရဖို့ ဆိုတာ စည်းကမ်းကြီးကြီးမားမား မဖောက်ဖျက်ရင် ဖြစ်နိုင်ပေမယ့် အလုပ်မထုတ်ခံရဖို့ကတော့ အချိန်ပြည့် ကြိုးစားနေရသလို ဘာမှမမှားဘဲနဲ့လည်း ဝန်ထမ်းလျှော့တဲ့အထဲ နေရင်းထိုင်ရင်း ပါသွားနိုင်တယ်။
ချစ်ရခင်ရသူတွေနဲ့ ခွဲခွာရတာတွေ များလာတယ်။ ပြိုင်ရတဲ့ ပြိုင်ပွဲတွေ များလာတာနဲ့အမျှ ရှုံးပွဲမရှိစံချိန် ဆိုတာတွေ ကျိုးပျက်လာတယ်။ ငယ်ငယ်က မိဘက လိုသမျှ ဖြည့်ဆည်းပေးခဲ့ပေမယ့် ကြီးလာတော့ ဆန္ဒနဲ့ ဘဝဟာ တစ်ထပ်တည်းအမြဲ မကျနိုင်ဘူးဆိုတာ သဘောပေါက်လာတယ်။ ကိုယ်ဖြစ်ချင်တာတွေ ဖြစ်လာဖို့ ကြိုးစားနေတဲ့ တစ်ချိန်တည်းမှာ မဖြစ်ချင်တာတွေကိုလည်း လက်ခံနိုင်အောင် ကြိုးစားလာရတယ်။ ဒါကိုပဲ ရင့်ကျက်ခြင်းလို့ ခေါ်တယ်။ ဘဝတစ်ခုကို ဖြတ်သန်းနိုင်ဖို့ မရှိမဖြစ် လိုအပ်ချက်လည်း ဖြစ်တယ်။
ဗုဒ္ဓမြတ်စွာဘုရား ဟောကြားထားသလိုပါပဲ၊ ဘဝဆိုတာ ဒုက္ခတွေနဲ့ ပြည့်နှက်နေတာပါ။ ကြည့်ကြည့်လိုက်ပါ၊ ဒုက္ခကင်းတဲ့ ဘဝဆိုတာ ဘယ်မှာမှ မရှိပါဘူး။ နိဗ္ဗာန်ရောက်ကြောင်း တရားအားထုတ်ဖို့ ပြောနေတာ မဟုတ်ပေမယ့် ဘဝတစ်ခုကို ဖြတ်သန်းတဲ့အခါ ဒုက္ခဆိုတာ ပါလာမယ်၊ ဒါကို ရှောင်လွှဲလို့ မရဘဲ အရှိအရှိအတိုင်း လက်ခံနိုင်ဖို့ လိုတယ်ဆိုတာလေး ပြောချင်တာပါ။
ကိုယ့်ဘဝမှာ ကိုယ်နဲ့ ကတောက်ကဆ ဖြစ်နေချိန် ကိုယ့်မိသားစုဝင် တစ်ယောက်ယောက်၊ ကိုယ်ချစ်ရသူ တစ်ယောက်ယောက် ရုတ်တရက် ဆုံးပါးသွားတာမျိုး၊ သိပ်ကိုအောင်ချင်လို့ တအားကြိုးစားဖြေဆိုထားတဲ့ အင်တာဗျူးတစ်ခု ကျသွားတာမျိုး၊ ပြိုင်ပွဲတစ်ခုမှာ ရှုံးသွားတာမျိုး၊ ကိုယ်သိပ်ချစ်ရတဲ့ သူတစ်ယောက်ဆီက အကြောင်းမဲ့ လမ်းခွဲစကား ပြောတာ ခံလိုက်ရတာမျိုး၊ ကိုယ်အင်မတန် ယုံကြည်သူတစ်ယောက်ရဲ့ လိမ်ညာတာကို သိလိုက်ရတာမျိုး၊ အဓမ္မပြုကျင့်တာလို၊ အရှက်ခွဲခံရတာ၊ အနိုင်ကျင့်ခံရတာလို အင်မတန် ဆိုးရွားတဲ့ အဖြစ်အပျက်တစ်ခုခုနဲ့ ကြုံခဲ့ရတာမျိုး စသဖြင့် ရှိပါသလား။ အဲဒီလို အဖြစ်အပျက်တွေ၊ ရှုံးနိမ့်မှုတွေကြောင့် အရာရာပြိုလဲသွားတာမျိုးရော ဖြစ်ဖူးပါသလား။
တကယ်တော့ ဒီလိုဆုံးရှုံးမှုတွေ၊ ရှုံးနိမ့်မှုတွေကို ရှောင်လွှဲလို့ မရနိုင်ဘူး။ ကျွန်တော်တို့ လုပ်နိုင်တာက ဒါတွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်မလဲ ဆိုတာပါပဲ။
စိတ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ Martin Seligman က ပြောတယ်၊ အဲဒီလို အဖြစ်အပျက်မျိုးကနေ ပြန်လာနိုင်ဖို့ လူတစ်ယောက်ကို ဟန့်တားနိုင်တဲ့ အရာ ၃ ခု (3 P) ရှိပါတယ်တဲ့။
