ပျောက်ဆုံးသွားသော လွတ်မြောက်မှုအား ရှာဖွေခြင်း

AD SPACE

ပျောက်ဆုံးသွားသော လွတ်မြောက်မှုအား ရှာဖွေခြင်း

ပျောက်ဆုံးသွားသော လွတ်မြောက်မှုအား ရှာဖွေခြင်း

1. ဒီအောက်က အနီရောင် link 1 link2 စာတန်းလေးတွေကို တချက်နှိပ်လိုက်ပါ ပေ့ချ်တစ်ခုပေါ်လာပါမယ်ခင်ဗျာ

2. ပေါ်လာတဲ့ပေ့ချ်မှာ စာတွေ ပုံတွေပေါ်လာပါမယ် အင်္ဂလိပ်လိုတွေပါ ဘာမှမဖတ်လဲရပါတယ် ဖေ့စ်ဘုတ်ပွတ်သလို အပေါ်ပွတ်အောက်ပွတ် ပုံတွေနှိပ်ကြည့် ဆယ်စက္ကန့်လောက်အနည်းဆုံး လုပ်ပေးပါခင်ဗျာ။
ပြီးရင် ဒီကိုပြန်လာပြီး နောက်တစ်လင့်နှိပ်ပါခင်ဗျာ။

3. ပြီးပါပြီ အဲ့သလောက်လွယ်ပါတယ်။

(တစ်ခုလေးတော့သတိထားပါ ပွင့်လာတဲ့အခါမှာ browser မှာမပွင့်ရင် ပိုက်ဆံမရတာဖြစ်တဲ့အတွက် ညာဘက်အပေါ်ထောင့်က အစက်လေးသုံးစက်ကိုနှိပ်ပြီး open in browser ဆိုတဲ့စာသားလေးကို ရှာပြီး နှိပ်ပြီးမှ ကြည့်ပါနော်)


 LINK1


LINK 2


LINK 3


LINK4


LINK 5


LINK 6


LINK 7


LINK 8





ကျွန်တော်တို့ ကျေးလက်‌‌‌‌‌‌ဒေသတွေမှာက ကိုယ့်ခြံ၊ ကိုယ့်ဝန်းနဲ့ အိမ်ကလေးဆောက်ပြီး တစ်နိုင်တစ်ပိုင် နေကြတာက များတယ်လေ။ တစ်နေ့ အမေက အမှုမဲ့အမှတ်မဲ့ အိမ်ခြံစည်းရိုးထောင့်မှာ အမှိုက်ပစ်ခဲ့တဲ့ အချိန်ကို မှတ်မိနေပါသေးတယ်။ အဲဒီအချိန်တွေတုန်းက ရွာတွေမှာ တကူးတက အမှိုက်ပုံးထားပြီး အမှိုက်ပစ်လေ့ မရှိကြပါဘူး။ သစ်ရွက်ခြောက်တို့၊ ပလပ်စတစ်အိတ်တို့ ထွက်လာရင် မီးပုံမွှေးပြီး မီးရှို့လိုက်ကြတာက များပါတယ်။ ဖြစ်ချင်တော့ ပုံထားတဲ့ အမှိုက်တွေက လေတိုက်ရာ ပါသွားပြီး အိမ်နီးချင်းရဲ့ ခြံစည်းရိုးတစ်ဖက်ကို မတော်တဆ ရောက်သွားတာပါ။ အရင်က အပြန်အလှန် ချစ်ခင်ပြီး အကူအညီပေးကြတဲ့ အိမ်ထောင်စုနှစ်ခုဟာ ဒီလို အသေးအဖွဲကိစ္စလေးကြောင့် အမုန်းပွားပြီး မခေါ်နိုင်၊ မပြောနိုင် ဖြစ်ဖူးတာကို ပြန်တွေးကြည့်ရင် ရှက်စရာကြီးပါပဲ။



