(Start writing in 15 September 2021)
Disclaimer:ဤဝတ္ထုတွင်ပါဝင်သော ဇာတ်ကောင်၊အဖြစ်အပျက်နှင့် ဇာတ်လမ်းအားလုံးသည် ဝတ္ထုရေးသူ၏စိတ်ကူးသက်သက်သာဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်၊အဖွဲ့အစည်းတစ်ခုကိုမဆို ထိခိုက်စေလိုသော ရည်ရွယ်ချက်မပါရှိပါ၊
Genre:Dark Fantasy,Supernatural,Romance,Drama.
ပထမတွဲ(Volume. 1)
အမှာစာ
ဒါ ဒုတိယအကြိမ် ပြင်ဆင်တဲ့ စာမူပဲခေါ်ရမယ်။ပထမဆုံးရေးတဲ့ စာမူကိုတော့ ဖတ်ရင်းလှူမှာ တင်ဆက်ခဲ့တယ်။တင်ဆက်နေရင်းမှာပဲ ဖတ်ရင်းလှူပေ့ချ်ကြီး နားသွားခဲ့ရတော့ ကြားထဲမှာ တစ်ပတ်လောက် ဝေလေလေနဲ့ ပျင်းနေခဲ့သေးတယ်။
နောက်တော့ ကိုယ့်စာမူကိုပြန်ဖတ်တယ်။စာဖတ်သူတွေဆီကနေ မှတ်ချက်တွေပြန်ဖတ်တယ်။အဲ့မှာ ဝတ္ထုကို ပြန်ပြင်ဆင်ရကောင်းမယ်ဆိုပြီး ပြင်ကောင်းကောင်းနဲ့ပြင်လိုက်တာ အခုတွေ့ရတဲ့ ဒုတိယမြောက်စာမူ ဖြစ်သွားတာပေါ့။
ပထမစာမူကို စရေးတဲ့ရက်ကိုတော့ မမှတ်မိတော့ဘူး။ဒုတိယမြောက်ပြင်ဆင်ထားတာကတော့ ၁၅ရက်နေ့လောက်မှာ ပြန်စဖြစ်တာပေါ့။ပြန်ပြင်ချင်တာကတော့ တခြားမဟုတ်ပါ။ပထမရေးတဲ့ဇာတ်လမ်းက ဒီအတိုင်း ဇာတ်လမ်းဖြစ်ရုံသက်သက် ရေးထားသလိုလည်းဖြစ်နေတာဆိုတော့ ဒီတစ်ခါမှာ ကျွန်တော်က ပိုပြီးအဓိပ္ပာယ်ရှိတဲ့ ဇာတ်လမ်းမျိုးလေး ဖြစ်စေချင်ခဲ့တယ်။စာဖတ်သူတွေဆီကိုလည်း အကြောင်းအရာလေး၊တွေးစရာလေးဖြစ်ဖြစ် ကျန်ခဲ့စေချင်တယ်။
ဒီဝတ္ထုကတော့ ကျွန်တော်အရင်ထဲက နတ်တွေနဲ့ပတ်သက်တာတွေကို ဇာတ်လမ်းလုပ်ဖို့ အကြံရှိပြီးသားမလို့ အရင်ကတည်းက အကြမ်းဖျင်းစဉ်းစားထားခဲ့တာပါ။သို့ပေမယ့် တော်လှန်ရေးကာလထဲ ဗြုန်းစားကြီး ပေါ်လာတဲ့ဇာတ်လမ်းဖြစ်တာမလို့ တော်လှန်ရေးနဲ့လည်း ဆက်နွယ်နေမှာ မလွဲပါဘူး။
ကျွန်တော့်ဒီတစ်ခါပြန်ပြင်ဆင်တဲ့ ဒုတိယစာမူက ပထမစာမူထက်တော့ ပိုသာနိုင်ကောင်းပါရဲ့လို့ပဲ ယုံကြည်ရင်း ရေးမိပါသည်။တကယ်တမ်းမှာ တော်လှန်ရေးထဲ ဘာမှအထူးတလည် မပါဝင်မကူညီနိုင်တဲ့အတူတူ ရေပေါ်ဆီသာသာတော့ အဖြစ်မခံချင်တော့ ကိုယ်တတ်စွမ်းရာသာ ကိုယ်ပါဝင်ပေးဖို့ ဆုံးဖြတ်ပြီးရေးခဲ့တာပါ။အရမ်းစိတ်ကြည်လင်၊ပျော်ရွင်နေပြီး လိပ်ပြာတွေလုံနေလို့ စာတွေရေးနေတာလည်းမဟုတ်ပါ။ဒါကြောင့် စာဖတ်သူတွေကို ကျွန်တော်ရေးနိုင်သမျှ ရေးသားတင်ဆက်ပေးရင်း တော်လှန်ရေးထဲ သွေးမအေးသွားကြဖို့ပဲ ထပ်လောင်းမှာချင်ပါတယ်။
အတွဲ(၁)Volume.1အတွက် မျက်နှာဖုံး၊ကျောဖုံးနှစ်ဖက်လုံးစာကို အလန်းစားဖြစ်နေအောင်ဆွဲပေးခဲ့တဲ့ Shitty Artworkကိုရော တော်လှန်ရေးမှာ ထဲထဲဝင်ဝင်ပါဝင်ကူညီနေပြီး ယခုဝတ္ထုကိုလည်း တင်ဆက်ပေးနိုင်အောင် ကြိုးစားပေးခဲ့တဲ့ Click to Donateကိုရော အထူးပဲကျေးဇူးတင်ရှိပါသည်။
#Tommy
Goli And Miya (VOL 1, Part 1)
အခန်း(၁)
“ကျွန်တော့်ကိုမသတ်ပါနဲ့။”
“ကျွန်တော့်မှာ အိမ်ပြန်လာမှာစောင့်နေတဲ့ မိသားစုတွေ ရှိလို့ပါ။”
“ကျွန်တော်သေသွားရင် သူတို့ ဒုက္ခရောက်ကုန်လိမ့်မယ်…ဗျ။”
အော်ဟစ်တောင်းပန်နေသံမှာ မည်မျှပင်ကျယ်စေကာမှု မြစ်၏အလယ်၊ကမ်းမမြင်ရသည့်အနေအထား၊လေများတဟူးဟူးတိုးဝှေ့နေခြင်းတို့ကြောင့် မည်သူကမျှ ကြားနိုင်လိမ့်မည်မဟုတ်ပါချေ။
“ဒီနေ့ ဘယ်လိုအခြေအနေရှိလဲဗျို့။”
တံငါသည်များ တစ်နေကုန်ငါးဖမ်းထွက်ပြီး မမှောင်ခင်အချိန်တွင် ကမ်းကပ်နေကြပြီ။
“ဒီနေ့တော့ ငါးသိပ်မရလိုက်ဘူးဗျာ။ကံသိပ်မကောင်းသေးဘူးပြောရမယ်။”
လှေကပ်ရာ ကမ်းဘက်၌ လက်ပိုက်ရင်း လေတဟူးဟူးတိုက်နေသော အအေးဒဏ်ကို တုန်တုန်ယင်ယင်ဖြင့် အန်တုရင်း စောင့်နေသူမှာ မိန်းမငယ်တစ်ယောက်ဖြစ်သည်ကိုတွေ့ရ၏။
“ကောင်မလေး။နင်ဒီမှာ ဘယ်သူ့စောင့်နေတာလဲ။”
တံငါသည်တစ်ဦးက ထိုမိန်းကလေးကို ကြည့်နေရင်း စပ်စုလိုစိတ်ဖြင့် မေးကြည့်လေသည်။
“ကျွန်မယောင်္ကျားကိုစောင့်နေတာပါ။”
“ဟေ။ညနေတောင်စောင်းနေပြီ။ခဏနေဆို မုန်တိုင်းလည်းတိုက်တော့မယ်။လှေငှားတဲ့ရုံထဲဝင်မေးကြည့်ပြီးပြီလား။”
“မေးကြည့်ပြီးပြီ လှေအပ်ချိန်ကျော်နေပြီတဲ့ မရောက်လာသေးတာတဲ့ရှင့်။”
“ရေပိုင်နက်ရဲ့ အစွန်အထိများသွားလားမသိ။”
ဤသို့ဖြင့် တံငါသည်တချို့က ထင်မြင်ချက်များဝိုင်း ပေးနေကြစဉ် ကမ်းဘက်သို့ လှေတစ်စီးကပ်လာလေသည်။ထိုလှေထဲ၌ အရောင်အဝါများတောက်ပနေသော ငါးအများအပြားပါလာသဖြင့် အခြားတံငါသည်များတအံတဩဖြင့် လှေအနားကပ်ကာ ဝိုင်းကြည့်ကုန်ကြလေသည်။ထိုဝိုင်းနေကြသော တ့ငါသည်များထဲမှ တိုးဝှေ့ရင်း ထိုမိန်းမငယ်လည်း လှေထံသို့ သွားလေသည်။
လှေဆီသို့ ရောက်သည်နှင့်တစ်ပြိုင်နက် ကြောက်လန့်စွာဖြင့် ပါးစပ်ကို လက်ဖြင့်အုပ်ရင်း ထိုင်ချလိုက်ကာ ချုံးပွဲချငိုလေတော့သည်။
ထိုလှေပေါ်မှ ပြည့်လျှံနေပြီး တောက်ပနေသော ငါးများကြားထဲ၌မူ မျက်ပြူးစံပြူးဖြင့် တံငါသည်တစ်ယောက် သေနေခြင်းဖြစ်လေသည်။
နောက်တစ်ရက်တွင် အရပ်ထဲ၌ ထိုတံငါသည်သေဆုံးမှုမှာ ဟိုးလေးတကျော်ဖြစ်သွားလေသည်။ထိုကမ်းစပ်မှရွာဖြစ်သော တံငါသည်အများအပြားနေထိုင်ကြသော ထိုရွာကိုစောင့်သောနတ်တစ်ပါးရှိ၏။ထိုနတ်လည်း ထိုတံငါသည်သေဆုံးမှုကို အံ့ဩမှင်သက်နေမိလေရာ မြစ်စပ်သို့ ထွက်လာခဲ့လေသည်။ထို့နောက် ပါးစပ်မှ အစီအမံတစ်ခုကို ရွတ်ဆိုလိုက်လေသည်။မြစ်စောင့်နတ်ကိုပင့်သော အစီအမံဖြစ်လေရာ တစ်ခဏအကြာတွင် လေတဟူးဟူးတိုက်လာပြီး မြစ်ရေ၏ အထက်သို့တက်လာသော ထုထည်မှာကြီးမားလာလေသည်။ထို့နောက် ထိုရေပြင်ကြီးမှ မြစ်စောင့်နတ်သားဖြစ်သူထွက်ပေါ်လာလေသည်။
“အရေးကြီးကိစ္စရှိလို့ ကျွန်ုပ်ကို ပင့်ခြင်းပေလော အသင်ရွှာစောင့်နတ်။”
“မြစ်စောင့်နတ်သား။အသင်နှင့် အကျွန်ုပ်ကြား သဘောတူညီမှုရယူထားသည်မဟုတ်လော။အဘယ်ကြောင့် အသင်ဤသို့ လုပ်ရပါသနည်း။”
“အလို။အသင် မည်သည်ကိုဆိုလိုသနည်း။ကျွန်ုပ်နားမလည်ပါ။”
“အသင် မနေ့က ကျွန်ုပ်ရွာမှ တံငါသည်တစ်ဦးကို သတ်ဖြတ်ခဲ့သည်။အဘယ်ကြောင့်နည်း။”
“အလို။အသင်နှင့် အကျွန်ုပ်တို့ သဘောတူထားသည်မဟုတ်လော။ကျွန်ုပ် ခွင့်ပြုရာနယ်မြေအတွင်းသာ ငါးဖမ်းရမည်။ထိုနယ်မြေထက် ကျော်လွန်ပြီး ငါးဖမ်းခြင်းပြုပါက မည်သူကိုမဆို အသက်ကိုနှုတ်ယူပစ်မည်ဟု ကျွန်ုပ်ပြောထားသည် မဟုတ်လော။”
“အသင် မြစ်စောင့်နတ်။သူသည် နယ်နိမိတ်မျဉ်းကြောင်းပေါ်၌သာ ရှိသည်ဖြစ်ပါသည်။ကျော်လွန်မသွားပါ။နယ်နိမိတ်မျဉ်းကြောင်းပေါ်တည့်တည့်ကနေသာ သူပြန်လှည့်ခဲ့ခြင်းဖြစ်ပါသည်၊”
