“လူတွေအပေါ် လွှမ်းမိုးနိုင်ဖို့ဆိုရင်”

AD SPACE

“လူတွေအပေါ် လွှမ်းမိုးနိုင်ဖို့ဆိုရင်”

“လူတွေအပေါ် လွှမ်းမိုးနိုင်ဖို့ဆိုရင်”



ဒီနေ့ခေတ် ဆိုရှယ်မီဒီယာတွေ ထွန်းကားလာတဲ့အချိန်မှာ လူငယ်တွေကြားထဲ ရေပန်းစားလာတဲ့ စကားတစ်ခု ရှိတယ်။ အဲဒါကတော့ Social Influencer ဆိုတာပါပဲ။ ဘဝမှာ ဘာဖြစ်ချင်လဲ မေးလိုက်ရင် Social influencer ဖြစ်ချင်တယ် ဆိုပြီး ပြန်ဖြေတဲ့သူတွေတောင် ရှိတယ်။ အဲ့လို Social influencer ဖြစ်နည်းသင်တန်း ဆိုပြီး ဖွင့်နေတာတောင်မှ တွေ့ရတယ်။ ဒါနဲ့ပတ်သက်လို့ လူငယ်တွေကို ပြောချင်တာ ရှိလာတယ်။ ယှဉ်ပြိုင်မှုတွေ များလွန်းလို့၊ လုပ်စရာတွေ၊ လေ့လာစရာတွေ များလွန်းလို့ အချိန်ကို ဘယ်နားရှာရမှန်းမသိ ဖြစ်နေတဲ့ခေတ်မှာ အဓိပ္ပါယ်မရှိတာတွေနဲ့ အချိန်မကုန်စေချင်လို့ပါ။

၁။ Social influencer ဆိုတာ ဘာလဲ။



ကျွန်တော်တို့တွေ ဆိုရှယ်မီဒီယာ သုံးကြတယ်။ ကိုယ့်သက်ဆိုင်ရာ ကျွမ်းကျင်မှုအလိုက် စာတွေ ရေးကြတယ်။ အသိပညာ ဝေမျှကြတယ်။ တချို့ကျတော့လည်း စိတ်ဓါတ်တက်ကြွစေဖို့ စာတွေရေးတယ်၊ ဗီဒီယိုတွေ တင်တယ်။ ဒီအခါ တဖြည်းဖြည်းနဲ့ လူသိလာတယ်။ ခေတ်စကားနဲ့ဆို ဆယ်လီတွေ ဖြစ်လာကြတယ်ပေါ့။ နောက်ပိုင်းမှာတော့ ဆယ်လီအစား အဲဒီ Social influencer ဆိုပြီး ပြောင်းလဲသုံးနှုန်းလာကြတာ သတိထားမိတယ်။

ကျွန်တော့်အတွက်ကတော့ Social media influencer လို့ပြောရင် ပိုမှန်မယ်။ ဘာလို့ဆိုတော့ ဒီလူမှုကွန်ရက်ပေါ်မှာပဲ နာမည်ကြီးနေတာကိုး၊ လူသိနေတာကိုး။ တကယ့်ကို လူအများပေါ်မှာ လွှမ်းမိုးမှု ရှိတဲ့ သူမျိုးဆိုမှပဲ Social influencer လို့ သတ်မှတ်လို့ရမယ်။ တချို့လည်း လူမှုကွန်ရက်ပေါ်ရော အပြင်မှာပါ လွှမ်းမိုးမှုရှိတယ်။ တချို့ကျ ဒီအပေါ်မှာသာ လူအများကြိုက်အောင် ပြောလို့ နာမည်ကြီးနေတာ၊ အပြင်မှာ ဘာမှ မဟုတ်တာတွေလည်း ရှိတယ်။ တချို့ဆရာသမားတွေကျ လူမှုကွန်ရက်မှာ ဒီလောက်ကြီး လူမသိဘူး။ Follower အရေအတွက်လည်း သိပ်မများဘူး။ ဒါပေမယ့် အပြင်လက်တွေ့ဘဝမှာတော့ ကြီးမားတဲ့ လွှမ်းမိုးမှု ရှိနေတယ်။ ဒီလိုလေး ကွဲကွဲပြားပြား သိစေချင်ပါတယ်။