အရင်နှစ်တွေတုန်းက ကျွန်တော်တို့ကို အံ့သြဖွယ် ဘဝသင်ခန်းစာတွေ ပေးခဲ့တဲ့ “How to Train Your Dragon” Animation ကားလေးတွေကို ပြန်လည်ခံစား သုံးသပ်ကြည့်ကြရအောင်။ ရန်ဘက်တွေ ဖြစ်နေကြတဲ့ နဂါးနဲ့ လူ့အသိုင်းအ၀ိုင်းနှစ်ခု ပြန်လည်သင့်မြတ်အောင် ကြိုးစားပေးတဲ့ ဇာတ်ကောင်မှာတောင်မှ အဖျက်အဆီး၊ အဟန့်အတားတွေ အများကြီး ရှိခဲ့တာပဲလေ။ Animation ကားမှ မဟုတ်ပါဘူး။ ဇာတ်ကားတိုင်းလိုလိုမှာ ကောင်းမှုဆောင်တာကို မလိုချင်တဲ့ ဗီလိန်ကတော့ ပါစမြဲပါပဲ။ ကိုယ့်လမ်း၊ ကိုယ့်ရွာ၊ ကိုယ့်တိုင်း၊ ကိုယ့်နိုင်ငံက အစချီလို့ ကမ္ဘာကြီးကို သဟဇာတဖြစ်အောင် ဆောင်ကြဉ်းပေးရတဲ့ လူတွေဟာ တိုက်ခိုက်ခြင်းကို မခံရတဲ့လူ မရှိသလောက်ပါပဲ။ ဒါဟာ ဘာလို့လဲ။



လောကကြီးဆိုတာကတော့ အဆိုးတွေနောက်မှာ အကောင်းတွေရှိနေတာ သဘာဝပါပဲ။ ကောင်းတဲ့ဘက်မှာ နေကြတဲ့ လူများသလို၊ မကောင်းတာ လုပ်ရတာကိုမှ ခုံမင်တတ်တဲ့ လူတွေလည်း ဒုနဲ့ဒေးပါပဲ။ လူဆိုးတွေဟာ ကျွန်တော်တို့ကို ဘာသာရေး၊ လူမှုအဆင့်အတန်း၊ ဆိုရှယ်မီဒီယာတွေကနေ တစ်ဆင့် အဖွဲ့အစည်းအချင်းချင်း မသင့်မြတ်အောင် ဇာတ်လမ်းဆင်ပြီးတော့ ချုပ်ကိုင်ထားရတာကို အလွန်နှစ်ခြိုက်တတ်ကြပါတယ်။ ဒါပေမယ့် ဒီဆန့်ကျင်ဖက်နှစ်ခုကို ပေါင်းစည်းပြီး အောင်မြင်တဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖော်‌ဆောင်ပေးနိုင်တဲ့ စည်းလုံးညီညွတ်မှုကို ယူဆောင်လာဖို့ ဘာကြောင့် ခက်ခဲရတာလဲ။ တကယ်တော့ “လွတ်မြောက်ခြင်း” မရှိလို့ပါ။ ဒီလိုဆိုတော့ လွတ်မြောက်ခြင်းဆိုတာ ဘယ်လိုမျိုးလဲ။ အမှန်နဲ့ အမှားကို ပညာရှိရှိ ပိုင်းခြားဆင်ခြင်နိုင်တဲ့ ပညာရေးလွတ်မြောက်မှု၊ ဖွံ့ဖြိုးတိုးတက်ရေး အဟန့်အတားတွေကို လွတ်မြောက်မှု၊ အရေးကြီးဆုံးက ဒေါ်အောင်ဆန်းစုကြည် အမြဲမှာလေ့ရှိတဲ့ အကြောက်တရားမှ လွတ်မြောက်မှု စသည်ဖြင့် လူသားမျိုးနွယ်ကို ကောင်းကျိုးပေးမယ့် စွမ်းအင်မျိုးတွေပဲဖြစ်ပါတယ်။