“အဆွေတော် ရွာစောင့်နတ်။မြစ်ရေဆိုသည်မှာ အစဉ်အမြဲလှုပ်ရှားနေသည်သာဖြစ်ပါသည်။ထိုကဲ့သို့ အတိုင်းအတာ တိကျစွာလှည့်ဖို့ဆိုသည်မှာ မဖြစ်နိုင်ပါ။အကယ်၍ သူသာနယ်နိမိတ်မျဉ်းအထိ မကပ်ခဲ့လျှင် ကျွန်ုပ်အစောင့်ချထားသော မြစ်တစ္ဆေမှာ သူ့အားခြောက်လန့်လိမ့်မည်မဟုတ်ပါ။ထို လောဘကြီးသော လူသား၏အပြစ်သာဖြစ်ပါသည်။”
ရွာစောင့်နတ်ကား ရုတ်တရက် ဘာမှမပြောတော့ချေ။တစ်ခဏအကြာမှ
“သူသည် မနက်နေထွက်သည်နှင့် ကျွန်ုပ်နှင့် သင်အပါအဝင် နတ်အပေါင်းကို ရှိခိုးဆုတောင်းပြီးမှသာ ငါးဖမ်းထွက်ပါသည်။အသင်အနေဖြင့် သူ့အား အနည်းငယ်မျှ သနားညှာတာကောင်းပါသည်၊သို့သော် ကိစ္စမရှိပါ၊ကျွန်ုပ် စောင့်ရှောက်ရာ ရွာသားတစ်ဦး အထူးသဖြင့် ကျွန်ုပ်ကို အစဉ်အမြဲရှိခိုး ပူဇော်သူ တစ်ဦးသေဆုံးခြင်းကို လျစ်လျူမရှု့နိုင်။”
ပြောပြောဆိုဆိုဖြင့် မြေကြီးထဲမှ တစ်စုံတစ်ခုကို ထွက်လာအောင် လက်ဖြင့်ဆွဲတင်နေသည့် ဟန်လုပ်လေသည်။ထို့နောက် မြေအောက်ထဲမှ အရုပ်ပျက်အဆင်းပျက် ကြောက်မက်ဖွယ် တစ္ဆေ၊သရဲများ ကျတ်ကောင်များတိုးထွက်လာကြလေသည်။
မြစ်စောင့်နတ်သားလည်း သက်ပြင်းတစ်ချက်ချလိုက်ကာ အစီအမံတစ်ခုကို ရွတ်လိုက်လေသည်။ထို့နောက် မြစ်ထဲမှ နဂါးကဲ့သို့ ရှည်မျောမျော သတ္တဝါတစ်ကောင်ထွက်လာကာ ဟိန်းဟောက်လေတော့သည်။
မကြာခင်မှာပင် ထို သရဲ၊တစ္ဆေ၊ကျတ်ကောင်များနှင့် ရေနဂါးတို့ တိုက်ခိုက်ကြလေသည်။နဂါးများမှာ တန်ခိုးအရှိန်အဝါမြင့် နတ်သား၏အိမ်မွေးတိရစ္ဆာန်ကဲ့သို့ဖြစ်လေရာ တန်ခိုးအရှိန်အဝါမြင့်သည့်အလျောက် ထိုသရဲများမှာ ရေနဂါးနှင့်ထိမိသည်နှင့် အခိုးအငွေ့များသဖွယ်ပျောက်ကွယ်သွားလေသည်။ရေနဂါးမှာလည်း ကွေ့ဝိုက်ပတ်ပြေးနေရင်း ကျတ်ကောင်များကို ဝါးမျိုချလေသည်။အဆုံး၌ ထိုနေရာဝန်းကျင်တစ်ခုလုံးမှ သရဲများမကောင်းဆိုးဝါးအားလုံးမှာ ကျွတ်လွတ်ကုန်ကြ၏။
“မနိုင်နိုင်တာကို သိသိနဲ့ ဘာလို့တိုက်ခိုက်ဖို့ရွေးချယ်ခဲ့ရတာလဲ။”
နဂါး၏ ပတ်လည်ဝိုင်းထားခြင်းခံရသောထို ရွာစောင့်နတ်ကို မြစ်စောင့်နတ်သားက မေး၏။ရွာစောင့်နတ်ကမူ ဂုဏ်ယူစွာပင် ကျရှုံးတော့မည့် နတ်စစ်သည်တော်တို့၏ မျက်နှာထားဖြင့်
“ကျွန်ုပ်တို့၏ ကိစ္စသည် မည်သူမှန်သည်၊မှားသည်ကို မခွဲနိုင်သော ကိစ္စတစ်ခုပင်ဖြစ်သည်မဟုတ်လော။သို့ဖြစ်လေရာ တိုက်ခိုက်ခြင်းဖြင့်သာ အမှန်၊အမှားခွဲဖို့ရှိသည်။ကျွန်ုပ်ကား ကိုယ်ယုံကြည်ရာအတွက်၊ကိုယ့်ကို ယုံကြည်သူများအတွက် တိုက်ခိုက်ခဲ့သည်။ယခုရှုံးလေသောအခါ၌လည်း နောင်တရစရာမရှိပါ။”
ရွာစောင့်နတ်ကိုမြစ်စောင့်နတ်သားကမူ စိတ်ပျက်သော မျက်နှာထားဖြင့် ရွံရှာဖွယ်ကြည့်ရင်း
“အသင်ရွာစောင့်နတ်ကား နတ်စစ်သည်တော်ဟောင်းဖြစ်ပုံရ၏။ကျွန်ုပ်ကား သင်အားချမ်းသာပေးရန်စဉ်းစားနေပါသေးသည်။သို့သော် သင်သည် နတ်စစ်သည်တော်ဟောင်းဖြစ်သည်ကို သိရသောအခါ၌ ချမ်းသာပေးရန်စိတ်ကူးမရှိတော့ပါ။သင်ကား ကျွန်ုပ် အရွံမုန်းဆုံးသော နတ်အမျိုးအစားထဲကဖြစ်၏။သို့ကြောင့် သင်နတ်သက်ကြွေဖို့ ပြင်ဆင်ပေရော့။” စကားအဆုံးတွင် နဂါးကြီးမှာ ကျယ်လောင်စွာ ဟိန်းဟောက်ရင်း ထိုရွှာစောင့်နတ်၏ ခန္တာကိုယ်ထဲသို့ဖောက်ဝင်ကာ ဖြတ်ပြေးလေ၏။ရွှာစောင့်နတ်၏ ကိုယ်ကိုဖောက်ဝင်သွားလေသည်နှင့်တစ်ပြိုင်နက် ရွာစောင့်နတ်၏ ကိုယ်ရှိန်ကိုယ်ဝါများမှာ မှေးမှိန်လာရင်း တစ်ဖြည်းဖြည်း ပန်းပွင့်ကလေးများကြွေသွားသည့်နှယ် ပျောက်ကွယ်သွားလေ၏။
ထို့နောက်တွင်မူ မုန်တိုင်းမှာ မြစ်စောင့်နတ်သား၏လောင်ကျွမ်းနေသော ဒေါသအလျောက် ကြီးမားလာကာ အဆုံး၌ ရွာတစ်ခုလုံး ရေမြုပ်သွားလေသည်။ရွာလုံးကျွတ် အသက်ရှင်ကျန်သူမရှိခဲ့ချေ။
ထိုရွာလုံးကျွတ်သေဆုံးမှုမှာ နတ်များအကြားအတော် သတင်းမွှေးသွား၏။အကြောင်းများ တစ်ရွှာလုံးမှာ နတ်ကိုးကွယ်သူများလည်း ဖြစ်ကြသဖြင့် နတ်တော်တော်များများမှာ တစ်ခါတစ်ရံ ထိုရွာထံသွားကာ ကာကွယ်စောင့်ရှောက်ပေးခြင်း၊ကံကောင်းစေရန်၊ကြီးပွားစေရန် ချီးမြှောက်ကြခြင်းများပြုတတ်ကြ၏။
“သမုဒ္ဓရာကို ပိုင်စိုးသော အရှင်သခင်ကြီးခင်ဗျား။ယခုဆိုလျှင် တံငါသည်ရွာသားအားလုံး သေဆုံးကုန်ကြခြင်းနှင့်ပတ်သက်၍ များစွာသော နတ်ကြီး၊နတ်ငယ်အပေါင်းတို့မှာ စိတ်မကောင်းဖြစ်ကြပြီး မြစ်စောင့်နတ်သားကိုလည်း မကျေမနပ်ဖြစ်နေကြပါသည်။မြစ်စောင့်နတ်သားကိုဆုံးမပေးရန်လည်း တောင်းဆိုနေကြပါသည်။”
“ကမ္ဘာဂြိုလ်စောင့်နတ်မင်းကော ဤအခြင်းအရာကို သိပါသလော။”
“မသိသေးပါ။သို့သော် မကြာခင်ပင် ထိုသတင်းမှာ အထက်သို့ပြန့်နှံ့သွားပါတော့မည်။အမြန်ဆုံးဖြေရှင်းဖို့လိုပါသည်အရှင်။
“အင်း။ဒါကတော့ သူရဲ့ကံပဲ။ငါလည်း ဘာမှလုပ်လို့မရပေဘူး။”
သမုဒ္ဓရာ၏အရှင်ဟုခေါ်ဆိုခံရသော ထိုနတ်မင်းကား ရွာစောင့်နတ်သေဆုံးမှု၊ရွှာလုံးကျွတ်ကို ရေမြုပ်ဖျက်ဆီးကာ ရွှာသားများကို သတ်ဖြတ်မှုဖြင့် သတင်းမွှေးနေသည်ကို ဖြေရှင်းရန် တာဝန်ကျလာလေသည်။
မြစ်စောင့်နတ်သားမှာ အခြားနတ်များနှင့် ဆက်သွယ်ခြင်းသိပ်မရှိ။သူပိုင်ရာ မြစ်ထဲ၌သာ အနေများသည် သူအားအခြားနတ်များကလည်း ကြောက်ရွံပြီး ရိုသေမှုမရှိသောနတ်တစ်ပါးဖြစ်သည်ဟူကာ ဖယ်ကျဉ်ထားလေ့ရှိလေသည်။
“ဒီတစ်ခါမှာကော မည်သို့မည်ပုံ ဖြေရှင်းမည်ဟု အသင်ကြံစည်ထားပါသနည်း။”
ဤအမေးကိုမေးသူမှာ ပင်လယ်စောင့်နတ်မင်းဖြစ်၏။
“ကောင်းကင်အထက်သို့ သတင်းများပျံနှံ့မသွားစေရန် ဤမြေပြင်၌ပင် ပြီးပြတ်အောင်ရှင်းရမည်ပေါ့။နတ်များသည်လည်းပဲ လူသားများကဲ့သို့ပဲစီရင်ကြရသည်မဟုတ်လော။နတ်တစ်ပါးကိုသတ်လျှင် မည်သို့ ပြစ်ဒဏ်ပေးရသနည်း။ပြောစမ်းပါဦးအထိန်းတော်ကြီး။”
“အကျဉ်းချခြင်း ရာထူးချခြင်းနှင့် နှစ်ရာချီနယ်နှင်ဒဏ်ပေးခြင်းတို့ပြုလုပ်ခြင်းဖြင့် အပြစ်ဒဏ်ချမှတ်ခွင့်ရှိပါသည် အရှင်။”
သမုဒ္ဓရာ၏အရှင်သခင်ဟု အမည်တပ်ခံရသော နတ်မင်းဟူသည့်အတိုင်း လူအများနတ်အများ ဆည်းကပ်ခြင်းခံရလေကာ အခြွေအရံပေါလေသည်။သစွာရှိလှသော ထိုအထိန်းတော်ကြီးက နှုတ်တိုက်ကျက်ထားလေသည့်အတိုင်း အထစ်အငေါ့မရှိ ရွတ်ဆိုပြသွားလေသည်။
သမုဒ္ဓရာအရှင်သခင် နတ်မင်းကြီးကား ရေထဲနေရသူဖြစ်သော်ငြား ကုန်းပေါ်ကသူများကဲ့သို့ လက်ဖက်ရည်နွေးနွေးသောက်ရသည်ကို နှစ်ခြိုက်သူဖြစ်ရာ ထိုအကောင်းစားလက်ဖက်ခြောက်များကို အထူးမှာယူကာ ကိုယ်တိုင် စိတ်တိုင်းကျ စီရင်သောက်သုံးလေ့ရှိ၏။