၁။ Personalization – ကိုယ့်အပြစ်ကြောင့်၊ ကိုယ်အသုံးမကျလို့ ဒီလိုဖြစ်တာလို့ ခံယူတတ်ကြတယ်။
၂။ Pervasiveness – ကိုယ့်ဘဝရဲ့ ကျန်တဲ့ အစိတ်အပိုင်းတွေအားလုံးမှာလည်း ဒါကြီးက သက်ရောက်မှု ရှိလိမ့်မယ်လို့ မှတ်တတ်ကြတယ်။
၃။ Permanence – ဒီကိစ္စကြီးက အမြဲတည်တံ့နေတော့မယ်လို့ ထင်တတ်ကြတယ်။
ဥပမာ ဆိုပါတော့၊ ကိုယ်မျှော်လင့်ချက်အပြည့်နဲ့ တအားကြိုးစားခဲ့ရတဲ့ အင်တာဗျူးတစ်ခု ကျသွားပြီး နောက်တစ်ယောက်က ကိုယ့်အစား ရွေးချယ်ခံလိုက်ရတယ်။ အဲဒါက ကိုယ်အသုံးမကျလို့ ဖြစ်တာလို့ တွေးတယ် (Personalization)။ ငါဟာ ဘယ်နေရာမှာမှလည်း အောင်မြင်မယ့်သူ မဟုတ်ဘူးလို့ တွေးတယ်။ ကျန်တဲ့ ဘဝရဲ့အစိတ်အပိုင်းတွေမှာပါ အဆင်မပြေ ဖြစ်လာတယ် (Pervasiveness)။ နောက်ထပ်လည်း ကြိုးစားချင်စိတ် မရှိတော့ဘူး။ ငါဟာ အမြဲရှုံးနိမ့်နေတော့မှာလို့ တွေးတယ် (Permanence)။ဖေ့စ်ဘွတ်ရဲ့ Sheryl Sandberg က သူ့ရဲ့ Option B ဆိုတဲ့ စာအုပ်မှာ ရေးဖူးတယ်။ သူ့အမျိုးသားက ပြေးစက်ပေါ်မှာ ပြေးနေရင်း ရုတ်တရက်ဆုံးပါးသွားတယ်။ အဲဒီအဖြစ်ဆိုးကြီး ကြုံပြီးနောက်မှာ ရုန်းကန်ထပြီး ပုံမှန်အနေအထား ပြန်ရောက်နိုင်ဖို့အတွက် သူလည်း ဒီ 3 P ကို ကျော်ဖြတ်ခဲ့ရတယ်။ သူ ဘယ်လိုထင်သလဲဆိုတော့ ငါ ဂရုမစိုက်လိုက်လို့ ယောကျာ်းဖြစ်သူ ဒီလိုဖြစ်တာပေါ့။ ပြေးစက်ပေါ်ကနေ ပြုတ်ကျပြီး ခေါင်းထိသွားတယ်ထင်လို့ ငါသာ စောစောရောက်လိုက်ရင် သူ့အသက် မီနိုင်တယ်လို့ တွေးတယ်။ သူ့အမျိုးသား ဆုံးပြီးနောက်ပိုင်း လုပ်ငန်းခွင်မှာလည်း အဆင်မပြေတော့ဘူး။ သူရော သူ့ကလေးနှစ်ယောက်ရဲ့ ဘဝတွေအကုန် ဒုက္ခရောက်ပြီလို့ ထင်နေမိခဲ့တယ်။ နောက်ပြီး ဒီစိတ်ဒဏ်ရာ၊ ဒီအရိပ်ဆိုးကြီးက သူတို့ ကျန်ရစ်တဲ့မိသားစုမှာ ရှိနေတော့မှာလို့ တွေးတယ်။
နောက်မှ သူ့ယောကျာ်းဟာ နှလုံးသွေးကြောပြဿနာကြောင့် သေဆုံးတာလို့ သိရတယ်။ သူ့အပြစ် ဘာမှ မပါပါဘူးပေါ့။ လုပ်ငန်းခွင်နဲ့ သူတို့မိသားစုရဲ့ တခြားအစိတ်အပိုင်းတွေမှာလည်း နဂိုအတိုင်း ပျော်ရွှင်မှုတွေ ရနိုင်တယ်လို့ မြင်လာတယ်။ ဒီအရိပ်ဆိုး၊ ဒီစိတ်ဒဏ်ရာတွေကနေ ရုန်းထွက်နိုင်တယ်လို့လည်း ယုံကြည်လာတယ်။ ဒါကြောင့် သူက သူ့အမျိုးသားဆုံးပါးသွားတဲ့ အဖြစ်ဆိုးတစ်ခုကနေ ပြောပြသွားတယ်၊ အဲဒီ 3 P ကနေ မြန်မြန်ရုန်းထွက်နိုင်တဲ့သူဟာ ရှုံးနိမ့်မှုတစ်ခု၊ အဖြစ်အပျက်ဆိုးတစ်ခု ကြုံပြီးတဲ့နောက်မှာ ကိုယ့်ကိုယ်ကိုယ် မြန်မြန်ပြန်တည်ဆောက်နိုင်ပါတယ်တဲ့။