ပြီးတော့ ကျွန်တော်တို့  ရွာကလူတွေ အချင်းချင်း ရန်ဖြစ်ရင် ဖြန်ဖြေမယ့်လူမရှိဘဲ ပတ်၀န်းကျင်က ဘာကြောင့် တိတ်ဆိတ်နေတတ်လဲဆိုတဲ့ အချက်က ရိုးရှင်းပါတယ်။ ပြဿနာက လူဆိုးတွေ အများကြီးရှိလို့ မဟုတ်ပါဘူး၊ အကြောင်းရင်းကတော့ လူကောင်းတွေက သူတို့ကိုယ်သူတို့ အေးအေးဆေးဆေး၊ အေးအေးချမ်းချမ်းနဲ့ နေချင်ကြပြီးတော့ နိုင်ငံရေးနဲ့ လူမှုရေးအငြင်းပွားမှုတွေမှာ ဝင်စွက်ဖက်ဖို့ ရည်ရွယ်ချက်မရှိဘူးဆိုတဲ့ အကြောင်းပြချက်က အမှန်တရားတစ်ခုဖြစ်နေလို့ပါပဲ။ ဒီလို စိန်ခေါ်မှုအခက်အခဲတွေကို ဘယ်ကနေစ,ပြီး ပြောင်းလဲကြမလဲ။ ကျွန်တော်တို့ရဲ့ အတွင်းစိတ်ကို ပြင်ဆင်မှုကနေ စ,တင်သင့်တယ်ဆိုတာ သေချာပါတယ်။ မတူကွဲပြားမှုနှင့် အငြင်းပွားမှုတွေဆိုတာ ဖျောက်ဖျက်ဖို့ မဖြစ်နိုင်သလို ဖျောက်ဖျက်ပစ်စရာလည်း မလိုအပ်ပါဘူး။ ကျွန်တော်တို့အားလုံး လွတ်မြောက်ဖို့အတွက် ကြိုးစားကြရာမှာ အချင်းချင်း အလေးထားမှု၊ အခြားသူတွေရဲ့ ကောင်းကျိုးချမ်းသာကို လျော့ပါးမသွားစေရန် ကာကွယ်ပေးမှု၊ ရွာရဲ့ ရှားပါးသယံဇာတတွေကို အလွဲသုံးစား မလုပ်ဘဲ ပတ်ဝန်းကျင်ကို ထိန်းသိမ်းမှု စတဲ့ အပြုသဘောဆောင်မယ့် ပြောင်းလဲမှုတွေ များပြားလာရင် ကျွန်တော်တို့ဟာ တောထဲမှာ လွတ်လပ်စွာ ပျံသန်းနိုင်တဲ့ ငှက်တစ်ကောင်လို ပြန်လည်ခံစားရတော့မှာ အသေအချာပါပဲ။ အခုအချိန်က အမှိုက်ပုံကြောင့် ဘေးအိမ်နဲ့ ရန်ဖြစ်ရမှာ မဟုတ်သလို ပြဿနာတစ်ခုကို ၀ိုင်းဝန်းဖြေရှင်း၊ ကူညီပေးမယ့် ဂုဏ်သိက္ခာရှိတဲ့ သံတမန်တွေအဖြစ် လုပ်ဆောင်ဖို့ရယ်၊ ကျွန်တော်တို့ နေထိုင်တဲ့ ကျေးရွာကို ငြိမ်းချမ်းရေး ပြန်လည်ယူဆောင်လာဖို့ အချိန်တန်ပါပြီ။



၀င်းနိုင်စိုး

 

Post a Comment

245 Comments

  1. လွန်ခဲ့တဲ့ငါးနှစ်လောက်ကို ပြန်သွားရင်တော့ ခုလိုအခြေအနေမျိုးမှာ တိုင်းရင်းသားလက်နက်ကိုင်တွေကို သူပုန်တွေ၊ သောင်းကျန်းသူတွေဆိုပြီး ဆဲတဲ့သူဆဲနေပြီ၊ တိုင်းပြည်အတွက်အသက်ပေးသွားတဲ့ စစ်သားကြီးတွေအတွက် ပရိုဖိုင်ချိန်းသူ ချိန်းနေပြီ၊ အွန်လိုင်းလော်ဘီတွေကလည်း ကျန်ရစ်သူမိသားစုတွေအတွက် အလှူငွေတွေ ကောက်ခံနေပြီ၊ မျိုးချစ်စိတ်ပြင်းပြသူတွေမှာလည်း ငါတို့ကိုယ်တိုင်လက်နက်ကိုင်ပြီး စစ်တပ်က ဝင်တိုက်လိုက်ချင်တယ်လို့ ကြိမ်းတဲ့သူကြိမ်းနေပြီ။ စစ်တပ်ဘုန်းတော်ဖွဲ့ကဗျာတွေ ရေးတဲ့ကောင် ရေးနေပြီ။