၂။ Notorious ရယ် Popular ရယ် Influential ရယ် မတူကြပါ။

ခေတ်က သိပ်မြန်၊ ရုပ်ဝတ္ထုကိုးကွယ်မှုတွေက သိပ်ကြီးလာတော့ လူတွေက နာမည်ကြီးရင် ပြီးရော၊ ဘာမဆို လုပ်မယ်ဆိုတာ ဖြစ်လာတယ်။ ကိုယ့်လုပ်ရပ်တွေဟာ တော်တော်အဆင်မပြေလို့ လူတွေက ဝိုင်းဝေဖန်နေကြတာကို နာမည်တောင် ပိုကြီးသေးတယ်ဆိုပြီး ထင်နေသူတွေ အများကြီး ရှိလာတယ်။ ဘယ်သူ့စကားကိုမှ နားမယောင်ပါနဲ့ ဆိုပြီး တက်ကျမ်းတွေမှာ ပြောထားတဲ့ စကားကိုပဲ တထစ်ချ ယုံကြည်လိုက်တဲ့အခါ ကိုယ့်အမှား ကိုယ်မသိတော့၊ ကိုယ့်လုပ်ရပ်လွဲနေတာ ကိုယ်မသိတော့ဘူး ဖြစ်ကုန်တယ်။ ဒါကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားခြင်း (Notorious) နဲ့ ထင်ပေါ်ကျော်ကြားခြင်း၊ လူသိများခြင်း (Popular) နဲ့ဟာ မတူဘူး ဆိုတာလေး သိစေချင်ပါတယ်။

အဲ့လိုပဲ၊ Popular ဖြစ်တာနဲ့ လူတွေအပေါ် လွှမ်းမိုးရှိတာနဲ့ကလည်း မတူပါဘူး။ ထင်ပေါ်ဖို့က အကြောင်းရင်းပေါင်းစုံနဲ့ ဖြစ်သွားနိုင်ပါတယ်။ အနုပညာရှင်တွေ ထင်ပေါ်တယ်၊ အားကစားသမားတွေ ထင်ပေါ်တယ်၊ ကိုယ့်ရဲ့ အလှအပ၊ စတိုင်လ်တွေကြောင့်လည်း ထင်ပေါ်တတ်တယ်။ ဒါပေမယ့် လူတွေအပေါ် လွှမ်းမိုးမှုရှိဖို့ကတော့ အရည်အချင်းတွေ၊ လုပ်ရပ်တွေ၊ စိတ်ဓါတ်တွေနဲ့ပဲ တည်ဆောက်ယူရပါတယ်။



မင်းသမီးနှစ်ယောက် ရှိတယ်ဆိုပါစို့၊ နှစ်ယောက်လုံး ထင်ပေါ်ပါတယ်။ ဒါပေမယ့် လွှမ်းမိုးမှုရှိဖို့ကျတော့ အဲဒီမင်းသမီးဟာ ဘယ်လောက်ထိ ရပ်တည်ချက်မှန်သလဲ (ငွေနောက်မလိုက်ဘဲ အနုပညာကို တန်ဖိုးထားတာမျိုး) ၊ တစ်ဖက်သားကို လေးစားတတ်သလဲ၊ သူ့အလုပ်ကိုသူ အကောင်းဆုံးဖြစ်အောင် လုပ်သလဲ၊ ပရော်ဖက်ရှင်နယ် ဆန်သလဲ၊ အများအကျိုး ဘယ်လောက်ပြုနိုင်သလဲ၊ ပညာ ဘယ်လောက်တတ်သလဲ စတာတွေနဲ့ သက်ဆိုင်သွားပါတယ်။

ဒါကြောင့် နာမည်ကြီးအောင် ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ နည်းစနစ်တွေကို သင်ပေးလို့ ရပေမယ့် လွှမ်းမိုးနိုင်အောင် ဘယ်လိုလုပ်မလဲ ဆိုတာကိုတော့ သင်ပေးလို့ မရပါဘူး။ ကိုယ့်ကိုယ်ကိုယ်သာ တည်ဆောက်ယူရမှာ ဖြစ်ပါတယ်။