“ပင်လယ်စောင့်နတ်မင်းလည်းပဲ ဤဂိုလီဟူသော မြစ်စောင့်နတ်ကို သဘောမကျဖြစ်နေသည်မဟုတ်လော။”
“ဘယ်လိုများ သဘောကျနိုင်မည်နည်း ဤမျှလောက်အထိ လူမလေးခွေးမခန့်သည့် အမူအရာဖြင့် ရိုင်းစိုင်းသောလူသားများသဖွယ်ပြုတတ်သူကို။ကျွန်ုပ်စိတ်ရှိတိုင်းပြုရလျှင် ယခုပဲသူ့ထံ လက်နက်စွဲကိုင်ကာ နတ်သက်ခြွေပစ်ချင်လှပါသည်။”
ထိုအခါ သမုဒ္ဓရာအရှင်သခင်က ခန့်ခန့်ကြီးရယ်လေ၏။ထို့နောက် လက်ဖက်ရည်တစ်ခွက်ကို ပင်လယ်စောင့်နတ်မင်းကို ကမ်းပေးကာ
“သုံးဆောင်ပါ။ဤလက်ဖက်ရည်သည် မြေစောင့်နတ်မင်းကြီး ပေးသော အကောင်းဆုံးလက်ဖက်ခြောက်ဆိုသည်ကို ကျွန်ုပ်က မူရင်းအရသာအတိုင်း နွေးထွေးစွာသောက်သုံး၍ရစေရန် စီမံထားခြင်းဖြစ်ပါသည်။”
“ကျေးဇူးကြီးမားလှပါသည်။”
ဤသို့ဖြင့် ပထမတစ်ကြိမ် သောက်ကြည့်လိုက်ပြီးနောက်
“ကမ္ဘာဂြိုလ်စောင့်နတ်မင်းသည် ယခုအခါတွင် အနားယူလုဆဲဆဲဖြစ်သော အရှင်နေမင်းနေရာတွင် ဆက်ခံနိုင်ရင် ပြိုင်ဆိုင်နေသူတစ်ယောက်ဖြစ်လေရာ အလွန်ပင် အလုပ်ရှုပ်နေလေသည်။သို့ဖြစ်ရာ ကျွန်ုပ်တို့လည်းပဲ သူအမြင့်တက်ဖို့လုပ်လျှင် လှေကားထိုးပေးဖို့လိုလိမ့်မည်။သို့မှသာ ကျုပ်တို့လည်း ဤထက်ကောင်းသောနေရာရဖို့ အကြောင်းရှိလေသည်။”
လေးလေးနက်နက်ဆိုနေသော အရှင်သခင်၏စကားကြောင့် ပင်လယ်စောင့်နတ်မင်းလည်း အားတက်လာသယောင်ရှိလာကာ
“ဘယ်လိုလှေကားမျိုးထိုးပေးမည်နည်း။အကြံကြီးအစည်ကြီးများ ဤရွှေဉာဏ်တော်တွင် ရထားမိပါသလော။”
“မင်းနဲ့ငါ နှစ်ကိုယ်ကြားကတော့ သိပ်ပြီး အမြှောက်အပင့်တွေ ပြောစရာမလိုပါဘူးကွ။အေး…။ငါ့အကြံကတော့ ဒီဂိုလီပဲ။”
“ရှင်းပြပါအရှင်။”
“ဂိုလီသည် နတ်သူငယ်ဘဝကတည်းက မိဘမဲ့ဖြစ်ခဲ့သည်။အသင် ဤသည်ကို သိပါသလော။”
“သိပါသည်အရှင်။သူ၏မိဘများမှာ အဖိုးဖြစ်သူ၏ မင်းမျက်ထိုက်သော အပြစ်ဒဏ်ကိုခံယူရာတွင် အသတ်ခံရသောသားသမီးများ ဖြစ်ပါသည်။”
“အဲ့အချိန်တုန်းက သူ၏မိဘများကို မည်သူလာသတ်ခဲ့သည်ကို အသင်မှတ်မိသလော။”
“စေတန်ဘုရင်မဟုတ်လား အရှင်။”
“မှန်တယ်။ဒါကြောင့် ဂိုလီ့မှာ စနေဂြိုလ်မင်းဖြစ်တဲ့ စေတန်ဘုရင်ကို အငြိုးအတေးထားထားတယ်။အဲ့အငြိုးဟာ ငါတို့ ကမ္ဘာဂြိုလ်စောင့်နတ်မင်းကြီးအတွက် အကောင်းဆုံးလက်နက်ဖြစ်လာပေလိမ့်မည်။”
“ဖြစ်နိုင်ပါ့မလား။ဂိုလီသည် မည်သို့ပင်ဆိုစေကာမူ မြစ်စောင့်နတ်သားသာသာ သာရှိသည်။စေတန်ဘုရင်၏အစွမ်းကို နိုင်ပါမည်ကော။”
“ဒါကတော့ ငါတို့မြင်ရမယ့် စိတ်လှုပ်ရှားစရာအကောင်းဆုံးအရာဖြစ်လာမှာပဲ။”
ထို့နောက်တွင်မူ ဂိုလီသည် နတ်စစ်သည်တော်များ၏ ဖမ်းဆီးမှုနှင့်အတူ သမုဒ္ဓရာအရှင်သခင် ရှေ့မှောက်ကို ရောက်လာလေသည်။
“သူ့ကို ချုပ်ထားတာဖြေလိုက်ပါ။ငါတို့စကားပြောကြတာပေါ့။ဂိုလီ။”
အကြမ်းအရမ်း ဆွဲခေါ်လာရရုံမက တိုက်ခိုက်လာခဲ့ရသေးသဖြင့် နတ်စစ်သည်တော်များကော ဂိုလီပါ ပွန်းပဲ့စုတ်ပြတ်လို့နေ၏။ချုပ်ထားသော အစီအရင်ပြေလေသည့်အခါမှ ထနိုင်တော့သည်။
“ထိုင်ပါ။မင်းနဲ့ငါနဲ့ကြား ပြောစရာလေးတွေရှိနေတယ်။အဆင့်တူတူလိုပဲ သဘောထားပြောကြတာပေါ့။မင်းလည်းပဲ ငါ့ကိုရိုရိုသေသေပြောချင်မှာ မဟုတ်လောက်ဘူး။လွတ်လွတ်လပ်လပ်ပြောကွာ။”
“ကျွန်တော် ဒီကိစ္စမှာ မှားတယ်လို့ တကယ်ပဲခင်ဗျားထင်သလား။”
“ဘာကိစ္စကိုပြောတာပါလိမ့်။ဪ…။ငါသိပြီ။အမှန်တော့ မင်းဘက်က သိပ်မှားနေတာတော့မဟုတ်ဘူးကွာ။သို့ပေမယ့် မင်းသွားရေမြုပ်လိုက်တာက နတ်ကိုးကွယ်တဲ့ရွာဖြစ်နေတာကိုးကွ။မင်းသိတဲ့အတိုင်းပဲ နတ်တွေလည်းပဲ လူတွေလိုပဲ သူတို့ယုံချင်တာကိုယုံနေတာပါပဲ။ဘာလို့ဆို အသိဉာဏ်ပညာမှာ လူတွေထက်မြင့်မြတ်တယ်ဆိုတာက လူတွေကသာထင်လို့ ကိုးကွယ်တာကိုးကွ တကယ်တော့ ဟုတ်မှမဟုတ်ပဲကို။”
“ဒီတော့ ကျုပ်ကို ဘာလုပ်မှာလဲ။အပြစ်ဒဏ်ချမှာလား။”
“အေးပေါ့။ငါကလည်း အုပ်ချုပ်သူအနေနဲ့ သူတို့ဆန္ဒကို ကျေနပ်အောင် မလုပ်ချင်လည်း လုပ်ရမှာပဲလေ။မှားတာမှန်တာနဲ့ မဆိုင်ဘူးနော်။အင်အားနဲ့ သူတို့ယုံတာအပေါ်ပဲ သက်ဆိုင်တာ။”
ထို့နောက် ဂိုလီ့အရှေ့ကို “ဝုန်း”ကနဲ မြည်သွားအောင် ရုတ်တရက် ထရပ်ပြီး အနားကပ်လိုက်ကာ
“သို့ပေမယ့် မင်းအတွက် ငါ့မှာ အကြံကောင်းတစ်ခုရှိတယ်။မင်း ငါပြောတဲ့ အစီအစဉ်ကို လက်ခံရင် မင်းကိုငါက အပြစ်ဒဏ်တကယ်မချဘူး။လူတွေရှေ့ဟန်ပြချပေးပြီး လွတ်လပ်သွားအောင် လုပ်ပေးမယ်။”
“ဘာအစီအစဉ်လဲ။”
“ရှင်းပါတယ်။မင်းလည်းကြားမှာပေါ့။အရှင်နေမင်းက မကြာခင်အနားယူတော့မှာ ဒီတော့ သူ့နေရာမှာ ဆက်ခံမယ့်သူကို ရွေးချယ်ဖို့ အချိန်လည်း မကြာခင် ရောက်လာတော့မှာ။ငါတို့ ကမ္ဘာဂြိုလ်စောင့်နတ်မင်းလည်းပဲ ပြိုင်ဆိုင်ရတော့မှာ။”
“သိပါတယ်။ဒါကတော့ နတ်တွေအားလုံးကြားမှာ သတင်းထွက်နေတာပါပဲ။”
“ဟုတ်တယ်။အဲ့တော့ အဲ့မှာ ပြဿနာတစ်ခုရှိတယ်။အဲ့ပြဿနာကိုဖြေရှင်းဖို့က မင်းနဲ့သာဆို ဖြစ်နိုင်မယ်လို့ထင်တယ်။”
လက်ချောင်းကို လှုပ်ခါရင်း စိတ်လှုပ်ရှားအောင် တစ်ခုခြင်းပြောနေလသည်။
“ပြဿနာကဘာလဲဆိုတော့ စေတန်ဘုရင်က အရှင်နေမင်းဖြစ်ဖို့ အလားအလာရှိနေတာပဲ။”
ဤတွင် ဂိုလီတစ်ယောက် မျက်စိပြူးသွားသည်။ဒေါသကြောင့် ခန္တာကိုယ်မှာ တုန်ယင်လာပြီး အခိုးအငွေ့များထွက်လာလေသည်။”
“မင်းလည်း လက်မခံနိုင်ဘူးလေ။ဟုတ်တယ်ဟုတ်။သို့ပေမယ့် အရှင်နေမင်းက သူ့ကိုသိပ်အရေးပေးထားနေတယ်။ဒီတော့ သူတို့တွေ နဂါးငွေ့တန်းအရှင် နဂါးမင်းဆီကို သွားရောက်အရွေးခံတဲ့အခါ အရှင်နေမင်းက စေတန်ဘုရင်ကို ထောက်ခံလိုက်လို့ကတော့ ငါတို့ ဂြိုလ်ရှစ်လုံးနဲ့ ပလူတိုက နတ်တွေအားလုံး ဒုက္ခရောက်ပြီပဲ။”
ဂိုလီတစ်ယောက် တွေဝေသွားလေသည်။သူက ထိုကိစ္စကို လုပ်ချင်သည်ဆိုပါလေ့ မည်သို့မည်ပုံ သူလုပ်နိုင်မည်နည်း။သူ့၌ ထိုမျှလောက်အထိ အစွမ်းရှိမနေပါ။
“ကျုပ်..ကျုပ်က ဘယ်လိုလုပ်နိုင်မှာလဲဗျ။”
“ရိုးရှင်းပါတယ်။မင်းက ကမ္ဘာဂြိုလ်စောင့်နတ်မင်း အပါးမှာ ချဉ်းကပ်ခွင့်ရအောင်လုပ်ရလိမ့်မယ်။ပြီးရင် သူ့အပါးမှာနေရင်း မင်းစေတန်ဘုရင်ရဲ့ ဆိုးယုတ်တဲ့ သမိုင်းကြောင်းကို ဖော်ထုတ်ပြီး သူ့ကို အရှင်နေမင်းဖြစ်မလာအောင် တားဆီးရမယ်။”
ထို့နောက် ဂိုလီ၏ ကျောကိုပင်ပုတ်လိုက်ကာ