    ခုချိန်ကျတော့လည်း ဒါတွေက နောက်ထပ်သော အခြားကမ္ဘာတစ်ခုလိုပဲ။ စစ်တပ်ဘက်က အမြဲရပ်တည်ပေးနေခဲ့တဲ့ အများစုသော ဗမာပြည်သူလူထုကိုယ်တိုင်က စစ်တပ်ကို နာကျည်းမုန်းတီးသွားတာ၊ ဒီအခြေအနေကိုလည်း သူတို့ကိုယ်တိုင် ပြန်ဖန်တီးယူခဲ့တာပဲ။ စစ်သားတွေတိုက်ပွဲကျလို့ ကြက်ဥကြော်ပရိုဖိုင်တွေ ဖေ့စ်ဘုတ်ပေါ် ဝေဆာဖို့ဆိုတာ အိပ်မက်တစ်ခုဖြစ်သွားပြီ။ ဒါက ဆယ်စုနှစ်များစွာအတွင်းမှာ မြန်မာ့နိုင်ငံရေးရဲ့ ပထမဆုံးသော မျှော်လင့်ချက်ရောင်ခြည်လေးလို့ ဆိုရမယ်။ ဘာမှမဟုတ်ဘူး ထင်ရပေမယ့် အပြောင်းအလဲတစ်ခုဖြစ်ထွန်းဖို့ အရေးကြီးတဲ့ နိုင်ငံရေးရေချိန်အရွေ့ပါပဲ။

    crd arr mann

    ReplyDelete
    Replies

    1. အဆိုးဆုံးတွေဖြတ်ကျော်ပြီး
      အကောင်းဆုံးတွေဖြစ်လာဖို့က
      ကိုယ်တိုင်ပါဝင်မှ ရမယ်နော်

      ဟိုဘက်လည်းမပါ ဒီဘက်လည်းမပါ
      ကိုယ့်စီးပွားကိုယ် ပုံမှန်လုပ်နေတဲ့သူတွေ
      အားလုံးပါဝင်မှသာ ဒီတိုက်ပွဲက
      အထိအခိုက်နည်းနည်းနဲ့
      မြန်မြန်ပြီးမှာပါ

      ပေါ်တင်မလုပ်ဝံ့ရင်တောင်
      ကြိတ်ပြီးလုပ်ပေးကြပါ
      ဘာမှမလုပ်ပေးဘဲတော့ မနေပါနဲ့

      Delete
    2. မှန်တယ်တခုမဟုတ်တခုလုပ်ရမယ်ဗီယက်နမ်တို့ကမ်ဘောဒီယားတို့လိုလူညီဖို့လိုတယ်

      Delete
    3. သိပ်မှန်တယ် အခုချိန်အမုန်းဆုံးလူသားပြပါဆိုမအလနဲ့ စခ ​တွေပဲ

      Delete
    4. အရင်တုန်းက အချိန်တွေဟာ နောင်တရစရာ စိတ်နာစရာတွေချည်းပဲ မအေလိုး မအလ

      Delete
    5. ဟုတ်ကဲ့😍

      Delete
    6. ခင်ဗျားတို့ဆိုတာလည်း ရရင်ရသလိုပါးပါးပုတ်တယ်။ ကြက်ဥ​ကြော်ချိန်းတာ အစကတည်းက အစိမ်း​တွေ အများစု ဆိုတာသိသင့်တယ်။ ခင်ဗျားတို့ နီပိန်းဆိုပြီး​​စော်ကား​မော်ကား​ခေါ်ခဲ့ကြတာ​တွေကြဘာ​ပြောမလဲ။ အမြင်မတူ ​တော်လှန်​ရေးနည်း လမ်း​ကြောင်းမတူတဲ့ကိစ္စ​တွေကို ဒီအချိန်မှာဒါ​တွေက​ပြောစရာလား​ဗျာ ပြောသင့်တဲ့အချိန်လား မ​ပြောသင့်တဲ့အချိန်လား ​တောင်မစဥ်းစားနိုင်ဘူး။ မတရားသဖြင့် မဟုတ်မဟတ် တဖက်သတ်စွတ်စွဲ​နေတာ​​​တွေလည်းခုချိန်မျိုးမှာ နားထားသင့်တယ်ဗျာ။ ဒုက္ခမျိုးစုံ ခါးစီးခံ​နေရချိန် ပိဿ​လေးနဲ့​ကောက်ထု​နေသလိုပဲ။