၃။ လွှမ်းမိုးနိုင်စွမ်းရှိဖို့ ဘာတွေ လိုအပ်မလဲ။



ခေါင်းဆောင်မှုနဲ့ ပတ်သက်ပြီး ပြောကြတာ ရှိတယ်။ လူတစ်ယောက်မှာ ပါဝါနှစ်မျိုး ရှိတယ်။ တစ်မျိုးက ရာထူးကြောင့်ရတဲ့ ပါဝါ (Positional power)။ အလုပ်ထုတ်ခွင့်၊ အပြစ်ပေးခွင့်၊ ဆုချီးမြှင့်ပိုင်ခွင့် စတာတွေပေါ့။ နောက်တစ်မျိုးကတော့ Personal power ၊ ကိုယ်ရည်ကိုယ်သွေးကြောင့်ရတဲ့ ပါဝါ ဖြစ်ပါတယ်။ ဒီပါဝါကကျ ရာထူးနဲ့ မဆိုင်ဘူး။ လုပ်ပိုင်ခွင့်နဲ့ မဆိုင်ဘူး။ အာဏာရှိခြင်း မရှိခြင်းနဲ့ မဆိုင်ဘူး။ ကိုယ့်ရဲ့ အရည်အသွေးကြောင့်သာ ရလာနိုင်တာမျိုး ဖြစ်တယ်။ ဒါကြောင့် လူငယ်တွေအနေနဲ့ လူအများအပေါ် တကယ်ကို လွှမ်းမိုးနိုင်တဲ့သူ ဖြစ်ဖို့ဆိုရင် အဲ့ဒီ Personal power ရှိနေအောင် ကြိုးစားဖို့ လိုတယ်။

ဒါဆို ဘယ်လိုအချက်တွေက အဲဒီပါဝါကို ရစေနိုင်သလဲ။ အများကြီးရှိတဲ့အထဲက ၃ ချက်ကို အဓိကထား ပြောချင်ပါတယ်။



(က) ရိုးသားဖြောင့်မတ်မှုနဲ့ ကိုယ်ကျင့်သိက္ခာ (Character)

စိတ်နေစိတ်ထားလို့ ပြောလိုက်ရင် တော်တော်လေးကိုမှ ကျယ်ပြန့်ပါတယ်။ နောက်ပြီး ရိုးသားတယ်ဆိုရင် ငွေကြေးနဲ့ပဲ သက်ဆိုင်တယ်လို့ ထင်ကြတယ်။ မလိမ်ဘူး၊ မခိုးဘူး၊ မဖြောင်ဘူးပေါ့။ တကယ်တော့ ရိုးသားဖြောင့်မတ်တယ်ဆိုတာ အရှိအရှိအတိုင်း နေတာ၊ ပြောရင်ပြောတဲ့အတိုင်း လုပ်တာ၊ မလုပ်ပေးနိုင်တဲ့ ကတိတွေကို အလွန်အကျွံမပေးတာ၊ ပရော်ဖက်ရှင်နယ် ပီသတာ၊ ကျင့်ဝတ်သိက္ခာကို လေးစားတာ၊ မလုပ်သင့် မလုပ်ထိုက်တာကို မလုပ်မိအောင် ထိန်းသိမ်းတာ၊ နောက်ကျောကို ဓါးနဲ့မထိုးတာ၊ ဘောင်ထဲကနေ ညစ်တာမျိုး မလုပ်တာ၊ မှားသွားရင် မှားသွားကြောင်း ဝန်ခံတာ၊ တာဝန်ယူတာ စသဖြင့် အဓိပ္ပါယ်တွေအများကြီး ပါဝင်ပါတယ်။

ပတ်ဝန်းကျင်မှာလည်း သတိထားကြည့်ကြည့်ပါ။ တချို့က အရည်အချင်းအားဖြင့် သိပ်တော်ကြတယ်။ ဒါပေမယ့် သူတို့အပေါ် လွှမ်းမိုးနေသူတွေကို ကြည့်လိုက်တော့ အရည်အချင်းအရ သူတို့လောက် မဟုတ်ဘူး၊ စိတ်ဓါတ်ပိုင်းအရ အများအကျိုးအတွက် အနစ်နာခံ၊ ပေးဆပ်တတ်သူတွေ ဖြစ်နေတာ တွေ့ရတယ်။ ဒါဆိုရင် စိတ်ဓါတ်၊ ပေးဆပ်အနစ်နာခံမှု၊ ရိုးဖြောင့်မှုတွေဟာ လူတွေအပေါ် ဘယ်လောက်တောင် လွှမ်းမိုးမှုရှိလဲ သိနိ်ုင်ပါလိမ့်မယ်။