အဓိကကတော့ အတွေးတွေကို ပြောင်းဖို့ပေါ့။ တချို့ကိစ္စတွေဟာ ကိုယ့်အမှားကြောင့် ဖြစ်တာမှန်ပေမယ့် အခါခပ်သိမ်းတော့ မဟုတ်ပါဘူး။ ဥပမာ အင်တာဗျူးမှာ လူရွေးတော့ ကိုယ်က တော်ပါရက်နဲ့ အချင်းချင်း ရင်းနှီးသူကို ရွေးလိုက်တာမျိုး ရှိတတ်တယ်။ နေရင်းထိုင်ရင်း သွားရင်းလာရင်းနဲ့ အဓမ္မပြုကျင့်တာ၊ လိင်အကြမ်းဖက်မှုတစ်ခုခု ကျူးလွန်ခံလိုက်ရတာမျိုး ရှိနိုင်တယ်။ ကိုယ် စိတ်အခန့်မသင့်လို့ စကားမာမာ ပြောမိလိုက်ပြီး မကြာခင်မှာပဲ ကိုယ့်မိသားစုဝင်တစ်ယောက် ရုတ်တရက် အသက်ဆုံးရှုံးသွားတယ်။ အဲဒါမျိုးဆိုလည်း ကိုယ်ပြောလို့ဖြစ်တာ မဟုတ်ပေမယ့် သူ့ကို ဒီလိုလေး မပြောခဲ့သင့်ဘူးဆိုပြီး နောင်တရနေတတ်တာပဲ။ အဲ့ဒီလို ကိုယ်နဲ့မဆိုင်တဲ့ကိစ္စတစ်ခုအတွက် ငါ့အပြစ်ကြောင့်ဖြစ်တာဆိုတဲ့ အတွေးတွေကို ဖျောက်ပစ်နိုင်ဖို့ လိုတယ်။
နောက်တစ်ခု၊ ဒီတစ်နေရာမှာ ရှုံးနိမ့်သွားတိုင်း၊ ဒီလိုအဖြစ်အပျက်ဆိုးတွေ ကြုံလိုက်ရတိုင်း ဘဝတစ်ခုလုုံး စုတ်ပြတ်သတ်သွားတာ မဟုတ်ဘူး။ ယောကျာ်းက ဆိုးလို့ အိမ်ထောင်ကွဲသွားတာနဲ့ပဲ အရာအားလုံး ပြိုလဲသွားမှာ မဟုတ်ဘူး။ အသည်းကွဲလို့၊ အဖေအမေဆုံးသွားလို့၊ အလုပ်ပြုတ်သွားလို့ ငါ့ဘဝတစ်ခုလုံး ပျက်စီးသွားပြီ တွေးစရာ မလိုပါဘူး။ ကျန်တဲ့အစိတ်အပိုင်းတွေဟာ သက်သက်ဖြစ်ပါတယ်။ သူ့ဟာနဲ့သူ ဖြစ်တည်နေပါတယ်။ ဒါကို ခွဲခြားပြီးတော့ မြင်ကြည့်ပေးပါ။
နောက်ဆုံးတစ်ခုကတော့ အမြဲအရိပ်လို လိုက်နေမှာ ဆိုတဲ့ အတွေးမျိုးပါ။ ဒီတစ်ခါ ရှုံးနိမ့်သွားတာဟာ ဒီတစ်ခါပါပဲ။ ကိုယ့်ရဲ့ အားထုတ်မှုမှန်သမျှ ရှုံးနိမ့်နေတော့မယ် ဆိုတဲ့ အဓိပ္ပါယ် မဟုတ်ပါဘူး။ ဝမ်းနည်းစရာတွေနဲ့ အဆုံးသတ်သွားတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ဟာ ဒီတစ်ပုဒ်စာပါပဲ။ ထပ်ပြီး ဖြစ်လာမယ့် အချစ်ဇာတ်လမ်းတိုင်းဟာ ဒီလိုပြီးဆုံးမှာ မဟုတ်ပါဘူး။ မအောင်မြင်လို့၊ အရှုံးပေါ်လို့ လုပ်ငန်းတစ်ခု ရပ်လိုက်ရခြင်းဟာ ထပ်လုပ်မယ့် လုပ်ငန်းမှန်သမျှ ရှုံးနေမယ်ဆိုတဲ့ အဓိပ္ပါယ် မဟုတ်ပါဘူး။
ခုနောက်ပိုင်း ကျွန်တော်တို့နိုင်ငံမှာ တွေ့ရများလာတဲ့ အဓမ္မပြုကျင့်မှုတွေနဲ့ ပတ်သက်လို့လည်း ကျူးလွန်ခံလိုက်ရတဲ့ သူတွေကို ဒါလေး သိစေချင်တယ်။ ဒီလိုအဖြစ်အပျက်မျိုးနဲ့ ကြုံလိုက်ရတာ ကိုယ့်အပြစ် လုံးဝမဟုတ်သလို ဒီလိုကြုံလိုက်လို့လည်း ကိုယ့်ဘဝတစ်ခုလုံး စုတ်ပြတ်သွားပြီ မထင်ပါနဲ့။ စိတ်ဓါတ်မကျဘဲ ကိုယ့်ကိုယ်ကိုယ် သေချာစနစ်တကျ တည်ဆောက်ယူနိုင်ပါတယ်။ ဘဝရဲ့ ကျန်အစိတ်အပိုင်းတွေဟာ သူ့ဟာနဲ့သူပဲ ရှိနေတာပါ။ အဲဒီလိုပဲ၊ ဒီအဖြစ်ဆိုးကြီးက ကိုယ့်ဘဝရဲ့ တန်ဖိုးကို အဆုံးအဖြတ် မပေးနိုင်ပြန်ပါဘူး။ ကိုယ်ဟာ တန်ဖိုးရှိတဲ့သူတစ်ယောက်အနေနဲ့ လောကအလယ်မှာ ဆက်လက်ရပ်တည်နိ်ုင်ပါတယ်။