“ဒါ မင်းနဲ့မင်းမိသားစုတွေ မတရားခံခဲ့ရတာအတွက် ကလဲ့စားချေခွင့်ရတာဖြစ်ရုံတင်မကဘူးနော်။ဂြိုလ်ရှစ်လုံး၊ပလူတိုက နတ်တွေရယ်ရဲ့ ကံကြမ္မာလို့တောင် ဆိုနိုင်တယ်။”
ထို့နောက် ရယ်မောရင်း ဂိုလီ့ကို စိုက်ကြည့်ကာ
“ဘယ်လိုလဲ။အပြစ်ဒဏ်ဆိုတာထက် အခွင့်အရေးတစ်ခုရတာနဲ့တူတယ်မဟုတ်လား။မင်းဆုံးဖြတ်ချက်ချပြီးပြီလား။”
ဂိုလီလည်း တည်ကြည်သောမျက်နှာထားဖြင့် ခေါင်းငုံ့ထားရမှာ မော့ကြည့်လိုက်ပြီး
“ကျွန်တော် လုပ်မယ်။”
“ဟားဟားဟား။ငါသိသားပဲ၊မင်းလက်ခံလိမ့်မယ်ဆိုတာ ကျန်တာဘာမှစိတ်မပူနဲ့တော့။ငါအကုန်ရှင်းလိုက်မယ်။မင်းက…။”
ထို့နောက် ထလိုက်ကာ လက်ဖြင့် ဂိုလီ၏မျက်နှာနားကို မထိရုံတမယ် ကပ်လိုက်ကာ အစီအမံတစ်ခုကို ရေရွတ်လိုက်လေသည်။
“မင်းကအခုကစပြီး မင်းဟာဂိုလီလုံးဝမဟုတ်တော့ဘူး။မင်းက အသက်နည်းနည်းကြီးပြီဖြစ်တဲ့နတ်သားကြီးအီဂျီဖြစ်သွားပြီ။ဒီအကန့်အသတ်မဲ့တဲ့အစွမ်းက မင်းကို နဂိုမျက်နှာမျိုးမပေါ်အောင် ဖုံးထားပေးလိမ့်မယ်။ကဲမင်းသွားပေရော့။ဂိုလီဟာ နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ ငါကြေညာလိုက်မယ်။ရှင်းရဲ့လား။”
“ရှင်းပါတယ်။”
“အင်း…ဟုတ်ပြီ။ကောင်းတယ်။ကိုင်းအခု ဒီဂြိုလ်ရှစ်လုံးနဲ့ ပလူတိုရဲ့ကံကြမ္မာအပြင် မင်းမိသားစုအတွက် လက်စားချေနိုင်ရေး၊သွေးကြွေးဆပ်နိုင်ရေးက မင်းအပေါ်မူတည်သွားပြီ။”
နောက်နေ့တွင် အများအပြာအစုအဝေးလျက်ရှိသော နတ်များရှေ့၌ ဂိုလီကို စွန့်ပစ်နယ်မြေထံသို့ နယ်နှင်ဒဏ်ပေးလိုက်ကြောင်းကြေညာခဲ့လေတော့သည်။သို့သော်နတ်အချို့ကမူ သူတို့ရှေ့၌ ဂိုလီပုံဖန်ဆင်းကာ စွန့်ပစ်နယ်မြေသို့ ပို့ဆောင်ပြသည့် နတ်ကို ဂိုလီဟု မယုံကြည်ကြချေ။အကြောင်းမှာ ဂိုလီသည်ထိုကဲ့သို့အခြေအနေ၌ မည်သည့်အကြောင်းနှင့်မျှ ငြိမ်ခံမည်မဟုတ်ဟု မှတ်ယူကြရာ ဆူဆူပူပူများလုပ်ကြသေး၏။သို့သော် ထိုအမှုအခင်းများကတော့ စီရင်ချက်ချပြီး အနှေး နှင့် အမြန်ငြိမ်သက်ကာ အခြားအကြောင်းအရာများဖြင့် ဖုံးလွှမ်းသွားလေပြီဖြစ်သည်။
“တစ်ဆိတ်လောက်ပါ။ဒါက သက်ကြီးနတ်စွမ်းအင်သင်တန်းကျောင်းလားခင်ဗျ။”
“ဟုတ်ပါတယ်။ဘာကူညီပေးရမလဲ။”
“ကျွန်တော် ဒီမှာ စာရင်းသွင်းချင်လို့ပါ။”
ဂိုလီရောက်နေသည်မှာ ကမ္ဘာပေါ်မှ စွမ်းအားမျိုးစုံကို သက်ကြီးနတ်တွေကို သင်ကြားပေးရာ နာမည်ကျော်ကျောင်းတော်ကြီးဖြစ်၏။
“ဟေ။မင်းက ဓါတ်ကြီးလေးပါး။စွမ်းအင်စုံကိုသင်ကြားချင်တာဟုတ်လား။”
ကျောင်းအုပ်ကြီးကား အတော်အသက်ကြီးပြီဖြစ်သော နတ်တစ်ပါးဖြစ်၏။ဂိုလီ၏ ပုံသွင်ပြင်ကို ကြည့်ရင်းအံ့ဩနေပုံလည်းရလေသည်။
“မင်းကြည့်ရတာ ရေစွမ်းအားကို ပိုင်ပြီးသားမဟုတ်လား။တခြားစွမ်းအားကို သင်ယူချင်သေးတာလား။ဘာဖြစ်လို့လဲ။”
“ဪ။ဟိုလေ။နတ်စစ်သည်တော်တွေအတွက် ကျင်းပတဲ့ ဝင်ခွင့် စစ်ဆေးရေးကို ဝင်ပြီးယှဉ်ပြိုင်ချင်လို့ပါ။”
“ဪဪ။ဟုတ်ပါပြီ။မင်းနာမည်က ဘာများလဲ။”
“အယ်…အီ…အီဂျီပါ။”
“မင်းကြည့်ရတာ အသက်ကြီးမှ ကျောင်းပြန်လာတက်တာထင်တယ်။ဒါကြောင့်သာ ငါတို့လို သက်ကြီးကျောင်းကိုရောက်လာတာမဟုတ်လား။”
“ဟုတ်…ဟုတ်ပါတယ်ခင်ဗျ။”
ဤသို့ဖြင့် ကျောင်းဝင်ခွင့်ရလာပြီးနောက် ပထမဆုံးနှစ်မှာ ရေစွမ်းအင်ကို သုံးနည်းသင်ရ၏။နာမည်တု အီဂျီကိုသုံပြီးရောက်လာသော ဂိုလီမှာ ထိုတစ်နှစ်ကိုတော့ ချောချောမောမော အောင်မြင်ခဲ့သည်။အခြားကျောင်းသားများက အားကျ၍ နည်းစနစ်လေးမျှဝေရန်ပြောသော်ငြား ဂိုလီမှာ သူ့အကျင့်အတိုင်း တစ်ကိုယ်ထဲသာ နေနေ၏။အချို့ကမူ မသင်္ကာခြင်းဖြစ်ကြသည်။
“ငါတော့မယုံပါဘူးကွာ။”
ဤစကားကိုဆိုသူမှာ ထိုသက်ကြီးကျောင်းမှ နတ်တစ်ပါးဖြစ်ပြီး အခြားနတ်များဖြင့် အတင်းတုပ်နေခြင်းဖြစ်လေ၏။
“ဘာကိုလဲကွ။”
“ဟိုအီဂျီဆိုတဲ့နတ်လေကွာ။မင်းသူ့ကိုကြည့် အသက်က ငါတို့ထပ်တောင်ကြီးမယ့်ပုံ။အဲ့တာကို နတ်စစ်သည်တော်အဖြစ် အရွေးခံဦးမယ်တဲ့။”
“စဉ်းစားမနေပါနဲ့ကွ။ပထမအဆင့်မှာတင် သေမယ့်အခြေအနေပါ။”
“ဒါပေမယ့် ရေစွမ်းအင်ကတော့ အတော်ကျွမ်းတယ်နော်။”
“ရေနတ်သားဖြစ်မှာပေါ့ ဝတ်စုံကိုကြည့်ရင် သိသာနေတာပဲကို။”
“အဲ့တာများ ဘာလို့ဒုက္ခခံပြီး လာတက်နေသေးလဲမသိ။သူ့ဘာသူအေးဆေးနေလို့ရနေတဲ့ဘဝကို။”
လူများနည်းတူ တစ်ပါးသူ၏ဘဝကို မသိပဲ ကိုယ်ထင်သလို ဝေဖန်တတ်ခြင်းမှာလည်း ဤစကြာဝဠာ၌နေသူများ၏ ဆိုရွားသော အကျင့်တစ်ခုဖြစ်သည်သာပင်။
ဒုတိယနှစ်၌ လေစွမ်းအင်ကိုသင်ရ၏။ဂိုလီမှာ မုန်တိုင်းတော့ခေါ်တတ်သူဖြစ်ရာ အခြားစွမ်းအင်များကိုကြိုပင် သင်နိုင်ခဲ့လေသည်။နတ်သူငယ်ဘဝကို ကျော်လွန်ပြီးမှ အစွမ်းတစ်ခုခုကို သင်လျှင် ခက်ခဲတတ်သည်ဖြစ်ရာ ထိုတစ်နှစ်လုံး ပင်ပန်းခဲ့ရ၏။ဂိုလီကား အတော်ဆုံးမဟုတ်တော့ပြန်သည့်အခါတွင်မူ စိန်ခေါ်မှုများမှာ ကြုံရစမြဲပင်။
“အီဂျီ။”
ခေါ်လိုက်သူမှာ အတန်းထဲမှ လေစွမ်းအင်ကိုသင်ရာတွင် အတော်ဆုံးဖြစ်သူ နတ်တစ်ပါးဖြစ်၏။အကြောင်းမှာ သူကား ကောင်ကင်ပိုင်းတွင်နေသော နတ်မိသားစုမှာလာသူဖြစ်ရာ လေစွမ်းအင်၌တော်ခြင်းမှာ မထူးဆန်းလှချေ။
“ရေစွမ်းအင်တုန်းကတော့ မင်းအရမ်းတော်ခဲ့တာပဲ ရေနတ်သားလေး။အခုလေစွမ်းအင်ကော ဘယ်လိုနေလဲသိရအောင် မင်းနဲ့ငါ တစ်ပွဲလောက် တိုက်ကြည့်ရအောင်။”
“ငါတိုက်ဖို့ စိတ်မပါဘူး။”
“ဟဟ။ကြောက်တာလား။လေစွမ်းအင်ဆိုတော့ သိပ်ယုံကြည်ချက်မရှိလို့လား။ကြားလိုက်ကြလားဟေး စိတ်မပါဘူးတဲ့ လူသားမိန်းမတွေ သူတို့ယောင်္ကျားကို မြူနေချိန်မှာ ယောင်္ကျားတွေက စိတ်မပါတဲ့လေသံနဲ့ပြောသလိုပါလား နတ်သားလေးရဲ့။”
ထို့စဉ် အနားတွင် အခြားနတ်များပတ်လည်ဝိုင်းလာကာ အားပေးရန် စိတ်လှုပ်ရှားစွာစောင့်ကုန်ကြ၏။သူတို့ တိုက်ခိုက်မည့်နေရာမှာ ကွင်းပြင်ကျယ်ကြီးတွင်ဖြစ်ပြီး မတော်တဆ ဂိုလီမှာ ရေစွမ်းအင်ထုတ်သုံးလျှင် အထမမြောက်အောင် ခြောက်သွေ့နေသော နေရာကို ယူထားခြင်းဖြစ်၏။ဂိုလီကား ရွေးစရာမရှိတော့ချေ။တိုက်ရုံသာရှိလေသည်။
“ကဲ။အချိန်မဆွဲဘူးကွာ။စကြရအောင်။”
အခန်း (၂) မျှော်
(Zawgyi Verion)
(Start writing in 15 September 2021)
Disclaimer:ဤဝတၳဳတြင္ပါဝင္ေသာ ဇာတ္ေကာင္၊အျဖစ္အပ်က္ႏွင့္ ဇာတ္လမ္းအားလုံးသည္ ဝတၳဳေရးသူ၏စိတ္ကူးသက္သက္သာျဖစ္ၿပီး မည္သူတစ္ဦးတစ္ေယာက္၊အဖြဲ႕အစည္းတစ္ခုကိုမဆို ထိခိုက္ေစလိုေသာ ရည္႐ြယ္ခ်က္မပါရွိပါ၊
Genre:Dark Fantasy,Supernatural,Romance,Drama.