(ခ) ပညာရပ်ပိုင်း တတ်ကျွမ်းနားလည်မှု (Specialized knowledge)

လူတွေကို လွှမ်းမိုးချင်တယ်ဆို နောက်တစ်ချက်အနေနဲ့ ကိုယ့်မှာ သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်မှု ရှိဖို့လည်း လိုပါလိမ့်မယ်။ လူတော်အရေးကြီးလား၊ လူကောင်းအရေးကြီးလား မငြင်းခုန်ချင်ပါဘူး။ တော်ပြီး လုံးဝမကောင်းရင် အဆင်မပြေသလို၊ ကောင်းပြီး လုံးဝမတော်ရင်လည်း ပတ်ဝန်းကျင်ကို ဘာမှအကျိုးပြုနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ကိုယ်ကျင့်သိက္ခာ ကောင်းတာအပြင် တော်ဖို့လည်း လိုပါလိမ့်ဦးမယ်။

ဒီနေရာမှာ ပြောချင်တာလေးတစ်ခု ရှိတယ်။ Generalist က ကောင်းသလား၊ Specialist က ကောင်းသလားပေါ့။ နှစ်မျိုးလုံး သူ့ဟာနဲ့သူ လိုအပ်တာပဲ၊ အရေးကြီးတာပဲ။ ဒါပေမယ့် ရှင်းပြချင်တာလေးကတော့ Generalist ဆိုတာ ဟိုစပ်စပ် ဒီစပ်စပ် သိတာကို ပြောတာမဟုတ်ဘဲ နယ်ပယ်တစ်ခုကို အထူးပြုပြီး ကျွမ်းကျင်တယ်၊ အဲဒါနဲ့ ပတ်သက်ဆက်စပ်တာတွေကိုလည်း နားလည်သဘောပေါက်တယ်၊ အမြင်ကျယ်ကျယ် ကြည့်နိုင်တယ်၊ စီမံခန့်ခွဲမှု၊ ခေါင်းဆောင်မှု အရည်အသွေးတွေ ရှိတယ်၊ ဒီလိုလူမျိုးကို ခေါ်တာပါ။



ခုနောက်ပိုင်း လူငယ်တွေမှာ ဘာတွေ့နေရလဲ ဆိုတော့ Generalist တွေ အရေးကြီးတယ်ဆိုပြီး ဟိုစပ်စပ် ဒီစပ်စပ် လျှောက်သိနေတဲ့သူကို Generalist လို့ ထင်ကုန်ကြတာပါ။ စဉ်းစားကြည့်ပါ၊ ခုခေတ်လို အပြိုင်အဆိုင် များတဲ့အချိန်မှာ ဟိုနည်းနည်း ဒီနည်းနည်း သိနေရုံနဲ့ အလုပ်မရပါဘူး။ နယ်ပယ်တခုခုမှာတော့ အထူးပြုကျွမ်းကျင်နေမှသာ အဆင်ပြေတော့မှာပါ။ အဲဒါကို Foundation သဘောလို ထားပြီးမှ ကျယ်ပြန့်တဲ့အမြင် ရှိလာအောင်၊ စီမံခန့်ခွဲတတ်လာအောင်၊ လူတွေနဲ့ တွဲဖက်အလုပ်လုပ်နိုင်လာအောင် ကြိုးစားယူခြင်းကိုသာ Generalist ဖြစ်တယ်လို့ ခေါ်နိုင်ပါတယ်။

(ဂ) သက်သေပြလို့ရတဲ့ အောင်မြင်မှုတွေ (Career achievement)