လူတစ်ယောက်နဲ့တစ်ယောက် အရှုံးတွေကို လက်ခံနိုင်ပုံချင်း မတူကြသလို၊ ကြုံရတဲ့ အဖြစ်အပျက်တွေရဲ့ ဆိုးရွားမှုချင်းကလည်း မတူကြပါဘူး။ တကယ်လို့များ ကိုယ်ဟာ အရှုံးတွေ၊ စိတ်ဒုက္ခတွေကို သိပ်ပြီး လက်မခံနိုင်ဘူး၊ ဒါမှမဟုတ် ဘဝမှာ သိပ်ကိုမှ ဆိုးရွားတဲ့ အဖြစ်အပျက်တွေ ကြုံခဲ့ရဖူးတယ်ဆိုရင်တော့ ခုပြောခဲ့တဲ့ 3 P ကို သိထားဖို့နဲ့ ကျော်လွှားနိုင်ဖို့ လိုပါတယ်။
လူရယ်လို့ ဖြစ်လာရင် ကျွန်တော်တို့မှာ အကြွေစေ့လေးတွေ ရလာပါတယ်။ ဆုံတွေ့ခြင်းဟာ ‘ခေါင်း’ဆိုရင် ခွဲခွာခြင်းဟာ ‘ပန်း’ပါ။ အောင်မြင်ခြင်းဟာ ‘ခေါင်း’ဆိုရင်လည်း ရှုံးနိမ့်ခြင်းဟာ ‘ပန်း’ပါ။ ပျော်ရွှင်ခြင်းက ‘ခေါင်း’ဆိုရင်တော့ ဝမ်းနည်းခြင်းက ‘ပန်း’ပါ။ သုခတွေက ‘ခေါင်း’ဆို ဒုက္ခတွေက ‘ပန်း’ပေါ့။ ‘ခေါင်း’တွေပဲ လိုချင်ပါတယ်ဆိုပြီး တောင်းဆိုနေလို့ မရပါဘူး။ ကျွန်တော်တို့ လုပ်နိုင်တာကတော့ ‘ခေါင်း’ကျတဲ့အခါ ပျော်နေတဲ့ တစ်ချိန်တည်းမှာပဲ ‘ပန်း’ဘက်ခြမ်းမှာ ပါလာတဲ့ အဆိုးတရားတွေကို လက်ခံပြီး ရုန်းကန်ထနိုင်စွမ်း ရှိလာအောင် ကြိုးစားဖို့ပါပဲ။
ဒေါက်တာ ဖြိုးသီဟ
၁၇.၄.၂၀၁၈
256 Comments
ReplyDeleteဒီလောက်လေးပဲ ရောက်အောင်လာဖို့
ဒီလမ်းကို စခဲ့တာမဟုတ်ဘူး
ငါတို့မှာ ငါတို့ပဲရှိတယ်
ကိုယ့်ကိုကိုယ်တွန်းကြမယ်
ပေးဆပ်ထားတဲ့ ဒီတော်လှန်ရေး
သွေးအေးသွားရင် ခွင့်မလွတ်ကြေး✊
စိတ်ဒုက္ခရောက်တဲ့အခါ
Delete၁ – အကောင်းဘက်က မြင်ပေးပါ။
၂ – ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး ဆိုတာလေး သတိရပေးပါ။
၃– အကောင်းဆုံးလမ်းကို ရွေးတတ်ပါစေ။
Yes
Deleteမှန်တာပေါ့
DeleteGood
DeleteGood
Delete🔥👍
Deleteညီမက ကယားကပါ ပြေးနေရလဲကလစ်နေဆဲပါ မီးလဲမရှိ ဖုန်းလိုင်းအဆင်မပြေလဲကလစ်နေပါတယ်☺️
ReplyDeleteနောက်ရက်တွေမှာ မကလစ်နိုင်တော့ရင်နားလည်ပေးကြပါရှင့်🥺🙏
ဂရုစိုက်ပါ
Deleteဖိုက်တင်း 💪
သတိရှိပါ ဂရုစိုက်ပါနော် 💪
Deleteကယားပြည်နယ်မှပြည်သူများ ဘေးကင်းကြပါစေလို့ဆုတောင်းပေးပါတယ် ။ ကလစ်လဲလုပ် ။ နိုင်သလောက်လဲလှုနေပါတယ် ။ ဂရုစိုက်ကြပါလို့ပြောဖို့ အားနာမိတယ် ။
Deleteလေးစားပါတယ်ရှင့် ❣️ဘေးကင်းကြပါစေနော်
Deleteဓာတ်ပုံတင်တာ ဘယ်လိုတင်လဲ ခင်ဗျ
Deleteဂရုစိုက်ပါ ဘေးကင်းပါစေ
Delete💪💪💪
ReplyDeleteOk
ReplyDeleteFighting 😢😢😢အားတင်းထားပါ
Deleteရောင်နီလာ့တော့မည်
Click
ReplyDeleteClick
Click.........✍️✍️✍️
အရေးတော်ပုံမုချ အောင်ကိုအောင်ရမည်။
👍👍👍