ပထမတြဲ(Volume. 1)
အမွာစာ
ဒါ ဒုတိယအႀကိမ္ ျပင္ဆင္တဲ့ စာမူပဲေခၚရမယ္။ပထမဆုံးေရးတဲ့ စာမူကိုေတာ့ ဖတ္ရင္းလႉမွာ တင္ဆက္ခဲ့တယ္။တင္ဆက္ေနရင္းမွာပဲ ဖတ္ရင္းလႉေပ့ခ်္ႀကီး နားသြားခဲ့ရေတာ့ ၾကားထဲမွာ တစ္ပတ္ေလာက္ ေဝေလေလနဲ႔ ပ်င္းေနခဲ့ေသးတယ္။
ေနာက္ေတာ့ ကိုယ့္စာမူကိုျပန္ဖတ္တယ္။စာဖတ္သူေတြဆီကေန မွတ္ခ်က္ေတြျပန္ဖတ္တယ္။အဲ့မွာ ဝတၳဳကို ျပန္ျပင္ဆင္ရေကာင္းမယ္ဆိုၿပီး ျပင္ေကာင္းေကာင္းနဲ႔ျပင္လိုက္တာ အခုေတြ႕ရတဲ့ ဒုတိယေျမာက္စာမူ ျဖစ္သြားတာေပါ့။
ပထမစာမူကို စေရးတဲ့ရက္ကိုေတာ့ မမွတ္မိေတာ့ဘူး။ဒုတိယေျမာက္ျပင္ဆင္ထားတာကေတာ့ ၁၅ရက္ေန႔ေလာက္မွာ ျပန္စျဖစ္တာေပါ့။ျပန္ျပင္ခ်င္တာကေတာ့ တျခားမဟုတ္ပါ။ပထမေရးတဲ့ဇာတ္လမ္းက ဒီအတိုင္း ဇာတ္လမ္းျဖစ္႐ုံသက္သက္ ေရးထားသလိုလည္းျဖစ္ေနတာဆိုေတာ့ ဒီတစ္ခါမွာ ကြၽန္ေတာ္က ပိုၿပီးအဓိပၸာယ္ရွိတဲ့ ဇာတ္လမ္းမ်ိဳးေလး ျဖစ္ေစခ်င္ခဲ့တယ္။စာဖတ္သူေတြဆီကိုလည္း အေၾကာင္းအရာေလး၊ေတြးစရာေလးျဖစ္ျဖစ္ က်န္ခဲ့ေစခ်င္တယ္။
ဒီဝတၳဳကေတာ့ ကြၽန္ေတာ္အရင္ထဲက နတ္ေတြနဲ႔ပတ္သက္တာေတြကို ဇာတ္လမ္းလုပ္ဖို႔ အႀကံရွိၿပီးသားမလို႔ အရင္ကတည္းက အၾကမ္းဖ်င္းစဥ္းစားထားခဲ့တာပါ။သို႔ေပမယ့္ ေတာ္လွန္ေရးကာလထဲ ျဗဳန္းစားႀကီး ေပၚလာတဲ့ဇာတ္လမ္းျဖစ္တာမလို႔ ေတာ္လွန္ေရးနဲ႔လည္း ဆက္ႏြယ္ေနမွာ မလြဲပါဘူး။
ကြၽန္ေတာ့္ဒီတစ္ခါျပန္ျပင္ဆင္တဲ့ ဒုတိယစာမူက ပထမစာမူထက္ေတာ့ ပိုသာႏိုင္ေကာင္းပါရဲ႕လို႔ပဲ ယုံၾကည္ရင္း ေရးမိပါသည္။တကယ္တမ္းမွာ ေတာ္လွန္ေရးထဲ ဘာမွအထူးတလည္ မပါဝင္မကူညီႏိုင္တဲ့အတူတူ ေရေပၚဆီသာသာေတာ့ အျဖစ္မခံခ်င္ေတာ့ ကိုယ္တတ္စြမ္းရာသာ ကိုယ္ပါဝင္ေပးဖို႔ ဆုံးျဖတ္ၿပီးေရးခဲ့တာပါ။အရမ္းစိတ္ၾကည္လင္၊ေပ်ာ္႐ြင္ေနၿပီး လိပ္ျပာေတြလုံေနလို႔ စာေတြေရးေနတာလည္းမဟုတ္ပါ။ဒါေၾကာင့္ စာဖတ္သူေတြကို ကြၽန္ေတာ္ေရးႏိုင္သမွ် ေရးသားတင္ဆက္ေပးရင္း ေတာ္လွန္ေရးထဲ ေသြးမေအးသြားၾကဖို႔ပဲ ထပ္ေလာင္းမွာခ်င္ပါတယ္။
အတြဲ(၁)Volume.1အတြက္ မ်က္ႏွာဖုံး၊ေက်ာဖုံးႏွစ္ဖက္လုံးစာကို အလန္းစားျဖစ္ေနေအာင္ဆြဲေပးခဲ့တဲ့ Shitty Artworkကိုေရာ ေတာ္လွန္ေရးမွာ ထဲထဲဝင္ဝင္ပါဝင္ကူညီေနၿပီး ယခုဝတၳဳကိုလည္း တင္ဆက္ေပးႏိုင္ေအာင္ ႀကိဳးစားေပးခဲ့တဲ့ Click to Donateကိုေရာ အထူးပဲေက်းဇူးတင္ရွိပါသည္။
#Tommy
Goli And Miya (VOL 1, Part 1)
အခန္း(၁)
“ကြၽန္ေတာ့္ကိုမသတ္ပါနဲ႔။”
“ကြၽန္ေတာ့္မွာ အိမ္ျပန္လာမွာေစာင့္ေနတဲ့ မိသားစုေတြ ရွိလို႔ပါ။”
“ကြၽန္ေတာ္ေသသြားရင္ သူတို႔ ဒုကၡေရာက္ကုန္လိမ့္မယ္…ဗ်။”
ေအာ္ဟစ္ေတာင္းပန္ေနသံမွာ မည္မွ်ပင္က်ယ္ေစကာမႈ ျမစ္၏အလယ္၊ကမ္းမျမင္ရသည့္အေနအထား၊ေလမ်ားတဟူးဟူးတိုးေဝွ႔ေနျခင္းတို႔ေၾကာင့္ မည္သူကမွ် ၾကားႏိုင္လိမ့္မည္မဟုတ္ပါေခ်။
“ဒီေန႔ ဘယ္လိုအေျခအေနရွိလဲဗ်ိဳ႕။”
တံငါသည္မ်ား တစ္ေနကုန္ငါးဖမ္းထြက္ၿပီး မေမွာင္ခင္အခ်ိန္တြင္ ကမ္းကပ္ေနၾကၿပီ။
“ဒီေန႔ေတာ့ ငါးသိပ္မရလိုက္ဘူးဗ်ာ။ကံသိပ္မေကာင္းေသးဘူးေျပာရမယ္။”
ေလွကပ္ရာ ကမ္းဘက္၌ လက္ပိုက္ရင္း ေလတဟူးဟူးတိုက္ေနေသာ အေအးဒဏ္ကို တုန္တုန္ယင္ယင္ျဖင့္ အန္တုရင္း ေစာင့္ေနသူမွာ မိန္းမငယ္တစ္ေယာက္ျဖစ္သည္ကိုေတြ႕ရ၏။
“ေကာင္မေလး။နင္ဒီမွာ ဘယ္သူ႔ေစာင့္ေနတာလဲ။”
တံငါသည္တစ္ဦးက ထိုမိန္းကေလးကို ၾကည့္ေနရင္း စပ္စုလိုစိတ္ျဖင့္ ေမးၾကည့္ေလသည္။
“ကြၽန္မေယာက်ၤားကိုေစာင့္ေနတာပါ။”
“ေဟ။ညေနေတာင္ေစာင္းေနၿပီ။ခဏေနဆို မုန္တိုင္းလည္းတိုက္ေတာ့မယ္။ေလွငွားတဲ့႐ုံထဲဝင္ေမးၾကည့္ၿပီးၿပီလား။”
“ေမးၾကည့္ၿပီးၿပီ ေလွအပ္ခ်ိန္ေက်ာ္ေနၿပီတဲ့ မေရာက္လာေသးတာတဲ့ရွင့္။”
“ေရပိုင္နက္ရဲ႕ အစြန္အထိမ်ားသြားလားမသိ။”
ဤသို႔ျဖင့္ တံငါသည္တခ်ိဳ႕က ထင္ျမင္ခ်က္မ်ားဝိုင္း ေပးေနၾကစဥ္ ကမ္းဘက္သို႔ ေလွတစ္စီးကပ္လာေလသည္။ထိုေလွထဲ၌ အေရာင္အဝါမ်ားေတာက္ပေနေသာ ငါးအမ်ားအျပားပါလာသျဖင့္ အျခားတံငါသည္မ်ားတအံတဩျဖင့္ ေလွအနားကပ္ကာ ဝိုင္းၾကည့္ကုန္ၾကေလသည္။ထိုဝိုင္းေနၾကေသာ တ့ငါသည္မ်ားထဲမွ တိုးေဝွ႔ရင္း ထိုမိန္းမငယ္လည္း ေလွထံသို႔ သြားေလသည္။
ေလွဆီသို႔ ေရာက္သည္ႏွင့္တစ္ၿပိဳင္နက္ ေၾကာက္လန႔္စြာျဖင့္ ပါးစပ္ကို လက္ျဖင့္အုပ္ရင္း ထိုင္ခ်လိုက္ကာ ခ်ဳံးပြဲခ်ငိုေလေတာ့သည္။
ထိုေလွေပၚမွ ျပည့္လွ်ံေနၿပီး ေတာက္ပေနေသာ ငါးမ်ားၾကားထဲ၌မူ မ်က္ျပဴးစံျပဴးျဖင့္ တံငါသည္တစ္ေယာက္ ေသေနျခင္းျဖစ္ေလသည္။
ေနာက္တစ္ရက္တြင္ အရပ္ထဲ၌ ထိုတံငါသည္ေသဆုံးမႈမွာ ဟိုးေလးတေက်ာ္ျဖစ္သြားေလသည္။ထိုကမ္းစပ္မွ႐ြာျဖစ္ေသာ တံငါသည္အမ်ားအျပားေနထိုင္ၾကေသာ ထို႐ြာကိုေစာင့္ေသာနတ္တစ္ပါးရွိ၏။ထိုနတ္လည္း ထိုတံငါသည္ေသဆုံးမႈကို အံ့ဩမွင္သက္ေနမိေလရာ ျမစ္စပ္သို႔ ထြက္လာခဲ့ေလသည္။ထို႔ေနာက္ ပါးစပ္မွ အစီအမံတစ္ခုကို ႐ြတ္ဆိုလိုက္ေလသည္။ျမစ္ေစာင့္နတ္ကိုပင့္ေသာ အစီအမံျဖစ္ေလရာ တစ္ခဏအၾကာတြင္ ေလတဟူးဟူးတိုက္လာၿပီး ျမစ္ေရ၏ အထက္သို႔တက္လာေသာ ထုထည္မွာႀကီးမားလာေလသည္။ထို႔ေနာက္ ထိုေရျပင္ႀကီးမွ ျမစ္ေစာင့္နတ္သားျဖစ္သူထြက္ေပၚလာေလသည္။
“အေရးႀကီးကိစၥရွိလို႔ ကြၽႏ္ုပ္ကို ပင့္ျခင္းေပေလာ အသင္႐ႊာေစာင့္နတ္။”
“ျမစ္ေစာင့္နတ္သား။အသင္ႏွင့္ အကြၽႏ္ုပ္ၾကား သေဘာတူညီမႈရယူထားသည္မဟုတ္ေလာ။အဘယ္ေၾကာင့္ အသင္ဤသို႔ လုပ္ရပါသနည္း။”
“အလို။အသင္ မည္သည္ကိုဆိုလိုသနည္း။ကြၽႏ္ုပ္နားမလည္ပါ။”
“အသင္ မေန႔က ကြၽႏ္ုပ္႐ြာမွ တံငါသည္တစ္ဦးကို သတ္ျဖတ္ခဲ့သည္။အဘယ္ေၾကာင့္နည္း။”
“အလို။အသင္ႏွင့္ အကြၽႏ္ုပ္တို႔ သေဘာတူထားသည္မဟုတ္ေလာ။ကြၽႏ္ုပ္ ခြင့္ျပဳရာနယ္ေျမအတြင္းသာ ငါးဖမ္းရမည္။ထိုနယ္ေျမထက္ ေက်ာ္လြန္ၿပီး ငါးဖမ္းျခင္းျပဳပါက မည္သူကိုမဆို အသက္ကိုႏႈတ္ယူပစ္မည္ဟု ကြၽႏ္ုပ္ေျပာထားသည္ မဟုတ္ေလာ။”
“အသင္ ျမစ္ေစာင့္နတ္။သူသည္ နယ္နိမိတ္မ်ဥ္းေၾကာင္းေပၚ၌သာ ရွိသည္ျဖစ္ပါသည္။ေက်ာ္လြန္မသြားပါ။နယ္နိမိတ္မ်ဥ္းေၾကာင္းေပၚတည့္တည့္ကေနသာ သူျပန္လွည့္ခဲ့ျခင္းျဖစ္ပါသည္၊”
“အေဆြေတာ္ ႐ြာေစာင့္နတ္။ျမစ္ေရဆိုသည္မွာ အစဥ္အၿမဲလႈပ္ရွားေနသည္သာျဖစ္ပါသည္။ထိုကဲ့သို႔ အတိုင္းအတာ တိက်စြာလွည့္ဖို႔ဆိုသည္မွာ မျဖစ္ႏိုင္ပါ။အကယ္၍ သူသာနယ္နိမိတ္မ်ဥ္းအထိ မကပ္ခဲ့လွ်င္ ကြၽႏ္ုပ္အေစာင့္ခ်ထားေသာ ျမစ္တေစၦမွာ သူ႔အားေျခာက္လန႔္လိမ့္မည္မဟုတ္ပါ။ထို ေလာဘႀကီးေသာ လူသား၏အျပစ္သာျဖစ္ပါသည္။”
႐ြာေစာင့္နတ္ကား ႐ုတ္တရက္ ဘာမွမေျပာေတာ့ေခ်။တစ္ခဏအၾကာမွ