ဒါလေး သိပ်အရေးကြီးပါတယ်။ အလုပ်တစ်ခုကို ထဲထဲဝင်ဝင် လုပ်ဖူးတဲ့သူ၊ အခက်အခဲတွေကို တကယ်ကျော်ဖြတ်ဖူးတဲ့သူ၊ အောင်မြင်မှုမှတ်တိုင်ကို မိဘချမ်းသာလို့ မဟုတ်ဘဲ ကိုယ့်အစွမ်းအစနဲ့ကိုယ် စိုက်ထူဖူးတဲ့သူတွေဟာ အင်မတန် လွှမ်းမိုးမှုကြီးပါတယ်။ Proven track record လို့ခေါ်တဲ့ ကိုယ်ဘာတွေလုပ်ခဲ့တယ် ဆိုတဲ့ သမိုင်းကြောင်းပါ။ အဲ့ဒီလိုဖြတ်သန်းမှု တစ်စုံတစ်ရာ မရှိဖူးဘဲ နိုင်ငံခြားက တက်ကျမ်းစာအုပ်တစ်အုပ်ကို အခြေခံပြီး ပြောတဲ့စကားနဲ့၊ တကယ် အောက်သက်ကျေသူတွေဆီက ကြားရတဲ့ စကား၊ အနှစ်သာရချင်း တအားကွာပါတယ်။ လူကြိုက်များချင်မှတော့ များမယ်၊ ဒါပေမယ့် အပေါ်ယံ အကြံပြုထားတာမျိုး မဟုတ်ဘဲ သူတို့ဖြတ်သန်းမှုကနေ ထွက်လာတဲ့ အကြံပြုချက်တွေမို့လို့ အင်မတန်မှလည်း လက်တွေ့ဆန်တယ်။ လူငယ်တွေအတွက်လည်း အသုံးပိုတည့်ပါလိမ့်မယ်။



ခုခေတ်ဟာ လိမ်လို့မရတော့ပါဘူး။ တစ်ယောက်အကြောင်း တစ်ယောက် အကုန်သိနေကြပါပြီ။ အရင်အလုပ်မှာ ကိုယ်ဘာတွေ လုပ်သွားသလဲဆိုတာက ကိုယ်ရောက်နေတဲ့ အလုပ်ထဲက လူတွေက သိနေကြပါတယ်။

ဒါကြောင့်လည်း လူငယ်တွေကို ပြောရတာပါ။ အလုပ်ကြိုးစားပါ ဆိုတာ တကယ်တော့ ဘယ်သူ့အတွက်မှ မဟုတ်ဘူး၊ ကိုယ့်အတွက်၊ ကိုယ့်နာမည်အတွက်၊ ကိုယ့် Brand Image တည်ဆောက်ဖို့အတွက်ပဲလို့။ အဲ့လို အလုပ်ကို ကောင်းကောင်း မလုပ်ခဲ့ဘဲ၊ ဖြတ်သန်းမှု ကြီးကြီးမားမား မရှိခဲ့ဘဲနဲ့ လူတွေကို လွှမ်းမိုးချင်လိုက်တာ ဆိုပြီး ထိုင်အော်နေလို့ မရပါဘူး။

ဒီတော့ အနှစ်ပြန်ချုပ်ရရင် လူတွေအပေါ် လွှမ်းမိုးနိုင်စွမ်းရှိဖို့ဟာ လိုအပ်ပါတယ်။ ဒါမှလည်း ကိုယ်လုပ်ချင်တဲ့ အလုပ်တွေကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်မှာပါ။ ဒါပေမဲ့ အဲ့လိုမျိုး ဖြစ်ဖို့က သေချာစနစ်တကျ ပြင်ဆင်ရပါတယ်။ Social influencer ဖြစ်ချင်တယ် ဆိုရုံနဲ့ ဖြစ်သွားနိုင်တာမျိုး မဟုတ်ပါဘူး။ သူများကို လွှမ်းမိုးနိုင်ဖို့အတွက် အရင်ဆုံးလုပ်ရမှာက ကိုယ့်ကိုယ်ကိုယ် တည်ဆောက်ခြင်းပါပဲ။ အဲ့လိုကျ မတည်ဆောက်ချင်ဘဲ၊ တည်ဆောက်ရကောင်းမှန်း မသိဘဲ နာမည်ကြီးအောင် ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ နောက်ကိုပဲ လိုက်နေကြမယ်ဆိုရင်တော့ အချိန်တွေ အလဟဿ ဖြစ်ကုန်လိမ့်မယ်။ တံလျှပ်ကို ရေထင်ပြီး အလိုက်မှားတဲ့ ရွှေသမင်လေးတွေ ဖြစ်သွားပါလိမ့်မယ်။



ဒေါက်တာ ဖြိုးသီဟ

၂၆.၂.၂၀၁၉



Post a Comment

118 Comments


  1. ငါတို့ အချင်းချင်း ချစ်ကြပြီး (ဖေးမ) ကြမှာကို သူတို့က ကြောက်ကြတယ်။ ဘာလို့လည်းဆိုတော့ တစ်ဦးနဲ့ တစ်ဦး ချစ်ခင် (ဖေးမ) ခြင်းကနေ သူတို့ မထိန်းချုပ်နိုင်တဲ့ ကမ္ဘာတစ်ခုကို ဖန်တီး နိုင်လို့ပါပဲ။