DeleteClick
ReplyDelete👍👍👍
ReplyDeletegood👍
ReplyDelete9.1.2022( jan-9)
Done!✊✊
ReplyDelete💪💪💪
ReplyDeleteDONE
ReplyDeleteပြုံးပြီးရင်ဆိုင်မှဒုက္ခကကိုယ့်ကိုဒူးထောက်လာမယ်
ReplyDeleteဘယ်တော့မှလက်မလျှော့ဘူးစစ်ခွေးတွေကိုအဆုံးထိတိုက်သွားမယ်
ReplyDeleteစစ်ခွေးအုပ်စု ကျဆုံးရမယ်
Delete❤️❤️❤️
ReplyDeleteSorry
ReplyDeleteနွေဦးတော်လှန်ရေးမှာ ပထမဦးဆုံး ရှေ့ကနေ ဦးဆောင် တိုက်ပွဲဝင်ခဲ့ကြတဲ့ ကလေး PDF ကိုလဲ ဂရုစိုက်ပေးကြပါဦးဗျာ 🙏🙏🙏
ReplyDeletelike
ReplyDeleteအရေးတော်ပုံအောင်ကို အောင်ရမည်။💪💪💪
ReplyDeleteမီးပျက်လို့ဒီနေ့နောက်ကျသွားသေးတယ်😢တစ်နေ့၂ခါမဟုတ်တော့ဘူးတစ်နေ့၃ခါပျက်နေပြီမီးစုတ်မီးနာက😭
ReplyDeleteDone💛
ဟုတ်ပတစ်ချိန်လုံးပျက်နေတာ
Deletegood thanks
ReplyDeleteThz to Dr Pho!!
ReplyDeleteThz
ReplyDeleteကြိုးစားလျက်ပါ
ReplyDeleteအားလုံးfighting!
Fighting to all 💪💪💪
ReplyDelete:( :) :D
ReplyDeleteclick
ReplyDeleteI am fa😁😁.ကျော်မဲရောင်is my fb acc. 17old.
ReplyDeleteClickအကြောင်းကြိုက်ရာမေးgroupထဲကပေးတဲ့mbနဲ့clickနေပါတယ်
ဆော့ဝဲးကနေပြန်ထွက်သွားတာဘာကြောင့်လဲ
ReplyDeleteClick
ReplyDeleteကိုယ်ဟာအစွဲအလန်းကြီးသူပါ...
ReplyDeleteခုလဲ ၂၀၂၁ ကတချို့အကြောင်းအရာတွေတွေးမိတိုင်း လန့်နိုးနေတတ်ဆဲ..အိမ်မက်ကြီးသာဖြစ်ပါစေဆုတောင်းဆဲ..(ဒါတောင်ကိုယ်ဟာ စစ်ဘေးရှောင်နေရာမှာမဟုတ်သေးဘူး)ကယားတို့/ချင်းတို့/ စစ်ကိုင်းတို့အခြေအနေတွေကို (အဆင်ပြေပါစေလို့ဆုတောင်းပေးရမှာတောင် အားနာတယ်)
ပရဟိတ စစ်သားတွေကိုလဲအားနာတယ်..
တတ်နိုင်သလောက်ထောက်ပို့ပြီး...
ချစ်ခင်တဲ့သူတွေထွက်သွားတာကိုလဲမခံစားနိုင်ဘူး..
(ငယ်ငယ်တုန်းကဆို ငါအရင်ထွက်သွားမယ်လို့ အမြဲတွေးခဲ့သူပါ....ခုကရင့်ကျက်လာတော့ပိုခံစားရတယ်)
Same feeling. 🥺
Deletefighting all clicker.
ReplyDeleteClick
ReplyDeletei like this
ReplyDeleteThanks
ReplyDeletefighting
ReplyDeleteအခုစာဖတ်ရလိုက်တဲ့အတွက်ပိုပြီး စိတ်ငြိမ်နိုင်ပါပြီ ကျေးဇူးတင်ပါတယ်။
ReplyDelete
Delete:)
𝐼𝑛 𝑡ℎ𝑒 𝑒𝑛𝑑, 𝑡𝑟𝑢𝑡ℎ 𝑡𝑟𝑖𝑢𝑚𝑝ℎ𝑠 𝑜𝑣𝑒𝑟 𝑒𝑣𝑒𝑟𝑦𝑡ℎ𝑖𝑛𝑔.
ReplyDeleteဒေတာနဲ့ကလစ်ရတာဆိုတော့နိုင်သလောက်နေ့တိုင်းကလစ်ပါတယ်
ReplyDeleteအတူတူပါပဲ ဖိုက်တင်း💪
DeleteWe click,we support and we win.
ReplyDeleteဒါလေးဖတ်လိုက်တော့ စိတ်သက်သာသွားပြီး
ReplyDeleteThanks C2D
ReplyDeleteFighting 💪💪💪
ReplyDeleteအငြိုးနဲ့ ကလစ်ကြ...