      Delete
  2. ရှာဖွေနေဆဲ

    ReplyDelete
  3. Commentနည်းနေလို့😅💜

    ReplyDelete
  4. Replies
    1. ​ပျောက်ဆုံး​နေတဲ့ လွတ်လပ်မှုကို ပြန်တိုက်ယူကြမယ်

      Delete
  5. ဒီချိန်မှာခြံစည်းရိုးခွထိုင်သူဆိုမရှိတော့ပါဘူး ဘာလို့လဲဆိုတော့ အဖြူ အမဲ ကသည်းကွဲသွားကြပြီ အယောက်ချင်းစီ စာမေးပွဲစစ်ခံရလို့ အဖြေထွက်နေကြပြီ မင်းက ဓမ္မဘက်တော်သားလား အဓမ္မသမားလားပေါ့
    လက်ဆောင် ရေ ကျေးဇူးတင်ပါတယ်

    ReplyDelete
  6. အ ရေးတော်ပုံအောင်ရမည်

    ReplyDelete
  7. အရေးတော်ပုံအောင်ပြီ

    ReplyDelete
  8. "မတူကွဲပြားမှုနှင့် အငြင်းပွားမှုတွေဆိုတာ ဖျောက်ဖျက်ဖို့ မဖြစ်နိုင်သလို ဖျောက်ဖျက်ပစ်စရာလည်း မလိုအပ်ပါဘူး။ ကျွန်တော်တို့အားလုံး လွတ်မြောက်ဖို့အတွက် ကြိုးစားကြရာမှာ အချင်းချင်း အလေးထားမှု၊ အခြားသူတွေရဲ့ ကောင်းကျိုးချမ်းသာကို လျော့ပါးမသွားစေရန် ကာကွယ်ပေးမှု၊ ရွာရဲ့ ရှားပါးသယံဇာတတွေကို အလွဲသုံးစား မလုပ်ဘဲ ပတ်ဝန်းကျင်ကို ထိန်းသိမ်းမှု စတဲ့ အပြုသဘောဆောင်မယ့် ပြောင်းလဲမှုတွေ များပြားလာရင် ကျွန်တော်တို့ဟာ တောထဲမှာ လွတ်လပ်စွာ ပျံသန်းနိုင်တဲ့ ငှက်တစ်ကောင်လို ပြန်လည်ခံစားရတော့မှာ အသေအချာပါပဲ။"

    ReplyDelete
  9. we need more people to click

    ReplyDelete
  10. နောက်တန်းကနေ မိုးထိပစ်မဲ့မြှား----

    ReplyDelete
  11. အရင်အဟောင်လည်းclick နေ့စဥ်မပျက်

    ReplyDelete
  12. နေ့စဉ်မပျက်ပုံမှန် ကလစ်နေပါသည်။

    ReplyDelete
  13. ဘေအကူညီလေးထပ်တောင်းပါရစေခင်ဗျ 09892127703နည်းနည်းလောက်အဆင်ပြေတဲ့သူလေးတွေနည်းများအဓိကမထားဘဲကူညီပေးကြပါအုံးဗျ အလုပ်တွေလဲမလုပ်ရဘဲနားထားရတော့တကယ်ခက်ခဲလာလို့ပါဗျ အားနာပေမဲ့ အားလုံးကျေးဇူးအရမ်းတင်ပါတယ်

    ReplyDelete
  14. အာဏာရှင်ကျဆုံးပါစေ

    ReplyDelete
  15. ​ပျောက်​ဆုံးသွားတဲ့ရည်းစားကို
    အ​ချေ​နေ​ကောင်းရင်​ပြန်​ရှာရအုန်းမယ်​😂
    (စတာ​နော်​😁
    အချင်းချင်း​တေစိတ်​မဆိုးနက်​😁)

    ReplyDelete
  16. အရေးတော်ပုံအောင်ရမည်

    ReplyDelete
  17. ထောက်ပို့တပ်သား (moonshine)

    ReplyDelete
  18. ads တခုကြည့်ပီးတိုင်း appထဲကနေသူ့အလိုလိုထွက်သွားလို့ အဲ့ဒါဘာဖြစ်တာလဲဖြေပေးကြပါအုံး။။