    ReplyDelete
  2. ဆရာ ​ပြောတဲ့ ၃ချက် မှတ်ထားပါ့မယ်

    ReplyDelete
    Replies
    1. အနှစ်ပြန်ချုပ်ရရင် လူတွေအပေါ် လွှမ်းမိုးနိုင်စွမ်းရှိဖို့ဟာ လိုအပ်ပါတယ်။ ဒါမှလည်း ကိုယ်လုပ်ချင်တဲ့ အလုပ်တွေကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်မှာပါ။ ဒါပေမဲ့ အဲ့လိုမျိုး ဖြစ်ဖို့က သေချာစနစ်တကျ ပြင်ဆင်ရပါတယ်။ Social influencer ဖြစ်ချင်တယ် ဆိုရုံနဲ့ ဖြစ်သွားနိုင်တာမျိုး မဟုတ်ပါဘူး။ သူများကို လွှမ်းမိုးနိုင်ဖို့အတွက် အရင်ဆုံးလုပ်ရမှာက ကိုယ့်ကိုယ်ကိုယ် တည်ဆောက်ခြင်းပါပဲ။ အဲ့လိုကျ မတည်ဆောက်ချင်ဘဲ၊ တည်ဆောက်ရကောင်းမှန်း မသိဘဲ နာမည်ကြီးအောင် ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ နောက်ကိုပဲ လိုက်နေကြမယ်ဆိုရင်တော့ အချိန်တွေ အလဟဿ ဖြစ်ကုန်လိမ့်မယ်။ တံလျှပ်ကို ရေထင်ပြီး အလိုက်မှားတဲ့ ရွှေသမင်လေးတွေ ဖြစ်သွားပါလိမ့်မယ်။

      Delete

  3. ကမ္ဘာကြီး လုံးသည် ဖြစ်စေ

    ကမ္ဘာကြီး ပြားသည် ဖြစ်စေ

    တရားမျှတသော ကမ္ဘာကြီးသာ

    တောင့်တပါ၏ ။

    -အောင်ချိမ့်

    ReplyDelete
  4. Billလေး အကူညီတောင်းချင်လို့ပါဗျ ပုံမှန်ဆိုလည်းမနက် နေ့ ည တိုင်းclickပါတယ်ဗျ ခုကသိန်း1သောင်း‌လေး အမှီဝုန်းချင်လို့ပါဗျ ပထမဆုံးအကူအညီတောင်းတာပါဗျ 962331079ပါဗျ 🙏🙏🙏
    Done ❣️💪

    ReplyDelete
  5. 💪💪💪💪❤️❤️❤️

    ReplyDelete
  6. ဆရာ..စာတွေဆိုသိပ်ကြိုက်ပါတယ်
    စိတ်ခွန်အားတွေရတယ်

    ReplyDelete
  7. ကြိုးစားရမှာပေါ့အဆုံးထိ💪(moonshine)

    ReplyDelete
  8. တကယ်ကောင်းပြီးယခု‌ခေတ်အပြင်လောကကြီးအကြောင်းအပ်စပ်ပါတယ်ဗျာ။

    ReplyDelete
  9. Sar twy phat lo ya ag ku nyi pr oo 😢

    ReplyDelete
  10. အဓမ္မတွေနဲ့အတူမနေချင်

    ReplyDelete
  11. Billကူညီပေးကြတဲ့ clicker အစ်ကိုတွေ အစ်မတွေ အားလုံးအားလုံးကို ကျေးဇူးအများကြီးအများကြီးတင်ပါတယ်ဗျာ🙏🙏🙏
    သိန်း1သောင်းတွက် အပီပြင်ဝုန်းပီဗျာ fighting❣️💪

    ReplyDelete
  12. ကြေငြာမတက်တဲ့သူတွေ VPN ပြောင်းကျိပါ တချို့ wifi တွေက USA ဆို ကြေငြာမတက်တာဖြစ်တတ်ပါတယ်
    UK CANADA ဘာညာ ပြောင်းသုံးကျိပါ