ReplyDeletefoght for freedom
ReplyDeleteDone
ReplyDeleteWe must win 💯👍
ReplyDeleteThank
ReplyDeleteအားမလျော့ပါနဲ့မင်မင်
ReplyDeleteဆူလို့ရပါတယ်
ကြိုးစားပြီးထပ်ကလစ်မယ်
ပညာရရှိ ပြုပြင်နိုင်ပါတယ်.
ReplyDeleteNice
ReplyDeleteThanks for that Dr
ReplyDeleteClick
ReplyDeleteDone
ReplyDeleteDone💥💥💥💥💥
ReplyDeletethanks for knowledge
ReplyDeleteDone👍
ReplyDeleteEverybody click
ReplyDeleteThanks
ReplyDeleteလယ်တွင်းသားစောချစ်ရဲ့ မြန်မာစာကားပုံဝေါဟာရဇစ်မြစ်အကြောင်းလေးတွေ တင်ပေးပါ့လား။
ReplyDeleteFighting with clicking
ReplyDeleteClicking with fighting💪💪💪
Fighting
ReplyDeleteDone
ReplyDeleteClick for our Heroes 💪💪💪
ReplyDeleteDone done clickers
ReplyDeleteClick မြဲ Click ဆဲ
ReplyDeleteအမြဲတမ်းclickနေပါကြောင်း Fighting ❣️💪
ReplyDeleteLive
ReplyDeleteKeep going
ReplyDeletethat's cool
ReplyDelete💪💪💪
ReplyDeleteလူရယ်လို့ ဖြစ်လာရင် ကျွန်တော်တို့မှာ အကြွေစေ့လေးတွေ ရလာပါတယ်။ ဆုံတွေ့ခြင်းဟာ ‘ခေါင်း’ဆိုရင် ခွဲခွာခြင်းဟာ ‘ပန်း’ပါ။ အောင်မြင်ခြင်းဟာ ‘ခေါင်း’ဆိုရင်လည်း ရှုံးနိမ့်ခြင်းဟာ ‘ပန်း’ပါ။ ပျော်ရွှင်ခြင်းက ‘ခေါင်း’ဆိုရင်တော့ ဝမ်းနည်းခြင်းက ‘ပန်း’ပါ။ သုခတွေက ‘ခေါင်း’ဆို ဒုက္ခတွေက ‘ပန်း’ပေါ့။ ‘ခေါင်း’တွေပဲ လိုချင်ပါတယ်ဆိုပြီး တောင်းဆိုနေလို့ မရပါဘူး။ ကျွန်တော်တို့ လုပ်နိုင်တာကတော့ ‘ခေါင်း’ကျတဲ့အခါ ပျော်နေတဲ့ တစ်ချိန်တည်းမှာပဲ ‘ပန်း’ဘက်ခြမ်းမှာ ပါလာတဲ့ အဆိုးတရားတွေကို လက်ခံပြီး ရုန်းကန်ထနိုင်စွမ်း ရှိလာအောင် ကြိုးစားဖို့ပါပဲ။
ReplyDeleteWe must win
Deleteကြိုးစားပြီး CLick နေပါတယ်
ReplyDeleteအားရင် အးသလို click ပါတယ်
ReplyDeleteမှန်ပါတယ် ဆရာ
ReplyDeleteClick တွေအားလုံးကိုချစ်တယ်
ReplyDeleteThanks
ReplyDeleteYep
ReplyDeletedone
ReplyDeleteClick Click Click
ReplyDeleteThanks
ReplyDeleteဘယ်သူဘာပြောပြောclick နေဆဲပါ
ReplyDeleteအတ္တ သမားတွေများတဲ့နိုင်ငံ
ReplyDeleteClick တာတောင်လူ 2 သောင်းကျော်ပဲရှိတယ် ။ ကျွန်စိတ်တွေ
It's hutrs but true.I dont like fking myanmar people that's why.
DeleteThis too will pass.