    ReplyDelete
    Replies
    1. ကျွန်တော်လဲအဲလိုပဲ feeds ကိုပိုလုပ်ပေးပါ

      Delete
    2. ငှင့် ကြင်စိုးပြုတ်ရည်တဲ့ ရွံစာကြီးဆားမခပ်ရင် နံမှာပေါ့ လို့။😅😅😅

      Delete
  19. အရေးတော်ပုန်အောင်မြင်ဖို့တတ်စွမ်းတဲ့တစ်တောင့်တစ်နေရာကအမြဲပါဝင်ပါ

    ReplyDelete
  20. အရေးတော်ပုံအောင်ရမည် 🇹🇼✊🎗

    ReplyDelete
  21. အုံး ဆိုတဲ့အသံကြားလိုက်ရင် အရမ်း​ပျော်တယ် အသံကြားတာနဲ့ ဂါထာရွတ်ပြီး မြို့ပြ​ပျောက်ကြားအဖွဲ့​တွေ PDF က​လေး​တွေ ​ဘေးကင်းကြပါ​စေ ဆု​တောင်းတယ် အနီးနား​ရောက်လာရင် ကူညီဖို့အသင့်ပါ

    ReplyDelete
  22. ကလစ်ကြပါ
    မပျင်းနဲ့

    ReplyDelete
  23. Good Night all clicker 😍❣️💪 Fighting ❣️💪💪💪

    ReplyDelete
  24. လွတ်လပ်မှုကို ပြန်ယူကြမယ်

    ReplyDelete
  25. စစ်ခွေးတွေ အပြုတ်တိုက်မဲ့ပွဲ

    ReplyDelete
  26. ပျောက်ဆုံသွားတဲ့လွတ်မြောက်မှုကိုတကယ်ရှာဖွေနေမိတယ်

    ReplyDelete
  27. အဆင်ပြေရင် ဘေ အလှူခံ ချင်ပါတယ်ရှင်
    09891038145Mpt

    ReplyDelete
  28. မအလ မအေလိုး

    ReplyDelete
  29. များများ click မြန်မြန်အောင်မည်

    ReplyDelete
  30. ဆုံးရှုံးသွားတဲ့လွတ်လပ်မှုကိုပြန်အရယူကြစို့

    ReplyDelete
  31. လောကကြီးက မတရားဘူးရှင်
    ပိုက်ဆံရှိတဲ့သူတွေအများစုက ပျော်ပါးသောက်စားနေကြတယ် သူတို့နဲ့ မဆိုင်သလိုပဲ
    မပြည့်စုံတဲ့သူတွေကျ တော်လှန်ချင်စိတ် မခံချင်စိတ်နဲ့
    နှမ်းတစ်စေ့ပဲ ဖြစ်ဖြစ် ပါဝင်ပေးနေကြတယ်
    စိတ်ဓာတ်တော့ မကျပါဘူး အဆုံးထိ တိုက်မယ်

    ReplyDelete
  32. စစ်ရှောင်ပြည်သူတွေနဲ့ ပြည်သူ့သားကောင်းတွေအတွက်မိုးမင်းကြီးရှောင်ပေးပါ

    ReplyDelete
  33. ပြည်သူ့ဘက်သားအပေါင်းဘေးရန်အပေါင်းကင်းဝေးပါစေ။ကျန်းမာသက်ရှည်ပါစေ။

    ReplyDelete
  34. သူရဲကောင်းအပေါင်းတို့....​လေးစားဦးညွတ်လျက်ပါ...😘😘

    ReplyDelete
  35. အမှန်တရားမရသေးသရွေ့ဆက်လက်တော်လှန်နေအုံးမှာပဲ💪💪အရေးတော်ပုံအောင်ရမည်💯💯

    ReplyDelete
  36. Raungni ma pate Khin ka phat fuu pr tl ..

    ReplyDelete
  37. 404
    There’s nothing here ထိရောက်ပြီး အဲဒီအောက်က Home ကို သွားရအုံးမှာလားရှင့်
    Home မသွားဘဲနဲ့ 10sec နေတာနဲ့ ပိုက်ဆံရလားရှင့်
    ဖြေပေးကြပါအုံး🥰

    ReplyDelete
    Replies
    1. 10 sec စောင့်ရင် ရပါပြီ

      Delete
  38. အိမ်ပြန်ချင်လို့ကလစ်တယ်

    ReplyDelete
  39. ငါတို့တိုင်း

    ပြည်ရဲ့တော်ဝင်အ​မေကျမ်းမာပါ​စေ​ကြောင်းနဲ့အ​ကြောက်တရားကင်းတဲ့တိုင်းပြည်သစ်မုချ​ပေါ်ထွန်​စေရမယ်