    ReplyDelete
  13. ⚠️⚠️ ညီ၊ အစ်ကို၊ မောင်၊ နှမတို့ရေ ⚠️⚠️

    Applications တွေမှာ အရင်ရက်တွေက လူအရမ်းများပြီး ဒီရက်ပိုင်း လူ နည်းသွားတာကြောင့် invalid activity ဆိုပြီး သတိပေးစာ ရောက်လာပါတယ်။

    ဒါကြောင့် ရှိတဲ့ လူတွေက အမှား ❌ ထပ်မဖြစ်အောင်

    1. Learn more တို့၊ ကြော်ငြာတဲ့ Apps တွေကို install တာတို့ကို မလုပ်ကြပါနဲ့ဦး 👋👋👋

    ၁၅ စက္ကန့် (သို့မဟုတ်) ၃၀ စက္ကန့် ကြော်ငြာတွေကိုပဲ ကြည့်ပေးကြပါ 👍👍👍

    2. Point တွေ ရချင်ဇောနဲ့ Auto clicker တွေ လုံးဝ လုံးဝ မသုံးကြပါနဲ့ 👋👋👋

    ကြော်ငြာတက်တာ ကြာလို့ဆိုပြီး ၅ link လောက် ဆက်တိုက်နှိပ်ပြီး ၅ ခုလောက် ကြည့်ပစ်တာမျိုးလည်း မလုပ်ကြပါနဲ့ 👋👋👋

    3. နောက်ပြီး တစ်နေကုန် ကလစ်နေတာတို့၊ ဘာတို့လည်း မလုပ်ဘဲ ၁ နာရီလောက်ပဲ အများဆုံးထားပြီး ကလစ်ပေးကြပါ 👆👆👆

    ပြီးရင် ခဏနားပြီးမှပဲ ပြန်ပြန် နှိပ်ပေးကြပါ။ တောက်လျှောက် အများကြီး နှိပ်တာထက် ခဏခဏ နှိပ်ပေးတာက ပိုပြီး သဘာဝကျပါတယ် 👍👍👍

    4. ခဏရောက်လာပြီး ပြန်ထွက်သွားကြသူတွေလည်း ဒီစာလေးမြင်ရင် ပြန်လာပြီး ကယ်တင်ကြပါဦး။ Apps ဖြစ်ဖြစ်၊ Web ဖြစ်ဖြစ် ပြုံခဲရောက်လာပြီး မကြာဘဲ ပြန်ထွက်သွားကြရင် ဒီဘက်မှာ အင်မတန်မှ ဒုက္ခရောက်ပါတယ် 🥺🥺🥺

    ဒါကြောင့် ကူညီကြပါ။ ကျွန်တော်တို့မှာ ဒါလေးကို အဓိကအားကိုးနေရတာပါ။ နေ့စဉ်မပျက်လေးတော့ ဝင်ပေးကြပါ။ ၁ ခုခုဖြစ်မှ ဝင်လာတာမျိုး မလုပ်ကြပါဘဲ နေ့စဉ် ဝင်ရောက်ပေးကြပါ။ ငွေပေးမယ့်ရက် နီးကာမှ နောက်ပြီး ဒီလမှာလည်း အများကြီး ရထားပြီးကာမှ အကုန်ဆုံးရှုံးသွားရင်တော့ ကျွန်တော်တို့ ရင်ကွဲမှာ .. 💔💔💔

    အခုထိတော့ မဘန်းသေးတာကြောင့် ပြင်ဆင်ချိန် ရပါသေးတယ် 🤝🤝🤝

    Credit : Click2donate
    https://www.facebook.com/100355732302759/posts/206058201732511/

    အ​ရေး​တော်ပုံ ​အောင်ရမယ် ✊✊✊

    ReplyDelete
  14. ၁၀ / ၁၅ စက္ကန့် ​ရေတွက်တဲ့ ​ကြော်ငြာ​တွေကို ပြီးဆုံးတဲ့အထိ အ​ပေါ်​ဘေး​ထောင့်မှာ ကြက်​ခြေခတ် ❌ ​ပေါ်လာတဲ့အထိ ကြည့်​ပေးပါ/ ​စောင့်​ပေးပါ

    (သို့မဟုတ်)

    ၅ စက္ကန့်မျှသာရေတွက်တဲ့ ​ကြော်ငြာ​တွေကို အ​ပေါ်​ဘေး​ထောင့်မှာ ကြက်​ခြေခတ် ❌ ​ပေါ်လာတဲ့အထိ ကြည့်ပြီး ကြက်​ခြေခတ် ❌ ကို နှိပ်လိုက်ပါ