ReplyDeletelike
ReplyDeleteLike
ReplyDeleteI am faကျော်မဲရောင်is my fb acc.17old😁😁😁😁
ReplyDeleteDoneeee✅
ReplyDeleteWe Must Win✊❤
Click သည်သာ အားထားရာ
ReplyDeleteClick သည်သာ လွတ်မြောက်ရာ
CLick သည်သာ ကြိုးစားအားထုတ်သင့်သည်အရာ
*ပိတောက်ဖူးလေးများအတွက်
*ထောက်ပို့များအတွက်
မီးပူတိုက်ရင်းကလစ်
ReplyDeleteWe must overcome
ReplyDeleteခုအချိန်ထိ1.2.2021 မရောက်ခင်ညကိုသတိရနေတယ်၊သတင်းကမီးပျက်သွားရင်၊အင်တာနက်လိုင်ပျက်သွားရင်၊အာဏာသိမ်းပြီဆိုလို့၊မဖြစ်ပါစေနဲ့ဆုတောင်းရင်း၊ညနစ်နာရီမှအိပ်ဖြစ်ခဲ့တယ်၊မနက်ခုနစ်နာရီထိုးမှနိုးတဲ့အချိန်အင်တာနက်လည်းမရတော့ဘူး၊ဆောက်တည်ရာကင်းမဲ့တဲ့နေ့အစပေါ့၊အရာအားလုံးပျက်သုန်းခဲ့ရတဲ့နေ့၊ဒါအေမဲ့မသေသေးဘူး၊ကြိုးစားနေတုန်းအောင်မြင်မှု့တွေအတွက်၊အာဏာရှင်လက်အောက်ကလွတ်တဲ့နေအထိရှိချင်သေးတယ်။
ReplyDeleteဟုတ်တယ် အဲ့နေ့ကိုအခုထိမမေ့ဘူး မနေ့ကလိုခံစားနေရတုံးပဲ တနေ့လုံးဘာမှမလုပ်နိုင် ထမင်းလဲစားလို့မရ မျက်ရည်တွေကကျနေတယ် နာကျည်းဒေါသမျက်ရည်တွေ လုပ်ရက်လိုက်ကြတာ ယုတ်မာလိုက်တာ သူတို့အတွက်ပဲ စဉ်းစာကြတဲ့ လူ့ဘီလူးတွေ
Deleteလူမဟုတ် စစ်အာဏာရူးးးခွေးးးတွေ...✍️✍️✍️
DeleteWe must win
ReplyDeleteDone
ReplyDeleteဒီလို ဆောင်းပါးလေးတွေ များများတင်ပေးပါဗျ။
ReplyDeleteWe must win!! FIGHTING!!
ဆောင်းပါးလဲဖတ်ကြပါ
ReplyDeleteလုပ်နိုင်တာထက်ကိုပိုပြီး ကလစ်နေပါတယ်
ReplyDeleteအရေးတော်ပုံမုချ အောင်ကိုအောင်ရမည်...✍️✍️✍️Click...click...click...✍️✍️✍️
ReplyDeleteGood idea
ReplyDelete💪💪💪
ReplyDeleteInterrsting post
ReplyDeleteDone
ReplyDeleteလူတစ်ယောက်ကို အထင်သေးတာဟာ အမြင်သေးသိမ်ရာ ရောက်ပါတယ်။
ReplyDeleteလူတစ်ဉီးတိုင်းတစ်ယောက်တိုင်းမှာ အရည်ချင်းဆိုတာ ကိုယ်စီရှိကြပါတယ်နော်။
Never too late to change
ReplyDeleteမင်းတို့က ခြင်းကြားလွယ်တဲ့ ရွာလည်ခွေး
ReplyDeleteငါတို့က အပြင်းစားတွယ်မယ့် ကာကွယ်ရေး....✊
အဆုံးထိ ပန်းတိုင်ရောက်အောင် ဖေးမကူညီ လက်တွေတွဲပြီး အရောက်သွားကြမယ်.....
DeleteDone
ReplyDeleteDone
ReplyDeleteThis comment has been removed by the author.
ReplyDeleteGOOD
ReplyDeleteအားရှိသလောက်နှိပ်ကြမည်။
ReplyDeleteကျော်ဖြတ်နိုင်ပါစေ
ReplyDeleteမအေလိုး မင်းအောင်လှိုင် နဲ့ မအေလိုး အပေါင်းပါ လူ့တိရစ္ဆာန် တစ် စု ကို လူ သားစစ် စစ် ပြန်ဖြစ်လာအောင် လုပ်ဖို့က ဘဝသစ်ကိုပြောင်းပေးဖို့ကလွဲ တစ်ခြား နီးလမ်းမရှိတော့ပါ
ReplyDeleteGood
ReplyDeleteအရေးတော်ပုံ အောင်ရမည်
ReplyDeleteFighting
ReplyDeleteThank you 😊💗
ReplyDeleteMaLoeခွေးသူခိုး ကြင်စိုး
ReplyDeleteclicker အသစ်တယောက်ပါ ခင်ဗျ
Good
ReplyDelete💪💪💪💪💪💪🌹💪🌹
ReplyDeleteငါတို့နိုင်ကိုနိုင်ရမည်
ReplyDeleteအရေးတော်ပုံ အောင်နေပီ
ReplyDelete❤❤
ReplyDeleteClick မှာကြောက်လို့ data ဈေးတတ်လေ ပို click လေပဲ
ReplyDeleteWe have We.