    ReplyDelete
  40. ပျောက်ဆုံးသွားတဲ့ လူ့အခွင့်အရေး
    တော်လှန်ရေးနဲ့ သိမ်းပိုက်ကြ✊✊✊

    ReplyDelete
  41. Pdf အပေါင်း
    ဝိုင်းဝန်းထောက်ပ့ံကူညီသူအပေါင်း
    နိုင်ကျဉ်းသားအပေါင်းဘေးကင်းရန်ကွာစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေ🙏🙏🙏

    ReplyDelete
  42. နေ့တိုင်း ကလစ်နေပါတယ်

    ReplyDelete
  43. i'm still the same me, i'm here as the same me as before, but the overgrown lie is trying to swallow me.

    – lie

    ReplyDelete
  44. တစ်ရက်မပျက်စေရ

    ReplyDelete
  45. နောက်တစ်လင့်သို့သွားပါတော့မည်😉

    ReplyDelete
  46. ပြည်တွင်း Clicker များ ငွေကြေးမလှူနိုင်အောင် အဖက်ဖက် က ကြပ်တည်းလာလို့
    ပိုမိုအာရုံစိုက် Click ကြသင့်ပါကြောင်း

    ReplyDelete
  47. Telegram Link တောင်မကလစ်ဖြစ်တာကြာနေပြီ

    ReplyDelete
  48. Let us all join together 😊❤️💖👏👏👌👍🙏💞😊

    ReplyDelete
  49. Let us all join together 😊❤️💖👏👌👍😊❤️💖❤️

    ReplyDelete
  50. Let us all join together and encouragement to Democracy

    ReplyDelete
  51. We must Win 😀😁😊😘❣️♥️🙏

    ReplyDelete
  52. လုပ်ဆောင်မှု အောင်မြင်

    ReplyDelete
  53. Raungni လင့် ပျောက်နေသလိုပဲ။ အခုမှပြန်တွေ့

    ReplyDelete
  54. အားမလျော့ကြပါနဲ့ ရောက်တော့မယ်

    ReplyDelete
  55. Let's unite and fight for liberty, folk.

    ReplyDelete
  56. ဖိုက်တင်းဗျာ

    ReplyDelete
  57. နေမကောင်းလို့ လဲနေတာ တပတ်ကျော်ပီ you tubeပဲ ဝင်နိုင်လို့ စိတ်မကောင်း😢😢😢

    ReplyDelete
  58. Hi ☺️ မာကလာပင်

    ReplyDelete
  59. ကလစ်ပြီးပါပြီ
    ကောင်းသောညလေးဖြစ်ကြပါစေ ⭐

    ReplyDelete
  60. Baby, I'm right here...
    Clicking..

    ReplyDelete
  61. Click နေပေမယ့် ကိုယ်click တာ ထိရောက်မီု မရှိမှာ စိုးရိမ်တယ်။ clickတာ ပိုက်ဆံ မဝင်မှာ စိုးတာ

    ReplyDelete
  62. #2022Jun27Coup
    #HelpMyanmarIDPs
    #WhatsHappeningInMyanmar

    ReplyDelete
  63. အရေးတော်ပုံအောင်ရမည်

    ReplyDelete
  64. Replies
    1. တိုက်ခိုက်တာ ဟုတ်ဘူးလေ ခွဲခြားခွဲခြားဆိုတော့ကာ

      Delete
    2. ခုတောင်မန့်ပိတ်ထားလို့ reply နဲ့ရေးတာ

      Delete
  65. Click done all the clickers thank… 🙏🙏🙏…တိုက်ပွဲ တွေ ခက်စိပ့်စိပ့် တိုက်လာပြီ Clickers တွေလည်း နေ့တိုင်း ခက်စိပ့်စိပ့် click ပေးမှ ကျည်ဖိုးလည်း များများရပြီး မအလများ များများ ပြုတ်ပြီး တိုက်ပွဲတွေ မြန်မြန်အောင်နိုင်မှာ…မအလမျိုးများ ကျရှူံးဖို့ ပိုနီးလာပြီ…💪✊💪✊💪✊

    ReplyDelete
  66. Click done all the clickers thank 🙏🙏🙏…Click များများ လုပ်ပေးနိုင်မှ အောင်ပွဲတွေများများ ရမယ်…Fighting Bro&Sis✊💪✊💪✊💪

    ReplyDelete