“သူသည္ မနက္ေနထြက္သည္ႏွင့္ ကြၽႏ္ုပ္ႏွင့္ သင္အပါအဝင္ နတ္အေပါင္းကို ရွိခိုးဆုေတာင္းၿပီးမွသာ ငါးဖမ္းထြက္ပါသည္။အသင္အေနျဖင့္ သူ႔အား အနည္းငယ္မွ် သနားညႇာတာေကာင္းပါသည္၊သို႔ေသာ္ ကိစၥမရွိပါ၊ကြၽႏ္ုပ္ ေစာင့္ေရွာက္ရာ ႐ြာသားတစ္ဦး အထူးသျဖင့္ ကြၽႏ္ုပ္ကို အစဥ္အၿမဲရွိခိုး ပူေဇာ္သူ တစ္ဦးေသဆုံးျခင္းကို လ်စ္လ်ဴမရႈ႕ႏိုင္။”
ေျပာေျပာဆိုဆိုျဖင့္ ေျမႀကီးထဲမွ တစ္စုံတစ္ခုကို ထြက္လာေအာင္ လက္ျဖင့္ဆြဲတင္ေနသည့္ ဟန္လုပ္ေလသည္။ထို႔ေနာက္ ေျမေအာက္ထဲမွ အ႐ုပ္ပ်က္အဆင္းပ်က္ ေၾကာက္မက္ဖြယ္ တေစၦ၊သရဲမ်ား က်တ္ေကာင္မ်ားတိုးထြက္လာၾကေလသည္။
ျမစ္ေစာင့္နတ္သားလည္း သက္ျပင္းတစ္ခ်က္ခ်လိုက္ကာ အစီအမံတစ္ခုကို ႐ြတ္လိုက္ေလသည္။ထို႔ေနာက္ ျမစ္ထဲမွ နဂါးကဲ့သို႔ ရွည္ေမ်ာေမ်ာ သတၱဝါတစ္ေကာင္ထြက္လာကာ ဟိန္းေဟာက္ေလေတာ့သည္။
မၾကာခင္မွာပင္ ထို သရဲ၊တေစၦ၊က်တ္ေကာင္မ်ားႏွင့္ ေရနဂါးတို႔ တိုက္ခိုက္ၾကေလသည္။နဂါးမ်ားမွာ တန္ခိုးအရွိန္အဝါျမင့္ နတ္သား၏အိမ္ေမြးတိရစာၦန္ကဲ့သို႔ျဖစ္ေလရာ တန္ခိုးအရွိန္အဝါျမင့္သည့္အေလ်ာက္ ထိုသရဲမ်ားမွာ ေရနဂါးႏွင့္ထိမိသည္ႏွင့္ အခိုးအေငြ႕မ်ားသဖြယ္ေပ်ာက္ကြယ္သြားေလသည္။ေရနဂါးမွာလည္း ေကြ႕ဝိုက္ပတ္ေျပးေနရင္း က်တ္ေကာင္မ်ားကို ဝါးမ်ိဳခ်ေလသည္။အဆုံး၌ ထိုေနရာဝန္းက်င္တစ္ခုလုံးမွ သရဲမ်ားမေကာင္းဆိုးဝါးအားလုံးမွာ ကြၽတ္လြတ္ကုန္ၾက၏။
“မႏိုင္ႏိုင္တာကို သိသိနဲ႔ ဘာလို႔တိုက္ခိုက္ဖို႔ေ႐ြးခ်ယ္ခဲ့ရတာလဲ။”
နဂါး၏ ပတ္လည္ဝိုင္းထားျခင္းခံရေသာထို ႐ြာေစာင့္နတ္ကို ျမစ္ေစာင့္နတ္သားက ေမး၏။႐ြာေစာင့္နတ္ကမူ ဂုဏ္ယူစြာပင္ က်ရႈံးေတာ့မည့္ နတ္စစ္သည္ေတာ္တို႔၏ မ်က္ႏွာထားျဖင့္
“ကြၽႏ္ုပ္တို႔၏ ကိစၥသည္ မည္သူမွန္သည္၊မွားသည္ကို မခြဲႏိုင္ေသာ ကိစၥတစ္ခုပင္ျဖစ္သည္မဟုတ္ေလာ။သို႔ျဖစ္ေလရာ တိုက္ခိုက္ျခင္းျဖင့္သာ အမွန္၊အမွားခြဲဖို႔ရွိသည္။ကြၽႏ္ုပ္ကား ကိုယ္ယုံၾကည္ရာအတြက္၊ကိုယ့္ကို ယုံၾကည္သူမ်ားအတြက္ တိုက္ခိုက္ခဲ့သည္။ယခုရႈံးေလေသာအခါ၌လည္း ေနာင္တရစရာမရွိပါ။”
႐ြာေစာင့္နတ္ကိုျမစ္ေစာင့္နတ္သားကမူ စိတ္ပ်က္ေသာ မ်က္ႏွာထားျဖင့္ ႐ြံရွာဖြယ္ၾကည့္ရင္း
“အသင္႐ြာေစာင့္နတ္ကား နတ္စစ္သည္ေတာ္ေဟာင္းျဖစ္ပုံရ၏။ကြၽႏ္ုပ္ကား သင္အားခ်မ္းသာေပးရန္စဥ္းစားေနပါေသးသည္။သို႔ေသာ္ သင္သည္ နတ္စစ္သည္ေတာ္ေဟာင္းျဖစ္သည္ကို သိရေသာအခါ၌ ခ်မ္းသာေပးရန္စိတ္ကူးမရွိေတာ့ပါ။သင္ကား ကြၽႏ္ုပ္ အ႐ြံမုန္းဆုံးေသာ နတ္အမ်ိဳးအစားထဲကျဖစ္၏။သို႔ေၾကာင့္ သင္နတ္သက္ေႂကြဖို႔ ျပင္ဆင္ေပေရာ့။” စကားအဆုံးတြင္ နဂါးႀကီးမွာ က်ယ္ေလာင္စြာ ဟိန္းေဟာက္ရင္း ထို႐ႊာေစာင့္နတ္၏ ခႏၲာကိုယ္ထဲသို႔ေဖာက္ဝင္ကာ ျဖတ္ေျပးေလ၏။႐ႊာေစာင့္နတ္၏ ကိုယ္ကိုေဖာက္ဝင္သြားေလသည္ႏွင့္တစ္ၿပိဳင္နက္ ႐ြာေစာင့္နတ္၏ ကိုယ္ရွိန္ကိုယ္ဝါမ်ားမွာ ေမွးမွိန္လာရင္း တစ္ျဖည္းျဖည္း ပန္းပြင့္ကေလးမ်ားေႂကြသြားသည့္ႏွယ္ ေပ်ာက္ကြယ္သြားေလ၏။
ထို႔ေနာက္တြင္မူ မုန္တိုင္းမွာ ျမစ္ေစာင့္နတ္သား၏ေလာင္ကြၽမ္းေနေသာ ေဒါသအေလ်ာက္ ႀကီးမားလာကာ အဆုံး၌ ႐ြာတစ္ခုလုံး ေရျမဳပ္သြားေလသည္။႐ြာလုံးကြၽတ္ အသက္ရွင္က်န္သူမရွိခဲ့ေခ်။
ထို႐ြာလုံးကြၽတ္ေသဆုံးမႈမွာ နတ္မ်ားအၾကားအေတာ္ သတင္းေမႊးသြား၏။အေၾကာင္းမ်ား တစ္႐ႊာလုံးမွာ နတ္ကိုးကြယ္သူမ်ားလည္း ျဖစ္ၾကသျဖင့္ နတ္ေတာ္ေတာ္မ်ားမ်ားမွာ တစ္ခါတစ္ရံ ထို႐ြာထံသြားကာ ကာကြယ္ေစာင့္ေရွာက္ေပးျခင္း၊ကံေကာင္းေစရန္၊ႀကီးပြားေစရန္ ခ်ီးေျမႇာက္ၾကျခင္းမ်ားျပဳတတ္ၾက၏။
“သမုဒၶရာကို ပိုင္စိုးေသာ အရွင္သခင္ႀကီးခင္ဗ်ား။ယခုဆိုလွ်င္ တံငါသည္႐ြာသားအားလုံး ေသဆုံးကုန္ၾကျခင္းႏွင့္ပတ္သက္၍ မ်ားစြာေသာ နတ္ႀကီး၊နတ္ငယ္အေပါင္းတို႔မွာ စိတ္မေကာင္းျဖစ္ၾကၿပီး ျမစ္ေစာင့္နတ္သားကိုလည္း မေက်မနပ္ျဖစ္ေနၾကပါသည္။ျမစ္ေစာင့္နတ္သားကိုဆုံးမေပးရန္လည္း ေတာင္းဆိုေနၾကပါသည္။”
“ကမာၻၿဂိဳလ္ေစာင့္နတ္မင္းေကာ ဤအျခင္းအရာကို သိပါသေလာ။”
“မသိေသးပါ။သို႔ေသာ္ မၾကာခင္ပင္ ထိုသတင္းမွာ အထက္သို႔ျပန႔္ႏွံ႔သြားပါေတာ့မည္။အျမန္ဆုံးေျဖရွင္းဖို႔လိုပါသည္အရွင္။
“အင္း။ဒါကေတာ့ သူရဲ႕ကံပဲ။ငါလည္း ဘာမွလုပ္လို႔မရေပဘူး။”
သမုဒၶရာ၏အရွင္ဟုေခၚဆိုခံရေသာ ထိုနတ္မင္းကား ႐ြာေစာင့္နတ္ေသဆုံးမႈ၊႐ႊာလုံးကြၽတ္ကို ေရျမဳပ္ဖ်က္ဆီးကာ ႐ႊာသားမ်ားကို သတ္ျဖတ္မႈျဖင့္ သတင္းေမႊးေနသည္ကို ေျဖရွင္းရန္ တာဝန္က်လာေလသည္။
ျမစ္ေစာင့္နတ္သားမွာ အျခားနတ္မ်ားႏွင့္ ဆက္သြယ္ျခင္းသိပ္မရွိ။သူပိုင္ရာ ျမစ္ထဲ၌သာ အေနမ်ားသည္ သူအားအျခားနတ္မ်ားကလည္း ေၾကာက္႐ြံၿပီး ႐ိုေသမႈမရွိေသာနတ္တစ္ပါးျဖစ္သည္ဟူကာ ဖယ္က်ဥ္ထားေလ့ရွိေလသည္။
“ဒီတစ္ခါမွာေကာ မည္သို႔မည္ပုံ ေျဖရွင္းမည္ဟု အသင္ႀကံစည္ထားပါသနည္း။”
ဤအေမးကိုေမးသူမွာ ပင္လယ္ေစာင့္နတ္မင္းျဖစ္၏။
“ေကာင္းကင္အထက္သို႔ သတင္းမ်ားပ်ံႏွံ႔မသြားေစရန္ ဤေျမျပင္၌ပင္ ၿပီးျပတ္ေအာင္ရွင္းရမည္ေပါ့။နတ္မ်ားသည္လည္းပဲ လူသားမ်ားကဲ့သို႔ပဲစီရင္ၾကရသည္မဟုတ္ေလာ။နတ္တစ္ပါးကိုသတ္လွ်င္ မည္သို႔ ျပစ္ဒဏ္ေပးရသနည္း။ေျပာစမ္းပါဦးအထိန္းေတာ္ႀကီး။”
“အက်ဥ္းခ်ျခင္း ရာထူးခ်ျခင္းႏွင့္ ႏွစ္ရာခ်ီနယ္ႏွင္ဒဏ္ေပးျခင္းတို႔ျပဳလုပ္ျခင္းျဖင့္ အျပစ္ဒဏ္ခ်မွတ္ခြင့္ရွိပါသည္ အရွင္။”
သမုဒၶရာ၏အရွင္သခင္ဟု အမည္တပ္ခံရေသာ နတ္မင္းဟူသည့္အတိုင္း လူအမ်ားနတ္အမ်ား ဆည္းကပ္ျခင္းခံရေလကာ အေႁခြအရံေပါေလသည္။သစြာရွိလွေသာ ထိုအထိန္းေတာ္ႀကီးက ႏႈတ္တိုက္က်က္ထားေလသည့္အတိုင္း အထစ္အေငါ့မရွိ ႐ြတ္ဆိုျပသြားေလသည္။
သမုဒၶရာအရွင္သခင္ နတ္မင္းႀကီးကား ေရထဲေနရသူျဖစ္ေသာ္ျငား ကုန္းေပၚကသူမ်ားကဲ့သို႔ လက္ဖက္ရည္ေႏြးေႏြးေသာက္ရသည္ကို ႏွစ္ၿခိဳက္သူျဖစ္ရာ ထိုအေကာင္းစားလက္ဖက္ေျခာက္မ်ားကို အထူးမွာယူကာ ကိုယ္တိုင္ စိတ္တိုင္းက် စီရင္ေသာက္သုံးေလ့ရွိ၏။
“ပင္လယ္ေစာင့္နတ္မင္းလည္းပဲ ဤဂိုလီဟူေသာ ျမစ္ေစာင့္နတ္ကို သေဘာမက်ျဖစ္ေနသည္မဟုတ္ေလာ။”
“ဘယ္လိုမ်ား သေဘာက်ႏိုင္မည္နည္း ဤမွ်ေလာက္အထိ လူမေလးေခြးမခန႔္သည့္ အမူအရာျဖင့္ ႐ိုင္းစိုင္းေသာလူသားမ်ားသဖြယ္ျပဳတတ္သူကို။ကြၽႏ္ုပ္စိတ္ရွိတိုင္းျပဳရလွ်င္ ယခုပဲသူ႔ထံ လက္နက္စြဲကိုင္ကာ နတ္သက္ေႁခြပစ္ခ်င္လွပါသည္။”
ထိုအခါ သမုဒၶရာအရွင္သခင္က ခန႔္ခန႔္ႀကီးရယ္ေလ၏။ထို႔ေနာက္ လက္ဖက္ရည္တစ္ခြက္ကို ပင္လယ္ေစာင့္နတ္မင္းကို ကမ္းေပးကာ
“သုံးေဆာင္ပါ။ဤလက္ဖက္ရည္သည္ ေျမေစာင့္နတ္မင္းႀကီး ေပးေသာ အေကာင္းဆုံးလက္ဖက္ေျခာက္ဆိုသည္ကို ကြၽႏ္ုပ္က မူရင္းအရသာအတိုင္း ေႏြးေထြးစြာေသာက္သုံး၍ရေစရန္ စီမံထားျခင္းျဖစ္ပါသည္။”