ReplyDeleteNice post
ReplyDeleteကလစ်ရင်း လှူ💞🙏🙏🙏🙏🙏💞
ReplyDeleteကုသိုလ်ယူ
🐕မင်းအောင်လိုင်က🐕ဘုံရန်သူ
ကလစ်နေက💞🙏🙏🙏🙏🙏💞
ကုသိုလ်ရ
ဘုံရန်သူက🐕မအလ🐕
ဒီတော်လှန်ရေး နိုင်ရမယ်
စင်စစ် လူကို အကောင်းအဆိုးအမျိုးမျိုး
ReplyDeleteပြဋ္ဌာန်းပေးသည်မှာ ထာဝရဘုရား၊
မဟာဗြဟ္မာစသည်တို့ကမဟုတ်၊
လူသည် မိမိကိုယ် မိမိသာလျှင် ပဓာနအားဖြင့် ပြဋ္ဌာန်းသူဖြစ်သည်။ တစ်နည်းအားဖြင့်
မိမိပြုသော စေတနာအမှုကံက မိမိကို
အကောင်းအဆိုး ဖြစ်စေလိမ့်မည်သာဖြစ်သည်။
သို့ဖြစ်၍ ဗုဒ္ဓဒဿနအလိုအရ လူသည် မိမိ၏ ကံ၊ ဉာဏ်၊ ဝီရိယတို့ကိုသာ အားကိုးပြု၍ မိမိဘဝကို ကောင်းအောင် ဖန်တီးနိုင်သူ ဖြစ်လေသည်။
#အတွေးအခေါ်တို့လွင့်မျောခြင်းနှင့်လူ၏ဆောက်တည်ရာ
take care your health every clicker
ReplyDelete💪💪💪💪💪💪💪🌹🍀
ReplyDelete💪💪💪💪💪🕺
ReplyDeleteအောင်ရမည်။ အောင်ကိုအောင်ရမည်။
ReplyDeleteအောင်နိုင်နေပြီးသားပါ အမြစ်ဖြတ်နေကြရတာ
ReplyDeleteFighting 💪💪
ReplyDeletefighting
ReplyDeleteကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ
ReplyDelete
ReplyDeleteငါတို့မှာ ငါတို့ပဲရှိတယ်
ပိုအားစိုက်ရမယ်
ReplyDeletegood
ReplyDeleteGood
ReplyDeleteRight
ReplyDeleteKeep going
ReplyDeleteနေ့ ေောချိန်ရရင။ ရသလို ကြိုးစား ကလစ်ပါတယ်
ReplyDeleteပြီးစီးကြောင်း ✊
ReplyDeleteDone thank sayar
ReplyDeleteကျေးဇူးပါ......
ReplyDeleteခုခဖိန်မှာ ကိုယ်လုပ်နိုင်တာ ကလစ်တာပဲရှိနေလို့ စိတ်မကောင်းဘူး။
ReplyDeleteငါတို့နိုင်မှာပါ💪💪
ReplyDeleteနိုင်ကိုနိုင်မှာပါ
ReplyDeletelinkအားလုံးဝင်ကြည့်ပါတယ်
ReplyDeleteအကုန်တီးမယ်
ReplyDeleteတလရမပီးမချင်းအမြဲကြိုးစားနေမှာပါ(moonshine)
ReplyDeletewe must win
ReplyDeleteဒို့ရဲ့အောင်ပွဲ၊ထောက်ပို့ထဲတွင်၊ကလစ်လည်းပါဝင်၊သွေးထွက်နည်းဖို့၊ကလစ်နဲ့နွဲဆို့၊ထောက်ပို့တပ်သားများ။
ReplyDeleteနိူင်ရာတစ်ဒေါင့်တစ်နေရာကပါဝင်ပြီးClick နေပါတယ်...point 50 မှ 150 ကြားလေးပေါ့..data နဲ့မို့အများကြီး ..မ clickနိူင်ဘူး....
ReplyDeleteClick နေပါတယ်
Deleteအနာဂါတ်ရင်သွေးလေးများအတွက်ကြရာနေရာကနေတိုက်ပွဲဝင်ခွင့်ရတာဂုဏ်ယူတယ်
ReplyDeleteရတဲ့အချိန်ရသလို click နေမယ်
ReplyDeleteနောက်ဆုံးlink လေး နှိပ်ပေးငြပါ
ReplyDeleteကျန်းမာရေး မိသားစု အားလုံးကို လေးစားပါတယ်ခင်ဗျာ 🙏🙏🙏
DeleteFIGHT FOR FREEDOM ÖK
ဟုတ်ကဲ့ပါ
ReplyDeleteGood advice
ReplyDeleteWeCLick💪
ReplyDeleteFIGHT FOR FREEDOM ÖK
ReplyDeleteတော်လှန်ရေး အတွက် ပေးဆပ်နေတဲ့ ညီကို မောင်နှမ အားလုံးကိုလဲ ကျွန်တော်လေးစားပါတယ်🙏🙏🙏
ReplyDeleteFIGHT FOR FREEDOM ÖK
Love u all clicker😍😍
ReplyDeleteVery good article
ReplyDeleteDone
ReplyDeleteအားတိုင်းclickကြစိူ့
ReplyDeleteအောင်မြင်ချင်တဲ့စိတ်က
ReplyDeleteလူယုတ်မာတွေကိုတောင်
အမြင့်ရောက်စေနိုင်သေးတာပဲ
(ဥပမာ...စောက်ပု မအလ👈😏)
ကျွန်တော်တို့
အမှန်တရားဘက်တော်သားတွေဆို
ဘာလို့ မဖြစ်နိုင်ရမှာလဲ 💪😊
တော်လှန်ရေးသမားတွေနဲ့ထပ်တူ
အောင်ပွဲခံဖို့ Click ကြစို့
Done thanks for sharing
ReplyDeleteဝိုင်းကလစ်
ReplyDeletePDF တွေကို ဝိုင်းချစ်ကြရအောင်
Yes
ReplyDeleteYes
ReplyDeleteCoz poor eyes, I scanned the blog.
ReplyDeleteThz Sir
ကျွန်တော်comments ပျောက်နေတယ်🥲
ReplyDeleteDone💕
ReplyDeleteDone ♥️
ReplyDelete