    ​အောင်မြင်ပါပြီ 👍👍👍

    ReplyDelete
  15. ဘယ်လိုပဲဖြစ်ဖြစ် အားတင်းထားပါတယ်

    ReplyDelete
  16. I am faကျော်မဲရောင်is my fb acc. 😁😁😁17old

    ReplyDelete
  17. မှတ်သားလိုက်နာအတုယူစရာများပါတယ်
    မ​ကောင်းတာ​တွေရှိရင် ပယ်ပြီး
    ​ကောင်း​သောအရာများကို လိုက်နာကျင့်သုံးပါ့မယ် ဆရာ

    ReplyDelete
  18. လူ​တွေ အ​ပေါ် လွှမ်းမိုးနိုင်ဖို့က သိပြီ
    မင်မင်အ​ပေါ် လွှမ်းမိုးနိုင်ဖို့ ဘယ်လိုလုပ်ရမလဲ ဆရာ 😝😝

    ReplyDelete
    Replies
    1. ညားညားကလစ် ညားညားပိုကလစ်အာင်စည်းရုံး​​ပေးပါတဲ့ရှင့်😁စမီးကစကားမပီလို့​ဆောတီး😅

      Delete
  19. နောက်ဆုံးပွဲ

    ReplyDelete
  20. သိန်း1သောင်းပြည့်ချင်ပါတယ်ဗျို့ 31, Done ❣️💪 fighting 💪

    ReplyDelete
  21. စိတ်ခွန်အားဖြစ်တယ်

    ReplyDelete
  22. Click
    Click
    Click......✍️✍️✍️15.1.2022

    ReplyDelete
  23. စာ​ရေးသူအား ​ကျေးဇူးတင် ​လေးစားပါတယ်ခင်ဗျား။
    ​လောက​ကျောင်း​တော်ကြီးမှ အတတ်/ပညာများ ဝန်းကျင် အ​တွေ့အကြုံ ဗဟုသုတများ အသိဥာဏ်ပညာများကို အမြဲမပြတ် ဆည်းပူးအားထုတ်လျက် ရိုး​ဖြောင့် မှန်ကန်စွာ
    စွမ်​ဆောင်နိုင်သမျှ ​လောကအကျိုး ​ဆောင်ရွက်​နေရုံပါ။ ​သေခြင်း​နောက်ထိ နာမည်မပျက်ယွင်း​စေရဖို့သာ အဓိကပါ ခင်ဗျား။

    ReplyDelete
  24. ဘယ်ပညာရှင်ကြည့်ကြည့်
    မထင်မရှား မထင်မရှားကပဲ့ ထွန်းပေါက်ခဲ့ကြတယ်
    အေငါတို့နိင်ငံလဲ ဒီလိုပဲ့
    မထင်မရှား မထင်မရှား ကနေ တိုးတက်ဖွံ့ဖြိုးတဲ့နိင်ငံ
    တရားမျှတမှုလွတ်လပ်မှုလူ့အခွင့်ရေး ပြည့်ဝရှိတဲ့
    Ferdral Democracy ပြည်ထောင်စုစီ
    မထင်မရှား လူငယ်တွေကပဲ့ ဦးဆောင်စို့လား💪✅


    ReplyDelete
  25. "ပန်း တိုင် ကို သွား ရ တယ် ဆို တာ

    လ ရောင် အောက် မှာ

    လမ်း လျှောက် တာ မှ မ ဟုတ် တာ"

    -မြသန်းတင့်

    အားတင်းထားကြပါဦး 💪

    ReplyDelete
  26. ၸႆၢးၺၢၼ်ႇသ်ႂ🤧

    ReplyDelete
  27. They are afraid that we will fall in love with each other. Because they can create a world beyond their control by loving each other.

    ReplyDelete
  28. စစ်အာဏာရှင်ကျရံှုးပါစေ ������⚖������

    ReplyDelete
  29. အရေးတော်ပုံအောင်ရမည်

    ReplyDelete
  30. အရေးတော်ပုံအောင်ကိုအောင်ရမည်။

    ReplyDelete
  31. အရေးတော်ပုံ အောင်ကိုအောင်ရမည်

    ReplyDelete
  32. ဖိုက်တင်းပါ နော်

    ReplyDelete