“ေက်းဇူးႀကီးမားလွပါသည္။”
ဤသို႔ျဖင့္ ပထမတစ္ႀကိမ္ ေသာက္ၾကည့္လိုက္ၿပီးေနာက္
“ကမာၻၿဂိဳလ္ေစာင့္နတ္မင္းသည္ ယခုအခါတြင္ အနားယူလုဆဲဆဲျဖစ္ေသာ အရွင္ေနမင္းေနရာတြင္ ဆက္ခံႏိုင္ရင္ ၿပိဳင္ဆိုင္ေနသူတစ္ေယာက္ျဖစ္ေလရာ အလြန္ပင္ အလုပ္ရႈပ္ေနေလသည္။သို႔ျဖစ္ရာ ကြၽႏ္ုပ္တို႔လည္းပဲ သူအျမင့္တက္ဖို႔လုပ္လွ်င္ ေလွကားထိုးေပးဖို႔လိုလိမ့္မည္။သို႔မွသာ က်ဳပ္တို႔လည္း ဤထက္ေကာင္းေသာေနရာရဖို႔ အေၾကာင္းရွိေလသည္။”
ေလးေလးနက္နက္ဆိုေနေသာ အရွင္သခင္၏စကားေၾကာင့္ ပင္လယ္ေစာင့္နတ္မင္းလည္း အားတက္လာသေယာင္ရွိလာကာ
“ဘယ္လိုေလွကားမ်ိဳးထိုးေပးမည္နည္း။အႀကံႀကီးအစည္ႀကီးမ်ား ဤေ႐ႊဉာဏ္ေတာ္တြင္ ရထားမိပါသေလာ။”
“မင္းနဲ႔ငါ ႏွစ္ကိုယ္ၾကားကေတာ့ သိပ္ၿပီး အေျမႇာက္အပင့္ေတြ ေျပာစရာမလိုပါဘူးကြ။ေအး…။ငါ့အႀကံကေတာ့ ဒီဂိုလီပဲ။”
“ရွင္းျပပါအရွင္။”
“ဂိုလီသည္ နတ္သူငယ္ဘဝကတည္းက မိဘမဲ့ျဖစ္ခဲ့သည္။အသင္ ဤသည္ကို သိပါသေလာ။”
“သိပါသည္အရွင္။သူ၏မိဘမ်ားမွာ အဖိုးျဖစ္သူ၏ မင္းမ်က္ထိုက္ေသာ အျပစ္ဒဏ္ကိုခံယူရာတြင္ အသတ္ခံရေသာသားသမီးမ်ား ျဖစ္ပါသည္။”
“အဲ့အခ်ိန္တုန္းက သူ၏မိဘမ်ားကို မည္သူလာသတ္ခဲ့သည္ကို အသင္မွတ္မိသေလာ။”
“ေစတန္ဘုရင္မဟုတ္လား အရွင္။”
“မွန္တယ္။ဒါေၾကာင့္ ဂိုလီ့မွာ စေနၿဂိဳလ္မင္းျဖစ္တဲ့ ေစတန္ဘုရင္ကို အၿငိဳးအေတးထားထားတယ္။အဲ့အၿငိဳးဟာ ငါတို႔ ကမာၻၿဂိဳလ္ေစာင့္နတ္မင္းႀကီးအတြက္ အေကာင္းဆုံးလက္နက္ျဖစ္လာေပလိမ့္မည္။”
“ျဖစ္ႏိုင္ပါ့မလား။ဂိုလီသည္ မည္သို႔ပင္ဆိုေစကာမူ ျမစ္ေစာင့္နတ္သားသာသာ သာရွိသည္။ေစတန္ဘုရင္၏အစြမ္းကို ႏိုင္ပါမည္ေကာ။”
“ဒါကေတာ့ ငါတို႔ျမင္ရမယ့္ စိတ္လႈပ္ရွားစရာအေကာင္းဆုံးအရာျဖစ္လာမွာပဲ။”
ထို႔ေနာက္တြင္မူ ဂိုလီသည္ နတ္စစ္သည္ေတာ္မ်ား၏ ဖမ္းဆီးမႈႏွင့္အတူ သမုဒၶရာအရွင္သခင္ ေရွ႕ေမွာက္ကို ေရာက္လာေလသည္။
“သူ႔ကို ခ်ဳပ္ထားတာေျဖလိုက္ပါ။ငါတို႔စကားေျပာၾကတာေပါ့။ဂိုလီ။”
အၾကမ္းအရမ္း ဆြဲေခၚလာရ႐ုံမက တိုက္ခိုက္လာခဲ့ရေသးသျဖင့္ နတ္စစ္သည္ေတာ္မ်ားေကာ ဂိုလီပါ ပြန္းပဲ့စုတ္ျပတ္လို႔ေန၏။ခ်ဳပ္ထားေသာ အစီအရင္ေျပေလသည့္အခါမွ ထႏိုင္ေတာ့သည္။
“ထိုင္ပါ။မင္းနဲ႔ငါနဲ႔ၾကား ေျပာစရာေလးေတြရွိေနတယ္။အဆင့္တူတူလိုပဲ သေဘာထားေျပာၾကတာေပါ့။မင္းလည္းပဲ ငါ့ကို႐ို႐ိုေသေသေျပာခ်င္မွာ မဟုတ္ေလာက္ဘူး။လြတ္လြတ္လပ္လပ္ေျပာကြာ။”
“ကြၽန္ေတာ္ ဒီကိစၥမွာ မွားတယ္လို႔ တကယ္ပဲခင္ဗ်ားထင္သလား။”
“ဘာကိစၥကိုေျပာတာပါလိမ့္။ဪ…။ငါသိၿပီ။အမွန္ေတာ့ မင္းဘက္က သိပ္မွားေနတာေတာ့မဟုတ္ဘူးကြာ။သို႔ေပမယ့္ မင္းသြားေရျမဳပ္လိုက္တာက နတ္ကိုးကြယ္တဲ့႐ြာျဖစ္ေနတာကိုးကြ။မင္းသိတဲ့အတိုင္းပဲ နတ္ေတြလည္းပဲ လူေတြလိုပဲ သူတို႔ယုံခ်င္တာကိုယုံေနတာပါပဲ။ဘာလို႔ဆို အသိဉာဏ္ပညာမွာ လူေတြထက္ျမင့္ျမတ္တယ္ဆိုတာက လူေတြကသာထင္လို႔ ကိုးကြယ္တာကိုးကြ တကယ္ေတာ့ ဟုတ္မွမဟုတ္ပဲကို။”
“ဒီေတာ့ က်ဳပ္ကို ဘာလုပ္မွာလဲ။အျပစ္ဒဏ္ခ်မွာလား။”
“ေအးေပါ့။ငါကလည္း အုပ္ခ်ဳပ္သူအေနနဲ႔ သူတို႔ဆႏၵကို ေက်နပ္ေအာင္ မလုပ္ခ်င္လည္း လုပ္ရမွာပဲေလ။မွားတာမွန္တာနဲ႔ မဆိုင္ဘူးေနာ္။အင္အားနဲ႔ သူတို႔ယုံတာအေပၚပဲ သက္ဆိုင္တာ။”
ထို႔ေနာက္ ဂိုလီ့အေရွ႕ကို “ဝုန္း”ကနဲ ျမည္သြားေအာင္ ႐ုတ္တရက္ ထရပ္ၿပီး အနားကပ္လိုက္ကာ
“သို႔ေပမယ့္ မင္းအတြက္ ငါ့မွာ အႀကံေကာင္းတစ္ခုရွိတယ္။မင္း ငါေျပာတဲ့ အစီအစဥ္ကို လက္ခံရင္ မင္းကိုငါက အျပစ္ဒဏ္တကယ္မခ်ဘူး။လူေတြေရွ႕ဟန္ျပခ်ေပးၿပီး လြတ္လပ္သြားေအာင္ လုပ္ေပးမယ္။”
“ဘာအစီအစဥ္လဲ။”
“ရွင္းပါတယ္။မင္းလည္းၾကားမွာေပါ့။အရွင္ေနမင္းက မၾကာခင္အနားယူေတာ့မွာ ဒီေတာ့ သူ႔ေနရာမွာ ဆက္ခံမယ့္သူကို ေ႐ြးခ်ယ္ဖို႔ အခ်ိန္လည္း မၾကာခင္ ေရာက္လာေတာ့မွာ။ငါတို႔ ကမာၻၿဂိဳလ္ေစာင့္နတ္မင္းလည္းပဲ ၿပိဳင္ဆိုင္ရေတာ့မွာ။”
“သိပါတယ္။ဒါကေတာ့ နတ္ေတြအားလုံးၾကားမွာ သတင္းထြက္ေနတာပါပဲ။”
“ဟုတ္တယ္။အဲ့ေတာ့ အဲ့မွာ ျပႆနာတစ္ခုရွိတယ္။အဲ့ျပႆနာကိုေျဖရွင္းဖို႔က မင္းနဲ႔သာဆို ျဖစ္ႏိုင္မယ္လို႔ထင္တယ္။”
လက္ေခ်ာင္းကို လႈပ္ခါရင္း စိတ္လႈပ္ရွားေအာင္ တစ္ခုျခင္းေျပာေနလသည္။
“ျပႆနာကဘာလဲဆိုေတာ့ ေစတန္ဘုရင္က အရွင္ေနမင္းျဖစ္ဖို႔ အလားအလာရွိေနတာပဲ။”
ဤတြင္ ဂိုလီတစ္ေယာက္ မ်က္စိျပဴးသြားသည္။ေဒါသေၾကာင့္ ခႏၲာကိုယ္မွာ တုန္ယင္လာၿပီး အခိုးအေငြ႕မ်ားထြက္လာေလသည္။”
“မင္းလည္း လက္မခံႏိုင္ဘူးေလ။ဟုတ္တယ္ဟုတ္။သို႔ေပမယ့္ အရွင္ေနမင္းက သူ႔ကိုသိပ္အေရးေပးထားေနတယ္။ဒီေတာ့ သူတို႔ေတြ နဂါးေငြ႕တန္းအရွင္ နဂါးမင္းဆီကို သြားေရာက္အေ႐ြးခံတဲ့အခါ အရွင္ေနမင္းက ေစတန္ဘုရင္ကို ေထာက္ခံလိုက္လို႔ကေတာ့ ငါတို႔ ၿဂိဳလ္ရွစ္လုံးနဲ႔ ပလူတိုက နတ္ေတြအားလုံး ဒုကၡေရာက္ၿပီပဲ။”
ဂိုလီတစ္ေယာက္ ေတြေဝသြားေလသည္။သူက ထိုကိစၥကို လုပ္ခ်င္သည္ဆိုပါေလ့ မည္သို႔မည္ပုံ သူလုပ္ႏိုင္မည္နည္း။သူ႔၌ ထိုမွ်ေလာက္အထိ အစြမ္းရွိမေနပါ။
“က်ဳပ္..က်ဳပ္က ဘယ္လိုလုပ္ႏိုင္မွာလဲဗ်။”
“႐ိုးရွင္းပါတယ္။မင္းက ကမာၻၿဂိဳလ္ေစာင့္နတ္မင္း အပါးမွာ ခ်ဥ္းကပ္ခြင့္ရေအာင္လုပ္ရလိမ့္မယ္။ၿပီးရင္ သူ႔အပါးမွာေနရင္း မင္းေစတန္ဘုရင္ရဲ႕ ဆိုးယုတ္တဲ့ သမိုင္းေၾကာင္းကို ေဖာ္ထုတ္ၿပီး သူ႔ကို အရွင္ေနမင္းျဖစ္မလာေအာင္ တားဆီးရမယ္။”
ထို႔ေနာက္ ဂိုလီ၏ ေက်ာကိုပင္ပုတ္လိုက္ကာ
“ဒါ မင္းနဲ႔မင္းမိသားစုေတြ မတရားခံခဲ့ရတာအတြက္ ကလဲ့စားေခ်ခြင့္ရတာျဖစ္႐ုံတင္မကဘူးေနာ္။ၿဂိဳလ္ရွစ္လုံး၊ပလူတိုက နတ္ေတြရယ္ရဲ႕ ကံၾကမၼာလို႔ေတာင္ ဆိုႏိုင္တယ္။”
ထို႔ေနာက္ ရယ္ေမာရင္း ဂိုလီ့ကို စိုက္ၾကည့္ကာ
“ဘယ္လိုလဲ။အျပစ္ဒဏ္ဆိုတာထက္ အခြင့္အေရးတစ္ခုရတာနဲ႔တူတယ္မဟုတ္လား။မင္းဆုံးျဖတ္ခ်က္ခ်ၿပီးၿပီလား။”
ဂိုလီလည္း တည္ၾကည္ေသာမ်က္ႏွာထားျဖင့္ ေခါင္းငုံ႔ထားရမွာ ေမာ့ၾကည့္လိုက္ၿပီး
“ကြၽန္ေတာ္ လုပ္မယ္။”
“ဟားဟားဟား။ငါသိသားပဲ၊မင္းလက္ခံလိမ့္မယ္ဆိုတာ က်န္တာဘာမွစိတ္မပူနဲ႔ေတာ့။ငါအကုန္ရွင္းလိုက္မယ္။မင္းက…။”
ထို႔ေနာက္ ထလိုက္ကာ လက္ျဖင့္ ဂိုလီ၏မ်က္ႏွာနားကို မထိ႐ုံတမယ္ ကပ္လိုက္ကာ အစီအမံတစ္ခုကို ေရ႐ြတ္လိုက္ေလသည္။
“မင္းကအခုကစၿပီး မင္းဟာဂိုလီလုံးဝမဟုတ္ေတာ့ဘူး။မင္းက အသက္နည္းနည္းႀကီးၿပီျဖစ္တဲ့နတ္သားႀကီးအီဂ်ီျဖစ္သြားၿပီ။ဒီအကန႔္အသတ္မဲ့တဲ့အစြမ္းက မင္းကို နဂိုမ်က္ႏွာမ်ိဳးမေပၚေအာင္ ဖုံးထားေပးလိမ့္မယ္။ကဲမင္းသြားေပေရာ့။ဂိုလီဟာ နယ္ႏွင္ဒဏ္ေပးလိုက္တယ္လို႔ ငါေၾကညာလိုက္မယ္။ရွင္းရဲ႕လား။”
“ရွင္းပါတယ္။”
“အင္း…ဟုတ္ၿပီ။ေကာင္းတယ္။ကိုင္းအခု ဒီၿဂိဳလ္ရွစ္လုံးနဲ႔ ပလူတိုရဲ႕ကံၾကမၼာအျပင္ မင္းမိသားစုအတြက္ လက္စားေခ်ႏိုင္ေရး၊ေသြးေႂကြးဆပ္ႏိုင္ေရးက မင္းအေပၚမူတည္သြားၿပီ။”
ေနာက္ေန႔တြင္ အမ်ားအျပာအစုအေဝးလ်က္ရွိေသာ နတ္မ်ားေရွ႕၌ ဂိုလီကို စြန႔္ပစ္နယ္ေျမထံသို႔ နယ္ႏွင္ဒဏ္ေပးလိုက္ေၾကာင္းေၾကညာခဲ့ေလေတာ့သည္။သို႔ေသာ္နတ္အခ်ိဳ႕ကမူ သူတို႔ေရွ႕၌ ဂိုလီပုံဖန္ဆင္းကာ စြန႔္ပစ္နယ္ေျမသို႔ ပို႔ေဆာင္ျပသည့္ နတ္ကို ဂိုလီဟု မယုံၾကည္ၾကေခ်။အေၾကာင္းမွာ ဂိုလီသည္ထိုကဲ့သို႔အေျခအေန၌ မည္သည့္အေၾကာင္းႏွင့္မွ် ၿငိမ္ခံမည္မဟုတ္ဟု မွတ္ယူၾကရာ ဆူဆူပူပူမ်ားလုပ္ၾကေသး၏။သို႔ေသာ္ ထိုအမႈအခင္းမ်ားကေတာ့ စီရင္ခ်က္ခ်ၿပီး အေႏွး ႏွင့္ အျမန္ၿငိမ္သက္ကာ အျခားအေၾကာင္းအရာမ်ားျဖင့္ ဖုံးလႊမ္းသြားေလၿပီျဖစ္သည္။
“တစ္ဆိတ္ေလာက္ပါ။ဒါက သက္ႀကီးနတ္စြမ္းအင္သင္တန္းေက်ာင္းလားခင္ဗ်။”
“ဟုတ္ပါတယ္။ဘာကူညီေပးရမလဲ။”
“ကြၽန္ေတာ္ ဒီမွာ စာရင္းသြင္းခ်င္လို႔ပါ။”
ဂိုလီေရာက္ေနသည္မွာ ကမာၻေပၚမွ စြမ္းအားမ်ိဳးစုံကို သက္ႀကီးနတ္ေတြကို သင္ၾကားေပးရာ နာမည္ေက်ာ္ေက်ာင္းေတာ္ႀကီးျဖစ္၏။
“ေဟ။မင္းက ဓါတ္ႀကီးေလးပါး။စြမ္းအင္စုံကိုသင္ၾကားခ်င္တာဟုတ္လား။”
ေက်ာင္းအုပ္ႀကီးကား အေတာ္အသက္ႀကီးၿပီျဖစ္ေသာ နတ္တစ္ပါးျဖစ္၏။ဂိုလီ၏ ပုံသြင္ျပင္ကို ၾကည့္ရင္းအံ့ဩေနပုံလည္းရေလသည္။
“မင္းၾကည့္ရတာ ေရစြမ္းအားကို ပိုင္ၿပီးသားမဟုတ္လား။တျခားစြမ္းအားကို သင္ယူခ်င္ေသးတာလား။ဘာျဖစ္လို႔လဲ။”
“ဪ။ဟိုေလ။နတ္စစ္သည္ေတာ္ေတြအတြက္ က်င္းပတဲ့ ဝင္ခြင့္ စစ္ေဆးေရးကို ဝင္ၿပီးယွဥ္ၿပိဳင္ခ်င္လို႔ပါ။”
“ဪဪ။ဟုတ္ပါၿပီ။မင္းနာမည္က ဘာမ်ားလဲ။”
“အယ္…အီ…အီဂ်ီပါ။”
“မင္းၾကည့္ရတာ အသက္ႀကီးမွ ေက်ာင္းျပန္လာတက္တာထင္တယ္။ဒါေၾကာင့္သာ ငါတို႔လို သက္ႀကီးေက်ာင္းကိုေရာက္လာတာမဟုတ္လား။”
“ဟုတ္…ဟုတ္ပါတယ္ခင္ဗ်။”
ဤသို႔ျဖင့္ ေက်ာင္းဝင္ခြင့္ရလာၿပီးေနာက္ ပထမဆုံးႏွစ္မွာ ေရစြမ္းအင္ကို သုံးနည္းသင္ရ၏။နာမည္တု အီဂ်ီကိုသုံၿပီးေရာက္လာေသာ ဂိုလီမွာ ထိုတစ္ႏွစ္ကိုေတာ့ ေခ်ာေခ်ာေမာေမာ ေအာင္ျမင္ခဲ့သည္။အျခားေက်ာင္းသားမ်ားက အားက်၍ နည္းစနစ္ေလးမွ်ေဝရန္ေျပာေသာ္ျငား ဂိုလီမွာ သူ႔အက်င့္အတိုင္း တစ္ကိုယ္ထဲသာ ေနေန၏။အခ်ိဳ႕ကမူ မသကၤာျခင္းျဖစ္ၾကသည္။
“ငါေတာ့မယုံပါဘူးကြာ။”
ဤစကားကိုဆိုသူမွာ ထိုသက္ႀကီးေက်ာင္းမွ နတ္တစ္ပါးျဖစ္ၿပီး အျခားနတ္မ်ားျဖင့္ အတင္းတုပ္ေနျခင္းျဖစ္ေလ၏။
“ဘာကိုလဲကြ။”
“ဟိုအီဂ်ီဆိုတဲ့နတ္ေလကြာ။မင္းသူ႔ကိုၾကည့္ အသက္က ငါတို႔ထပ္ေတာင္ႀကီးမယ့္ပုံ။အဲ့တာကို နတ္စစ္သည္ေတာ္အျဖစ္ အေ႐ြးခံဦးမယ္တဲ့။”
“စဥ္းစားမေနပါနဲ႔ကြ။ပထမအဆင့္မွာတင္ ေသမယ့္အေျခအေနပါ။”
“ဒါေပမယ့္ ေရစြမ္းအင္ကေတာ့ အေတာ္ကြၽမ္းတယ္ေနာ္။”
“ေရနတ္သားျဖစ္မွာေပါ့ ဝတ္စုံကိုၾကည့္ရင္ သိသာေနတာပဲကို။”
“အဲ့တာမ်ား ဘာလို႔ဒုကၡခံၿပီး လာတက္ေနေသးလဲမသိ။သူ႔ဘာသူေအးေဆးေနလို႔ရေနတဲ့ဘဝကို။”
လူမ်ားနည္းတူ တစ္ပါးသူ၏ဘဝကို မသိပဲ ကိုယ္ထင္သလို ေဝဖန္တတ္ျခင္းမွာလည္း ဤစၾကာဝဠာ၌ေနသူမ်ား၏ ဆို႐ြားေသာ အက်င့္တစ္ခုျဖစ္သည္သာပင္။
ဒုတိယႏွစ္၌ ေလစြမ္းအင္ကိုသင္ရ၏။ဂိုလီမွာ မုန္တိုင္းေတာ့ေခၚတတ္သူျဖစ္ရာ အျခားစြမ္းအင္မ်ားကိုႀကိဳပင္ သင္ႏိုင္ခဲ့ေလသည္။နတ္သူငယ္ဘဝကို ေက်ာ္လြန္ၿပီးမွ အစြမ္းတစ္ခုခုကို သင္လွ်င္ ခက္ခဲတတ္သည္ျဖစ္ရာ ထိုတစ္ႏွစ္လုံး ပင္ပန္းခဲ့ရ၏။ဂိုလီကား အေတာ္ဆုံးမဟုတ္ေတာ့ျပန္သည့္အခါတြင္မူ စိန္ေခၚမႈမ်ားမွာ ႀကဳံရစၿမဲပင္။
“အီဂ်ီ။”
ေခၚလိုက္သူမွာ အတန္းထဲမွ ေလစြမ္းအင္ကိုသင္ရာတြင္ အေတာ္ဆုံးျဖစ္သူ နတ္တစ္ပါးျဖစ္၏။အေၾကာင္းမွာ သူကား ေကာင္ကင္ပိုင္းတြင္ေနေသာ နတ္မိသားစုမွာလာသူျဖစ္ရာ ေလစြမ္းအင္၌ေတာ္ျခင္းမွာ မထူးဆန္းလွေခ်။
“ေရစြမ္းအင္တုန္းကေတာ့ မင္းအရမ္းေတာ္ခဲ့တာပဲ ေရနတ္သားေလး။အခုေလစြမ္းအင္ေကာ ဘယ္လိုေနလဲသိရေအာင္ မင္းနဲ႔ငါ တစ္ပြဲေလာက္ တိုက္ၾကည့္ရေအာင္။”
“ငါတိုက္ဖို႔ စိတ္မပါဘူး။”
“ဟဟ။ေၾကာက္တာလား။ေလစြမ္းအင္ဆိုေတာ့ သိပ္ယုံၾကည္ခ်က္မရွိလို႔လား။ၾကားလိုက္ၾကလားေဟး စိတ္မပါဘူးတဲ့ လူသားမိန္းမေတြ သူတို႔ေယာက်ၤားကို ျမဴေနခ်ိန္မွာ ေယာက်ၤားေတြက စိတ္မပါတဲ့ေလသံနဲ႔ေျပာသလိုပါလား နတ္သားေလးရဲ႕။”
ထို႔စဥ္ အနားတြင္ အျခားနတ္မ်ားပတ္လည္ဝိုင္းလာကာ အားေပးရန္ စိတ္လႈပ္ရွားစြာေစာင့္ကုန္ၾက၏။သူတို႔ တိုက္ခိုက္မည့္ေနရာမွာ ကြင္းျပင္က်ယ္ႀကီးတြင္ျဖစ္ၿပီး မေတာ္တဆ ဂိုလီမွာ ေရစြမ္းအင္ထုတ္သုံးလွ်င္ အထမေျမာက္ေအာင္ ေျခာက္ေသြ႕ေနေသာ ေနရာကို ယူထားျခင္းျဖစ္၏။ဂိုလီကား ေ႐ြးစရာမရွိေတာ့ေခ်။တိုက္႐ုံသာရွိေလသည္။
“ကဲ။အခ်ိန္မဆြဲဘူးကြာ။စၾကရေအာင္။”
31 Comments
ReplyDeleteပြည်သူ့ရင်သွေးတွေ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်တဲ့အခါ သူတို့ကို စိတ်ဓာတ်အားဖြင့် ကူညီနေလို့ မပြီးသေးဘူး။ သူတို့ကို စစ်ရေးနိုင်အောင် အထောက်အပံ့တွေ ကူညီပေးရမယ်။ ဒါမှလည်း လွတ်မြောက်ရေးတိုက်ပွဲတွေ ဆင်နွှဲအောင်မြင်နိုင်လိမ့်မယ်။
နေရာတိုင်းမှာ အသက်ပေးပြီး လွတ်လပ်မှုအတွက်တိုက်ယူနေကြရတာပါ။
Deleteအသက်ရင်းပြီးတိုက်ပွဲဝင်နေရတဲ့ သူရဲကောင်းတွေအတွက်
Clickတာအပြင် တခြားနိုင်ရာပံ့ပိုးကူညီနေပါတယ်။
ရှေ့ဆက်ပြီးလဲ ကူသွားပါမယ် အောင်ပွဲရတဲ့အထိ✊
Done🐬
ReplyDeleteမင်မင်ရေ နောက်အပိုင်းလေး မျှော်နေပါပြီနော်
ReplyDeleteHum
Delete🤔🤔🤔🤔🤔
Deletewe are one family , great post
Deleteနောက်အပိုင်းလေးဆက်တင်ပေးပါမင်မင်
ReplyDeleteSo Meaningful
ReplyDeletewe are one
DeleteDone✊
ReplyDeleteSecond ✊
ReplyDeleteဖတ်ပီးပါပီ💙
ReplyDeleteNeed part 2
ReplyDeleteDone
ReplyDeletewe are one1
ReplyDeletenice waiting part 2
ReplyDeletePart 2 လေးမလာသေးဘူးလား
ReplyDeletei wanna try ep2 rightnow😭😭it is really fancinatin😍😍😍
ReplyDeleteGood
ReplyDeleteDone ✅
ReplyDeleteWhat a nice Supernatural story, can't wait to read part 2..
ReplyDeleteအပိုင်း၂လေး မျှော်နေပါတယ်လို့ 🤗
ReplyDeletepart 2 plssss
ReplyDeleteGreat
ReplyDeleteInteresting.
ReplyDeleteWaiting for part 2.
Want to read part 2-3 ...
ReplyDeletewaiting 2-3
ReplyDeleteမျှော်လင့်စောင့်စား💛ဒီလူမှာရွှေရင်အပူးမီး ဘယ်သူမှမသိနိုင်ပါပြီ🤭
ReplyDelete:Done🦭
ReplyDelete💙
ReplyDelete